← Chapters

ကြောက်မက်ဖွယ်ရာလွှမ်းမိုးနိုင်စွမ်း

Vol. 70 Ch. 980

ကြောက်မက်ဖွယ်ရာလွှမ်းမိုးနိုင်စွမ်း

Vol. 70 Ch. 980

အခန်း (၉၈၀) ကြောက်မက်ဖွယ်ရာလွှမ်းမိုးနိုင်စွမ်း

“အမှန်ပဲ...”

နောက်ဆုံးတော့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့် ‘ဝမ်’ မျိုးနွယ်အဘိုးကြီးက ခန္ဓာကိုယ်ကို ခပ်မတ်မတ်ရပ်လိုက်ရင်း ဝန်ခံလိုက်သည်။

“ယွမ်ကျန်းဖုန်းက ငါတို့ လူစိမ်းတောင်ဂိုဏ်းရဲ့ ရန်သူပဲ ၊ ဒီတစ်ခေါက် ငြိမ်းချမ်းရေးတောင်တန်းကိုလာတဲ့သူက သူဖြစ်ပါစေလို့ ဒီအဘိုးကြီးဆုတောင်းနေတာ”

သူက အလွန်ဖြောင့်မတ်ဟန်ဖြင့် စကားဆိုလိုက်သည့်တိုင် ရန်ကျောက်ကဲနှင့်တော့ တိုက်ခိုက်ခြင်းမပြုဘဲ နောက်ဆုတ်သွားလေသည်။

သို့သော် သူ့စကားမဆုံးမီမှာပင် ရန်ကျောက်ကဲက ဝုန်းကနဲ သူ့ရှေ့ရောက်လာသည်။

“ဆရာဘိုးဘိုးကို ရန်ငြိုးထားတယ်ဆိုတော့ တပည့်တစ်ယောက်နေနဲ့ ငါက သူ့ကိုယ်စားခံယူရမှာပေါ့”

ထို့နောက်သူက လက်ကိုပင့်မြှောက်ကာ ‘ဝမ်’ ဂိုဏ်းချုပ်၏ငယ်ထိပ်တည့်တည့်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့၏။

တောင်ပိုင်းမှ သိုင်းသမားများအားလုံး မျက်နှာပျက်သွားကြသည်။

ငြိမ်းချမ်းရေးတောင်တန်းပတ်ဝန်းကျင်က ကြမ်းတမ်းသည်ဖြစ်ရာ ဤဒေသမှ သိုင်းကျင့်ကြံသူများသည်လည်း အတော်လေး သန်မာသူများ ဖြစ်ကြသည်။

ယနေ့ ဟောက်လင်တောင်သို့ရောက်လာကြသူတိုင်းက မိမိတို့နယ်မြေများတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး ရက်စက်ကြမ်းကြုတ်ကာ မာနကြီးသူများ ဖြစ်ကြသည်။

သို့သော် ယခုခဏအချိန်မှာတော့ သူတို့အားလုံး ပေါင်းစည်းအင်အားထက်ပင် ပိုပြီးကြောက်စရာကောင်းသည့် ရန်ကျောက်ကဲကို တွေ့ရသဖြင့် အားလုံး ကြောက်ရွံ့ထိတ်လန့်လျှက် ရှိကြသည်။

သူတို့အားလုံးက ဝူထုန်တောင်စောင်းမှ မျက်နှာသာပေးမှုကို ရရှိလိုသဖြင့် ဤရောသို့ ရောက်လာကြခြင်းပင်။

သို့သော် ဝူထုန်တောင်စောင်းက သေချာပေါက် ရှုံးနိမ့်တော့မည်ဖြစ်ရာ သူတို့အနေဖြင့် အသက်ကိုစတေးဝံ့ကြမည် မဟုတ်ပေ။

ဤနေရာပိုင်ရှင်ဖြစ်သော ဟောက်လင်တောင်ဂိုဏ်းချုပ်သည်ပင် အသက်ပျောက်သွားခဲ့ပြီ မဟုတ်ပါလား။

