← Chapters

ဝူထုန်သစ်ပင်ကိုခုတ်ပိုင်းတဲ့ဧရာမပုဆိန်ကြီး

Vol. 70 Ch. 983

ဝူထုန်သစ်ပင်ကိုခုတ်ပိုင်းတဲ့ဧရာမပုဆိန်ကြီး

Vol. 70 Ch. 983

အခန်း (၉၈၃) ဝူထုန်သစ်ပင်ကိုခုတ်ပိုင်းတဲ့ဧရာမပုဆိန်ကြီး

ကျန်းစုရန်က လက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်ပြီး ခံစစ်တိုက်စစ် တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။ သူ၏လက်ဖဝါးစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွား၏။

သူ၏တန်ခိုးစွမ်းအားအရှိန်အဟုန်က အမတကူးပြောင်းခြင်းအဆင့် နှောင်းပိုင်း သိုင်းသူတော်စင်တစ်ယောက်၏စွမ်းအားကို အပြည့်အဝ ပြသသည်။

ယွမ်ရှန်းချန်၏ တန်ခိုးစွမ်းအားက ထိပ်တန်းအဆင့်ဖြစ်ပြီး အလွန်ထူးခြားကာ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

သို့သော် သူ၏ဆရာဦးလေး ကျန်းစုရန်၏ တန်ခိုးစွမ်းအားကတော့ ပိုမိုဆန်းကျယ်ပြီး လေးနက်သည်။

“ကောင်းတယ်... “

ရန်ကျောက်ကဲက ချီးကျူးစကားဆိုလိုက်ပြီး လက်တစ်ဖက်ကိုဆန့်တန်းကာ ထူးကဲယန်စည်းတံဆိပ်ကို ပင့်မြှောက်လိုက်၏။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ယင်ယန်ကောင်းကင်ကျမ်းစာ ၊ မဟာနေမင်းကျမ်းဂန်တို့၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ပေါင်းစပ်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်၏ စွမ်းအားကို တိုးမြှင့်လိုက်သည်။

အလွန်တရာလွှမ်းမိုးနိုင်စွမ်းမြင့်မားနေသော ထူးကဲယန်စည်းတံဆိပ်သည် ယခုအချိန်တွင် မကြုံစဖူးသော အရှိန်အဟုန်ကို ထုတ်ဖော်ပြသခဲ့သည်။

ရန်ကျောက်ကဲက ထူးကဲယန်သည်စည်းတံဆိပ်ကိုအသက်သွင်းရန် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အသုံးပြုပြီး ကျန်းစုရန်ကို ရင်ဆိုင်လိုက်ခြင်းပင်။

ကျန်းစုရန်၏ဦးခေါင်းထက်တွင် သွေးနီရောင်သရဖူတစ်ခု ထွန်းလင်းတောက်ပလာပြီး မီးတောက်မီးလျှံများထွက်ပေါ်လာကာ လေထဲသို့ ပျံ့နှံ့သွားသည်။

ထိုမီးတောက်မီးလျှံများက ဝူထုန်သစ်ပင်နှင့် ပေါင်းစပ်သွားပြီး ကျန်းစုရန်လက်ဝါးသိုင်းက မိုးမြေတစ်ခွင် နေမင်းကိုပင် တားဆီးထားသည်။

ဤအခိုက်အတန့်တွင် ဟောက်လင်တောင်အပြင်ဘက် အခြားနေရာမှ ကြည့်မည်ဆိုလျှင် ငြိမ်းချမ်းရေးတောင်တန်းများတွင် ကောင်းကင်ထိတိုင်မြင့်တက်နေသည့် မီးတောက်မီးလျှံများကို တွေ့မြင်ရမည်ဖြစ်ပြီး ထိုနေရာတွင် မားမားမတ်မတ်ရှိနေသည့် ဝူထုန်ရတနာသစ်ပင်က တောင်းတန်းများကို ဖိနှိပ်ထားကြောင်း တွေ့ရပေမည်။

ဝူထုန်ရတနာသစ်ပင်၏နံဘေးမှ ရွှေရောင်နေဝန်းက ဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။

ရန်ကျောက်ကဲ၏လက်တစ်ဖက်တွင် ထူးကဲယန်စည်းတံဆိပ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်မှာတော့ အစိမ်းရင့်ရောင်ဝါးကိုင်းကို ကိုင်ဆောင်ထားသည်။

ထိုဝါးကိုင်းကိုမြင်တော့ ယွမ်ရှန်းချန် မျက်နှာပျက်သွားပြီး...

“ဆရာဦးလေး... သူ့ ဝါးကိုင်းကိုသတိထားနော် ၊ ချန်းဧကရာဇ်ရဲ့အဆက်အနွယ်တွေဆီက လာတဲ့သတင်းက တကယ်မှန်တယ်”

ကျန်းစုရန်၏မျက်ဝန်းများက အာရုံစူးစိုက်သွားပြီး သူ၏လက်နှစ်ဖက်ကိုယှဉ်လိုက်ပြီးမှ လက်ဖဝါးတစ်ဖက်က ရွှေရောင်နေဝန်းကို ရိုက်ချလိုက်ပြီး ကျန်လက်ဖဝါးတစ်ဖက်က ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကို ရိုက်ချလိုက်သည်။

“မြင့်တက်စမ်း...”

