← Chapters

ဘုရင်တစ်ပါးနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲ

Vol. 41 Ch. 559

ဘုရင်တစ်ပါးနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲ

Vol. 41 Ch. 559

" ပြုတ်ကျစမ်း "

လီဖူချန်းက သူ့ရဲ့ ညာဘက် ဓားလက်ချောင်းနဲ့ လေထဲမှာ စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်တဲ့ အခါမှာတော့ ဓားအကာအကွယ် တစ်ခုဟာ ဖြစ်တည်လာခဲ့ပါတယ် ။

ထန်……ထန်……ထန်……ထန်……

စိမ်းဖန့်ဖန့် အရောင်ရှိတဲ့ ဆံထိုးတွေကတော့ ဓားအကာအကွယ်ကို   ထိမိပြီး ပြုတ်ကျကုန်ပါပြီ ။ သူတို့က လီဖူချန်း အနားကိုတောင် မကပ်နိုင်ခဲ့ပါဘူး ။

" ကောင်းလိုက်တဲ့ ဓားဆန္ဒ "

အမျိုးသမီးကြီးရဲ့ မျက်လုံးအစုံက ကျဉ်းမြောင်းသွားခဲ့ပါပြီ ။သူမရဲ့ ဆံထိုးတွေကို တစ်ဖက်လူက ချီအတွင်းအား မပါဘဲ ဓားဆန္ဒသက်သက်နဲ့တင် တားဆီးလိုက်တာ မဟုတ်ပါလား ။

ရွှီး…… ရွှီး……ရွှီး……

အပြင်းထန်ဆုံး တိုက်ခိုက်မှုကတော့ မျက်နှာမည်းဆီကနေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ် ။

တိတိကျကျ ဆိုရမယ် ဆိုရင်တော့ မျက်နှာမည်းရဲ့ လက်ထဲက သတ္တုလုံးပါပဲ ။

သတ္တုလုံးက အစိမ်းရောင် မီးတောက်တွေ ဖြာထွက်စေပြီး လီဖူချန်းဆီကို ပစ်လွှတ်လာခဲ့ပါတယ် ။

ချီအတွင်းအား ထုတ်သုံးမှုကို ပိတ်ပင်တဲ့ ဝင်္ကပါ အစီအရင်ဟာ ချီတွေအကုန်လုံးကို တားဆီး ပိတ်ပင်နိုင်ပေမယ့် သည်အစိမ်းရောင် မီးတောက်တွေကိုတော့ တားဆီးပိတ်ပင်ခြင်း မရှိခဲ့ပါဘူး ။

လီဖူချန်းကတော့ အဲသည်သတ္တုလုံးဟာ အမှန်တကယ် သတ္တုလုံး မဟုတ်ဘဲ ရတနာ လက်စွပ် တစ်ကွင်း ဖြစ်နေတယ်ဆိုတာ ကြည့်မြင်လိုက်နိုင်ပါတယ် ။ ပြီးတော့ အဲဒါက သာမန် လက်စွပ်တစ်ကွင်းတောင် မဟုတ်ပါဘူး ။ အဲဒါက မြေကမ္ဘာ အဆင့်မြင့် ရတနာ လက်စွပ် တစ်ကွင်းတောင် ဖြစ်နိုင်ပါတယ် ။

သည်မြေကမ္ဘာ အဆင့်မြင့် ရတနာ ပစ္စည်းရဲ့ တိုက်ခိုက်မှုက ထွတ်ခေါင် ဆရာသခင် တစ်ပါးရဲ့ တိုက်ခိုက်မှုနဲ့ မခြားနားလှဘူးလို့ ဆိုရပါမယ် ။

တကယ်လို့သာ လီဖူချန်းက သာမန် ဆရာသခင် တစ်ပါးဆိုရင် သည်တ်ုက်ခိုက်မှုနဲ့တင် ပွဲချင်းပြီး သေနေလောက်ပြီ ။

ဒါပေမဲ့ လီဖူချန်းက သာမန် ဆရာသခင် တစ်ပါး မဟုတ်ပါဘူး ။ သူက မဟာဆရာသခင်တွေထဲမှာတောင်မှ ထိပ်ပိုင်းမှာ ရပ်တည်နေသူ ဖြစ်ပါတယ် ။

သူက ချီအတွင်းအားတွေကို ထုတ်မသုံးနိုင်ရင်တောင်မှ သူ့ရဲ့ ဓားဆန္ဒကတော့ မဟာဆရာသခင် အဆင့်မှာ ရှိနေဆဲပါပဲ ။