ရန်ကျောက်ကဲ တစ်ချက်လှုပ်ရှားလိုက်သည်နှင့်အမျှ လူစိမ်းတောင်ဂိုဏ်းချုပ်မှာ လက်ဝါးရိုက်ချက်ဖြင့် အသတ်ခံရပြီး ဘေးသို့လွင့်ထွက်သွားသည်။

ထို့နောက် တိမ်လွှာအလင်းဓားကိုဝှေ့ယမ်းရင်း ရန်ကျောက်ကဲက ခရမ်းရောင်ဓားဂိုဏ်းချုပ် ကျောက်ကျန်ရှေ့သို့ ရောက်ရှိသွားသည်။

ရက်စက်ကြမ်းကြုတ်သော စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းက ခရမ်းရောင်ဓားချီပင်လယ်ကို ဖြတ်ကျော်ဝင်ရောက်လာသည်။

ကျောက်ကျန်၏ ခရမ်းရောင်ပင်လယ်ဓားမှာ လေထုထဲတွင် အနည်းငယ် ကွေ့ပတ်သွားပြီး နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

ထူထပ်သောခရမ်းရောင်ဓားချီသည် ယခုအခါ အလွှာလိုက်အသွင်ပြောင်းသွားပြီး အလွှာများစွာဖြင့်ဖွဲ့စည်းထားသော ကမ္ဘာများအဖြစ် ပြောင်းလဲသွားသည်။

ကမ္ဘာတစ်ခုစီသည် ကျယ်ပြောလှသော သမုဒ္ဒရာပမာဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံက အဆုံးမဲ့ကျယ်ပြောသော ကျောက်စိမ်းပင်လယ်ပြင်ကြီးပမာ ထင်မှတ်ရ၏။

သူက ရန်ကျောက်ကဲ၏ဓားချက်နှေးကွေးသွားစေရန် ခံစစ်ကိုသာအသုံးပြုလိုက်ခြင်း ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းက ကျောက်ကျန်၏ဓားသိုင်းထက် သာလွန်ကောင်းမွန်ပြီး အတွင်းပိုင်းတွင် ရှုတ်ထွေးမှုများနှင့် အလှည့်အပြောင်းများစွာပါရှိလေရာ ဖြောင့်မတ်စွာ ရွေ့လျားသွားခြင်း မရှိပေ။

သွေးနီရောင်ဓားအလင်းက တောက်ပနေသည့်တိုင် ပျက်ဆီးခြင်းမရဏအငွေ့အသက်များနှင့် ပြည့်နက်နေသည်။

ဓားအလင်းတန်းသည် ကမ္ဘာပေါင်းများစွာကို အလွှာလိုက်ဖြတ်ကျော်ဝင်ရောက်ကာ ကျောက်ကျန်ဆီသို့ ထိုးစိုက်ချလိုက်၏။

ကျောက်ကျန်က ထိုဓားချက်ကို ပိတ်ဆို့လိုက်သည့်အခါ တိမ်လွှာအလင်းဓားက ခရမ်းရောင်ပင်လယ်ဓား၏ ဓားရိုးထက်တွင် အပေါက်တစ်ပေါက် ဖောက်ထွင်းပစ်လိုက်သည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သည် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်းရှိသည်။ အထူးသဖြင့် မိမိကျင့်ကြံထားသည့်သိုင်းပညာနှင့် အသုံးပြုသည့်လက်နက် သဟဇာတဖြစ်မည်ဆိုလျှင် သိုင်းစွမ်းကိုပင် ပိုမိုမြင့်မား လစေနိုင်၏။

“ခရမ်းရောင်ပင်လယ်ဓား” ကျောက်ကျန်၏ ခရမ်းရောင်ဓားသိုင်းနှင့် လိုက်ဖက်ညီခြင်းရှိသလို ခရမ်းရောင်ဓားဂိုဏ်းအတွက်လည်း အဓိပ္ပါယ်ရှိသော ရတနာပစ္စည်းတစ်ခု ဖြစ်သည်။

