← Chapters

အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး

Vol. 41 Ch. 553

အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး

Vol. 41 Ch. 553

ချီကောင်းတစ်ယောက် လီဖူချန်းကို ရှာနေတဲ့ အချိန်မှာတော့ လီဖူချန်းဟာ တစ်ခြား တစ်နေရာကို  ရောက်ရှိနေခဲ့ပါပြီ ။

' သတ္တုတုံးတွေထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ပါဝင်မှုနှုန်းက လေးထပ်မြောက်ထပ် သည်မှာ ပိုများနေပါလား '

လီဖူချန်းက ကျောက်တုံးလောင်းကစားရုံရဲ့ ငါးထပ်မြောက်မှာရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေကို လျှောက်ပတ် ကြည့်ရှုနေရင်းနဲ့ စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။

လေးထပ်မြောက်မှာတုန်းကတော့ သတ္တုတုံး တစ်ရာမှာမှ ကောင်းကင်ဘုံ ကျောက်တုံး ပါဝင်မှုက နှစ်တုံးကနေ သုံးတုံးအထိပဲ ရှိခဲ့တာပါ ။

ဒါပေမဲ့ ငါးထပ်မြောက်မှာတော့ အဲသည်လို မဟုတ်ပါဘူး ။ သည်အထပ်မှာက သတ္တုတုံး တစ်ရာမှာ ကောင်းကင်ဘုံကျောက်တုံး ပါဝင်မှု သုံးတုံးကနေ လေးတုံးအထိ ရှိပါတယ် ။

လက်ရှိ လီဖူချန်း လေ့လာမိသလောက် ဆိုရင်တော့ သည်ကောင်းကင်ဘုံ သတ္တုတုံးတွေပေါ်က အင်းကွက်တွေမှာ  ကောင်းကင်ဘုံကျောက်တုံး ရှိမရှိ ဆိုတာကို သိနိုင်ဖို့အတွက်  တိကျသေချာတဲ့ စည်းမျဉ်းတစ်ခုတော့ သေချာပေါက် ရှိမှာပါပဲ ။ ဒါပေမဲ့ စိတ်ပျက်စရာ ကောင်းတာက သည်အင်းကွက်တွေဟာ မပြည့်စုံကြပါဘူး ။ ဒါကြောင့်လည်း လူတွေက ခန့်မှန်းရ ခက်ခဲနေရတာပါ ။

ကောင်းကင်ဘုံ သတ္တုတုံး ၃၀ကျော် ဝယ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေဟာ လုံးဝ ကုန်သလောက်နီးပါး ဖြစ်သွားခဲ့ပါပြီ ။

သူ့ဆီမှာက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်း၄၀ကျော်သာ ရှိတာ မဟုတ်ပါလား ။

" လီဖူချန်း …… ရှင်က သည်မှာကိုး "

အသံရှင်ကတော့ ချီကျွင်းကျွင်းပါပဲ ။ သူမက လီဖူချန်းကို ဘယ်ကနေ ဘယ်လို သတိပြုမိသွားတယ် မသိပါဘူး ။ သူမရဲ့ အနောက်ဘက် မလှမ်းမကမ်းမှာတော့ ချီကောင်း ၊ တုကူးရှောင်နန် နဲ့ အကြီးအကဲလျူတို့ လိုက်ပါလာကြပါတယ် ။

တူကုးရှောင်နန်ကတော့ လီဖူချန်းကို မြင်တွေ့လိုက်ရတဲ့အတွက် အတော်လေး မပျော် ၊ မရွှင် ဖြစ်သွားခဲ့ရပါပြီ ။ အစောပိုင်းတုန်းက  သူနဲ့ ချီကျွင်းကျွင်းဟာ အတော်လေး စကားကောင်းနေခဲ့တာပါ ။ဒါပေမဲ့လည်း လီဖူချန်းကို တွေ့လိုက်တဲ့ အခါမှာတော့ ချီကျွင်းကျွင်းဟာ သူ့ကို လျစ်လျူရှု သွားခဲ့ပါတယ် ။

" အိုး……ချီသခင်မလေးကော သည်ကို ရောက်လာပြီလား "

ချီကျွင်းကျွင်းက စတင် နှုတ်ဆက်လာတဲ့အတွက် လီဖူချန်း အနေနဲ့လည်း သည်အတိုင်း မနေသာတော့ပါဘူး ။အဲသည်အတွက် သူက  ပြုံးပြီး ချီကျွင်းကျွင်းကို ပြန်နှုတ်ဆက်လိုက်ပါတယ် ။

ချီကျွင်းကျွင်းက ခင်မင်ရင်းနှီးသော အမူအယာဖြင့် လီဖူချန်းကို မေးလိုက်ပါတယ် ။

" အခြေအနေ ဘယ်လိုလဲ ။ ကောင်းကင်ဘုံ သတ္တုတုံး ဘယ်လောက် ရှင်ဝယ်ပြီးပြီလဲ "

လီဖူချန်းက ခေါင်းတစ်ချက် ခါလိုက်ပြီး ပြန်ဖြေလိုက်ပါတယ် ။

"ကျွန်တော်လား …… ဘယ်လောက်မှာ မဝယ်ရသေးပါဘူးဗျာ ။ကျွန်တော့်စိတ်ထင်တော့ ဒါဇင်အနည်းငယ်လောက်ပါပဲ "

" ဒါဇင်အနည်းငယ်…… ဟုတ်လား "

လီဖူချန်းရဲ့ စကားကို ကြားလိုက်ရတဲ့ လူအားလုံးဟာ ပါးစပ်အဟောင်း ဖြစ်သွားခဲ့ကြပါပြီ ။ အဲသည်လူတွေထဲမှာတော့ တုကူးရှောင်နန်လည်း အပါအဝင်ပါပဲ ။