ရွှမ်း……

ပိုးချည်မျှင်လေးတစ်ခုလို ပါးလျတဲ့  ကြက်သွေးရောင် အလင်းတန်းလေး တစ်ခုဟာ လေထုထဲမှာ ရုတ်တရက် ဖြစ်တည်လာခဲ့ပါတယ် ။

ဘန်း……ဘန်း……ဘန်း………

အဲသည်နောက်မှာတော့ အစိမ်းရောင် မီးတောက်တွေဟာ ပေါက်ကွဲပျက်စီး သွားခဲ့ပါပြီ ။

လီဖူချန်းရဲ့ ဓားဆန္ဒက မျက်နှာမည်း တွေးထင်ထားတာ ထက်တောင်မှ ပိုပြီး အစွမ်းထက်နေပါသေးတယ် ။

အဲသည်ထက် ပိုဆိုးတာက လီဖူချန်းဟာ သူလှုပ်ရှားလိုက်တိုင်းမှာ   မတူညီတဲ့ ဓားဆန္ဒတွေကို ထုတ်သုံးနေတာပါပဲ ။

မျက်နှာမည်းက ' သည်ကောင်က ဓားဆန္ဒ ဘယ်နှစ်မျိုးတောင် ပိုဆိုင်ထားတာပါလိမ့် ' ဆိုပြီးတောင် တွေးလိုက်မိပါသေးတယ် ။

" တကယ်လို့ မင်းတို့တွေက အသက်ရှင်နေရတာ ပျင်းနေပြီဆိုရင် ငါ့ကို လာတိုက်ကြ ။ ငါက ပျော်ပျော်ကြီး မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် "

လီဖူချန်းက သူ့ရဲ့ ညာဘက်ဓားလက်ချောင်းနဲ့ ကျောက်တုံးခန်းမရဲ့ နံရံတစ်ခုကို ပိုင်းဖြတ်ပြလိုက်ပြီး အားလုံးကို ခြိမ်းခြောက်လိုက်ပါတယ် ။

မျက်နှာမည်းရဲ့ မျက်နှာပေါ်က အမူအယာတွေကတော့ အမျိုးမျိုး ပြောင်းလဲသွားခဲ့ပါပြီ ။

လီဖူချန်းရဲ့ အစွမ်းက သူတို့တတ်နိုင်တဲ့ ပမာဏထက် ကျော်လွန်နေပြီဆိုတာ အသိသာကြီးပါပဲ ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့    မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးတောင်မှ လီဖူချန်းလို အစွမ်းထက်ပါ့မလား ဆိုတာကို မျက်နှာမည်းက သံသယ ဝင်နေမိပါတယ် ။

မျက်နှာမည်း မသိသေးတာကတော့ လီဖူချန်းက ချီအတွင်းအား ပိတ်ပင်တဲ့ ဝင်္ကပါအစီအရင်ကိုတောင် ဆန္ဒရှိရင် တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လို့ ရတယ် ဆိုတာပါပဲ ။

တကယ့် လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ လိပ်ပြာအသိစိတ်အာရုံမျိုးကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းအတွက်ကတော့ သည်ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးဖို့အတွက်ဆိုတာ ဘာမှ မခက်ခဲပါဘူး ။ သူက စိတ်ဆန္ဒ မရှိသေးလို့သာ မဖျက်ဆီးသေးတာပါ ။

" သည်ကညီငယ်လေး …… ညီငယ်လေးက ကျုပ်တို့ မဟူရာဦးချို ပွဲရုံနဲ့ အလုပ်လုပ်ဖို့ အဆင့်မီပါတယ် ။ အစောပိုင်းက ဖြစ်တာတွေက အနည်းငယ် အထင်မှားကုန်ကြတာပါ ။ သည်တော့ တိုက်ခိုက်တာကို တော်လိုက်ကြရအောင် "

မျက်နှာမည်းကတော့ ရန်ပွဲ ပြေငြိမ်းဖို့ စကားကို အစပျိုးလာခဲ့ပါပြီ ။တစ်ဖက်မှာလည်း သူက အမျိုးသမီးကြီး နဲ့ အမာရွတ်တို့ကို ဆက်ပြီး မတိုက်ခိုက်ဖို့ အချက် ပြလိုက်ပါသေးတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်နေရာက ပင်မ မဟူရာဦးချို ပွဲရုံ မဟုတ်ပါဘူး ။ သည်နေရာက မဟူရာဦးချို ပွဲရုံရဲ့ အကိုင်းအခက်လေး တစ်ခုပါပဲ ။ အဲသည်အတွက် သည်နေရာမှာက အကာအကွယ်ပေးမယ့် မူလပင်လယ်နယ်ပယ် ဘုရင် တစ်ပါးမှ ရှိမနေပါဘူး ။