ရန်ကျောက်ကဲကတော့ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်မျှသာဖြစ်လေရာ မည်မျှတန်ခိုးစွမ်းအားမြင့်မားသည် ဆိုစေကာမူ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏အစွမ်းကို အပြည့်အဝ ထုတ်ဖော်အသုံးပြုရန် ခက်ခဲနေသေးသည်။

သို့သော် ယခုအချိန်ခဏမှာတော့ ရန်ကျောက်ကဲ၏တိမ်လွှာအလင်းဓားဖြင့်ထိမှန်ပြီး ပျက်ဆီးလုနီးပါးဖြစ်သွားသည်က ကျောက်ကျန်၏ ခရမ်းရောင်ပင်လယ်ဓားသာလျှင် ဖြစ်သည်။

တိမ်လွှာအလင်းဓားနှင့် ခရမ်းရောင်ပင်လယ်ဓားတို့က အရည်အသွေးတူညီသည့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ဖြစ်ကြသည်။

ထို့ကြောင့် တိမ်လွှာအလင်းဓားက ခရမ်းရောင်ပင်လယ်ဓားထက် ပိုမိုအစွမ်းထက်သည်မဟုတ်ပေ။ ထိုအစား ရန်ကျောက်ကဲကသာ ကျောက်ကျန်ထက် ပိုမိုအစွမ်းထက်နေခြင်း ဖြစ်၏။

ယင်နှင့်ယန်အစွန်းနှစ်ဖက်ကို ချီစွမ်းအားဖြင့် ထိန်းချုပ်ပြီး ပါးကွကားချပ်ထက်တွင် ခြေထောက်ကိုနင်းလျှက် ရန်ကျောက်ကဲက တစ်ချက်ပင် မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်နေသည်။

သူက ကျောက်ကျန်ကိုတွန်းလှန်ပြီးသည်နှင့် တစ်ချက်မတုံ့ဆိုင်းဘဲ ယွမ်ရှန်းချန်ရှေ့သို့ ချက်ချင်းရောက်ရှိလာပြန်သည်။

ရန်ကျောက်ကဲ ဝင်ရောက်လာသည်ကိုမြင်တော့ ယွမ်ရှန်းချန်က သူ၏လက်ဖဝါးနှစ်ဖက်ကိုယှက်လိုက်ပြီး မီးလျှံဇာမဏီငှက်အသွင်ပြောင်းလဲသွားကာ ရန်ကျောက်ကဲ၏ဓားချက်ကို ရှောင်တိမ်းရန် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

“အိုး...”

ရန်ကျောက်ကဲက ဓားကိုပင့်မြှောက်ပြီး နောက်တစ်ကြိမ်ထိုးစိုက်ချလိုက်စဉ် သူ့မျက်ဝန်းများ တစ်ချက်တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်လွန်းသော ထူးကဲယန်စည်းတံဆိပ်က တောက်လောင်နေသော နေမင်းတစ်စင်းပမာ ယွမ်ရှန်းချန်ဆီသို့ ဝင်ရောက်သွားပြီး တစ်လောကလုံးကို တောက်ပလင်းထိန်သွားစေသည်။

တိုက်ခိုက်မှုနှစ်ခု ရင်ဆိုင်ရသည့်အခါ မည်သို့မှမတတ်နိုင်ဘဲ ယွမ်ရှန်းချန်၏လက်ထဲတွင် ငှက်မွှေးယပ်တောင်တစ်ချောင်း ပေါ်လာသည်။

