← Chapters

တိုက်ခိုက်ရဲသူမရှိ

Vol. 70 Ch. 979

တိုက်ခိုက်ရဲသူမရှိ

Vol. 70 Ch. 979

အခန်း (၉၇၉) တိုက်ခိုက်ရဲသူမရှိ

ပြန်လည်မွေးဖွားလာခြင်းအတွက် အပိုအခွင့်အရေး (၂)ခုရရှိခြင်းက ရန်သူများနှင့်တိုက်ခိုက်ရာတွင် ၊ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်တူညီသူများနှင့်ရင်ဆိုင်ရာတွင် အစွမ်းထက်သော ဝှက်ဖဲတစ်ခု ဖြစ်သည်။

မိမိထက်အနည်းငယ်သာလွန်သော ရန်သူနှင့်ရင်ဆိုင်ရသည့်အခါတွင်လည်း အသုံးဝင်သည်။

ပြန်လည်မွေးဖွားလာနိုင်သည့်အတွက် အသက်စွန့်ပြီး သူသေကိုယ်သေတိုက်ခိုက်ရခြင်းများတွင် ယုံကြည်မှုမြင့်မားစေသည်။

ယွမ်ရှန်းချန်အတွက်တော့ ဒဏ်ရာအပြင်းအထန်ရခြင်း ၊ သေခြင်းရှင်ခြင်းတိုက်ပွဲနှင့် ရန်သူနှင့်အတူ အသက်ချင်းလဲရသည်များကပင်လျှင် အရေးပါခြင်း မရှိပေ။

“အသက်စွန့်တိုက်ခိုက်ဝံ့သူတစ်ယောက် ရန်သူတစ်သောင်းကိုပင်အနိုင်ယူနိုင်သည်” ဆိုသော ဆိုရိုးစကားရှိသည်။

သို့သော် ဤဆိုရိုးစကားက အနည်းငယ် ချဲ့ကားထားခြင်း ဖြစ်နိုင်၏။

မည်သို့ပင်ဖြစ်စေ လူ (၂)ယောက် တိုက်ခိုက်သည့်အခါမှာတော့ တစ်ဖက်က သေမှာမကြောက်ဘဲ ယုံကြည်မှုအပြည့်ရှိနေပါက အခြားတစ်ဖေက်အနေဖြင့် ခုခံကာကွယ်ရန် မလွှဲမရှောင်သာ ခက်ခဲမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အသက်စွန့်တိုက်ခိုက်သူသည် ရှုံးနိမ့်လိုစိတ် မရှိသောကြောင့်ပင်။

မဟူရာညဂိုဏ်း ၊ ဟောက်လင်တောင်ဂိုဏ်း ၊ ခရမ်းရောင်ဓားဂိုဏ်း ၊ ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမ ၊ တာ့ရွှမ်တိုင်းပြည် ၊ သုံးပေတောင် စသည့်သိုင်းဂုဏ်းများနှင့်နှိုင်းယှဉ်ပါက -

ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းအဆက်အနွယ်များက လေးနက်သောသိုင်းပညာအမွေအနှစ်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ရှုထောင့်ပေါင်းစုံ ၊ ဘက်ပေါင်းစုံမှ သာလွန်လျှက် ရှိသည်။

သို့သော် ကျင်းထင်တောင် ၊ အရှေ့မြောက်ဘက်မှ ချင်းရှောင်းတောင် ကွေလေနန်းတော်တို့မှ သိုင်းပညာအမွေအနှစ်များနှင့် နှိုင်းယှဉ်ပါက ဝူထုတ်တောင်စောင်း၏ အစစ်အမှန်ဇာမဏီကျမ်းစာက တိုက်စစ်တွင်အားနည်းပြီး ခံစစ်တွင် အားကောင်းသည်။

မည်သို့ပင်ဖြစ်စေ ကျင်းထင်တောင် ၊ ကွေလေနန်းတော်တို့မှ ကျင့်ကြံသူများက ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက သတိထားရမည်ဖြစ်ပြီး ဘယ်သောအခါမှ လျှော့တွက်ရဲကြမည် မဟုတ်ပေ။

ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းက တိုက်ခိုက်မည်ဆိုလျှင် အပြင်းအထန်တိုက်ခိုက်သည့်ပုံစံမျိုးအသုံးပြုသည်။

အခြားရှုထောင့်မှကြည့်လျှင် ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများက ခံစစ်အားကောင်းပြီး တိုက်စစ်အားနည်းသည့်အတွက် ထိုသို့သောတိုက်ခိုက်နည်းကို အသုံးပြုသည်ဟု ယူဆနိုင်၏။

