← Chapters

ငါ့ကိုအနိုင်ကျင့်မှာလား

Vol. 18 Ch. 341

ငါ့ကိုအနိုင်ကျင့်မှာလား

Vol. 18 Ch. 341

တုန်ဖန်းအောင်နှင့် ရှီမန်ဆုန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ရာ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်မှုအသီးသီးကို မြင်လိုက်ရ ၏။ သူသည် ပေထင်းမိသားစု၏ ‘အမှိုက်’ ဖြစ်သည်။ အတားအဆီးများကို ကျော်ဖြတ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သန်မာလာလျှင် ထိုလူသည် မည်မျှ ကြီးထွားလာနိုင်မည်နည်း။

အားကောင်းသောလူများသည် မကြောက်တတ်ဘဲ ဇွဲလုံ့လကြီးသည့် နှလုံးသားကိုပိုင်ဆိုင်ထားကာ မည်သည့်အချိန်တွင် မည်သို့ရွေးချယ်ရမည်ကို သိကြသည်။ မတူညီသည့်ဆွဲဆောင်နိုင်မှုနှင့် လူတစ်ဦး၏နှလုံးသားကို ဖမ်းစား နိုင်သူများသည် အမှန်တကယ်ပင် ကြောက်ဖို့ကောင်းသည်။

ပေထင်းမိသားစုသည် ထိုကဲ့သို့ ကောင်းကင်ကိုအံတုနိုင်သည့်လူကို မွေးထုတ်ခဲ့သည်။

သူတို့နှစ်ယောက်လုံးသည် အလွန်ထူးခြားသည့် ပါရမီရှင်များဖြစ်ကြ၏။ ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး၏စိတ်ထဲတွင် လေးလံမှုများရှိနေ သည်။ မျိုးနွယ်ကြီးလေးခု၏ ကံကြမ္မာသည် ဤလူငယ်ကြောင့် ကြီးမားသော ပြောင်းလဲမှုကြီးဖြစ်သွားနိုင်သည်။

၁၄ နှစ်အရွယ် ကောင်းကင်အဆင့်ဝိညာဉ်သခင်၊ အမြင့်ဆုံးသားရဲထိန်း သခင်နှင့် ကောင်းကင်ကို အံတုနိုင်လောက်အောင် အားကောင်းသည့် မှော်သားရဲတပ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ဤကဲ့သို့ ပုံမှန်မဟုတ်သော ခွန်အားမျိုးကို နှစ်ပေါင်းတစ်သောင်းအတွင်း မကြားဖူးပေ။ ဤလူငယ်သည် ထိုအရာများကို ပိုင်ဆိုင်ထားသည်။

“ဝေါင်း ဝေါင်း ဝေါင်း”

အလောတကြီးအော်သံသည် ဂူထဲမှ ထွက်လာသည်။ ခရမ်းရောင်မီး တောင်ပံခြင်္သေ့ငယ်သည် အမှောင်ထဲမှ ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်ကို ခရမ်းနုရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ လူသားနှင့်တူသောမျက်လုံး များထဲတွင် ရှုပ်ထွေးမှုများ လင်းလက်နေသည်။ ၎င်းသည် မြေပေါ်မှ သွေးများဖြင့်ဖုံးအုပ်လျက်ရှိသော ခရမ်းရောင်မီးတောင်ပံခြင်္သေ့ကိုမြင် သောအခါ ပျော်ရွှင်စွာပြေးလာပြီး ခြင်္သေ့ဘုရင်၏ရင်ခွင်ထဲသို့ လူးလှိမ့်ဝင်လေ သည်။ ၎င်း၏ရှေ့လက်မှ ချွန်ထက်သောလက်သည်းများကိုထုတ်ကာ ခြင်္သေ့ ဘုရင်၏ နှာခေါင်းနှင့်ထိတွေ့ပြီး ပျော်ရွှင်စွာ ဆော့ကစားနေသည်။

ခွေးပေါက်အရွယ်အစားရှိသည့် ကောင်လေးသည် သားပေါက်အရွယ်သာ ရှိသေးသည်။ ၎င်းသည် ထောင်လွှားပြီး ချစ်စရာကောင်းသည်။

ထိုအကောင်လေးပေါ်လာသည်နှင့် မိန်းကလေးများအားလုံးသည် သူ့၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရလေသည်။ အမြဲတမ်းအေးခဲနေတတ်ပြီး ပေထင်းဟွမ်တစ်ယောက်ကိုသာ အရည်ပျော်သည့် ချူဖုန်းပင်လျှင် လက်ဆန့် ထုတ်ပြီး သူ့ရင်ခွင်ထဲပြန်ဆွဲယူလေသည်။ သူ့မျက်လုံးများသည် ပိုင်ဆိုင်လိုစိတ် များ ဖြစ်ပေါ်နေသည်။

