အဲတုန်းက ငါတို့ကိုထုတ်ခဲ့တာကျေးဇူးတင်ပါတယ်
Vol. 18 Ch. 342
တုန်ဖန်းကျောက်နှင့် စာချုပ်သားရဲနှစ်ကောင်ရှိနေပြီဖြစ်သည်။ သူ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် သူသည် တတိယမြောက်မှော်သားရဲပိုင်ဆိုင်ရန် အရည်အချင်းမပြည့်မှီသေးပေ။ ကြယ် ၉ ပွင့်နတ်သားရဲကို သူ့ကိုပေးလိုက်လျှင် လည်း အသုံးဝင်မည်မဟုတ်ပေ။
ပေထင်းဟွမ်သည် မျက်လုံးများကိုလှိမ့်ကာ ထိုလူ့ကို စိတ်ထဲထားမနေ တော့ပေ။ သူမသည် ချူဖုန်းကို ခေါင်းမှခြေအဆုံး အကဲခတ်လိုက်သည်။ သူ့ ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအင်အတက်အကျသည် အလွန်ပင် သန်မာသည်။ ဝိညာဉ်သစ်သီးကိုနှစ်ကြိမ်တိုင်တိုင်စားပြီးနောက် သူ့ခွန်အားသည် အလွန်ပင် တိုးတက်လာသည်။ မတည်မငြိမ်ဖြစ်နေသောအခြေအနေသို့လည်း ရောက်နေ ပြီ။ ပေထင်းဟွမ်သည် ကြယ် ၉ ပွင့်နတ်သားရဲကို ချက်ချင်းမထိန်းကျောင်းပေ။ ထိုအစား သူမသည် ခြင်္သေ့ဘုရင်ပေါက်လေးကို ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ကို ဖြစ်နိုင်သလောက် မြန်မြန်စားခိုင်းသည်။ ကျန်လူ များသည် စစ်ပွဲကို ရှင်းလင်းကာ စစ်နိုင်သည့်ပစ္စည်းများကို လိုက်စုဆောင်းနေ သည်။
မိသားစုလေးခုကို ဦးဆောင်လာသည့် တုန်ဖန်းအောင်နှင့်တခြားသူများ သည် စစ်နိုင်သည့်ပစ္စည်းများကို သံမဏိသွေးအဖွဲ့များနှင့် လုမယူကြပေ။ စစ်မြေပြင်တွင် စီရင်ချက်ဗိမာန်၏ ကောင်းကင်အဆင့်ကျွမ်းကျင်သူများ ကြောင့် မွန်မြတ်သောသားရဲ အကောင် ၂၀ ခန့်အသတ်ခံရကာ မသန်စွမ်းဖြစ် သည့်အကောင်များသည် သံမဏိသွေးကြေးစားအဖွဲ့၏အပိုင်ဖြစ်သွားသည်။
သေသွားသော နတ်သားရဲများဆီမှ ၎င်းတို့၏မှော်အမြုတေကို ထုတ်ယူ သည်။ သူတို့၏ ချွန်ထက်သောလက်သည်း၊ အမွေးနှင့် အရိုးများသည် လက်နက်သန့်စင်ရာတွင် အသုံးဝင်သည်။ ၎င်းတို့ကို ဈေးကွက်တွင်ရောင်းပါက ပိုက်ဆံအမြောက်အများရနိုင်သည်။ အများအပြားရသည့်အပေါ် မည်သူမှ စောဒကမတက်ကြပေ။
ပေထင်းဟွမ်သည် သေသွားသည့် နတ်သားရဲများကို ထိန်းကျောင်းရန် အချိန်ယူရမည်။ သံမဏိသွေးအဖွဲ့ဝင်များသည် သွေးများကို အသစ်ပြန်လဲ ပြီးနောက် ပေထင်းဟွမ်သည် ဖမ်းထားသည့်ကျန်နတ်သားရဲများကို အသက်လှောင်အိမ်ထဲထည့်ပြီး သူမ၏သိုလှောင်လက်ပတ်ထဲထည့်ထားလိုက် သည်။ သူမ အပြင်ထွက်ချိန်တွင် သူတို့ကို ရောင်းလျှင် ပိုက်ဆံအမြောက်အများ ရနိုင်သည်။
ထိန်းကျောင်းထားသော မှော်သားရဲများသည် လေလံအိမ်တွင် အဖိုးမဖြတ်နိုင်သည့်ဈေးရသည်။ အမြင့်ဆုံးဆိုလျှင် ပတ္တမြားကုဋေနှင့်ချီပြီးရ နိုင်သည်။