ကောင်းကင်ဘုံ သတ္တုတုံး ဒါဇင် အနည်းငယ်ကို ဝယ်ဖို့အတွက် ပေးချေရမယ့် တန်ဖိုးဟာ မနည်းလှပါဘူး ။အဲဒါက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀နီးပါးလောက် ရှိနိုင်ပါတယ် ။

" သည်က ညီအစ်ကို…… ညီအစ်ကိုက ဘာတွေ စားထားသလဲတော့ မသိဘူး ။ ဒါပေမဲ့ သည်လို ပြက်လုံးမျိုးကိုတော့ မထုတ်စမ်းပါနဲ့ဗျာ "

တုကုရှောင်နန်က မယုံသင်္ကာတဲ့ လေသံနဲ့ လီဖူချန်းကို ပြောလိုက်ပါတယ် ။ သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ဒါဇင်နဲ့ချီတဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေကို ဝယ်ယူနိုင်တဲ့အထိ ချမ်းသာကြွယ်ဝစရာ အကြောင်း မရှိပါဘူး ။ လီဖူချန်းက ချီကျွင်းကျွင်းရဲ့ အာရုံစိုက်မှုကို လိုချင်တဲ့အတွက် တမင်သက်သက် ကြွားဝါပြောဆိုနေတာပဲ ဖြစ်ရပါမယ် ။

လီဖူချန်းကတော့ တုကူးရှောင်နန်ကို ရှင်းပြမနေပါဘူး ။ သူက သူဝယ်ယူထားတဲ့ ပမာဏကို အမှန်အတိုင်း ပြောလိုက်တာ ဖြစ်ပါတယ် ။ ယုံတာ ၊ မယုံတာကတော့ တစ်ဖက်လူရဲ့ သဘောအတိုင်းပါပဲ ။

" သခင်လေးလီ …… သခင်လေးက ကျောက်တုံး လောင်းကစားအကြောင်း ဘာမှလဲ မသိဘဲနဲ့ ဘာဖြစ်လို့ အဲလောက် အများကြီး ဝယ်လိုက်ရတာလဲ  ။ အဲသည်သတ္တုတုံးတွေထဲမှာ ကောင်းကင်ဘုံကျောက်တုံး တစ်တုံးမှ ရှိမနေရင် ဘယ်လို လုပ်မလဲ "

လီဖူချန်းရဲ့ ပြောစကားကို တုကူးရှောင်နန်က မယုံပေမယ့် ချီကျွင်းကျွင်းနဲ့ ချီကောင်းတို့ကတော့ ယုံကြည်ကြပါတယ် ။

လီဖူချန်းက သေရည်တစ်ခါ သောက်ဖို့အတွက်တောင်မှ အဆင့်နိမ့်  ဝိညာဉ်ကျောက်တုံး သုံးသန်းနီးပါး သုံးခဲ့တာ မဟုတ်ပါလား ။ အဲသည်လိုလူမျိုးအနေနဲ့ သတ္တုတုံး ဒါဇင်အနည်းငယ်လောက်ကို ဝယ်ယူဖို့အတွက် ဘာအခက်အခဲမှ ရှိမှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း သူတို့ မောင်နှမက လီဖူချန်း အခုလို သုံးလိုက်တဲ့အတွက် အနည်းငယ် စိုးရိမ်နေကြပါတယ် ။

ဒါက သန်းဆယ်နဲ့ချီတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေပါ  ။ တကယ်လို့သာ လီဖူချန်း ဝယ်လိုက်တဲ့ သတ္တုတုံးတွေထဲမှာ ကောင်းကင်ဘုံကျောက်တုံး တစ်တုံးမှ ရှိမနေရင်တော့ အဲသည် ဝိညာဉ်ကျောက်တုံးတွေ အားလုံးဟာ ဇာတ်လမ်း ပြတ်ပါပြီ ။ အဲဒါက အလဟဿ ဖြုန်းတီးတာနဲ့ ဘာမှ ကွာခြားမှာ မဟုတ်ပါဘူး ။

' ချမ်းသာလိုက်တဲ့ကောင်ကွာ '

ချီကောင်းကတော့ စိတ်ထဲကနေ အားကျစွာနဲ့ ပြောလိုက်မိပါတယ် ။

အစောပိုင်းကတော့ သူက တုကူးရှောင်နန်ကို အတော်လေး အထင်ကြီးခဲ့မိတာပါ ။ သူက တုကုးရှောင်နန်ရဲ့ နောက်ခံအင်အားနဲ့ ကိုယ်ပိုင် ချမ်းသာကြွယ်မှုဟာ ထိပ်တန်းလို့ ယုံကြည်ခဲ့တာလည်း ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း အခုတော့ သူဟာ အဲသည်လို မယုံကြည်တော့ပါဘူး ။ လီဖူချန်းက နောက်ခံအင်အား အရာမှာ တုကူးရှောင်နန်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လောက်ပေမယ့် ကိုယ်ပိုင်ချမ်းသာကြွယ်မှု အရာမှာတော့ အပြတ်အသတ် သာပါတယ် ။

ပြီးတော့ လီဖူချန်းဟာ အစောပိုင်းတုန်းက သူ့ကို ကူညီဖို့ တစ်ကြိမ် ကြိုးစားခဲ့ပါသေးတယ် ။ သူကသာ မိုက်ပြီး လီဖူချန်းရဲ့ စကားကို မယုံကြည်ခဲ့တာပါ ။

" လီဖူချန်း…… ကျေးဇူးပြုပြီး သည်သတ္တုတုံးကို တစ်ချက် ကြည့်ပေးပါလား "

ချီကျွင်းကျွင်းက သတ္တုတုံး တစ်တုံးကို  ဝယ်ခဲ့ပြီးပါပြီ ။ အခု သူမက  နောက်ထပ် တစ်တုံး ဝယ်ဖို့ ပြင်နေတာပါ ။

