← Chapters

စစ်သည်တစ်သိန်းကလည်း ငါသွားမယ့်လမ်းကို မတားဆီးနိုင်ဘူး

Vol. 70 Ch. 975

စစ်သည်တစ်သိန်းကလည်း ငါသွားမယ့်လမ်းကို မတားဆီးနိုင်ဘူး

Vol. 70 Ch. 975

အခန်း (၉၇၅) စစ်သည်တစ်သိန်းကလည်း ငါသွားမယ့်လမ်းကို မတားဆီးနိုင်ဘူး

“နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိတဲ့ ဆရာဦးလေး(၇)က အသံတောင်မထွက်ဘဲ ဒီအတိုင်း သေဆုံးသွားတာလား”

“တခြားသူတွေကလည်း ဘာကိုမှအာရုံမစိုက်မိဘဲ သေသွားကြသလိုပဲ ၊ သူတို့ကိုယ်သူတို့ ဘယ်လိုသေသွားမှန်းတောင် မသိကြသလိုပဲ”

ဟောက်လင်တောင်မှ သိုင်းသမားများ တောင်အောက်ဆင်းပြီး စုံစမ်းကြသည့်အခါ သူတို့ဂိုဏ်းမှ ကျင့်ကြံသူများ ထူးဆန်းလွန်းသည့်နည်းလမ်းဖြင့် သေဆုံးသွားသည်ကို တွေ့ရပြီး အံ့သြတုန်လှုပ်သွားကြသည်။

သေဆုံးသွားသူများအားလုံးမှာ တုန်လှုပ်ချောက်ချားသည့် အရိပ်အယောင် တစ်စက်ပင်မပြဘဲ တည်ငြိမ်စွာ ရှိနေကြသည်။

ကျင့်ကြံသူ (၂)ယောက်ဆိုလျှင် ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင်စကားပြောနေဟန်ရှိပြီး သူတို့မျက်နှာများတွင် ရန်ကျောက်ကဲကို ရွံလျှာမုန်းတီးသည့်အမူအရာ ထွက်ပေါ်နေသည်။

ကြည့်ရသည်မှာ ဘာဖြစ်သည်ကို လုံးဝမသိလိုက်ဘဲ အသက်သေဆုံးသွားဟန် ရှိပင်။ ဆရာဦးလေး (၇)ဆိုလျှင် စကားပြောရန် ပါးစပ်ကိုပင် ဖွင့်ဟထားသေး၏။

ပြင်းထန်သော အဆိပ် သို့မဟုတ် လှည့်စားမှုတစ်ခုခုက သူတို့အား အချိန်အတန်ကြာ အသိအာရုံ ဆုံးရှုံးသွားစေခြင်း ဖြစ်နိုင်သည်။ သို့သော် ရန်ကျောက်ကဲက သူတို့အသက်ကို မည်သို့နှုတ်ယူလိုက်ပါသနည်း။

“ဆရာဦးလေး (၇)နဲ့ တခြားသူတွေရဲ့မျက်နှာအမူအရာကြည့်ရတာ သူတို့သေသွားတာတောင်မှ ခန္ဓာကိုယ်က တစ်ချက်လေး ရုန်းကန်ထားတာမျိုး မတွေ့ရဘူး”

နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် မည်သို့သတ်ဖြတ်ခံရသည်ကိုမသိလိုက်ဘဲ အိပ်မက်လှလှမက်နေသည့်အလား ဖြစ်သည်။

ဒါက ဘယ်လိုဟာသမျိုးလဲ။

စုံစမ်းစစ်ဆေးရန်ရောက်လာကြသော ဟောက်လင်တောင်မှ သိုင်းသမားများအားလုံး တာအိုဆရာတုန်းချွမ်သာ သူတို့ကို ပြန်မဆုတ်ခိုင်းလျှင် မည်သို့ဖြစ်မည်ကို နားလည်သဘောပေါက်လိုက်ကြသည်။

သူတို့အားလုံး သေမှန်းမသိဘဲ သေသွားကြပေလိမ့်မည်။

တွေးကြည့်ရုံဖြင့် ဟောက်လင်တောင်မှ သိုင်းသမားများ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

“ထာဝရညမိုးကြိုးစွမ်းအားတဲ့လား...”

