← Chapters

မင်းတို့အားလုံး တစ်ပြိုင်တည်းဝင်တိုက်လည်း ကိစ္စမရှိဘူး

Vol. 70 Ch. 976

မင်းတို့အားလုံး တစ်ပြိုင်တည်းဝင်တိုက်လည်း ကိစ္စမရှိဘူး

Vol. 70 Ch. 976

အခန်း (၉၇၆) မင်းတို့အားလုံး တစ်ပြိုင်တည်းဝင်တိုက်လည်း ကိစ္စမရှိဘူး

တာအိုဆရာတုန်းချွမ်က သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်ဖော်လိုက်ရာ သူ၏လက်ဖဝါးများထက်တွင် ရွှေရောင်ပါးကွကားချပ် (၂)ခု ထွက်ပေါ်လာသည်။

သို့သော် ထိုပါးကွကားချပ် (၂)ခုမှာ ရန်ကျောက်ကဲ၏ဖိနှိပ်ခြင်းကိုခံရပြီး လက်ဝါးရိုက်ချက်နှစ်ချက် ထိပ်တိုက်ရင်ဆိုင်ဆုံတွေ့သော လေထုထဲတွင် အဆက်မပြတ် ပုံပျက်သွားသည်။

ဖန်ဆင်းခြင်းအရာအားလုံးသည် ပုံပျက်ပန်းပျက် ဖျက်ဆီးခံခဲ့ရသော်လည်းမကြာမီ ပြောင်းလဲမှုအသစ်များဖြစ်ပေါ်လာကာ အရာအားလုံးက အဆုံးမရှိဟု ထင်မှတ်ရသည်။

ပါးကွကားချပ်(၂)ခုပုံပျက်သွားသည့်နေရာမှ အလွန်တရာကြီးမားသော အင်အားတစ်ခုက ရန်ကျောက်ကဲထံသို့ တိုးဝင်လာသည်။

သို့သော် ရန်ကျောက်ကဲက တစ်ချက်ပင်မကြည့်ဘဲ သူ၏လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်ရာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ဆင်းသက်လာသည်။

ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ၏ လျှို့ဝှက်ချက်ဖြစ်သော စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်ကို ကောင်းကင်ဝါဒလက်ဝါးသိုင်းအသုံးပြုကာ ဖုံးကွယ်ထားခြင်းမရှိသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ သူ၏လက်ဖဝါးထက်တွင် ယွိချင်အဆက်အနွယ်၏ တိုက်ရိုက်အကျဆုံး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထင်ထင်ရှားရှားပင် တွေ့မြင်နိုင်သည်။

လက်ဝါးရိုက်ချက်နှစ်ချက် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် တာအိုဆရာတုန်းချွမ်မှာ နောက်သို့လွင့်စင်ထွက်သွားရသည်။

ထိုသို့ရင်ဆိုင်လိုက်ရသည်နှင့် တာအိုဆရာတုန်းချွမ်က လက်ဝါးသိုင်းကို ပြောင်းလဲလိုက်သည်။

ပါးကွကောင်းကင်လက်ဝါးသိုင်းက တန်ခိုးစွမ်းအားပြင်းထန်သည့်အပြင် လှုပ်ရှားမှုပြောင်းလဲရာတွင်လည်း သိမ်မွေ့သည်။

လက်ဖဝါးနှစ်ဖက်ကို ရင်ဘတ်ထက်တွင်ယှဥ်ထားရင်း ပါးကွကားချပ် (၂)ခုက ပေါင်းစည်းသွားပြီး ပိုမိုကြီးမားသော ပါးကွကားချပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုခဏတွင် ပုံရိပ်ယောင်ဖြစ်စဉ် (၆၄)ခုက တညီတညွတ်တည်းထွက်ပေါ်လာပြီး လေထုထဲတွင် လှည့်ပတ်သွားကြသည်။

ရန်ကျောက်ကဲသည်ပင် သူ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က အခြားဘက်သို့ဦးတည်သွားပြီး တာအိုဆရာတုန်းချွမ်ထံသို့ ဆင်းသက်နိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရသည်။