ပြီးတော့ ချီကျွင်းကျွင်းဟာ လီဖူချန်းကို လီသခင်လေးလို့တောင် မခေါ်တော့ပါဘူး ။ သူမက  လီဖူချန်းနဲ့ အတော်လေး ရင်းနှီးနေသလို ပြောဆိုဆက်ဆံနေပါတော့တယ် ။

လီဖူချန်းကလည်း မငြင်းဘဲ ချီကျွင်းကျွင်းပြတဲ့ သတ္တုတုံးကို ကြည့်ပေးလိုက်ပါတယ် ။

ဒါက ရေတကောင်း သာသာလောက်သာ ရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံး တစ်တုံးပါပဲ ။ သတ္တုတုံးပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေကတော့ အတော်လေး ပျက်စီးနေခဲ့ပါပြီ ။ ဒါပေမဲ့လည်း အဲဒါက အလွန် သိပ်သည်းတဲ့ ဥပဒေသ စွမ်းအားကို ထုတ်လွှတ်နေဆဲဖြစ်ပါတယ် ။ သည်အတိုင်း အမြင်အရ ဆိုရင်တော့ သည်သတ္တုတုံးကို ဝယ်ဖို့ သင့်၊မသင့် ဆိုတာက အတော်လေး ဝိရောဓိ ဖြစ်စရာလို့ ဆိုရပါမယ် ။

လီဖူချန်းက ဘာမှ မပြောရသေးခင်မှာပဲ တုကူးရှောင်နန်က ဝင်ပြောလာခဲ့ပါတယ် ။

"ကျွင်းကျွင်း …… အစ်ကို့ဘေးနားမှာ ရှိနေတဲ့ အကြီးအကဲလျူက ကျောက်တုံး လောင်းကစား ဝိဇ္ဇာ တစ်ယောက်ပဲ ။ သူက ညီမကို အများကြီး အကြံပေးနိုင်တယ် ။ ညီမအနေနဲ့ သည်လို ဝါသနာရှင် တစ်ယောက်ဆီကနေပြီး အကြံဉာဏ် တောင်းနေစရာ မလိုပါဘူး "

စကားဆုံးတဲ့ နောက်မှာတော့ တုကူးရှောင်နန်က အကြီးအကဲလျူဘက်ကို လှည့်လိုက်ပြီး  ခပ်တိုးတိုး မှာလိုက်ပါတယ် ။

" အကြီးအကဲလျူ…… ချီသခင်မလေးကို အကူအညီ ပေးလိုက် ။ တစ်ခုတော့ မှတ်ထား ။မလောနဲ့ …… ခါတိုင်းထက် ပိုစေ့စေ့စပ်စပ်လုပ် ''

" ဟုတ်ကဲ့ပါ …… သခင်လေး ။ ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ် "

အကြီးအကဲလျူကလည်း လူပါးတစ်ယောက်ပါပဲ ။ သူက တုကူးရှောင်နန်ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး   ရိပ်စားမိပါတယ် ။

ချီကျွင်းကျွင်းက တုကူးရှောင်နန်ရဲ့ ကမ်းလှမ်းမှုကို မငြင်းပယ်လိုက်ပါဘူး ။ သူမက အကြီးအကဲလျူ သေသေချာချာ လေ့လာဆန်းစစ်ဖို့အတွက် ဘေးကို ဖယ်ပေးလိုက်ပါတယ် ။

၁၅မိနစ်လောက် လေ့လာပြီးတဲ့ အခါမှာတော့ အကြီးအကဲလျူက  လေသံ တိုးတိုးနဲ့  သူ့ရဲ့ အမြင်ကို ပြောလာခဲ့ပါပြီ ။

" သည်သတ္တ္တုတုံးပေါ်မှာ ရှိတဲ့ အင်းကွက်တွေကတော့ အတော်လေး ပျက်စီးနေခဲ့ပြီ ။ ဒါပေမဲ့ သည်သတ္တုတုံးပေါ်မှာ သက်ရောက်နေတဲ့ ဥပဒေသ စွမ်းအားကတော့  သာမန်ထက်ကို ပိုသိပ်သည်းနေတယ် ။ ကျုပ်အမြင်မှာတော့ သည်သတ္တုတုံးထဲမှာ အစိုင်အခဲ တစ်ခုထက်မက ရှိနေလောက်မယ် ။ အဲဒါက ကောင်းကင်ဘုံကျောက်တုံး တစ်တုံးထက် ပိုရှိနိုင်တယ်ဆိုတဲ့ အဓိပါ္ပယ်ပဲ ။ သည်သတ္တုတုံးက အကျိုးအမြတ်ရဖို့ ၅၀ရာခိုင်နှုန်းထက် သေချာတယ် ။ဒါပေမဲ့ သခင်မလေးချီကတော့  အဲသည်အတွက် စွန့်စားရဲပါ့မလား မသိဘူး "

ချီကျွင်းကျွင်းကတော့ ဘာမှ ပြန်မပြောသေးဘဲ လီဖူချန်းဘက်ကို အရင် လှည့်ကြည့်လိုက်ပါတယ် ။

လီဖူချန်းက မသိမသာလေး ခေါင်းခါပြလိုက်ပါတယ် ။ အဲဒါက မဝယ်သင့်ဘူးဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။

အဲသည်နောက်မှာတော့ ချီကျွင်းကျွင်းက ပြုံးလိုက်ပြီး

" ထားလိုက်ပါတော့ ။ ကျွန်မအနေနဲ့ သည်သတ္တုတုံးကို စွန့်စားပြီး မဝယ်ရဲဘူး ။ နောက်ထပ် သတ္တုတုံး တစ်တုံးကို ပြောင်းကြည့်တာပဲ   ကောင်းပါတယ် " လို့ အကြီးအကဲလျူကို ပြန်ပြောလိုက်ပါတယ် ။