တကယ်လို့ သူတို့တွေက လီဖူချန်းကို သတ်ဖြတ်ဖို့အတွက် အသည်းအသန် ကြိုစားရင်တော့ ဖြစ်ကောင်းဖြစ်နိုင် လောက်ပေမယ့် လီဖူချန်းကလည်း သူတို့တွေကို မရရအောင် ပြန်ပြီး သတ်သွားမှာပါပဲ ။ ဒါက နှစ်ဖက်စလုံးအတွက် ထိုက်တန်တဲ့ အရာမျိုး မဟုတ်ပါဘူး ။ ဒါကြောင့် သူက ပြေငြိမ်းဖို့အတွက် စကားအစ ပျိုးလိုက်တာပါ ။

" ဟုတ်ပြီလေ ။ ဒါဆိုရင် ခင်ဗျားစပြီး ဈေးပေးပေတော့ "

လီဖူချန်းက အညံ့စား ကောင်းကင်ဘုံကျောက်တုံး ၅၀ကို နောက်ထပ်တစ်ကြိမ် ပြန်ထုတ်ပြလိုက်ပါတယ် ။

" သည်ကျောက်တုံး အတုံး၅၀ကိုတော့ လက်ရှိပေါက်ဈေးရဲ့ ၉၀ရာခိုင်နှုန်းထက် ပိုပေးလို့ အဆင်မပြေဘူး ။ သည်လိုလုပ်ပါလား ။ သည်ကျောက်တုံးတွေ အားလုံးအတွက် ကျုပ်က စုစုပေါင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၉၅၀၀၀ ပေးလိုက်မယ် ။ ဘယ်လိုလဲ ။ အဆင်ပြေရဲ့လား "

မျက်နှာမည်းက သူပေးနိုင်တဲ့ ဈေးနှုန်းကို ထုတ်ပြောလိုက်ပါတယ် ။

" အဆင်ပြေတယ် ။ ကျုပ်ရောင်းမယ် "

လီဖူချန်းက မျက်နှာမည်းပေးတဲ့ ဈေးကို မငြင်းလိုက်ပါဘူူး ။မျက်နှာမည်း ပေးတဲ့ဈေးက အတော်လေး သင့်တင့်တယ်လို့ ဆိုရပါမယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၉၅၀၀၀ ကို ယူပြီး မဟူရာဦးချို ပွဲရုံအခွဲကနေပြီး  ထွက်ခွာသွားခဲ့ပါပြီ ။

" ခွေးမသား …… မင်းကိုငါ သည်အတိုင်း လွှတ်ထားပေးမယ်လို့ ထင်နေသလား "

လီဖူချန်း ထွက်သွားတာနဲ့ တစ်ပြိုင်နက် မျက်နှာမည်းက သူတို့ပွဲရုံအခွဲနဲ့ အနီးဆုံး နေရာမှာ ရှိနေတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို လှမ်းပြီး အကြောင်းကြားပါတော့တယ် ။

သိပိမကြာခင်မှာပဲ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဘုရင်တစ်ပါးဟာ ပွဲရုံအခွဲကို ရောက်ရှိလာခဲ့ပါပြီ ။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကတော့ မူလပင်လယ်နယ်ပယ် အဆင့်၂ပဲ ဖြစ်ပါတယ် ။

အဲသည်သူက ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကို ခြေရာခံပြီး လိုက်သွားပါတော့တယ် ။

ဒါပေမဲ့လည်း သူက နေ့ဝက်ကြာတဲ့အထိ လီဖူချန်းကို ရှာမတွေ့ခဲ့ပါဘူး ။ အဲသည်နောက်မှာတော့ သူက စိတ်ပျက်လက်ပျက်နဲ့ပဲ ပွဲရုံအခွဲကို ပြန်လာခဲ့ပါတော့တယ် ။

တိတိကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ချီအရှိန်အဝါဟာ ပွဲရုံရဲ့ အပြင်ကို ရောက်သွားပြီးတာနဲ့ တန်းပြီး ပျောက်သွားခဲ့တာပါ ။ မသိရင်တော့  လီဖူချန်းက လေထဲမှာ ပျောက်သွားသလိုပါပဲ ။

" အဲသည်ကောင်က မဟူရာဦးချို ပွဲရုံခွဲကို တစ်ယောက်တည်း လာရဲတာလည်း ဘာမှ မထူးဆန်းတော့ဘူး "