စက်ဝန်းသံသရာကောင်းကင်ကျမ်းစာက ပါးကွနဂါးသိုင်းကျမ်းနှင့် ပါးကွကောင်းကင်လက်ဝါးသိုင်းတို့ထက် များစွာသာလွန်သည်မှာ ပြောနေစရာပင် မလိုပေ။

သို့ပေသိ ရန်ကျောက်ကဲနှင့် တာအိုဆရာတုန်းချွမ်ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် ထိုသို့ ဖြစ်ရခြင်းပင်။

ရန်ကျောက်ကဲမဟုတ်ဘဲ အခြားသော နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အသုံးပြုမည်ဆိုပါက တာအိုဆရာတုန်းချွမ်အနေဖြင့် ထိုသူကို အနိုင်ယူနိုင်ပေမည်။

သို့သော် ရန်ကျောက်ကဲကတော့ ရယ်မောလိုက်သည်။

သူက လက်ဝါးရိုက်ချက်တစ်ချက် ထပ်မံထုတ်ဖော်လိုက်ပြီး ထိုက်ကျိယင်ယန်လက်ဝါးသိုင်း၏နက်ရှိုင်းမှုနှင့်အတူ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုပါ ထုတ်ဖော်လိုက်သည်။

ယင်နှင့်ယန် လှည့်ပတ်လိုက်သည်နှင့် အရာအားလုံးက ပုံရိပ်ယောင်ပမာ လှည့်ပတ်သွားသည်။

တာအိုဆရာတုန်းချွမ်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပြောင်းလဲထားသော ရွှေရောင်ပါးကွကားချပ် ရုတ်တရက် ပြောင်းလဲသွားပြီး အလယ်ဗဟိုဆီသို့ ပြိုကျသွား၏။

ပါးကွကားချပ်က ပုံရိပ်ယောင် (၄)ခုအသွင်ပြောင်းလဲသွားပြီး မူလ ယင်နှင့်ယန်အဖြစ် ထပ်မံပြောင်းလဲသွားကာ ရန်ကျောက်ကဲ၏လက်ဖဝါးထက်မှ ထိုက်ကျိကားချပ်ဆီသို့ စုပ်ယူဝါးမျိုခြင်း ခံလိုက်ရသည်။

ရန်ကျောက်ကဲ လက်ဖဝါးအောက်တွင် ဗလာနယ်တွင်းနက်တစ်ခုရှိနေပြီး တာအိုဆရာတုန်းချွမ်၏ လက်ဝါးသိုင်းစွမ်းအားကို စုပ်ယူသွားရုံသာမက သူ၏လက်ကိုပါ စုပ်ယူသွားသဖြင့် ဟောက်လင်တောင်သခင်မှာ သူ၏လက်ဖဝါးကိုပင် မနည်းပြန်လည်ရုတ်သိမ်းလိုက်ရသည်။

တာအိုဆရာတုန်းချွမ် သိသိသာသာမျက်နှာပျက်သွားပြီး ရွေးချယ်စရာမရှိတော့ဘဲ လက်ဝါးရိုက်ချက်ကို လက်သီးချက်အဖြစ်ပြောင်းလဲလိုက်သည်။

ရန်ကျောက်ကဲကို သုတ်သင်ပစ်ရန် ဆန္ဒရှိနေသော်လည်း အနည်းငယ်မျှ မထီမဲ့မြင်ပြုဝံ့ခြင်း မရှိတော့ပေ။

အစပိုင်းတွင် သူက အလှည့်အပြောင်းများသည့် ပါးကွကောင်းကင်လက်ဝါးသိုင်းနှင့် ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် ရည်ရွယ်လိုက်ပြီး စွမ်းအားများစွာ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ၏ ရက်စက်ကြမ်းတမ်းမှုက ပထမဆုံး သိုင်းကွက်တစ်ကွက်မှာပင် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာဘဲ ဖိနှိပ်ရန် ခက်ခဲလှသည်။

တာအိုဆရာတုန်းချွမ် ကူရာကယ်ရာမဲ့သွားားပြီး တစ်ချက်မတုံ့ဆိုင်းရဲတော့ဘဲ ချက်ချင်းပင် ပါးကွနဂါးသိုင်းကျမ်းမှ လက်သီးသိုင်းကိုထုတ်ဖော်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