တုကူးရှောင်နန်ရဲ့ မျက်နှာကတော့ ချက်ချင်းဆိုသလို မည်းမှောင်သွားခဲ့ပါပြီ ။

သူက ချီကျွင်းကျွင်း ဘာဖြစ်လို့ အခုလို ပြောလာခဲ့သလဲ ဆိုတာကို မမြင်စရာ အကြောင်း မရှိပါဘူး ။ သူမက လီဖူချန်း ခေါင်းခါပြလိုက်လို့သာ သည်သတ္တုတုံးကို ဝယ်ယူဖို့ ငြင်းပယ်လိုက်တာပါ ။

သူမက အကြီးအကဲလျူလို ကျောက်တုံး လောင်းကစားဝိဇ္ဇာရဲ့ စကားကိုတောင် လီဖူချန်းရဲ့ စကားကိုသာ နားထောင်နေတာ ဖြစ်ပါတယ် ။ အဲဒါက တုကူးရှောင်နန်အတွက် အတော်လေး ဒေါသ ထွက်စရာပါပဲ ။

အကြီးအကဲလျူရဲ့ မျက်နှာကလည်း သိပ်ပြီး မကောင်းလှတေည့ဘူးလို့ ဆိုရပါမယ် ။ သူက ချီကျွင်းကျွင်းအတွက် သည်ကျောက်တုံးကို အတော်လေး အားစိုက်ပြီး ကြည့်ရှုလေ့လာ ပေးခဲ့တာပါ ။ ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ သူမက သူ သုံးသပ်ပေးတဲ့ သုံးသပ်ချက်တွေကို ပယ်ရှားပြီး သတ္တ္တုတုံးကို ဝယ်ယူဖို့ ငြင်းဆန်သွားခဲ့ပါတယ် ။ ဒါက သူ့ရဲ့ ကြိုးစားအားထုတ်မှုကို သရော်နေတာနဲ့ ဘာမှ မကွာခြားပါဘူး ။

" စိတ်မပူနဲ့ ……ကျွင်းကျွင်း ။ အစ်ကို သည်သတ္တုတုံးကို ဝယ်လိုက်မယ် ။ သည်သတ္တုတုံးကို ဖြတ်ပြီးလို့ အထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ပါနေရင်လာ်း  အစ်ကိုက ညီမကို  လက်ဆောင်အဖြစ် သေချာပေါက် ပြန်ပေးမယ် "

တုကုးရှောင်နန်က အတင်း ဖျစ်ညှစ်ကာ ပြုံးလိုက်ပြီး ချီကျွင်းကျွင်းကို ပြောလိုက်ပါတယ် ။

ချီကျွင်းကျွင်းကတော့ ခပ်ယဲ့ယဲ့လေးသာ ပြန်ပြုံးပြလိုက်ပြီး ဘာမှတော့ ပြန်မပြောလိုက်ပါဘူး ။

သူမအနေနဲ့ သည်သတ္တ္တုတုံးကို မဝယ်လိုက်တာက အကြောင်းအရင်း နှစ်ချက်ကြောင့်ပဲ ဖြစ်ပါတယ် ။

ပထမ အချက်ကတော့ သူမက လီဖူချန်းဟာ သူများနဲ့ မတူဘဲ အတော်လေး ထူးခြားနေတယ်လို့ ခံစားနေမိလို့ပါပဲ ။ လီဖူချန်းက သူမကို ခေါင်းခါပြနေမှတော့ သူ့ဆီမှာ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ ယုံကြည်မှု ရှိလို့ပဲ ဖြစ်ရပါမယ် ။  အဲဒါမှ မဟုတ်ရင် လီဖူချန်းက သူမကို မဝယ်ဖို့ အချက်ပြမှာ မဟုတ်ပါဘူး ။

ဒုတိယ အချက်ကတော့ ချီကောင်းဟာ အစောပိုင်းတုန်းက လီဖူချန်း သူ့ကို တားခဲ့တဲ့ အကြောင်းကို သူမကို ပြောပြထားလို့ပါပဲ ။

အဲဒါက လီဖူချန်းဟာ အကြောင်းအရင်း တစ်စုံတစ်ရာ မရှိဘဲ မဝယ်ဖို့ တားမှာ မဟုတ်ဘူး ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ် ။

" လီဖူချန်း…… ကျေးဇူးပြုပြီး ကျွန်မအတွက် သတ္တုတုံး နှစ်တုံးလောက် ရွေးပေးပါလား "

ရုတ်တရက် ဆိုသလို ချီကျွင်းကျွင်းက လီဖူချန်းကို အကူအညီ တောင်းလာခဲ့ပါတယ် ။

" ကျွန်တော်ကလား "

လီဖူချန်းက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့မိပါပြီ ။ သူက ချီကျွင်းကျွင်း အကူအညီတောင်းတာကို လက်ခံရမလား ဒါမှမဟုတ် ငြင်းပယ်ရမလား ဆိုတာကို ဝေခွဲမရပါဘူး ။

"သခင်မလေးချီ…… ဝါသနာရှင် တစ်ယောက်ကို သတ္တုတုံး ရွေးချယ်ခိုင်းတာက ကောင်းတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး ။ သခင်မလေးရဲ့ ဝိညာဉ်ကျောက်တုံးတွေ ဆုံးရှုံးသွားနိုင်ပါတယ် "

'

အကြီးအကဲလျူက အလျင်အမြန် ကန့်ကွက်လိုက်ပါတယ် ။

ဒါပေမဲ့ ချီကျွင်းကျွင်းကတော့ သူ့ရဲ့ ကန့်ကွက်စကားကို ဂရုမစိုက်တဲ့ပုံပါပဲ  ။ သူမက ခေါင်းခါလိုက်ပြီး ပြောလိုက်ပါတယ် ။

" ရတယ်…… အဲဒါက အရေးမကြီးဘူး ။ ကျွန်မက သည်လောင်းကစားရုံကို တစ်ခါတလေမှ လာတာလေ ။ အဲသည်တော့ ရှုံးလည်း အဆင်ပြေပါတယ် "