အနက်ရောင် ဝတ်စုံဝတ် ဘုရင်ကတော့ မကျေမနပ် ဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး ။ သူက သည်ပွဲရုံအခွဲကို အစောကတည်းက စောင့်ကြည့်ခဲ့ရင် အကောင်းသား ဆိုပြီးတော့လည်း တွေးနေမိပါသေးတယ် ။ လီဖူချန်းကို ပေးလိုက်ရတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၉၅၀၀၀ ဆိုတာက တကယ်ကို မနည်းလှတဲ့ ပမာဏပင် မဟုတ်ပါလား ။

****-------*******---------*******--

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ ဟုံးဟူမြို့ရဲ့ ကျောက်တုံးလောင်းကစားရုံကို ရောက်ရှိနေခဲ့ပါပြီ ။ နဂိုက သူ့ဆီမှာ ကျန်နေသေးတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး  ၄၀၀၀ ကျော်ကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ လက်ရှိ လီဖူချန်းရဲ့ ပိုင်ဆိုင်မှုက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး  ၁၀၀၀၀ဝ နီးပါး ရှိပါတယ် ။ ဒါက ကျောက်တုံးလောင်းကစားရုံမှာ ကောင်းကောင်း ရင်းနှီးမြုပ်နှံလို့ ရတဲ့ ပမာဏ တစ်ခုပါပဲ ။

လီဖူချန်းတစ်ယောက် ကျောက်တုံးလောင်းကစားရုံကနေ ပြန်ထွက်လာတဲ့အခါမှာတော့ သူနဲ့အတူ  အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ ဖိုးရှိတဲ့ သတ္တုတုံး ရာချီ ပါလာခဲ့ပါတယ် ။

စိတ်မကောင်းစရာ တစ်ခုကတော့ သည်သတ္တုတုံးတွေ ထဲမှာလည်းအလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးမှ မပါတာပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်းက လက်မလျော့သေးပါဘူး ။ သူက ချက်ချင်းဆိုသလို သစ်စိမ်း မြို့ကို ဦးတည်ပြန်ပါတယ် ။

သစ်စိမ်းမြို့ရဲ့ မြေအောက် မှောင်ခိုဈေးကလည်း ဟုံးဟူမြို့လိုပါပဲ ။ လီဖူချန်းက အဲသည်လူတွေကိုလည်း ပါးစပ်နဲ့ ဈေးစကား မပြောခဲ့ရဘဲ လက်နဲ့သာ ဈေးစကား ပြောခဲ့ရပါတယ် ။

လီဖူချန်းရဲ့ အစွမ်းကိုတော့ မှောင်ခိုဈေးက လူတွေဟာ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ အဲသည်အတွက် သူတို့တွေဟာ လီဖူချန်းရဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေကို ဈေးအမြင့်ဆုံးပေးပြီးသာ ဝယ်ခဲ့ရပါတယ် ။

" အင်း…… သည်လိုမျိုးကောင်တွေ နေ့တိုင်း ငါတို့ဆီ လာနေရင်တော့ ငါတို့ရဲ့ အမြတ်တွေက ဘယ်လောက်မှ ကျန်တော့မှာ မဟုတ်ဘူး "

သစ်စိမ်းမြို့ရဲ့ မြေအောက်ဈေးက တာဝန်ရှိသူတွေ မှိုင်ထွေနေတဲ့ အချိန်မှာတော့ လီဖူချန်းဟာ သူတို့ပေးလိုက်တဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်နဲ့အတူ သစ်စိမ်းမြို့ရဲ့   ကျောက်တုံး လောင်းကစားရုံမှာ ရောက်ရှိနေခဲ့ပါပြီ ။

လီဖူချန်းက သစ်စိမ်းမြို့ရဲ့ ကျောက်တုံး လောင်းကစားရုံကနေပြီးတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၅၀၀၀ ဖိုးရှိတဲ့ သတ္တုတုံးတွေကို ဝယ်သွားခဲ့ပြန်ပါတယ် ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ မြို့ကြီး ငါးမြို့ကို ရောက်ရှိသွားခဲ့ ပြီးပါပြီ ။ဒါပေမဲ့လည်း သူဟာ အခုထက်ထိ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံးကိုမှ မပိုင်ဆိုင်နိုင်ခဲ့ သေးပါဘူူး ။

သူ့ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၅၀၀၀၀ နဲ့ ကောင်းကင်ဘုံ သတ္တုတုံး တစ်ထောင်နီးပါး ရှိပါတယ် ။