ယပ်တောင်က ရောင်စုံဇာမဏီငှက်မွေး (၅)ခုဖြင့် ဖွဲ့စည်းထားပြီး အလင်းတန်းများက တောက်ပနေသည်။ ယွမ်ရှန်းချန်က ဇာမဏီယပ််တောင်ကို ရန်ကျောက်ကဲ၏တိုက်ခိုက်မှုအားတားဆီးရန် အသုံးပြုလိုက်ရာ ဇာမဏီငှက်မွှေးအစွန်းများက ဓားသွားများပမာ ထက်ရှလာသည်။

ဤယပ်တောင်က ယွမ်ရှန်းချန်ကိုင်ဆောင်သည့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်ပြီး ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ဟု ခေါ်ဆိုသည်။

ရန်ကျောက်ကဲ၏ လျှို့ဝှက်ဆန်းကျယ်လွန်းသော အစိမ်းရင့်ရောင်ဝါးကိုင်း၏ အံ့သြဖွယ်အစွမ်းသတ္တိကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ပြီးနောက် ယွမ်ရှန်ချန် ဤရတနာပစ္စည်းကို အသုံးမပြုလိုခဲ့‌ပေ။

သို့သော် ရန်ကျောက်ကဲက ထင်မထားလောက်အောင် ကြောက်စရာကောင်းနေသည်ဖြစ်ရာ ယွမ်ရှန်းချန်မှာ ထိုအချက်ကို စိတ်ပူရန် အချိန်မရှိတော့ပေ။

သို့သော်လည်း ဖြစ်ပျက်လာသည့်အရာက ယွမ်ရှန်းချန်ကို အလွန်စိတ်ပျက်သွားစေသည်။

သူ၏ ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် ရန်ကျောက်ကဲလက်ထဲတွင်လည်း အစိမ်းရင့်ရောင်ဝါးကိုင်း ထွက်ပေါ်လာသည်။

အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်မိသည်နှင့် ဇာမဏီယပ်တောင်မျက်နှာပြင်ထက်မှ အလင်းတန်းများက ချက်ချင်း မှိန်ဖျော့သွားသည်။

နောက်ထပ်အကြိမ်ရေအနည်းငယ် ထိုးနှက်ခံရပြီးသည့်နောက် ဇာမဏီငှက်မွေးများ ဖွာလန်ကျဲသွားပြီး မြေပြင်ထက်သို့ ပျံ့ကျဲပြုတ်ကျကုန်တော့သည်။

ကျောက်ကျန်က ယွမ်ရှန်းချန်ကို ကူညီပေးရန် ရည်ရွယ်လိုက်သော်လည်း သူတို့ကံကြမ္မာက တူညီနေသည်ဖြစ်ရာ မြင်ကွင်းကိုကြည့်ရင်း သူ၏ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။

သူက လက်ထဲမှ ခရမ်းရောင်ပင်လယ်ဓားကို သတိလက်လွတ်ဖြင့်ကြည့်လိုက်ရင်း ဓားမှအပေါက်ကို ငေးစိုက်ကြည့်နေမိသည်။

ခရမ်းရောင်ပင်လယ်ဓားက ယခုပင် ပျက်ဆီးနေသည်ဖြစ်ရာ အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့်သာ ရိုက်နှက်ခံရပါက လုံးဝပျက်ဆီးကာ တစ်ဝက်ကျိုးသွားနိုင်ကြောင်း ကျောက်ကျန် သိရှိသည်။

ခရမ်းရောင်ပင်လယ်ဓားက သူ၏ကိုယ်ပိုင်ဓားဖြစ်ရုံသာမက ခရမ်းရောင်ဓားဂိုဏ်း၏ အဖိုးမဖြတ်နိုင်သော ရတနာပစ္စည်းလည်း ဖြစ်သည်။

ယခုလောက်ပျက်ဆီးသွားသည်ကိုပင် သူ့မှာ အတော်လေး နာကျင်ခံစားနေရပြီဖြစ်ရာ လုံးဝကျိုးပျက်သွားပါက သူ ဘာဆက်လုပ်ရပါမည်လဲ။