သို့ပေသိ ပြင်းထန်သောအသက်ဓာတ်စွမ်းအား ၊ မြင့်မားသည့်ခံစစ်စွမ်းအား စသောအားသာချက်များသည် မိမိထက်များစွာသန်မာသော ပြိုင်ဘက်နှင့်ရင်ဆိုင်ရသည့်အခါ အသုံးမဝင်ပေ။

သို့သော် သေခြင်းတရားကိုအစားထိုးပြီး ပြန်လည်မွေးဖွားလာခြင်းက ကြီးမားသောအကျိုးကျေးဇူးများကို ဖြစ်ပေါ်စေနိုင်သည်။

ရန်သူက သင့်အားတစ်ကြိမ်သတ်ဖြတ်ရန် သူ၏ရှိသမျှစွမ်းအားကို အသုံးပြုမည် ဖြစ်သည်။ သို့သော် သင်ပြန်လည်မွေးဖွားလာသည့်အခါ ရန်သူအနေဖြင့် ထပ်မံတိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

သို့သော် ရန်သူက သင့်ကို လွယ်လွယ်ကူကူပင် တစ်ကြိမ်သတ်ဖြတ်ခဲ့သည်ဆိုလျှင် ပြန်လည်မွေးဖွားလာလျှင်လည်း ခပ်လွယ်လွယ်ပင် ထပ်မံသတ်ဖြတ်ပစ်ပေလိမ့်မည်။

သူ့အရှေ့မှ ရန်ကျောက်ကဲသည် ဤသို့သော ရန်သူမျိုးဖြစ်ကြောင်း ယွမ်ရှန်းချန် သိရှိလိုက်ရသည်။

သူက ရန်ကျောက်ကဲ၏ ယင်ယန်လက််ချောင်းသိုင်း ၊ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ၊ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် အခြား ထူးခြားသောစွမ်းရည်များကို မကြောက်သော်လည်း ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ကိုတော့ ကြီးမားစွာကြောက်ရွံ့သည်။

ထိုခဏတွင် ယွမ်ရှန်းချန်သည်လည်း ယခင်က ရှန်လင်ကျီနှင့် ခန်းဖင်းတို့ခံစားရသကဲ့သို့ခံစားချက်မျိုးကို ခံစားလာရသည်။

ပြီးတော့ ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ တစ်ခုတည်းကိုရင်ဆိုင်ရလျှင်လည်း အဆင်ပြေလေသည်။

ဤသို့သော ရက်စက်ကြမ်းကြုတ်သည့်ဓားသိုင်းပညာက ယန်ရှန်းချန်အဆင့်ရှိ သိုင်းသူတော်စင်တစ်ယောက်ကို ဒဏ်ရာရရှိစေနိုင်သည်မှလွဲပြီး အခြားမဖြစ်နိုင်ပေ။

သို့သော် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ၊ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာတို့ကို အခြေခံအုတ်မြစ်အဖြစ်ယူထားသည့် ရန်ကျောက်ကဲက ဤသို့သောဓားသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်သည့်အခါ အလွန်တရာကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာတော့၏။

ရလဒ်အနေဖြင့် သူ့တွင် အသက်(၃)ချောင်းရှိနေသည့်တိုင် ဤသို့သောရန်သူကိုရင်ဆိုင်ရန် လုံလောက်မည်မဟုတ်ဟု ယွမ်ရှန်းချန် ခံစားလာရသည်။

သူက ရန်ကျောက်ကဲကို မဖိနှိပ်နိုင်ခင်မှာပင် ခံစစ်တိုက်ခိုက်ရင်း အတော်လေးပင်ပန်းနေပြီ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရန်ကျောက်ကဲကတော့ သူ့ကို ပေါ့ပါးစွာပင် တိုက်ခိုက်ရင်း ဖိနှိပ်ထားပေသည်။

ယခုအခိုက်အတန့်တွင် ယွမ်ရှန်းချန်စိတ်ထဲခံစားနေရသည့် အကြီးမားဆုံးခံစားချက်မှာ...