တစ်ဖက်သားက သူ့အပေါ်မှာ သည်လောက် ယုံကြည်နေမှတော့  လီဖူချန်အနေနဲ့  မငြင်းပယ်ရက်တော့ပါဘူး ။သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်ပါတယ် ။

" သခင်မလေးချီ …… ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါလား ။ ကျွန်တော်က သိပ်မဆိုးတဲ့ သတ္တုတုံး နှစ်တုံးကို မြင်ထားတယ် ။ ကံကောင်းရင် အဲသည် သတ္တုတုံးတွေထဲမှာ ကောင်းကင်ဘုံ ကျောက်တုံးတစ်တုံးလောက် ရှိရင် ရှိနေမှာပါ "

စကားဆုံးတဲ့နောက်မှာတော့ လီဖူချန်းဟာ ငါးထပ်မြောက်ရဲ့ အတွင်းပိုင်း တစ်နေရာကို ဦးဆောင်ပြီး ထွက်သွားခဲ့ပါပြီ ။

ချီကျွင်းကျွင်းနဲ့ ချီကောင်းတို့ကလည်း လိုက်ပါသွားကြပါတယ် ။

တုကူးရှောင်နန် နဲ့ အကြီးအကဲလျူတို့ကလည်း သည်အတိုင်း ကျန်ရစ် မနေခဲ့ကြပါဘူး ။ သူတို့ကလည်း လိုက်သွားကြတာပါပဲ ။

သိပ်မကြာခင်မှာပဲ သူတို့ဟာ သတ္တုတုံးနှစ်ခု အနားကို ရောက်လာခဲ့ကြပါပြီ ။

လီဖူချန်းက ချီကျွင်းကျွင်းအတွက် သတ္တုတုံးနှစ်ခုလုံးမှာ ကောင်းကင်တုံးကျောက်တုံး ပါဝင်နေတာမျိုးကို ရွေးချယ်ပေးဖို့ စိတ်ကူးမရှိပါဘူး ။ အဲဒါက ထင်မထားတဲ့  ပြသနာတွေကိုပဲ ဖိတ်ခေါ်လာပါလိမ့်မယ် ။ အဲသည်အတွက် တစ်တုံးမှာ ကောင်းကင်ဘုံကျောက်တုံး ပါဝင်ပြီး တစ်တုံးမှာ ကောင်းကင်ဘုံကျောက်တုံး မပါဝင်တဲ့ သတ္တုတုံး နှစ်တုံးကို ရွေးချယ်ပေးတာက အကောင်းဆုံးပါပဲ ။

" ဟုတ်ပြီလေ ။ ကျွန်မ နှစ်ခုစလုံးကို ယူလိုက်မယ် "

ချီကျွင်းကျွင်းက တစ်စက္ကန့်လေးတောင်မှ  တွေဝေနေခြင်း မရှိပါဘူး ။ သူမက ချက်ချင်းပဲ လီဖူချန်း ရွေးပေးတဲ့ သတ္တုတုံးနှစ်တုံးကို ဝယ်ဖို့ ပြင်လိုက်ပါတယ် ။

အကြီးအကဲလျူကတော့ နှာခေါင်းရှုံ့လိုက်ပြီး

" သခင်မလေးချီ …… သခင်မလေး အနေနဲ့ ပြန်ပြီး စဉ်းစားရင် ပိုပြီး ကောင်းပါလိမ့်မယ် ။ သည်သတ္တုတုံး နှစ်တုံးစလုံးမှာ ရှိနေတဲ့ အင်းကွက်တွေက အတော်လေး ကျိုးတိုးကျဲတဲ ဖြစ်နေပါပြီ ။သည်လို သတ္တုတုံးတွေထဲမှာ အစိုင်အခဲ ဖြစ်တည်မှုနှုန်းက ၁၀ရာခိုင်နှုန်းထက် မပိုပါဘူး "

လီဖူချန်းကလည်း ပြန်ပြောပါတယ် ။

" အင်းကွက်တွေ ကျိုးတိုးကျဲတဲ ဖြစ်နေတယ် ဆိုတိုင်း အထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး မရှိဘူးလို့ ဆိုလိုတာမှ မဟုတ်တာ ။ တစ်ခါတစ်ရံမှာ သတ္တုတုံးရဲ့ ပြင်ပသွင်ပြင် လက္ခဏာက အလကား သက်သက်ပဲ "

" ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း သည်အဘိုးကြီးက စောင့်ကြည့်ပါဦးမယ် "

အကြီးအကဲလျူက ဘာမှဆက်ပြီး မပြောတော့ပါဘူး ။ သူက ထွက်ပေါ်လာမယ့် ရလဒ်ကိုပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ သူ့အနေနဲ့ ရလဒ် ထွက်ပေါ်လာတာကို စောင့်ကြည့်ပြီးမှ လီဖူချန်းကို လှောင်ပြောင် ၊ သရော်ရင်လည်း နောက်မကျသေးပါဘူး ။

သည်သတ္တုတုံး နှစ်တုံးရဲ့ တန်ဖိုးကတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅သိန်းပဲ ရှိပါတယ် ။ သည်တန်ဖိုးက ချီကျွင်းကျွင်း အစောပိုင်းက ဝယ်ခဲ့တဲ့ သတ္တုတုံးထက်တောင်မှ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅၀၀ပဲ ပိုများတာပါ ။ ဒါက အတော်လေး တန်တယ်လို့ ဆိုရပါမယ် ။

ဒါပေမဲ့လည်း တစ်ဖက်မှာတော့ အဲဒါက သည်သတ္တုတုံး နှစ်တုံးဟာ  ကောင်းကင်ဘုံကျောက်တုံး ရှိနိုင်ချေ သိပ်မမြင့်ဘူးလို့ ဖော်ပြနေတာလည်း ဖြစ်ပါတယ် ။