“အစ်ကို’ယွမ်’ ၊ ဒီ ‘ရန်’ ကောင်လေးက သိပ်ရက်စက်လွန်းတယ် ၊ ငါတို့ သူ့ကိုမယှဉ်နိုင်ဘူး ၊ စက်ဝန်းတောင်တန်းဒေသကို ပြန်ဆုတ်ခွာကြမယ် ၊ ဒီကောင်လေးကို တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ထဲမှာ ပိတ်ဆို့ထားနိုင်သရွေ့ အနှေးနဲ့အမြန် သုတ်သင်ပစ်နိုင်မှာပါ”

ကျောက်ကျန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခရမ်းရောင်ပင်လယ်ဓားကို ထိန်းထားလျှက် ယွမ်ရှန်းချန်ကို အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

ထို့နောက် သူက ဓားအစားလက်ချောင်းများကိုအသုံးပြုကာ ခရမ်းရောင်ဓားချီပင်လယ်ကို ထုတ်ဖော်လိုက်ပြီး ရန်ကျောက်ကဲ၏လည်ပင်း‌နောက်မှဝင်ရောက်တိုက်ခိုက်ကာ ယွမ်ရှန်းချန်ကို အကြပ်အတည်းမှကူညီရန် ကြိုးစားလိုက်သည်။

ရန်ကျောက်ကဲက ကျောက်ကျန်၏တိုက်ခိုက်မှုကို တန်ပြန်ရင်ဆိုင်ခြင်းမပြုဘဲ ယွမ်ရှန်းချန်ကို အဆက်မပြတ်ထိုးနှက်တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းပင်...

ဝေဝါးသည့်အလင်းတန်းများထွက်ပေါ်လာသည်။

ထိုအလင်းတန်းများကြောင့် ပတ်ဝန်းကျင် အချိန်နှင့်နေရာတို့က နှေးကွေးသွားသည်။ တစ်ဆက်တည်းပင် ကျောက်ကျန်နှင့် ယွမ်ရှန်းချန်တို့၏လှုပ်ရှားမှုများသည်လည်း နှေးကွေးသွားတော့သည်။

ထိုအချိန် ရန်ကျောက်ကဲကတော့ တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်၏။

ဝေဝါးသည့်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အန္တရယ်အငွေ့အသက်ကိုခံစားလိုက်ရပြီး ယွမ်ရှန်းချန်က လျင်မြန်စွာဆုတ်ခွာရန်ကြိုးစားလိုက်သည်။

သို့တိုင် နှိုင်းရမြန်နှုန်းကွာခြားချက်ကြီးမားသဖြင့် ရန်ကျောက်ကဲက သူတို့အနီးသို့ ချက်ချင်းရောက်ရှိလာပြီ ဖြစ်သည်။

ငါးရောင်ခြယ်ဇာမဏီယပ်‌တောင်ဖြင့် ခက်ခက်ခဲခဲ ခုခံနေရချိန် အစိမ်းရင့်ရောင်ဝါးကိုင်းက ထပ်မံကျဆင်းလာသည်။

ထူးကဲယန်စည်းတံဆိပ်ကလည်း စွမ်းအားအပြည့်ဖြင့် ဆင်းသက်လာသည်ဖြစ်ရာ ယွမ်ရှန်းချန်မှာ ကောင်းကင်ကိုဖျက်ဆီး မြေကြီးကိုထိုးခွင်းနိုင်သည့် ထိုးနှက်ချက်ကို အတင်းအကျပ်တွန်းလှန်ရင်း သမာဓိမီးတောက် (၄)မျိုးကို ထုတ်ဖော်လိုက်သည်။

သို့သော် ရန်ကျောက်ကဲက တိမ်လွှာအလင်းဓားကိုဝှေ့ယမ်းလိုက်ပြီး စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

လေထုထဲတွင်သွေးရောင်များလွှမ်းခြုံသွားပြီး ယွမ်ရှန်းချန် ညည်းညူသံတစ်ချက် ထုတ်လွှတ်လိုက်၏။