ညနေခင်းတွင် သံမဏိသွေးအဖွဲ့နှင့် မျိုးနွယ်ကြီးလေးခုတို့သည် ခရမ်း ရောင်တောင်ပံခြင်္သေ့ဘုရင်၏ဂူအထက်တွင် စခန်းချကြသည်။ မီးပုံပွဲသည် မျိုးနွယ်ကြီးလေးခု၏ ပြုံးနေသောမျက်နှာများကို ရောင်ပြန်ဟပ်နေသည်။ သူတို့သည် အစက သံမဏိသွေးကြေးစားအဖွဲ့ဝင်များကို အထင်သေးခဲ့သည်။ သို့သော် ပေထင်းဟွမ်နှင့် သံမဏိသွေးကြေးစားအဖွဲ့များတွင် နတ်သားရဲ တစ်ကောင်စီရှိသည့်အချက်ကြောင့် သံမဏိသွေးကို ငြင်းရုံတင်မကဘဲ ရင်းနှီး ချင်လာသည်။ နှစ်ဦးနှစ်ဖက်သည် ပျော်ရွှင်စွာ စကားပြောဆိုကြသည်။
“ငါတို့ခေါင်းဆောင်က အရမ်းအားကောင်းတယ်.. ငါတို့ခေါင်းဆောင်က တစ်ခါကဆိုရင် တပ်ခွဲမှူးဆယ်လင်းရဲ့နှင်းဝံပုလွေနဲ့ တပ်မှူးခိုင်ရဲ့ အနက်ရောင်စပါးအုံးမြွေတို့ကို တစ်ချက်တည်းနဲ့ အောင်နိုင်ခဲ့တာ”
“တစ်ချက်တည်းလို့ပြောလိုက်တာလား.. နတ်သားရဲကို နိုင်တာလေ”
“အားယား.. ငါတို့ လမ်းတစ်လျှောက်လုံးမှာ အောင်နိုင်ခဲ့တဲ့ မှော်သားရဲ တွေ ဘယ်လောက်များလဲသိလား.. အကုန်လုံးက မွန်မြတ်တဲ့သားရဲတွေနော်.. ခေါင်းဆောင်ပြောတာတော့ သူတို့တွေက မွန်မြတ်တဲ့သားရဲအဆင့်မဟုတ်ရင် ငါတို့ တံခါးကိုလာခေါက်ရင်တောင် မလိုချင်နဲ့တဲ့”
“မိုးနတ်မင်းရေ မင်းတို့ခေါင်းဆောင်က ဘာလို့အဲလောက်တောင် အားကောင်းနေရတာလဲ ဟေး ဟေး ဟေး သံမဏိသွေးအဖွဲ့က လူခေါ်သေး လား ငါလည်း ဝင်ချင်လိုက်တာ”
“လစ်လိုက်.. မင်းလိုမျိုး နူးနူးညံ့ညံ့အဆင့်အတန်းမြင့်မြင့်တွေ မလိုချင် ဘူး.. ငါတို့ခေါင်းဆောင်က စစ်သည်လိုချင်တာ”
တိုက်ပွဲရာချီကျော်ဖြတ်ခဲ့တဲ့ စစ်သည်လား။
မိသားစုလေးခုမှလူများသည် ရုတ်တရက်ပေါ်လာသော ထိုအားကောင်း သည့်အဖွဲ့ကို အနီးကပ်စောင့်ကြည့်ရုံမှမတတ်နိုင်ကြပေ။ တချို့မြင်တတ်သူ များသည် တချို့ကိုမှတ်မိကြသည်။
“မင်းက လှည့်လည်သွားလာတဲ့အဖွဲ့ထဲကမဟုတ်ဘူးလား.. ငါတို့နဲ့ထွက် သွားချင်တဲ့လူတွေက နန်ကုန်းမိသားစုနှင်ထုတ်တာ ခံရတာလား” တုန်ဖန်း မိသားစုမှလူငယ်တစ်ယောက်သည် သံမဏိသွေးကို ညွှန်ပြကာ ကြောက်လန့်သော အကြည့်ဖြင့် ကြည့်လေသည်။
“ဟုတ်တယ်” သံမဏိသွေးသည် ထိုအရာကိုမရှက်သည့်အပြင် ဂုဏ်ယူ စွာပင် ပြောလေသည် “ဒါနဲ့ ငါတို့တွေ နန်ကုန်းမိသားစုကို ကျေးဇူးတောင်တင် သေးတယ်.. အဲတုန်းက သူတို့သာငါတို့ကို နှင်မထုတ်ရင် ငါတို့ခေါင်းဆောင်နဲ့ တွေ့ပြီး သံမဏိသွေးအဖွဲ့ဝင်ဖြစ်ဖို့ အခွင့်အရေးရမှာမဟုတ်ဘူး.. ငါတို့ကို နှင်ထုတ်လို့ ကျေးဇူးတင်တယ်လို့ပြောရမလားပဲ”
“ကျွတ်”
မျိုးနွယ်ကြီးလေးခုတွင် နန်ကုန်းမိသားစုမှ လွတ်မြောက်လာသူ အနည်း ငယ်ပါသည်။ ထိုအခိုက်တွင် သူတို့သည် ဘာပြောရမည်ကို မသိတော့ပေ။ ထိုအချိန်က ထိုမထင်မရှားအဖွဲ့သည် သာမန်မှော်သားရဲပင်မရှိသည့် လူသား များသာပါဝင်သည့် အဖွဲ့ဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် အင်ပါယာ တစ်ခုလုံးမှကြောက်ရသည့် အားကောင်းသည့်လူများဖြစ်လာကြသည်။