" ကျွင်းကျွင်း…… ညီမ ဘာဖြစ်လို့ အဲသည် သတ္တုတုံး နှစ်ခုကို အခု မဖြတ်တာလဲ ။ အစ်ကိုက သည်ညီအစ်ကိုလီဆီမှာ ဘယ်လောက် ကျွမ်းကျင်မှု ရှိသလဲဆိုတာ အရမ်း  သိချင်နေမိပြီ ။ သူ့ရဲ့ လေ့လာသုံးသပ်မှုနဲ့ အချက်အလက်တွေက အပြောသက်သက် ဟုတ်လား ၊မဟုတ်လား ဆိုတာကို ကြည့်ကြရအောင် "

တုကူးရှောင်နန်ကတော့ လီဖူချန်းကို လှောင်ပြောင်ဖို့ အတော်လေး စိတ်စောနေပုံပါပဲ ။ သူက ချီကျွင်းကျွင်းကို သတ္တုတုံး ဖြတ်ဖို့အတွက်  တိုက်တွန်းနေပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ချီကျွင်းကျွင်းက သည်သတ္တုတုံး နှစ်တုံးကို ချက်ချင်း မဖြတ်ချင်သေးပါဘူး ။ တကယ်လို့ သည်သတ္တုတုံးတွေထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိနေရင် ဘာမှမဖြစ်ပေမယ့် ကောင်းကင်ဘုံ ကျောက်တုံး ရှိမနေရင်တော့ လီဖူချန်းဟာ တူကူးရှောင်နန်တို့ရဲ့  လှောင်ပြောင်ခြင်းကို ခံရပါလိမ့်မယ် ။

ဒါပေမဲ့လည်း လီဖူချန်းက သူမ မထင်မှတ်ထားတာကို ပြောလာခဲ့ပါတယ် ။

" ဖြတ်ကြည့်ရအောင် …… သခင်မလေးချီ ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း သတ္တုဖြတ်တာကို တစ်ခါမှ မမြင်ဖူးသေးဘူး ။ အခုတော့ အခွင့်အရေး ရပြီပေါ့ "

" ဟုတ်ပြီလေ ။ ဒါဆိုလည်း ဖြတ်ကြတာပေါ့ "

လီဖူချန်းကိုယ်တိုင်က တိုက်တွန်းလာမှတော့ ချီကျွင်းကျွင်းကလည်း ငြင်းမနေတော့ဘဲ  ခေါင်းညိတ်လိုက်ပါတယ် ။

သတ္တုဖြတ်မယ်ဆိုတဲ့ သတင်း ပျံ့နှံ့သွားတဲ့နောက်မှာတော့ များပြားလှတဲ့ လူအုပ်ကြီးဟာ ငါးထပ်မြောက်မှာ စုရုံး ရောက်ရှိလာကြပါပြီ ။

" အိုး…… ချီသခင်မလေးက အဲသည် သတ္တုတုံး နှစ်တုံးကို တကယ်ကြီး  ဝယ်သွားတာလား ။ အဲသည်သတ္တုတုံး နှစ်တုံးက ဘယ်သူမှ စိတ်မဝင်စားလို့ သည်အထပ်မှာ ရှိနေတာ ကြာလှပြီ မဟုတ်လား "

" မင်းပြောတဲ့ ချီသခင်မလေး ဆိုတာက ချီကလန်ရဲ့ နတ်မိမယ် ချီကျွင်းကျွင်းလား ။ အားပါးပါး……သူမက ထိရက်စရာ မရှိလောက်အောင် ချောလွန်းလှပါတယ်ကွာ ။ ဒါကြောင့်လည်း သူမက နန်ရှန်းမြို့ရဲ့ အလှနတ်သမီးလို့ ကျော်ကြားနေတာကိုး ။ မင်းတို့ ကြည့်ကြစမ်း ။သူမရဲ့ ရုပ်ရည်သွင်ပြင် နဲ့ ကိုယ်ရောင်ကိုယ်ဝါက လုံးဝ အပြစ်အနာအဆာ မရှိဘူးကွ "

သည်ကိုရောက်လာတဲ့ လူတွေထဲက တချို့ကတော့ ကောင်းကင်ဘုံ သတ္တုတုံး ဖြတ်တာကို စိတ်မဝင်စားဘဲ ချီကျွင်းကျွင်းရဲ့ အလှအောက်မှာသာ နစ်မျောနေကြပါတယ် ။

" ချီသခင်မလေး…… သခင်မလေးက သည်သတ္တုတုံးကို ဖြတ်မှာ သေချာပါသလား "

သတ္တ္တုတုံးဖြတ်သမားက မေးလာခဲ့ပါပြီ ။

" သေချာတယ် "

ချီကျွင်းကျွင်းကလည်း တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်ပါတယ် ။

ရွှပ်……

ချီကျွင်းကျွင်းရဲ့ စကားအဆုံးမှာတော့ ကောင်းကင်ဘုံ သတ္တုတုံးဟာ နှစ်ပိုင်း ပြတ်သွားခဲ့ပါပြီ ။

ဘယ်အပိုင်းမှာမှ ကောင်းကင်ဘုံကျောက်တုံး ရှိမနေခဲ့ပါဘူး ။

ဒါပေမဲ့လည်း သတ္တ္တုတုံးဖြတ်သမားက တည်ငြိမ်စွာနဲ့ပဲ သတ္တုတုံးကို  ထပ်ပြီး လှီးဖြတ်နေပြန်ပါတယ် ။  သူက အတွေ့အကြုံရှိတဲ့ သတ္တ္တုတုံးဖြတ်သမားဆိုတာ အသိသာကြီးပါပဲ ။