ပေထင်းဟွမ်သည် အနည်းငယ် စိုးရိမ်နေတုန်းပင်။ သူမသည် သူ့အတွက် အကောင်းဆုံးအရာများကိုသာ ချန်ထားချင်သည်။ ကြယ် ၉ ပွင့်နတ်သားရဲနှင့် သားပေါက်တစ်ကောင်သည် ယခုအချိန်တွင် သူ့ကိုပေးနိုင်သည့် အကောင်းဆုံး အရာသာဖြစ်နေသည်။ သို့သော် ချူဖုန်းမကျေနပ်မည်ကို သူမ အနည်းငယ် စိုးရိမ်နေဆဲပင်။ ထိုမြင်ကွင်းကိုမြင်သောအခါ ပေထင်းဟွမ်သည် စိတ်အေးသွား သည်။

ချူဖုန်းသည် ဉာဏ်ကောင်းသောလူဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ အမူအရာများကို လက်လွတ်မခံပေ။ သူ့နှလုံးသားသည် နွေးထွေးမှုများဖြင့် ပြည့်သွားသည်။ သူသည် ပေထင်းဟွမ်၏လက်ကိုကိုင်ကာ ပြောလိုက်သည် “ရှောင်ကျို့ ငါတို့က ဝမ်းကွဲညီအစ်ကိုတွေပဲ.. ငါတို့တွေကို ခွဲလို့မရဘူး.. ငါ့ကို အဲဒီခြင်္သေ့လေးပေး.. ကြယ် ၉ ပွင့်နတ်သားရဲက မင်းယူလိုက်”

ကြယ် ၉ ပွင့်နတ်သားရဲသည် ခွန်အားကို ကိုယ်စားပြုသည်။ ခြင်္သေ့လေး သည် သားပေါက်အရွယ်သာရှိသေးသော်လည်း ဝိညာဉ်သားရဲအဆင့် ခွန်အားရှိ သည်။ ၎င်းသည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်စား ပြီးနောက် သားပေါက်အရွယ်မှ ကြီးထွားသည့်အဆင့်သို့ တိုက်ရိုက် ရောက်ခဲ့သည်။ ၎င်း၏ကံသည် ကောင်းသဖြင့် အရွယ်ရောက်သည့်အဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။ ၎င်းသည် နတ်သားရဲအဆင့်မဟုတ်သော်လည်း မွန်မြတ်သောသားရဲဖြစ်နေချေပြီ။

မွန်မြတ်သောသားရဲတစ်ကောင်သည် သူ့အတွက် လုံလောက်သည်ထက် ပိုသည်။

ကြယ် ၉ ပွင့်နတ်သားရဲ.. ဤကမ္ဘာတွင် နတ်အဆင့်ကျွမ်းကျင်သူပင် ကြယ် ၉ ပွင့်နတ်သားရဲ၏ ဖြားယောင်းမှုကို မခံနိုင်ကြပေ။

အားလုံးသည် ချူဖုန်းအား ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်ကြ၏။ ဒီလူက ရူးများသွားပြီလား။

တုန်ဖန်းကျောက်သည် အနည်းငယ် မနာလိုဖြစ်မိသည်။ သူတို့သည် ဝမ်းကွဲများဖြစ်လျှင်တောင် ပေထင်းဟွမ်သည် ချူဖုန်းကို အကောင်းဆုံး ဆက်ဆံပေးသည်။ “မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တွန်းရတာ ပျော်ဖို့ကောင်းနေလား… မင်းတို့မလိုချင်ဘူးမလား ငါ့မှာ နတ်သားရဲတစ်ကောင်ပိုရှိသွားလည်း စိတ်မရှိဘူးနော်”

“မင်းကိုပေးရမှာလား.. မင်းကိုပေးရင် စာချုပ်တည်ထောင်နိုင်လို့လား” ပေထင်းဟွမ်သည် တအံ့တဩဖြင့် မေးလေသည်။ ဤလူ၏အကျင့်သည် အလွန်ပင် ထူးဆန်းသည်။ သို့သော် သူတို့သည် အချိန်ဖြုန်းနေခဲ့သည်မှာလည်း မှန်သည်။

“ငါ့ကိုအနိုင်ကျင့်နေတာလား” တုန်ဖန်းကျောက်သည် အနည်းငယ် ခံပြင်းသွားသည်။ ပင်မတိုက်ကြီးမှ ဝိညာဉ်သခင်များသည် ပုံမှန်အားဖြင့် မှော်သားရဲတစ်ကောင်သာ စာချုပ်တည်ထောင်နိုင်သည်။ သူတို့၏ခွန်အား တိုးတက်လာပြီး စိတ်ခွန်အား သန်မာလာသည်နှင့် သူတို့သည် သားရဲများနှင့် စာချုပ်ထပ်တည်ထောင်နိုင်သည်။ သို့သော် ခွန်အားတိုးရန်လုပ်ရသည်မှာ ရိုးရှင်းရဲ့လား။ လူအများသည် သူတို့၏ဘဝတွင် အများဆုံးစာချုပ်သားရဲ နှစ် ကောင်သာ စာချုပ်တည်ထောင်နိုင်သည်။ တုန်ဖန်းကျောက်သည် ပေထင်းဟွမ် ကဲ့သို့ ထူးဆန်းသောလူကို ပထမဆုံးမြင်ဖူးခြင်းပင်။ အရင်ကတစ်ခါမှမမြင်ဖူး ပေ။

All Chapters