တာအိုဆရာတုန်းချန်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က အနည်းငယ် ဝပ်သွားကာ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် လက်သီးချက်ဖြင့် ရန်ကျောက်ကဲထံသို့ ထိုးစိုက်ချလိုက်၏။

ဤသည်က ပါးကွနဂါးလက်သီးသိုင်းဖြစ်ပြီး ဤသိုင်းပညာကြောင့်ပင် တာအိုဆရာတုန်းချွမ်သည် ‘ပါးကွနဂါး’ ဟု နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။

ပြီးတော့ သူ၏အမည်မှ “နဂါး” ဆိုသည့်စာလုံးမှာ တစ်ချိန်တုန်းက အမတကူးပြောင်းခြင်း အဆင့် နဂါးမျိုးနွယ်တစ်ယောက် ဟောက်လင်တောင်သို့ လာရောက်ပြဿနာ ရှာခဲ့ဖူးသည်။ သို့သော် အဆုံးသတ်မှာတော့ ‘ပါးကွနဂါးလက်သီးသိုင်း’ ၏ စွမ်းအားကိုမယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။

ဤလက်သီးချက်က အလွန်တရာ အစွမ်းထက်သည်ဖြစ်ရာ ကြည့်ရှုသူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

လက်သီးသိုင်းက ပြင်းထန်လှသဖြင့် သူတို့အားလုံး မတ်တတ်ရပ်နေကြသည့် ဟောက်လင်တောင်ကြီးသည်ပင် တုန်လှုပ်သွားသလို ခံစားရသည်။ လက်သီးချက်က စူးချွန်တစ်ခုပမာ ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ လက်ဖဝါးကို ထိုးဖောက်ပစ်လိုက်သည်။

မိုးမြေတစ်ခွင်လုံးလှုပ်ခါလာပြီး ဟောက်လင်တောင်သာမက ပတ်ဝန်းကျင်တောင်မြင့်ကြီးများသည်လည်း ထိုခဏတွင် မြေပြင်ထက်မှကျွတ်ထွက်သွားပြီး ကောင်းကင်ထက် မုန်တိုင်းပမာလှည့်ပတ်နေသည်ဟု ထင်မှတ်ရ၏။

ငြိမ်းချမ်းရေးတောင်တန်းတစ်ဝက်ခန့် လှုပ်ရှားသွားပြီး ကောင်းကင်ထက်သို့ပျံတက်ကာ မြေပြင်ထက် လှိမ့်ဆင်းလာသည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲက မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိဘဲ...

“ဒီသိုင်းပညာအမွေအနှစ် တကယ်ပြည့်စုံတာပဲ”

ဟု တွေးလိုက်သည်။

ထို့နောက် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုလှည့်ပတ်လိုက်ပြီး ချက်ချင်းပင် သူ့အရှေ့မှ မိုးမြေတစ်ခွင်ကို ဖိနှိပ်ပစ်လိုက်သည်။

ကောင်းကင်ထက်မှ လှိမ့်ဆင်းလာသော တောင်များနှင့်မြေကြီးများ မူလအခြေအနေသို့ ပြန်ရောက်သွားကြသည်။

ရန်ကျောက်ကဲ၏ လက်ဖဝါးအလယ်ဗဟိုရှိ ထိုက်ကျိကားချပ်မှ ပရမ်းပတာအသွင်သဏ္ဌန်တစ်ခု ထွက်ပေါ်လာပြီး အလင်းနှင့်အမှောင်ကို ငြိမ်းသတ်သွားစေကာ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော အလင်းပြိုကွဲလက်ဝါးသိုင်းထွက်ပေါ်လာကာ တာအိုဆရာတုန်းချွမ်ကို လွင့်ထွက်သွားစေသည်။

စွမ်းအားကြီးမားသော အမတကူးပြောင်းခြင်းအလယ်ဆင့် သိုင်းသူတော်စင်မှာ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ထိမှန်ပြီး သွေးများအန်ထွက်ကာ နောက်သို့လွင့်ထွက်သွားရသည်။