ဒါက မဟာ ကြွယ်ဝချမ်းသာမှုကြီး ဆိုတာကိုတော့ အထူးတလည် ပြောနေစရာ မလိုတော့ပါဘူး ။

တကယ်လို့သာ လီဖူချန်းက သူ့ဆီမှာရှိနေတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေ အကုန်လုံးကို ထုခွဲပြီး ရောင်းလျလိုက်မယ် ဆိုရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းနဲ့ ချီပြီးတောင် ရနိုင်ပါသေးတယ် ။

သန်းနဲ့ချီတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ကြွယ်ဝ ချမ်းသာမှုက ဘယ်မြို့ကြီးမှာမဆို ရှိတဲ့ ပထမတန်းစား ကလန်တစ်ခုရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ယှဉ်လို့ ရနေပါပြီ ။

" ထုံရှန်းမြို့…… ဒါက နန်အန်း စီရင်စုရဲ့ နံပါတ်၂ အဓိက မြို့ကြီးပဲ "

သည်လိုနဲ့ပဲ လီဖူချန်းဟာ ထုံရှန်းမြို့ကို ရောက်ရှိလာခဲ့ပါတယ် ။

(ထုံရှန်း = ကြေးနီတောင် )

နန်ရှန်းမြို့ကြီး ၊ ဟုံးဟူ မြို့ကြီး ၊ သစ်စိမ်းမြို့ကြီး အပါအဝင် တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ သည်ထုံရှန်းမြို့ကြီးက နှစ်ဆလောက် ပိုကြီးတယ်လို့ ဆိုရပါမယ် ။ ပြီးတော့ သည်မြို့ကြီးရဲ့ လူဦးရေကလည်း အနည်းဆုံး သန်းတစ်ရာ ကျော်ပါပဲ ။

လီဖူချန်းကတော့ ထုံရှန်းမြို့ကြီးရောက်တာနဲ့ တစ်ပြိုင်နက် ထုံးစံအတိုင်း မြေအောက် မှောင်ခိုဈေးကို လိုက်လံ စုံစမ်းပါတော့တယ် ။

နေ့ဝက်လောက် အကြာမှာတော့ သူဟာ မြေအောက်နန်းတော် အသေးစားလေး တစ်ခုဆီကို ရောက်ရှိလာခဲ့ပါပြီ ။

" မင်းက ကောင်းကင်ဘုံကျောက်တုံး ဘယ်နှစ်တုံး ရောင်းချင်တာလဲ "

သည်နန်းတော်ရဲ့ ပိုင်ရှင်က တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉မှာ ရောက်နေပြီး လီဖူချန်း ကြုံခဲ့ရတဲ့ မျက်နှာမည်းထက်တောင်မှ ပိုပြီး ကြောက်စရာ ကောင်းမယ့်ပုံမှာ ရှိပါတယ် ။ သူ့ရဲ့ ဘေးဘယ်ညာ နှစ်ဖက်မှာ ရပ်နေတဲ့ လူတွေကလည်း တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉အောက်မှာ မရှိပါဘူး ။

" အတုံး ၁၀၀ "

လီဖူချန်းက အသေးစား ရောင်းဝယ်မှုတွေ လုပ်နေရတာကို အတော်လေး စိတ်ကုန်စ ပြုနေပါပြီ ။ အဲသည်အတွက် သူက တစ်ကြိမ်တည်းမှာပဲ ကောင်းကင်ဘုံကျောက်တုံး အတုံး၁၀၀ ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

" ဒါဆိုရင် ငါကို အရင်ကြည့်ခွင့် ပေးပါလား "

နန်းတော်ပိုင်ရှင်ရဲ့ မျက်လုံးတွေကတော့ အတော်လေး ဂနာမငြိမ် ဖြစ်လာခဲ့ပါပြီ ။

သူ့ရဲ့ ဘေးမှာ ရှိနေတဲ့ ရှိနေတဲ့ လူတွေကလည်း လူသတ်ချင်စိတ်တွေကို မနည်း ထိန်းချုပ်နေရတဲ့ ပုံပါပဲ ။

' ဟူး…… သည်လူတွေကလည်းကွာ '

လီဖူချန်းက ကျိတ်ပြီး သက်ပြင်းချလိုက်မိပါတယ် ။ ကြည့်ရတာတော့ သူက နောက်ထပ် တိုက်ပွဲတစ်ခုကို ဆင်နွှဲရဦးမယ့်ပုံပါပဲ ။

သူက ကောင်းကင်ဘုံ ကျောက်တုံးတွေကို သင့်တင့်တဲ့ဈေးနဲ့ အေးအေးဆေးဆေးပဲ ရောင်းချင်တာပါ ။ အဲဒါကို ဘာဖြစ်လို့ လူတွေက အေးအေးဆေးဆေး ရောင်းဝယ်တာကို မလုပ်ချင်ရတာပါလိမ့် ။