ရွှပ်……ရွှပ်……ရွှပ်……

သတ္တုတုံးနှစ်ပိုင်းဟာ တဖြည်းဖြည်း သေးသထက် သေးငယ်လာခဲ့ပါပြီ ။နောက်ဆုံးမှာတော့ သတ္တတုံး နှစ်ပိုင်းဟာ ထမင်းစားပန်းကန်လုံးလောက်ပဲ ကျန်ပါတော့တယ် ။ ဒါပေမဲ့လည်း ကောင်းကင်ဘုံ ကျောက်တုံးရဲ့ အရိပ်အယောင်ကတော့ တစ်စွန်းတစ်စတောင် ပေါ်မလာသေးပါဘူး ။

" ကြည့်ရတာ ဒါက အမှိုက်ပဲထင်တယ် "

" သေချာတာပေါ့ကွ ။ သည်လို သတ္တုတုံးထဲမှာသာ ကောင်းကင်ဘုံကျောက်တုံး ရှိနေမယ်ဆိုရင် သည်အထပ်မှာ ရှိနေတဲ့ သတ္တုတုံးတွေတိုင်းမှာ ကောင်းကင်ဘုံကျောက်တုံး ရှိနေတော့မှာပေါ့ "

လူတွေအားလုံးကတော့ ခေါင်းတယမ်းယမ်း ဖြစ်နေကြပါပြီ ။

ပထမ သတ္တ္တုတုံးမှာ ကောင်းကင်ဘုံကျောက်တုံး မရှိတာ သေချာသွားတဲ့နောက်မှာတော့ တုကူးရှောင်နန်က လီဖူချန်းကို စပြီး လှောင်ပြောင်ပါတော့တယ် ။

" ညီအစ်ကိုလီ …… ကြည့်ရတာ ညီအစ်ကိုရဲ့ ရွေးချယ်မှု မမှန်ဘူးနဲ့တူတယ် "

" ကျွင်းကျွင်း…… နောက်ဆိုရင် သည်လို လေကြီးတဲ့ လူမျိုးနဲ့ မသိကျွမ်းမိအောင် နေဦး ။ အဲဒါက ညီမကို ပိုကောင်းစေလိမ့်မယ် ။အစ်ကိုပြောတာ ယုံလိုက် ။ အစ်ကိုက သည်လို လေပဲရှိပြီး ကြွားဝါပြောဆိုတတ်တဲ့ လူတော်တော်များများကို ကြုံတွေ့ခဲ့ဖူးပြီ ။ သည်လိုလူတွေမှာကာ  တကယ့်အစစ်အမှန်စွမ်းရည်ဆိုလို့ ဘာမှမရှိဘူး"

အကြီးအကဲလျူကလည်း ဝင်ပြီး ထောက်ခံပါတယ်။

" ကျောက်တုံးလောင်းကစား ဆိုတာက ဗဟုသုတ အများကြီးလိုတဲ့   လောင်းကစား တစ်ရပ်ပဲ ။ တချို့လူတွေကတော့ အင်းကွက်လေးတွေ နည်းနည်းပါးပါး ကြည့်တတ်ရုံနဲ့  သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေကြတာ ။ ဒါပေမဲ့ တကယ်တမ်းကျရင်တော့ သူတို့က ကျောက်တုံး လောင်းကစားနဲ့ ပက်သက်ပြီး ဘာဆိုဘာမှ မသိသေးဘူး "

ဒါပေမဲ့လည်း ချီကျွင်းကျွင်းကတော့ လီဖူချန်းဘက်ကပါပဲ ။

" သတ္တုတုံးဖြတ်လို့ ရှုံးတယ်ဆိုတာက သာမန်ပဲ မဟုတ်ဘူးလား ။ အကြီးအကဲလျူကကော သတ္တုတုံးဖြတ်တာ မရှုံးဖူးဘူးလား "

" ဒါ……ဒါကတော့ "

ချီကျွင်းကျွင်းရဲ့ စကားကြောင့် အကြီးအကဲလျူဟာ ဘာပြန်ပြောလို့   ပြောရမှန်း မသိတော့ပါဘူး ။ အတန်ကြာမှ သူက ပြန်ပြောလာခဲ့ပါတယ် ။

" သည်အဘိုးကြီးကလည်း သတ္တုတုံးဖြတ်တာ ရူံးဖူးတာပါပဲ ။ ဒါပေမဲ့ သည်အဘိုးကြီးက သတ္တုတုံးတစ်တုံးကို  လက်လွှတ်စပယ် မကြည့်ဖူးပါဘူး "

" သခင်မလေးချီ …… နောက်တစ်တုံးကို ဆက်ပြီး ဖြတ်ရမှာလားဗျ "

အဲသည်အချိန်မှာပဲ သတ္တ္တုတုံးဖြတ်သမားက ချီကျွင်းကျွင်းကို ထပ်ပြီး မေးလာခဲ့ပြန်ပါတယ် ။

" ဖြတ်လိုက် "

ချီကျွင်းကျွင်းတောင် ဘာမှ မပြောလိုက်ရပါဘူး ။ လီဖူချန်းက ကြားကနေဝင်ပြီး  ဒုတိယ သတ္တုတုံးကို ဖြတ်ဖို့ ပြောလိုက်ပါတယ် ။

" ဟုတ်ကဲ့ပါ "

ရွှပ်…… ရွှပ်……ရွှပ်……

သတ္တ္တုတုံးဖြတ်သမားရဲ့  လုပ်ဆောင်မှုက အတော်လေး မြန်တယ်လို့ ဆိုရပါမယ် ။ သူက မျက်စိတစ်မှိတ် အတွင်းမှာပဲ ဒုတိယ သတ္တုတုံးကို နှစ်ပိုင်းခြမ်းပြီး  အချက်ရေ ၁၀၀ကျော် ပိုင်းဖြတ်ပစ်လိုက်ပါတယ် ။

စိတ်မကောင်းစရာပါပဲ ။ ကောင်းကင်ဘုံ ကျောက်တုံးရဲ့ အရိပ်အယောင်က လုံးဝ ပေါ်မလာခဲ့ပါဘူး ။