သူ၏ခံစစ်စွမ်းအားကြီးမားပြီး အဆက်မပြတ်လှည့်ပတ်နေသည့်တိုင် ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းနှင့် ထူးကဲယန်စည်းတံဆိပ်ပေါင်းစပ်တိုက်ခိုက်မှုကိုတော့ တောင့်ခံရန် မတတ်နိုင်ခဲ့ပေ။

ဇာမဏီငှက်၏ ပြင်းထန်သောအသက်ဓာစွမ်းအားဖြင့် ကာကွယ်ပေးထားသည့်တိုင် သူ၏ချီစွမ်းအားအနှစ်သာရက ကျိုးပျက်သွားခဲ့သည်။

ဤသည်က သာမန်တိုက်ခိုက်မှုတစ်ခုဆိုပါက ဓားချက်ထိရုံမျှဖြင့် ယွမ်ရှန်းချန် သေဆုံးနိုင်မည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းက သက်ရှိအားလုံးကို သတ်ဖြတ်နိုင်ပြီး အသက်ဓာတ်စွမ်းအား အားလုံးကို ပယ်ရှင်းနိုင်သည်ဖြစ်ရာ ယွမ်ရှန်းချန်ကို နောက်တစ်ကြိမ် သုတ်သင်ပစ်လိုက်ပြန်သည်။

ယခု ကျောက်ကျန်၏ ဓားချီက ရန်ကျောက်ကဲနောက်သို့ ရောက်ရှိလာသည်။

“သွားစမ်း...”

ရန်ကျောက်ကဲက ကြုံးဝါးရင်း ယွမ်ရှန်းချန်၏အသက်ဓာတ်စွမ်းအားများကို မပျက်မကွက်ဖျက်ဆီးလိုက်ပြီး ကျောက်ကျန်ထံမှဝင်ရောက်လာသည့်ဓားချက်ကို ကျောဖြင့်ခံလိုက်၏။

ထိုအချိန် သူ့ခန္ဓာကိုယ်တွင် ရောင်စဉ်ငါးမျိုးအလင်းတန်းများတောက်ပလာသည်။

အဓိကကိုယ်တွင်းအင်္ဂါ (၅)ခုမှ နတ်ဘုရားအလင်းတန်းငါးခု ထွက်ပေါ်လာပြီး ဒြပ်စင်ငါးပါးက စွမ်းအားကြီးမားသည့် အသက်ဓာတ်စွမ်းအားပမာ လှည့်ပတ်သွားကာ ခံစစ်စွမ်းအား ထွက်ပေါ်လာသည်။

‘ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာ’ ကို ထုတ်ဖော်လိုက်ပြီး ရန်ကျောက်ကဲက ကျောက်ကျန်၏ဓားချက်ကို ခံယူလိုက်ခြင်းပင်။

ယွမ်ရှန်းချန်ကို သတ်ဖြတ်ပြီးမှသာ ရန်ကျောက်ကဲက သူ၏ဓားကိုပြန်လည်ရုတ်သိမ်းပြီး နောက်သို့လှည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဓားအလင်းတန်းတစ်ခုပမာပြောင်းလဲသွားပြီး ကျောက်ကျန်ဆီသို့ ဝင်ရောက်လာသည်။

ဒါကိုမြင်တော့ ကျောက်ကျန်က ကောင်းကင်သို့တစ်ချက်မော့ကြည့်ပြီး သက်ပြင်းတစ်ချက်ချရင်း လှည့်ထွက်ပြေးတော့သည်။

သိုင်းသူတော်စင် အဋ္ဌမအဆင့် တန်ခိုးစွမ်းအားရှင် ဓားသမားသည် ရန်ကျောက်ကဲနှင့် ဆက်လက်တိုက်ခိုက်ဝံ့ခြင်း မရှိတော့ပေ။

All Chapters