ရန်ကျောက်ကဲ၏နည်းလမ်းက တာအိုဆရာတုန်းချွမ်ကို မတုန်လှုပ်စေသော်လည်း သူ၏ဂိုဏ်းသားများ အတုံးအရုံးအသက်ဆုံးခဲ့ရသဖြင့် ဒေါသအကြီးအကျယ်ထွက်လျှက် ရှိသည်။

ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်မှာလည်း ထိုင်ခုံတွင်ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်သည်။

သူက ခန်းမဆောင်အပြင်ဘက်သို့ ချက်ချင်းရောက်ရှိလာပြီး သူ၏မျက်ဝန်းများထဲမှ မီးလျှံဇာမဏီငှက်ပုံသဏ္ဌာန်က ပိုမိုတောက်ပလာပြီး အလင်းရောင်များထွက်ပေါ်လာသည်။

“သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်က ထာဝရညမိုးကြိုးစွမ်းအား ထုတ်ဖော်နိုင်တယ်ဆိုရင်တောင် ဒီလောက်စွမ်းအားမကြီးနိုင်ဘူး ၊ နက်နဲတဲ့ တခြားပညာရပ်တွေ ဒီမိုးကြိုးစွမ်းအားထဲမှာ ပေါင်းစပ်ထားတာပဲ”

တောင်ထိပ်တွင်ရပ်နေသောရန်ကျောက်ကဲက ပြုံးလိုက်ပြီး ယွမ်ရှန်းချန်နှင့် အကြည့်ချင်းဆုံလိုက်သည်။

“မင်းက ဇာမဏီမျက်ဝန်း ယွမ်ရှန်းချန် ဖြစ်ရမယ် ၊ မင်းရဲ့ အလင်းပုံရိပ်ကို အရင်တုန်းက မြင်ဖူးတယ် ၊ မင်းက ဂုဏ်သတင်းအတော်ကြီးတဲ့သူပါပဲ”

“အရင်ကငါလည်း မင်းကိုလျှော့တွက်ခဲ့မိတယ်”

ယွမ်ရှန်းချန်က ဖြည်းညင်းစွာဆိုသည်။

“အဆုံးမဲ့တောင်တန်းကနေ ဒီကိုရောက်တဲ့အထိ လမ်းတစ်လျှောက် ဖြတ်ကျော်လာနိုင်တာ မအံ့သြတော့ပါဘူး”

ကျောက်ကျန်သည်လည်း ယွမ်ရှန်းချန်နှင့်အတူ ပင်မခန်းဆောင်ထဲမှ ထွက်လာပြီး ရန်ကျောက်ကဲကို အကဲခတ်လိုက်သည်။ သူ့မျက်နှာထက်မှပုံမှန်အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး ထူးထူးခြားခြား တည်ကြည်လေးနက်နေသည်။

တာအိုဆရာတုန်းချွမ်က တဖြည်းဖြည်း စိတ်တည်ငြိမ်အောင်ကြိုးစားရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

“’ရန်’ မျိုးနွယ်ကောင်လေး... မင်းက ငြိမ်းချမ်းရေးတောင်တန်းဒေသကို ရောက်လာရဲတယ်ဆိုကတည်းက ဒီနေရာက မင်းရဲ့သင်္ချိုင်းမြေဖြစ်လာရမယ်”

တာအိုဆရာတုန်းချွမ်၏လေသံက အေးစက်နေသည်။

“ဟောက်လင်တောင်ကိုရောက်လာတာဟာ မင်းအတွက် ကိုယ့်သေတွင်းကိုယ်တူးတာပဲ ၊ ဒါပေမဲ့ အခုတော့ မင်းက ငါတို့ဂိုဏ်းသားတွေကို သတ်လိုက်တဲ့အတွက် ဒီတာအိုဆရာရဲ့ လက်ဖဝါးအောက်မှာ သေရစေ့မယ်”

ရန်ကျောက်ကဲက တာအိုဆရာတုန်းချွမ်ကို တစ်ချက်ပင်အရေးမစိုက်ဘဲ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...

“မဟူရာညဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ သတင်းကြားရတယ် ၊ ဆိုတော့... ဒီမှာ မဟူရာညဂိုဏ်းက ကိုယ်စားလှယ်တစ်ယောက်ယောက်များ ရှိသလားမသိဘူး”

ထိုမေးခွန်းကိုကြားတော့ ရောက်ရှိနေသူများအားလုံး မျက်နှာအမူအရာများ ထူးဆန်းသွားသည်။

ယွမ်ရှန်းချန် အနားတွင်ရှိနေသဖြင့် အပြင်ပန်း ထုတ်ဖော်ပြသရန်မဖြစ်နိုင်သည့်တိုင် မဟူရာညဂိုဏ်းမှ အကြီးအကဲက စိတ်ထဲမှ တိတ်တဆိတ် အောင်ပွဲခံလိုက်သည်။

“ဝူထုန်တောင်စောင်းရဲ့ဦးဆောင်မှုအောက်မှာ မင်းလို မောက်မာတဲ့ကောင်ကို သုတ်သင်ပစ်ဖို့ ငြိမ်းချမ်းရေးတောင်တန်းက သိုင်းသမားတွေအားလုံး ဒီနေ့ ဒီနေရာမှာ စုရုံးလာကြတာပဲ”

တာအိုဆရာတုန်းချွမ်က အေးစက်စွာ ဆိုသည်။

“ငါတို့အချင်းချင်းရန်တိုက်ပေးဖို့တော့ မင်းမစဉ်းစားနဲ့ ၊ မင်းမှာ ဒီလိုလုပ်လုပ်ဖို့ အကြောင်းပြချက် မရှိဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲက လှောင်ပြောင်သည့်အနေဖြင့် ရယ်မောရင်း တာအိုဆရာတုန်းချွမ်ကို လှမ်းကြည့်လိုက်သည်။

“ဟေး... မင်း နားလည်မှုလွဲနေပြီ”

သူက ဆက်ပြောသည်။

“မဟူရာညဂိုဏ်းရဲ့သိုင်းပညာဖြစ်တဲ့ မဟူရာကြာပန်းဓားသိုင်းက မဟာကပ်ဘေးကြီးမတိုင်ခင်က ပြီးပြည့်စုံတဲ့သိုင်းပညာကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းကြားလို့ စိတ်ဝင်စားမိတယ် ၊ အဲဒါကြောင့် လေ့လာကြည့်ချက်တာပါ”

သူက တာအိုဆရာတုန်းချွမ်ကိုအကဲခတ်ရင်း...

“နာမည်ကြီး ပါးကွကောင်းကင်လက်ဝါးသိုင်းနဲ့ ပါးကွနဂါးသိုင်းကျမ်းက သိပ်တော့မဆိုးလှပေမယ့် ငါ သိပ်စိတ်မဝင်စားဘူး”

ရန်ကျောက်ကဲက အမှန်အတိုင်းပြောနေခြင်း ဖြစ်သည်။

ထိုသိုင်းပညာ (၂)ရပ်က  မဟာကပ်ဘေးကြီးမတိုင်ခင် ပါးကွနဂါးသိုင်းကျမ်းမှ မြစ်ဖျားခံဆင်းသက်လာခြင်း ဖြစ်ပြီး ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်စာကြည့်တိုက်ထဲတွင် ထိုကျမ်းစာ အပြည့်အစုံ ရှိနေခဲ့သည်။

သို့သော် မဟူရာကြာပန်းဓားသိုင်းကတော့ ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် မရှိသလို ရန်ကျောက်ကဲသည်လည်း ကြားဖူးရုံသာရှိခဲ့သဖြင့် စိတ်ဝင်စားမိခြင်းပင်။

ရန်ကျောက်ကဲစကားကိုကြားတော့ ဟောက်လင်တောင်မှလူများ အရှက်ရသွားကြသည်။

တာအိုဆရာတုန်းချွမ်က သူ့ဘဝတစ်ခုလုံး စိတ်တည်ငြိမ်စေရန် ကျင့်ကြံခဲ့ပြီး လွယ်လွယ်နှင့် ဒေါသထွက်တတ်သူ မဟုတ်ပေ။ သို့သော် ယခု ရန်ကျောက်ကဲရှေ့မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲထွက်တော့မည့်အလား ဒေါသပြင်းထန်လျှက် ရှိသည်။