" ရပါတယ် ။ ကြည့်ပါ……ကြည့်ပါ "

လီဖူချန်းက ကောင်းကင်ဘုံကျောက်တုံး ၁၀၀ကို ထုတ်ပြလိုက်ပါတယ် ။

" လုပ်တော့ "

နန်းတော်ပိုင်ရှင်က နည်းနည်းပါးပါးတောင် ဣန္ဒြေ မဆည်နိုင်တော့ပါဘူး ။ သူက ကောင်းကင်ဘုံကျောက်တုံး ၁၀၀ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး သူ့လူသုံးယောက်ကို အချက်ပြလိုက်ပါတော့တယ် ။

ရွှမ်း……ရွှမ်း……ရွှမ်း……

ဝှစ်……ဝှစ်……

လူလေးယောက်ရဲ့ တိုက်ခိုက်မှုတွေဟာ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့ပါပြီ။ သူတို့ရဲ့ လက်နက်တွေကတော့ သတ္တုတုံးဖြတ်တဲ့ ဓားတွေပါပဲ ။

"စိတ်ပျက်စရာကြီးကွာ "

လီဖူချန်းက သူ့ရဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေကို ပြန်သိမ်းလိုက်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းဘိုက်ပါတယ် ။

ရွှပ်……

ပိုးကြိုးမျှင်လေး တစ်ခုလို ပါးလျတဲ့ ကြက်သွေးရောင် အလင်းတန်းလေး တစ်ခုဟာ လေထုထဲမှာ ဖြစ်ပေါ်လာခဲ့ပါပြီ ။

" အား "

" အမယ်လေး "

" အင့် "

" သေပါပြီဟ "

လီဖူချန်းရဲ့ တိုက်ခိုက်မှုကိုတော့ တစ်ယောက်မှ မခုခံနိုင်ခဲ့ပါဘူး ။ သူတို့ထဲက တစ်ယောက်ဆိုရင် လက်တစ်ဖက်တောင် ပြတ်ထွတ်သွားခဲ့ပါသေးတယ် ။

လီဖူချန်းရဲ့ အညှာအတာမဲ့ မီးလျှံအောက်မှာတော့ အရေအတွက်ဆိုတာက ဘာမှ မဟုတ်တဲ့ အရာပါပဲ ။ တကယ်လို့သာ လီဖူချန်းက  သက်ညှာမှု မရှိခဲ့ဘူးဆိုရင် သူတို့အားလုံးဟာ သေနေလောက်ပါပြီ ။

" တားမြစ်မီးလျှံ "

နန်းတော်ပိုင်ရှင်က သူ့ရဲ့ တောင်ဝှေးကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မီးလုံးကြီး တစ်လုံးဟာ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါတယ် ။

" အား…… သိပ်သည်းလိုက်တဲ့ မီးတာအို ဥပဒေသပါလား "

လီဖူချန်းကတော့ အဲသည် မီးလုံးကြီး ဆီကနေပြီး သိပ်သည်းလှတဲ့ မီးတာအို ဥပဒေသတွေကို ခံစားလိုက်ရပါတယ် ။

ဒါပေမဲ့လည်း စိတ်မကောင်းစရာ တစ်ခုကတော့ အဲသည်မီးလုံးကြီးဟာ လီဖူချန်းရဲ့ အညှာအတာမဲ့ မီးလျှံကို အန်တု ဖက်ပြိုင်နိုင်ခြင်း မရှိတာပါပဲ ။

ရွှပ်……

လီဖူချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အဲသည် မီးလုံးကြီးဟာ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပါပြီ ။

" ကောင်းလိုက်တဲ့ ကောင်းကင်အဆင့် ဓားဆန္ဒပါလား ။ ငါ …… မြေကမ္ဘာမီးလျှံ ဘုရင် မင်းရဲ့ အစွမ်းကို စမ်းသပ်ကြည့်ရတာပေါ့ "

အသံနဲ့အတူ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ လူတစ်ယောက်ဟာ မြေအောက်နန်းတော်ထဲမှာ ပေါ်လာခဲ့ပါတယ်။

" မူလပင်လယ်နယ်ပယ် အဆင့်၂က ဘုရင်တစ်ပါးလား "

လီဖူချန်းရဲ့ မျက်နှာကတော့ လေးနက်တည်ကြည် သွားခဲ့ပါပြီ ။

လီဖူချန်းက သည်မြေအောက် နန်းတော်ဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေလိမ့်မယ်လို့ လုံးဝ ထင်မထားမိခဲ့ပါဘူး ။

မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးက ဘယ်လောက်ပဲ အားနည်းနေပါစေ ။ သူက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်နေဆဲပါပဲ ။ အဲသည်အတွက် လီဖူချန်းက နည်းနည်းတော့ စိုးရွံ့မိသွားပါတယ် ။

မဟာ ဆရာသခင် တစ်ပါးက အားနည်းတဲ့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးနဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်တယ် ဆိုပေမယ့်   အချိန်အကြာကြီး ထိပ်တိုက်ရင်ဆိုင်နိုင်တာ မဟုတ်ပါဘူး ။တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ အဲသည် မဟာဆရာသခင်ဟာ သေဆုံးသွားမှာ မြေကြီးလက်ခတ် မလွဲပါပဲ ။

" ကဲ …… မင်းသေဖို့ အချိန်ကျပြီ ။ သေလိုက်တာ့ "

အဝါရာင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မွဲခြောက်ခြောက် ဆံပင်ရှည်တွေကို ပိုင်ဆိုင်ထားတဲ့  မြေကမ္ဘာမီးလျှံ ဘုရင်ဟာ လီဖူချန်းကို အဝေးကနေ  လက်ညှိုးနဲ့ လှမ်းထိုးလိုက်ပါတယ် ။

လက်ညှိုးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် လီဖူချန်းနဲ့ မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ ကြားထဲမှာ ရှိတဲ့ အကွာအဝေးဟာ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့ပါတယ် ။ အဲခါက မြေကြော ရှုံှု့လိုက်သလိုပါပဲ ။

သည်လက်ညှိုးချက်မှာက ထူးဆန်းတဲ့ ချီစွမ်းအင်တွေ ပါဝင်နေပြီး ရှောင်တိမ်းထွက်ပြေးဖို့ ခဲယဉ်းလွန်းလှတယ်လို့ ဆိုရပါမယ် ။

သည်မြေအောက်နန်းတော်မှာ စီရင်ခင်းကျင်းထားတဲ့ အကြိုအဆင့်၇ ဝင်္ကပါ အစီအရင်ကလည်း မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ ချီစွမ်းအင်ကို တားဆီပိတ်ပင်နိုင်တဲ့ပုံ မပေါ်ပါဘူး ။

ချွမ်……

လီဖူချန်းရဲ့ လက်ထဲမှာတော့ မီးလျှံမြွေဓား ရောက်ရှိလာခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ သူက သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ချီအတွင်းအားတွေကို ကြေးဝါဓားချီတွေအဖြစ်ပြောင်းပြီး အညှာအတာမဲ့ မျောလွင့်မီးလှံျ ဓားကွက်ကို ထုတ်လိုက်ပါတော့တယ် ။

လီဖူချန်းက သည်တိုက်ခိုက်မှုကို မလုပ်ခင်မှာ သူ့ရဲ့ ဘယ်ဘက်လက်ကနေ ဓားဆန္ဒတစ်ခု ထုတ်လိုက်ပြီး ချီအတွင်းအား တားဆီးပိတ်ပင်တဲ့ ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးလိုက်ပါသေးတယ် ။ ဒါကြောင့်လည်း သူက သက်တံနီ နတ်ဘုရားမီးတောက် ချီအတွင်းအားကို ကြေးဝါဓားချီအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ ။

ဝုန်း……ဝုန်း……ဝုန်း……

လက်ညှိုးချက်နဲ့ ဓားချက် ထိပ်တိုက်အတွေ့မှာတော့ နန်းတော်တစ်ခုလုံးဟာ တုန်ခါသွားခဲ့ပါပြီ ။ လီဖူချန်းကတော့ အနောက်ကို ခြေရှစ်လှမ်းတိတိ ဆုတ်လိုက်ရပါတယ် ။ သူက မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ ပြိုင်ဖက် မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ ။

ဒါပေမဲ့ မြေကမ္ဘာမီးလျှံ ဘုရင်ကလည်း လီဖူချန်းထက် သိသိသာသာကြီး အစွမ်းထက်နေတာတော့ မဟုတ်ပါဘူး ။

" မင်းက ထိပ်တန်း မဟာဆရာသခင် တစ်ယောက်ရဲ့ အစွမ်းမျိုး ရှိနေတာပဲ "

မြေကမ္ဘာမီးလျှံ ဘုရင်က အလိုမကျဟန်ဖြင့် ပြောလိုက်ပါတယ် ။

သူက ထိပ်တန်း မဟာဆရာသခင် တစ်ယောက်ကို အနိုင်ယူဖို့ ယုံကြည်ချက်အပြည့် ရှိပေမယ့် သည်မြေအောက် နန်းတော်ထဲမှာတော့ မဖြစ်သေးပါဘူး။

