အဂ္ဂိရတ်ပညာရှင်၊ သားရဲလေးကောင်ဒယ်စောက်
Vol. 18 Ch. 343
ပေထင်းဟွမ်သည် အသက် ၁၄ နှစ်အရွယ်လူငယ်ဖြစ်သည်။ သူသည် မူလက သူတို့နှင့်တူသော မျိုးဆက်မှဆင်းသက်လာခြင်းဖြစ်သော်လည်း မျိုးနွယ်ကြီးလေးခုနှင့်ယှဉ်နိုင်သည့် ပညာရှင်တစ်ဦးဖြစ်လာပြီး တိုက်ကြီး၏ အင်အားစုများတွင် ဝင်ဆန့်လာသည်။ နဂိုကသူတို့ထက်ငယ်သော လူငယ် သည် လူအများမော့ကြည့်ရသည့် အမြင့်တစ်နေရာသို့ ရောက်နေပြီဖြစ်သည်။
“ခေါင်းဆောင် ဒါက စီရင်ချက်ဗိမာန်ရဲ့ ဝိညာဉ်သခင်လေးယောက်ရဲ့ သိုလှောင်လက်စွပ်တွေပါ.. ကျွန်မတို့ကြည့်ပြီးပြီ.. ပတ္တမြားတွေအပြင် မှော် အမြုတေတချို့လည်းရှိတယ်.. အထဲမှ အရမ်းအဖိုးတန်တာတွေလည်းရှိတယ်” ဆယ်လင်းသည် ပေထင်းဟွမ်အား သိုလှောင်လက်စွပ်များကို ပေးလိုက်သည်။
ပေထင်းဟွမ်သည် ဆယ်လင်းပြောသော ‘အရမ်းအဖိုးတန်’ သည့် ပစ္စည်း ကိုယူကြည့်ပြီး မေးလိုက်သည် “ဒါကဘာလဲ”
ဆယ်လင်းသည် လျှို့ဝှက်ဆန်းကြယ်စွာပြုံးပြီး ပြန်မဖြေပေ။
ပေထင်းဟွမ်သည် သူမ၏ဝိညာဉ်စွမ်းအင်ကိုသုံးကာ အထဲကို ကြည့်လေ သည်။ အထဲတွင် အနက်ရောင်ဒယ်စောက်တစ်လုံးရှိနေသည်။ လုံးဝိုင်းသော ဒယ်စောက်ကိုယ်ထည်တွင် ရှေးကျပြီး ရှုပ်ထွေးသောပုံစံများရှိနေသည်။ ၎င်းတို့ ပေါ်တွင် ရှေးနတ်သားရဲလေးကောင်၏ပုံစံများကို ရေးထွင်းထားသည်။ အိုးထိပ် တွင် စုစုပေါင်းအပေါက် ဆယ့်ရှစ်ပေါက်ရှိသည်။
ထိုအရာကို သူမ မသိသော်လည်း ပေထင်းဟွမ်သည် ထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဂူထဲတွင် ပင့်သက်ရှိုက်သံများထွက်လာသည်။ ပေထင်းလင်သည် ရှေ့တိုးပြီး ဒယ်စောက်ကို လှည့်ပတ်ကြည့်ပြီး သူမ၏ မျက်လုံးများတွင် မထိန်းချုပ်နိုင်သော ကျေနပ်မှုများဖြင့် ပြည့်နေသည် “ရှောင်ကျို့ ရှောင်ကျို့ ဒါက..ဒါက လွန်ခဲ့တဲ့နှစ်တစ်ကောင်က တိုက်ကြီးမှာ ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်တွေသုံးတဲ့ အဖြိုက်နက်ရွှေသားရဲလေးကောင် ဒယ်စောက်ပဲ ဒါကို မိသားစုရဲ့ရတနာမှတ်တမ်းမှာ မြင်ဖူးတယ်”
မျိုးနွယ်ကြီးလေးခုတွင် ပညာရှင်များကို မွေးထုတ်သည့်ကျောင်းများရှိ သည်။ သူတို့သည် တပည့်နှင့်ကျောင်းသားများကို ကျင့်ကြံနည်းသင်ပေးရုံတင် သာမကဘဲ ဝိညာဉ်လက်နက်နှင့် ရတနာများ၏ ဇစ်မြစ်များ၊ မှော်သားရဲများ၏ အဆင့်နှင့် ပင်ကိုယ်လက္ခဏာများ အစရှိသည့် တချို့သော အခြေခံအသိပညာ များကိုလည်းသင်ပေးသည်။