“ရှက်စရာကောင်းသည်”

ဆိုခြင်းပင်။

ဟုတ်ပေ၏။

အမှန်တကယ်ပင် ရှက်စရာကောင်းလှသည်။

သူ့ဘဝတွင် တိုက်ပွဲပေါင်း ရာနှင့်ချီဆင်နွှဲခဲ့ပြီး အတွေ့အကြုံအလွန်တရာ များပြားခဲ့သည်။

ယခုတိုက်ပွဲတွင် သူ့အတွက် အကြီးမားဆုံးပြဿနာမှာ သူ၏ ခံစစ် ၊ တိုက်စစ်နှင့် သေခြင်းတရားတို့သည် ရန်ကျောက်ကဲအပေါ် လုံလောက်သည့်ဖိအားမပေးနိုင်ကြောင်း နားလည်ခဲ့ခြင်း ဖြစ်၏။

တာအိုဆရာတုန်းချွမ် ၊ ခရမ်းရောင်ဓားသမားကျောက်ကျန်နှင့် ယွမ်ရှန်းချန်တွင် ယွမ်ရှန်းချန်က တန်ခိုးစွမ်းအားအမြင့်မားဆုံးဖြစ်ပြီး သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ သို့သော် သူက လုံလောက်သည့်ခံစစ်သာလျှင်ရှိပြီး လုံလောက်သည့်တိုက်စစ်ကိုတော့ ပိုင်ဆိုင်ခြင်း မရှိပေ။

အကယ်၍ သူက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်မှ လင့်ဟန့်ဟွာကဲ့သို့ ထူးခြားသည့်ဓားသိုင်းပညာကို ကျင့်ကြံခဲ့သူဖြစ်မည်ဆိုလျှင် သူက ပိုပြီးခြိမ်းခြောက်နိုင်စွမ်းရှိမည်ဖြစ်ပြီး ရန်ကျောက်ကဲသည်လည်း သူနှင့်တိုက်ခိုက်စဉ်တွင် ပိုပြီးသတိထားနေရမည် ဖြစ်သည်။

ဤအချက်က အဓိကမကျသော်လည်း ဤအချက်ကြောင့်ပင် တိုက်ပွဲအဆုံးအဖြတ် ဖြစ်လာနိုင်သည်။

ရန်ကျောက်ကဲက ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည်ဖြစ်ရာ ရန်သူများ ဝိုင်းဝန်းတိုက်ခိုက်သည်ကို ကြောက်ရွံ့သူမဟုတ်ပေ။

ရန်သူက သူ၏ယင်ယန်လက်ချောင်းသိုင်း၏နက်နဲမှုကို ချိုးဖျက်နိုင်သည့်သိုင်းပညာမျိုး ကျင့်ကြံထားခြင်းမရှိပါက ကြီးမားသည့်ခြိမ်းခြောက်မှုပိုင်ဆိုင်သည့် တန်ခိုးစွမ်းအားရှင်သည်ပင် ရန်ကျောက်ကဲကို ဖိနှိပ်ရန် များစွာအာရုံစိုက်ရမည်ဖြစ်သည်။

မဟုတ်ပါက လူအများနှင့်ဝိုင်းဝန်းတိုက်ခိုက်ခြင်းက လူအင်အားတိုးလာသည်မှလွဲပြီး ဘာမှအကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။

တာအိုဆရာတုန်းချွမ်က ဟောက်လင်တောင် ပင်မအစီအရင်ကို စွမ်းအားအပြည့်ထုတ်ဖော်အသုံးပြုပြီး ပါးကွနဂါးလက်သီးသိုင်းဖြင့် ပေါင်းစပ်မည်ဆိုလျှင်ပင် ရန်ကျောက်ကဲအကိုအနိုင်ယူရန် အခွင့်အရေးအနည်းငယ်သာ ရှိသည်။

သို့သော် ရန်ကျောက်ကဲက တာအိုဆရာတုန်းချွမ်၏ ပင်မအစီအရင်ထိန်းချုပ်နိုင်စွမ်းကို ကန့်သတ်ထားသည်ဖြစ်ရာ သူက (၃)ယောက်တွင် အားအနည်းဆုံးတစ်ယောက်ဖြစ်ပြီး ပွဲခြင်းပြီးအသက်ပျောက်သွားရသည်။

တာအိုဆရာတုန်းချွမ်ကိုသတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက ပြန်လည်မွေးဖွားလာသော ယွမ်ရှန်းချန်ကို သူ၏ဓားဖြင့် ဆက်လက်တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းပင် သူက ပါးကွကားချပ်ထက်တွင် မတ်တတ်ရပ်ရင်း ကျယ်လောင်စွာ ကြုံးဝါးသံ ပြုလိုက်သည်။