" အားလုံး လူစုခွဲကြတော့ဟေ့ ။ သည်တစ်တုံးကလည်း အမှိုက်ပဲ ။ သည်သတ္တုတုံးထဲမှာလည်း  ကောင်းကင်ဘုံကျောက်တုံး ရှိမှာ မဟုတ်ဘူး "

သတ္တုတုံး ဖြတ်တာကို  စောင့်ကြည့်နေကြတဲ့ လူတွေကတော့ လူစုခွဲဖို့ ပြင်နေကြပါပြီ ။

တုကူူးရှောင်နန်နဲ့ အကြီးအကဲလျူတို့ကတော့ ကျိတ်ပြီး ပြုံးနေကြပါတယ် ။

' အစောပိုင်းတုန်းက သည်ကောင်က ငါ့ကို ရမ်းပြီး တားလိုက်တာလား '

ချီကောင်းကလည်း လီဖူချန်းကိုကြည့်ပြီး ဝေခွဲမရ ဖြစ်နေပါတယ်။

လီဖူချန်းကတော့ အေးအေးဆေးဆေး ရှိနေဆဲပါပဲ ။ သူက ကောင်းကင်ဘုံကျောက်တုံးနဲ့ သတ္တ္တုတုံးဖြတ်သမားရဲ့ ဓားချက်ဟာ တွေ့ဆုံဖို့အတွက် တစ်ပေလောက်သာ လိုတော့တာကို မြင်နေရတာ မဟုတ်ပါလား ။

ရွှပ်……ရွှပ်……ရွှပ်……

သတ္တုတုံးက တဖြည်းဖြည်း သေးလာခဲ့သလို စောင့်ကြည့်နေတဲ့ လူတွေရဲ့ မျှော်လင့်ချက်ကလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ပါပြီ ။

ထန်……

အဲသည်အချိန်မှာပဲ သတ္တ္တုတုံးဖြတ်သမားရဲ့ ဓားဟာ တစ်ခုခုနဲ့ ထိမိတဲ့အသံ ထွက်ပေါ်လာခဲ့ပါတယ် ။

" အဲဒါ ဘာအသံလဲ "

ထွက်သွားဖို့ ပြင်နေကြတဲ့ လူတွေဟာ အသံကြောင့် ချက်ချင်း ပြန်လှည့်လာခဲ့ကြပါပြီ ။ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ အံ့သြမှုတွေက အထင်းသားပါပဲ ။

" အဲဒါက သတ္တ္တုဖြတ်ဓားနဲ့ ကောင်းကင်ဘုံကျောက်တုံး ထိမိရင် ထွက်လာတတ်တဲ့ အသံမျိုးပဲ "

လူတစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ ပြောလာခဲ့ပါတယ် ။

" သခင်မလေးချီ…… သည်ထဲမှာ ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ရှိနေပါတယ် "

သတ္တ္တုတုံးဖြတ်သမားကလည်း ပြောလာခဲ့ပါပြီ ။ သတ္တ္တုတုံးဖြတ်သမားအဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့သူဟာ သတ္တုဖြတ်ဓားနဲ့ ကောင်းကင်ဘုံကျောက်တုံး ထိမိတဲ့ အသံကို မမှတ်မိစရာ အကြောင်း မရှိပါဘူး ။ သူက အထဲမှာ ရှိနေတဲ့ ကောင်းကင်ဘုံ ကျောက်တုံးဟာ ဘယ်အတန်းအစားထဲကလဲ ဆိုတာကိုပဲ မပြောနိုင်တာပါ ။

" ဟုတ်လား…… ဒါဆိုရင်လည်း ဆက်ဖြတ်လေ "

ချီကျွင်းကျွင်းကတော့ အခုမှပဲ ပြုံးနိုင်ပါတော့တယ် ။

ခေတ္တခဏ အကြာမှာတော့ လက်သီးဆုပ် တစ်ဝက်လောက် ရှိတဲ့ စိမ်းပြာရောင် ကျောက်တုံးတစ်တုံးဟာ လူတိုင်းရဲ့ရှေ့ကို ရောက်လာခဲ့ပါပြီ ။

သည်ကျောက်တုံးရဲ့ သန့်စင်မှု အရည်အသွေး နဲ့ ကျောက်သားအရ ဆိုရင်တော့ ဒါက အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးပါပဲ ။ ဒါပေမဲ့လည်း သည်ကျောက်တုံးက အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေထဲမှာတောင်မှ အတော်လေး အရည်အသွေး ကောင်းတဲ့အထဲမှာ ပါတယ်လို့ ဆိုရပါမယ် ။

" ချီသခင်မလေးခင်ဗျား…… ကျွန်တော်က သည်ကောင်းကင်ဘုံ ကျောက်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ နဲ့   ဝယ်ယူလိုပါတယ် "

" ကျွန်တော်ကတော့ ၅၅၀ ပေးပါမယ် "

" မန်လျိုစန်း…… မင်းက ငါ့ကိုလာပြီး ပြိုင်နေတာလား "

" ငါက မင်းကို ဘာလို့ မင်းကို ပြိုင်ရမှာလဲ  ။ ငါက သခင်မလေးချီကို ဈေးမှန် ပေးနေတာကွ ။ မင်းက သည်လို အရည်အသွေးကောင်းတဲ့ ကျောက်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၅၀တည်းနဲ့ လိုချင်နေတာလား ။ ဆုတောင်းလိုက်လေ "

ကောင်းကင်ဘုံကျောက်တုံးအကြောင်း ကောင်းကောင်း နားလည့်တဲ့ လူနှစ်ယောက်ကတော့ ချီကျွင်းကျွင်းရဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို အပြိုင်အဆိုင် ဈေးပေးပြီး ကမ်းလှမ်းနေကြပါပြီ ။

***

All Chapters