ရန်ကျောက်ကဲကိုဖမ်းဆီးရန် မဟာမိတ်များခေါ်လိုက်ရသည့် သူ၏ မူလအကြံအစည်က ဟောက်လင်တောင်တန်းအနေဖြင့် အငြင်းပွားစရာမရှိ တစ်ဦးတည်းသောအုပ်စိုးသူအဖြစ် ငြိမ်းချမ်းရေးတောင်တန်းတွင် ရပ်တည်နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် မဟူရာညဂိုဏ်းကို အောင်မြင်စွာနှိမ်နင်းရန် ပထမဆုံးခြေလှမ်းကို စတင်ခဲ့ခြင်းပင်။

အစပိုင်းတုန်းက အရာအားလုံး ချော‌ချောမောမော ရှိသော်လည်း ရန်ကျောက်ကဲပေါ်လာသည်နှင့် ကိစ္စအားလုံး ပရမ်းပတာ ဖြစ်ကုန်တော့သည်။

ယွမ်ရှန်းချန် စေခိုင်းသည့်အတိုင်း ရန်ကျောက်ကဲကို တောင်ပေါ်သို့ တက်ခွင့်ပြုလိုက်ချိန်မှာတော့ သူ့ဂိုဏ်း၏တပည့်အများအပြား သတ်ဖြတ်ခံခဲ့ရပြီး အကြီးအကျယ် မျက်နှာပျက်ခဲ့ရသည်။

ယခုလည်း ရန်ကျောက်ကဲက မဟူရာညဂိုဏ်းကို စင်ပေါ်တင်ကာ သူ၏ ဟောက်လင်တောင်တန်းကိုတော့ အဆင့်လျှော့ချနေပုံရသည်ဖြစ်ရာ ဟောက်လင်တောင်ဂိုဏ်းမှာ မျက်နှာ (၂)ခါပျက်ရပြီး မြေပြင်ထက် (၂)ကြိမ်တိတိ နင်းချေခံရသည့်ပမာ ရှိသည်။

တာအိုဆရာတုန်းချင်အနေဖြင့် ယနေ့ ဤနေရာတွင် ရန်ကျောက်ကဲကို ကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်ပါက ဤအရှက်တရား ဘယ်တော့မှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။

ဟောက်လင်တောင်မှတပည့်များအားလုံးမှာလည်း ဒေါသထွက်လွန်းသဖြင့် မျက်နှာများ နီရဲလျက်ရှိကြသည်။

သို့သော် ရန်ကျောက်ကဲကတော့ အေးအေးဆေးဆေးပင် တည်ငြိမ်စွာ ရှိနေသည်။

“ဘာလဲ... မဟာမိတ်တွေစုပေါင်းပြီး ငါ့ကိုဖမ်းမလို့လား”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုလေ့လာရင်း ဆိုသည်။

သူ့အရှေ့တွင် ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူများ တိမ်တိုက်များပမာ များပြားလွန်းသည်ဟု ပြော၍ရသည်။

‘ဇာမဏီမျက်လုံး’ ယွမ်ရှန်းချန်က အလယ်ဆင့် အမတကူးပြောင်းခြင်း သိုင်းသူတော်စင်ဖြစ်ပြီး ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်ရင်းဖြစ်သည်။

သူက အထက်ဘုံကမ္ဘာတစ်ခွင် အလွန်ကျော်ကြားသူလည်း ဖြစ်၏။

ခရမ်းရောင်ဓားသမား ‘ကျောက်ကျန်’ သည်လည်း အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ပင်လယ်ချိတ်ဆက်ဒေသ၏ နာမည်ကျော် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်၏။

‘ပါးကွနဂါး’ တာအိုဆရာတုန်းချွမ်ကတော့ အမတကူးပြောင်းခြင်းအလယ်ဆင့် ၊ ငြိမ်းချမ်းရေးတောင်တန်းတွင် အာဏာ တည်ထောင်ထားသူ ဖြစ်သည်။

သူက ယွမ်ရှန်းချန်နှင့် ကျောက်ကျန်တို့ထက်အားနည်းသော်လည်း ဟောက်လင်တောင်အိမ်ရှင်အားသာချက်ရှိသဖြင့် လျှော့တွက်၍မရသည်အမှန်ပင်။