တာအိုဆရာတုန်းချွမ် ထိတ်လန့်တုန်လှုပ်သွားသည့်တိုင် တည်ငြိမ်မှု ပျက်ပြားမသွားပေ။

ရန်ကျောက်ကဲကြောင့် ဒဏ်ရာရသွားသည့်တိုင် သူက အရှိန်အဟုန်ကိုထိန်းချုပ်လိုက်ပြီး အကွာအဝေးတစ်ခုအရောက်တွင် တည်ငြိမ်စွာဖြင့် မြေပြင်ထက်သို့ ဆင်းသက်နိုင်ခဲ့သည်။

သို့သော် ရန်ကျောက်ကဲက ချီစွမ်းအားလှည့်ပတ်ခြင်းကို ရပ်နားရန်မလိုဘဲ အသုံးပြုနိုင်မည်ဟု မည်သူထင်ပါမည်လဲ။

တာအိုဆရာတုန်းချွမ်က ကြောက်မက်ဖွယ်ရာလက်သီးချက်ကို ထုတ်ဖော်လိုက်ပြီး ထိုလက်သီးချက်က မိုးမြေတစ်ခွင်ကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်သည်။ သို့သော် ထိုလက်သီးချက် ရန်ကျောက်ကဲထံမရောက်ခင်မှာပင် သူက တာအိုဆရာတုန်းချွမ်၏ နောက်ကျောသို့ရောက်ရှိလာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

တာအိုဆရာတုန်းချွမ် အံ့အားသင့်သွားပြီး သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နဂါးအမြီးကြာပွတ်ကို အမြန်ဆင့်ခေါ်လိုက်သည်။

ကြီးမားသော အနက်ရောင်သံမဏိကြာပွတ်က ထိပ်ဖျားပိုင်းတွင် အပိုင်း (၂၀) ပိုင်းခြားထားသော နဂါးအမြီးနှင့်ဆင်တူသည်။ အပိုင်းတစ်ခုစီတိုင်းတွင် အနက်ရောင်အင်းသင်္ကေတများရေးထွင်းထားပြီး မိစ္ဆာချီစွမ်းအားများဖြင့် ပြည့်နက်နေ၏။

သို့သော် သူက နဂါးအမြီးကြာပွတ်ကို အသုံးမပြုခင်မှာပင် ရန်ကျောက်ကဲက အစိမ်းရင့်ရောင်ဝါးကိုင်းတစ်ကိုင်းကို ထုတ်ယူလိုက်ပြီး နဂါးအမြီးကျာပွတ်ကို ရိုက်ချလိုက်သည်။

ဝါးကိုင်းက စွမ်းအားအတက်အကျ လုံးဝမရှိသလို ဝိညာဉ်စွမ်းအားများလည်း ထွက်ပေါ်နေခြင်း မရှိပေ။

ရန်ကျောက်ကဲက ဝါးကိုင်းကို အသာအယာပင် လွှဲရိုက်လိုက်၏။

ဤသို့ ပြင်းထန်သောတိုက်ပွဲတစ်ပွဲတွင် ရန်ကျောက်ကဲက အဘယ့်ကြောင့် ဤမျှအသုံးမကျသည့်ပစ္စည်းတစ်ခု ထုတ်ယူလိုက်ရသနည်းဟု တာအိုဆရာတုန်းချွမ် နားမလည်နိုင်ဖြစ်ကာ အံ့အားသင့်သွားသည်။

သို့သော် နဂါးအမြီးကြာပွတ်နှင့် ထိတွေ့ပြီးသည့်တိုင် ဝါးကိုင်းက ကျိုးပဲ့သွားခြင်းမရှိဘဲ ပကတိအတိုင်းရှိနေသည်ကို တွေ့ရသည့်အခါမှာတော့ သူ အလွန်အမင်း အံ့သြသွားရတော့သည်။

ဝါးကိုင်းက ဘာမှမဖြစ်သည့်အပြင် သူ၏အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည်သာ မိစ္ဆာချီများပျံ့လွင့်သွားပြီး ချက်ချင်းပင် စွမ်းအားများလျော့နည်းသွားကြောင်း ခံစားလိုက်ရသည်။

ဒါကိုမြင်တော့ ဟောက်လင်တောင်ပေါ်မှလူတိုင်း အံ့အားသင့်သွားကြသည်။ ငြိမ်းချမ်းရေးတောင်တန်းဒေသတစ်ခွင်မှ ရောက်ရှိနေသည့် ဒေသခံကျင့်ကြံသူများမှာလည်း အံ့သြသွားကြသည်။