တကယ်တော့ ထိုဒယ်စောက်ကို မှတ်မိသည်မှာ ပေထင်းလင်တစ် ယောက်တည်းမဟုတ်ပေ။ ထိုနေရာရှိ မိသားစုလေးခုမှ တပည့်များအားလုံး သည် ထိုအရာကို သားရဲလေးကောင်ဒယ်စောက်ဖြစ်သည်ကို ပြောနိုင်ကြ၏။ သားရဲလေးကောင်ဒယ်စောက်၏အောက်ခြေတွင် ရှေးနတ်သားရဲများ၏ ပုံစံကို သိသာအောင် ဆွဲထားသည်။
ပေထင်းဟွမ်သာ ပေထင်းမိသားစုတွင်နေပြီး တခြားသောတပည့်များ ကဲ့သို့ ဆရာများ၏ အထူးသင်ကြားခြင်းကိုခံရပါက ဤရတနာ၏ အခြေခံ သဘောတရားကို မသိစရာအကြောင်းမရှိပေ။
ကောင်းကင်မီးဆေးအဂ္ဂိရတ်ပညာရှင်လား။ နတ်အဆင့်ဆေးကို သန့်စင် နိုင်တဲ့ အဂ္ဂိရတ်ပညာရှင်။
တစ်မျိုးပြောရရင် ဒါက ဆေးဖိုလား။ ပေထင်းဟွမ်သည် မေးစေ့ကို ပွတ်ကာ ဆေးဖိုကိုပတ်ပြီးလျှောက်နေသည်။ ဤအရာနှင့် မည်သည့်အရာများ လုပ်နိုင်မည်ကို သူမ သိချင်မိသည်။
ပေထင်းဟွမ်၏မျက်လုံးထဲမှ ရှုပ်ထွေးမှုများကို ကြည့်ပြီး ရှီမန်ဆုန်းသည် လျှောက်လာပြီး မဝံ့မရဲမေးလေသည် “ရှောင်ကျို့ မင်းရဲ့ ကြယ် ၇ ပွင့် နတ်သားရဲ အမြီးကိုးချောင်းမီးမြေခွေးရဲ့ အသက်မီးတောက်က ကောင်းကင်မီး ပဲ.. အဲဒါလည်း ကောင်းကင်မီးထဲကတစ်ခုပဲ.. မင်း နတ်သားရဲနှစ်ကောင်နဲ့ စာချုပ်တည်ထောင်နိုင်ပြီး အမြင့်ဆုံးသားရဲထိန်းဖြစ်နေတာက မင်းရဲ့ စိတ်စွမ်းအားက သာမန်လူတွေနဲ့မတူဘူးဆိုတာ သက်သေပြနေတာပဲ.. ဒီ လက္ခဏာနှစ်ခုနဲ့ဆို ဆေးသန့်စင်ကြည့်လို့ရတယ်”
အဂ္ဂိရတ်ပညာရှင်များသည် တိုက်ကြီးတွင် တန်ဖိုးအရှိဆုံးပညာသုံးခုထဲမှ တစ်ခုဖြစ်သည်။ ပေထင်းဟွမ်သည် လက်ရှိတွင် အမြင့်ဆုံးသားရဲထိန်းဖြစ်နေ လေပြီ။ သူမသာ အဂ္ဂိရတ်ပညာရှင်ဖြစ်လာလျှင် မည်မျှကြောက်မက်ဖွယ် ကောင်းသောလူဖြစ်လာလိမ့်မည်နည်း။ ရှီမန်ဆုန်းသည် စဉ်းစားမကြည့်ရဲတော့ ပေ။
သို့သော် ရှားပါးသည့် ကောင်းကင်မီးနှင့် အားကောင်းသော စိတ်ခွန်အား နှင့်ဆိုလျှင် သူမသည် ဆေးသို့မဟုတ် ကိရိယာများကို မသန့်စင်လျှင် အလဟ ဿဖြစ်လိမ့်မည်။ ပေထင်းဟွမ်သာ ပေထင်းမိသားစုတွင်ရှိပါက သူမတွင် မြေကြီးမီးရှိလျှင်တောင် မိသားစုမှ အကောင်းဆုံးအရင်းအမြစ်များဖြင့် လေ့ကျင့်ပေးမည်ဖြစ်သည်။
ဝိညာဉ်သခင်များသည် သူတို့၏ အသက်စာချုပ်သားရဲများ၏ ဒြပ်စင် စွမ်းအားကို မျှဝေနိုင်သည်။ အမြီးကိုးချောင်းမီးမြေခွေးသည် ကြယ် ၇ ပွင့် နတ်သားရဲဖြစ်ပြီး ၎င်း၏အဆင့်သည်မြင့်နေပြီဖြစ်ကာ မရောက်နိုင်သော အဆင့်လည်းဖြစ်သည်။ အမြီးကိုးချောင်းမီးမြေခွေးသည် ပေထင်းဟွမ်၏ အသက်စာချုပ်သားရဲဖြစ်လိမ့်မည်ဟု ရှီမန်ဆုန်းတွေးပြီး ထိုအကြံကိုပေးခြင်း ဖြစ်သည်။
ပေထင်းဟွမ်၏အသက်နတ်သားရဲသည် တခြားသားရဲဖြစ်သည်ကိုသာ သိသွားပါက ရှီမန်ဆုန်းသည် စိတ်ထဲမှ ကျိန်ဆဲလျှင်ကျိန်ဆဲနိုင်သည်…