ဟောက်လင်တောင်ပင်မအစီအရင်ကြီးက လည်ပတ်နေပြီး ရွှေရောင်ပါးကွကားချပ်က တောင်ထွတ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ကောင်းကင်ယံတွင် ပြန်လည်ထွက်ပေါ်လာသည်။

ယခုတော့ ပင်မအစီအရင်အားထိန်းချုပ်မှုက ရန်ကျောက်ကဲလက်ထဲ ကျရောက်သွားပေပြီ။

အစီအရင်၏စွမ်းအားဖြင့် ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက ပိုမိုမြင့်တက်လာပြီး စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းတစ်ချက်ဖြင့် ယွမ်ရှန်းချန်ကို နောက်သို့ဆုတ်သွားစေပြီး ကျောက်ကျန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဒါကိုမြင်တော့ ဟောက်လင်တောင်မှ အမတကူးပြောင်းခြင်းအဆင့် အကြီးအကဲက သူ၏တပည့်များနှင့်အတူ အစီအရင်ထိန်းချုပ်မှုကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော် တာအိုဆရာတုန်းချွမ်သည်ပင် ရန်ကျောက်ကဲကို မယှဉ်နိုင်သည်ဖြစ်ရာ အခြားသူများက ပြောနေစရာပင် မလိုတော့ပေ။

ရန်ကျောက်ကဲက ခြေထောက်တစ်ချက်ဆောင့်နင်းလိုက်ပြီး တောင်ထွတ်ထက်မှ ပါးကွကားချပ်ကို ပြောင်းပြန်လှန်လိုက်သည်။

အမတကူးပြောင်းခြင်း သိုင်းသူတော်စင် အကြီးအကဲမှလွဲပြီး ဟောက်လင်တောင်မှ အခြားသောကျင့်ကြံသူများအားလုံး ခန္ဓာကိုယ်များ တုန်ခါသွားကာ မြေပြင်ထက်လဲကျသွားပြီး သွေးများအန်ထုတ်လိုက်ကြသည်။

“အကုန်လုံးတစ်ခါတည်းဝင်တိုက်ကြစမ်းပါ...”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

“မင်းတို့တွေ ငါ့ကိုဝိုင်းပြီးတိုက်ဖို့ ဒီနေရာမှာ မဟာမိတ်လာဖွဲ့ကြတာ မဟုတ်ဘူးလား...”

စကားပြောရင်းဖြင့်ပင် ရန်ကျောက်ကဲပုံရိပ်က ဖျတ်ခနဲတောက်ပသွားပြီး ချက်ချင်းပင် ဟောက်လင်တောင်မှ အကြီးအကဲရှေ့သို့ရောက်ရှိသွားကာ လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး တာအိုဆရာတုန်းချွမ်နှင့်တွေ့ဆုံရန် ငရဲသို့ပို့ဆောင်ပေးလိုက်သည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်မှာ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

ရန်ကျောက်ကဲစကားကိုကြားတော့ တောင်ပိုင်းဒေသမှ အခြားသောသိုင်းကျင့်ကြံသူများမှာ ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။

သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည့်တိုင် မည်သူမှ လှုပ်ရှားခြင်း မရှိကြပေ။

လူတိုင်းတွင် တူညီသည့်အတွေးအခေါ်များ ရှိနေကြသည်။

ရန်ကျောက်ကဲဆီ အတူတူဝင်ပြီးတိုက်ခိုက်မည်လား။

ဤသည်က ဟာသတစ်ခုပဲ မဟုတ်လား။

ဒါက ကိုယ့်သေတွင်းကိုယ်တူးတာပဲ မဟုတ်ဘူးလား။

ယွမ်ရှန်းချန်သည်ပင် သူ့အရှေ့မှ လူသတ်သမားကို မကိုင်တွယ်နိုင်ကြောင်း သူတို့မတွေ့မြင်ဘူးလား။

သူတို့အားလုံး ရန်ကျောက်ကဲအား အတူတကွ ဝိုင်းဝန်းတိုင်ခိုက်မည်ဆိုပါက ထိရောက်မှုရှိနိုင်သော်လည်း မည်သူမှ ထိုသို့ပြုလုပ်ရန် မစဉ်းစားကြတော့ပေ။

ရန်ကျောက်ကဲကိုသာ အမှန်တကယ်သတ်ဖြတ်နိုင်မည်ဆိုလျှင် မည်သူမဆို ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်နိုင်မည်မှာ သေချာပါသည်။