တစ်ချိန်လုံးတည်ငြိမ်စွာရှိနေသည့် ခရမ်းရောင်ဓားဂိုဏ်းချုပ် ကျောက်ကျန်သည်ပင် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးခံစားချက်များဖြင့် ပြည့်နက်လာ၏။

ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်ကတော့ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။

“ချင်းယွမ်ဧကရာဇ်အဆက်အနွယ်ဆီကရတဲ့သတင်းက တကယ်မှန်တာပဲ ၊ ဒါပေမဲ့ အဲဒီပစ္စည်းက ဘာများလဲ”

တိုက်ပွဲကြည့်ရှုနေသူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြသော်လည်း ရန်ကျောက်ကဲနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် တာအိုဆရာတုန်းချွမ်ကတော့ သိပ်ပြီးစဉ်းစားနိုင်ခြင်း မရှိပေ။

ရန်ကျောက်ကဲ၏ ကောင်းကင်တစ်ခုလုံးပြိုကျလာသည့်ပမာ လေးလံသည့် လက်ဝါးရိုက်ချက်ကိုရင်ဆိုင်ရန်အတွက် နဂါးအမြီးကြာပွတ်ကို အသုံးပြုရန် မဖြစ်နိုင်တော့သည့်အခါ သူက ဟောက်လင်တောင် ပင်မအစီအရင်ကို အသက်သွင်းလိုက်သည်။

ဟောက်လင်တောင်တန်းတစ်ခုလုံး ရတနာအလင်းတန်းများက ကောင်းကင်ထက်သို့မြင့်တက်လာပြီး ပင်မအစီအရင်ကြီးက တစ်ခါမှမကြုံစဖူး ပြင်းထန်စွာဖြင့် စတင်လှည့်ပတ်လာသည်။

ကြီးမားသော ရွှေရောင်ပါးကွသင်္ကေတကြီးက တောင်ထွတ်ထက်တွင် ထွက်ပေါ်လာပြီး တောင်တစ်ခွင်ကို လွှမ်းခြုံသွားသည်။

သို့သော် ရန်ကျောက်ကဲ၏ဦးခေါင်းထက်မှ ရွှေရောင်နေဝန်းတစ်ခု ထွက်ပေါ်လာသည်။

တောက်လောင်နေသော နေရောင်ခြည်က နေရာတိုင်းသို့ကျရောက်သွားပြီး ရွှေရောင်ပါးကွသင်္ကေတနှင့် ထိတွေ့မိသည့်အခါ ထိုသေင်္ကမှ အရောင်အသွေးများ ဆုံးရှုံးသွားသည်။

ထို့နောက် ရန်ကျောက်ကဲက တာအိုဆရာတုန်းချွမ်၏ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“သိပ်ကိုတော်လွန်းတယ်...”

ဒါကိုမြင်တော့ ခရမ်းရောင်ဓားသမား ကျောက်ကျန်က ခေါင်းတစ်ချက်ခါယမ်းရင်း စကားဆိုသည်။

ထို့နောက် သူ၏ဓားကွက်ကိုအသက်သွင်းလိုက်ရာ ခရမ်းရောင်ဓားအလင်းတန်းတစ်ခုက ဟောက်လင်တောင်တစ်ခွင် လွင့်ပျံလာသည်။

ထိုဓားအလင်းတန်းက ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာခြင်းပင်။

ခရမ်းရောင်ဓားချီက ပင်လယ်ရေလှိုင်းများပမာ ကောင်းကင်တစ်ခွင်လုံးလွှမ်းခြုံသွားပြီး မြေပြင်တစ်ခွင်လုံး ဖုံးလွှမ်းသွားကာ အကန့်အသတ်မရှိ အဆုံးမရှိ အနန္တကျယ်ပြန့်သည်ဟု ထင်မှတ်ရသည်။