တကယ်လို့သာ သူက လီဖူချန်းကို သတ်ဖို့ ကြိုးစားလိုက်မယ်ဆိုရင်   သည်မြေအောက်နန်းတော်ဟာ သေချာပေါက် ပျက်စီးသွားမှာဖြစ်ပြီး သည်မှောင်ခိုဈေး တည်ရှိနေမှုဟာလည်း အပြင်လောကကို  ပေါက်ကြားသွားမှာပါ ။ သူက အဲသည်လိုမျိုး အဖြစ်ကိုတော့ လုံးဝ မလိုချင်တာ အမှန်ပါပဲ ။

" တောက် …… မျိုးမစစ်ကလေး……  မင်းကတော့ကွာ "

မြေကမ္ဘာမီးလျှံ ဘုရင်က လီဖူချန်းကို ကြိမ်းဝါးပြီး သူ့ရဲ့ ချီအတွင်းအားတွေကို ရုတ်သိမ်းပစ်လိုက်ပါပြီ ။

" ဘာလဲ ။ မင်းတို့ကျတော့ ငါ့ကို စည်းမစောင့်ဘဲ တိုက်ခိုက်ပြီးမှ ငါခုခံတော့ အပြစ်ပြောချင်တာလား "

လီဖူချန်းက နှာခေါင်းရှုံ့ပြီး လှောင်ပြောင်လိုက်ပါတယ် ။

အဲသည်နောက်မှာတော့ မြေအောက်နန်းတော်ဟာ တိတ်ဆိတ်ခြင်းတွေ ကြီးစိုးသွားခဲ့ပါပြီ ။

အတန်ကြာမှ မြေကမ္ဘာမီးလျှံ ဘုရင်က နန်းတော်ပိုင်ရှင်ကို လှမ်းပြောလိုက်ပါတယ် ။

" သူ့ရဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေကို ပေါက်ဈေးရဲ့ ၈၀ ရာခိုင်နှုန်း ပေးလိုက် "

သည်နေရာက တိုက်ခိုက်ဖို့ကောင်းတဲ့နေရာ မဟုတ်ပါဘူး ။ အဲသည်အတွက် မြေကမ္ဘာမီးလျှံ ဘုရင်က  လီဖူချန်းကို အပြင်ရောက်မှ လိုက်ဖမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

ဒါပေမဲ့ လီဖူချန်းက အဲသည်ဈေးကို လက်မခံပါဘူး ။

" ကျုပ် စိတ်ပြောင်းသွားပြီ ။ ကျုပ်ဆီမှာ အညံ့စား ကောင်းကင်ဘုံကျောက်တုံး စုစုပေါင်း ၂၂၀ ရှိတယ် ။ အဲဒါတွေ အကုန်လုံးကို ကျုပ်ရောင်းမယ် ။ ကျုပ်ကို ပေါက်ဈေးရဲ့ ၉၀ရာခိုင်နှုန်းပေး "

လီဖူချန်းက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ထိပ်တိုက်တွေ့ပြီးသွားမှတော့ သူ့အနေနဲ့ လွတ်လမ်း မရှိတော့ဘူး ဆိုတာကို ရိပ်မိပြီးသားပါပဲ ။ အဲသည်အတွက် သူက သူ့ဆီမှာ ရှိနေတဲ့ အညံ့စား ကောင်းကင်ကျောက်တုံးတွေကို ထပ်ပြီး ရောင်းချဖို့ ပြင်လိုက်ပါတယ် ။

" ခွေး…… ခွေးမသား "

မြေကမ္ဘာမီးလျှံ ဘုရင်က လူသတ်ချင်စိတ်ကို မနည်း ချုပ်တီးလိုက်ပြီး နန်းတော်ပိုင်ရှင်ကို ခေါင်းညိတ်ပြလိုက်ပါတယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၅၀၀၀၀ ကိုယူပြီး မြေအောက် နန်းတော်ထဲကနေ ထွက်သွားခဲ့ပါပြီ ။

"ခွေးမသားလေး……မင်းငါ့လက်ထဲကနေ ပြေးလို့လွတ်မယ် ထင်နေသလား "

မြေကမ္ဘာမီးလျှံ ဘုရင်ကလည်း လီဖူချန်းရဲ့ အနောက်ကနေ နောက်ယောင်ခံ လိုက်သွားပါတော့တယ် ။

***

All Chapters