သို့သော် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိ ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်ရှိသော ယွမ်ရှန်းချန် ၊ ကျောက်ကျန်နှင့် တာအိုဆရာတုန်းချွမ်တို့ ဝိုင်းဝန်းတိုက်ခိုက်ကြသည့်တိုင် ရန်ကျောက်ကဲကို အနိုင်မယူနိုင်ဘဲ သတ်ဖြတ်ခံကြရသည်က မျက်မြက်ဖြစ်သည်။

ထို့ကြောင့် တောင်ပိုင်းကျင့်ကြံသူများအနေဖြင့် သွားရောက်ကူညီမည်ဆိုလျှင်လည်း အသုံးမဝင်သလို အချည်းနှီးအသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း သိရှိထားသည်။

“ဝမ်ဂိုဏ်းချုပ်... မင်းတို့လူစိမ်းတောင်က ဝါဒတောင်နဲ့ ရန်ငြိုးရှိတယ်မဟုတ်ဘူးလား”

လူတစ်ယောက်ထံမှ ရုတ်တရက်မေးမြန်းသံထွက်လာသည်။

“လွန်ခဲ့တဲ့ (၂)နှစ်လောက်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နဲ့ တိုက်ပွဲဖြစ်တော့ ဝါဒတောင်က ယွမ်ကျန်းဖုန်းက မင်းရဲ့ ဂိုဏ်းတူညီကို သတ်ခဲ့တယ်ဆို ၊ အခု ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိုရောက်လာတာ မင်း လက်စားမချေဘူးလား”

မနီးမဝေးတစ်နေရာတွင် အဘိုးအိုတစ်ယောက် မတ်တတ်ရပ်နေလေသည်။

ထိုစကားသံကြားတော့ အဘိုးအိုခန္ဓာကိုယ်တုန်လှုပ်သွားပြီး အသံထွက်ပေါ်လာရာဆီသို့ ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်၏။

‘ဝမ်’ မျိုးနွယ်အဘိုးအိုမှာ စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။

အရင်ကတော့ မဟာမိတ်အဖွဲ့တွေ့ဆုံပွဲပြုလုပ်သည့်အခါ ရန်ကျောက်ကဲကို သုတ်သင်ရှင်းလင်းပစ်ချင်သဖြင့် အဘိုးအိုက အလွန်တရာ တက်ကြွနေခဲ့သည်။

သို့သော် ယခုအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် မခြားပေ။

ရုတ်တရက် ထိုသူပြောလိုက်သောစကားများက ရန်ကျောက်ကဲ၏စိတ်အာရုံကိုဆွဲ‌ဆောင်သွားစေသည်။

ရန်ကျောက်ကဲက တအံ့တသြဖြင့် ပြုံးလိုက်ရင်း...

“စစ်ပွဲမှာတုန်းက ငါ့ရဲ့ဆရာဘိုးဘိုးက မင်းတို့တောင်ပိုင်းကလူတွေကို သတ်ခဲ့တာပဲ ၊ အခု ငါ့ဆရာဘိုးဘိုးနဲ့ ရန်ငြိုးရှိတဲ့သိုင်းဂိုဏ်း ဒီနေရာမှာ ရောက်နေတာလား”

ထိုစကားကြားတော့ လူစိမ်းတောင်ဂိုဏ်းချုပ် ‘ဝမ်’ စိတ်ထဲမှ ညည်းညူလိုက်မိသည်။

လူစိမ်းတောင်ဂိုဏ်းဆိုသည်က တောင်ပိုင်း မီးတောက်ကောင်းကင်နယ်မြေတွင် ခြေကုပ်ယူထားသည့် သိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည်ပင်။

ပြီးတော့ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်ကလည်း အနီးအနားတွင်ရှိနေပြီး ငြိမ်းချမ်းရေးတောင်တန်းဒေသမှ အခြားသောသိုင်းသမားများသည်လည်း ပတ်ဝန်းကျင်တွင် ရှိနေကြသည်။

ထို့ကြောင့် အဘိုးအိုအနေဖြင့် သိက္ခာဆည်လိုသည်ဆိုလျှင် တိုက်ပွဲအတွင်းသို့ ဝင်ရော်ကလာသင့်၏။

သို့သော် ပြဿနာမှာ ယွမ်ရှန်းချန်သည်ပင် သူ့ကိုယ်သူကာကွယ်နိုင်ခြင်း မရှိခဲ့လေရာ...

ယခုအချိန်မှာ သူက ရန်ကျောက်ကဲမေးခွန်းကို မည်သို့ပြန်ဖြေသင့်ပါသနည်း။

All Chapters