ဓားချီဖြတ်သန်းသွားရာနေရာတိုင်းဖြစ်သော ဟောက်လင်တောင်နှင့် အနီးပတ်ဝန်းကျင် ငြိမ်းချမ်းရေးတောင်တန်းတစ်ခွင်လုံး ခရမ်း‌ရောင်ပင်လယ်ပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်းတို့အားလုံး တပြိုင်တည်းဝင်တိုက်လည်း ကိစ္စမရှိဘူး”

ရယ်မောရင်းဖြင့်ပင် ရန်ကျောက်ကဲက တာအိုဆရာတုန်းချွမ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး တစ်ဖက်မှလည်း ကျောက်ကျန်၏ ကြီးမားသောဓားစွမ်းအားကို ခုခံရန်အတွက် ဓားအလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်၏။

ထိုဓားအလင်းတန်းက အချိန်ရေစီးကြောင်းပမာဖြစ်ပြီး ပင်လယ်ကိုပိုင်းခြားနိုင်သောစွမ်းအားဖြင့် ကျောက်ကျန်၏ ခရမ်းရောင်ပင်လယ်ပြင်ကြီးကို အလယ်ဗဟိုမှ ဖြတ်တောက်ပစ်လိုက်သည်။

ထိုဓားအလင်းသည် ပင်လယ်ကို ပိုင်းခြားနိုင်သော စွမ်းအားဖြင့် အလယ်ဗဟိုမှ ခရမ်းရောင်ပင်လယ်ကို ဖြတ်တောက်ကာ အချိန်မကုန်နိုင်သော မြစ်နှင့်တူသည်။

ရန်ကျောက်ကဲလက်ထဲတွင် ဓားတစ်လက်ပေါ်လာသည်။

ဤဓားက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ ပင် ဖြစ်သည်။

ဓားအလင်းတန်းက ကြောက်မက်ဖွယ်ရာနဂါးတစ်ကောင်ပမာ ပြင်းထန်သောစွမ်းအားဖြင့် ခရမ်းရောင်ဓားချီပင်လယ်အတွင်းသို့ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပင် နက်ရှိုင်းသည့် ခရမ်းရောင်ဓားအလင်းတန်းက သိပ်သည်းသည့် ခရမ်းရောင်ဓားချီပင်လယ်အတွင်းမှ ထွက်ပေါ်လာပြီး တိမ်လွှာအလင်းဓားဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ထိုဓားအလင်းတန်းက ကျောက်ကျန်၏လက်ထဲတွင်ကိုင်ထားသော ဓားရှည်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုဓား၏အသွင်အပြင်က တိမ်လွှာအလင်းဓားထက်မနိမ့်ကျပေ။ ထိုဓားက ခရမ်းရောင်ဓားဂိုဏ်းမှ ရတနာပစ္စည်းဖြစ်သော ‘ခရမ်းရောင်ပင်လယ်ဓား’ ဖြစ်သည်။

ကျောက်ကျန်၏ဓားက အရှိန်အဟုန်ပြင်းစွာဖြင့် ပွင့်ထွက်လာပြီး အလှည့်အပြောင်း များစွာဖြင့် ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်၏။

ရန်ကျောက်ကဲက လက်ကောက်ဝတ်ကို လှန်လိုက်ရာ တိမ်လွှာအလင်းဓားက ခရမ်းရောင်ချီပင်လယ်ထဲတွင်လဲလျောင်းနေသည့် စိမ်းပြာရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက်မှာတော့ အဆုံးမရှိသော အန္တရယ်ချီရောင်ဝါများ ထွက်ပေါ်လာသည်။

ဓားအလင်းတန်းမှ အသွင်ပြောင်းထားသော စိမ်းပြာရောင်နဂါးကြီး၏ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး ခန္ဓာကိုယ်အတွင်းထဲမှ ပေါက်ကွဲထွက်သွားသည်။

စိမ်းပြာရောင်နဂါးကြီးက ပင်လယ်ပြင်တစ်ခုလုံးအား သွေးများဖြင့်စွန်းထင်းစေကာ ကြောက်မက်ဖွယ်ရာ နဂါးစွမ်းအားက အဆုံးမရှိ ရက်စက်ကြမ်းတမ်းပြီး သတ်ဖြတ်လိုသောအငွေ့အသက်များ ထွက်ပေါ်လာလျက် ခရမ်းရောင်ဓားချီပင်လယ်ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်လေ၏။

All Chapters