ထိုသူများအပြင် ဟောက်လင်တောင်မှ သိုင်းသူတော်စင် သတ္တမအဆင့် အကြီးအကဲတစ်ယောက်လည်း ရှိနေသေးသည်။

ငြိမ်းချမ်းရေးတောင်တန်းမှ မဟာမိတ်အဖြစ် လာရောက်ကြသူများထဲတွင် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းကျင့်ကြံသူ(၂)ယောက် ပါရှိပြီး သူတို့ကလည်း ငြိမ်းချမ်းရေးတောင်တန်းတစ်ခွင် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။

ဟောက်လင်တောင်နှင့် မဟူရာညဂိုဏ်းတို့က အချင်းချင်းတိုခိုက်နေကြသဖြင့် အင်အားများဆုံးရှုံးလျှက်ရှိသည်။

ထို့ကြောင့် သူတို့ (၂)ဂိုဏ်းလုံးက နာမည်ကျော်ကြားသော ထိုကျင့်ကြံသူ (၂)ယောက်လုံးကို သူတို့ဘက်ပါအောင် ဆွဲခေါ်ချင်ကြသည်။ သို့မှသာ သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ပါလား။

ရောက်ရှိနေသူများထဲတွင် အမတကူးပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများစွာလည်း ရှိကြသည်။

ငြိမ်းချမ်းရေးတောင်တန်းမှ သိုင်းဂိုဏ်းအများစုက ဟောက်လင်တောင်တန်းသို့ ရောက်ရှိလာကြသည် မဟုတ်ပါလား။

မဟူရာညဂိုဏ်းကိုဖယ်ထားမည်ဆိုလျှင် ငြိမ်းချမ်းရေးတောင်တန်းမှ သိုင်းကျင့်ကြံသူ (၉၀)ရာနှုန်းနီးပါး လာရောက်ခဲ့ကြသည်။

ဤမျှထိတ်လန့်စရာကောင်းသော သိုင်းကျင့်ကြံသူအစုအဝေးကြီးက နတ်ဘုရားသိမြင်ခြင်းအဆင့်သိုင်းသူတော်စင်တစ်ယောက်ကို အကြည့်ဖြင့်ပင် ပြိုလဲကျစေရန် လုံလောက်ပေမည်။

သို့သော် ရန်ကျောက်ကဲကတော့ အရေးမစိုက်ဟန်ဖြင့် ရယ်မောလိုက်၏။

“စစ်သည်တစ်သိန်းကလည်း ငါသွားမယ့်လမ်းကိုတားဆီးနိုင်မှာမဟုတ်ဘူး ၊ ဒီလိုရလဒ်ဖြစ်လာမယ်ဆိုတာ ဒီ ‘ရန်’ သိပြီးသားပဲ ၊ ဒါပေမဲ့ ငါက မင်းတို့အကြိုက်လိုက်ပြီး စိတ်ပူပန်ပေးနေမယ့်သူမျိုးတော့ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ဒါကြောင့် အားလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ့်နည်းလမ်းက တိုက်ဖို့ပဲ”

တာအိုဆရာတုန်းချွမ်က လေးလံသောအသံဖြင့်...

“မင်းဒီလောက်မာန်တက်နေရအောင် ဘယ်လောက်အရည်အချင်းရှိသလဲ ဒီအဘိုးကြီး ကြည့်ရအောင်”

ပြောပြီးသည်နှင့် တာအိုဆရာတုန်းချွမ်က သူ့လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ရန်ကျောက်ကဲထံသို့ တွန်းထုတ်လိုက်သည်။ ဒါကိုမြင်တော့ ရန်ကျောက်ကဲက မဆိုင်းမတွပင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် တုံ့ပြန်လိုက်၏။

တိုက်ပွဲကိုကြည့်နေကြသူများအားလုံး မျက်ဝန်းများ တုန်လှုပ်ချောက်ချားသွားကြသည်။

အဘယ်ကြောင့်ဆိုသော ရန်ကျောက်ကဲနှင့် ရင်ဆိုင်လိုက်ရသည်နှင့် အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်ဖြစ်သော တာအိုဆရာတုန်းချွမ်မှာ နောက်သို့လွင့်စဉ်ထွက်သွားရသည် မဟုတ်ပါလား။

All Chapters