ရန်ကျောက်ကဲက အော်ဟစ်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို သူ့လက်ဖဝါးထက်တွင်ပင့်မြှောက်လိုက်ရာ နေရောင်ခြည်က လွင့်ပျံလာသည်။

နေဝန်းကြီးက ကောင်းကင်ယံထက်မြက့်တက်လာပြီး မြေပြင်တစ်ခွင်လွှမ်းခြုံလျှက် မီးများတောင်လောင်လျှက်ရှိသော ဝူထုန်ရတနာသစ်ပင်ကို ဖိနှိပ်လိုက်သည်။

ထို့နောက်မှာတော့ ရန်ကျောက်ကဲက တိမ်လွှာအလင်းဓားကိုအသုံးပြုလျှက် စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ထုတ်ဖော်ကာ ကျန်းစုရန်ကို ထိုးနှက်လိုက်၏။

“ဒီဓားက သတ်ဖြတ်လိုတဲ့အငွေ့အသက် ဘယ်လောက်တောင်ကြီးမားလိုက်လဲ”

ရန်ကျောက်ကဲ၏ဓားသိုင်းကိုမြင်တော့ ကျန်းစုရန် မျက်မှောင်ကြုံ့ရင်းတွေးလိုက်ရင်း သူ့ထံသို့သက်ဆင်းလာသော ထူးကဲယန်စည်းတံဆိပ်ကို လက်တစ်ဖက်ဖြင့် ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

ကျန်လက်တစ်ဖက်ကတော့ ဦးတည်ချက်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းကို ပိတ်ဆို့ရန် မတတ်နိုင်တော့ဘဲ

ရန်ကျောက်ကဲ၏ဓားချက်ကို ခုခံလိုက်ရသည်။

ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်၏တိုက်ခိုက်မှုက ရှေးရိုးဆန်သော်လည်း တကယ်တမ်း တိုက်ပွဲနှင့်ရင်ဆိုင်ရသည့်အခါ ချက်ချင်းတုံ့ပြန်နိုင်စွမ်းမြင့်မားသည်။ သူက တိုက်ပွဲကိုဦးဆောင်ရန်အတွက် ဘယ်သောအခါမှ ဆုံးဖြတ်ချက်တုံ့ဆိုင်းသူတစ်ယောက် မဟုတ်ပေ။

ထိုအချိန် ကျန်းစုရန် ခန္ဓာကိုဘ်တစ်ခုလုံး ခရမ်းရောင်သမာဓိမီးတောက် ၊ သန့်စင်သောရေလှိုင်းသမာဓိမီးတောက် ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်နှင့် မရဏသမာဓိမီးတောက်များဖြင့် ပြည့်နက်လာသည်။

သမာဓိမီးတောက် (၄)မျိုးလုံး ထုတ်ဖော်လိုက်ခြင်းဖြင့် ရန်ကျောက်ကဲ၏ ဓားချက်ကို ခုခံလိုက်နိုင်သည်။

ကျန်းစုရန်က ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းကိုလျစ်လျူရှုလိုက်သည်နှင့် ထိုဝါးကိုင်းက သူ၏ဦးခေါင်းထက်မှ ‘ဇာမဏီသံစဉ်သရဖူ’ ကို ရိုက်နှက်ချလိုက်သည်။

ရန်ကျောက်ကဲက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်နှင့် စွမ်းအားအပြည့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းရှိမရှိ ကျန်းစုရန် သိချင်မိသည်။

သို့ပေသိ ထိုလူငယ်က မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိပေ။

သူက အစိမ်းရင့်ရောင်ဝါးကိုင်းကို လွှဲဖယ်ခြင်းမရှိဘဲ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်‌ဖော်အသုံးပြုလိုက်လိုက်သည်။

လေထဲတွင် လက်ဖဝါးနှစ်ဖက် ဆုံတွေ့သွားကြပြီး နှစ်ယောက်လုံး ခန္ဓာကိုယ်များ တုန်ခါသွားကြသည်။

နတ်ဘုရားသိမြင်ခြင်းအဆင့်ရှိသော ရန်ကျောက်ကဲက တစ်ချက်လေးပင် နောက်ပြန်ဆုတ်သွားခြင်း မရှိပေ။

ရန်ကျောက်ကဲ၏ညာဘက်လက်တွင် တိမ်လွှာအလင်းဓားကို ကိုင်ဆောင်ထားပြီး စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ထုတ်ဖော်ကာ ကျန်းစုရန်ကို အေးဆေးစွာပင် ဆက်လက်တိုက်ခိုက်လိုက်သည်။

တောက်ပနေသည့်မီးလျှံ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ကျန်းစုရန်၏ခန္ဓာကိုယ်ကိုကာကွယ်ပေးထားသည်။ သို့သော် ပြင်းထန်ရက်စက်သော ခရမ်းနီရောင်ဓားအလင်းတန်း၏တိုက်ခိုက်မှုအောက်တွင် တောက်ပနေသာ မီးလျှံက မခံရပ်နိုင်စွာ အက်ကွဲသွားသည်။

ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်က ကောင်းကင်တစ်ခွင်လုံးပြည့်နက်သွားပြီး သန့်စင်သောရေလှိုင်းသမာဓိမီးတောက်က အက်ကွဲသွားသောမီးလျှံများကို ပြန်လည်ပြုပြင်လျှက် ဓားအလင်းတန်းကို တွန်းလှန်လိုက်သည်။

ခရမ်းရောင်သမာဓိမီးတောက်ကတော့ ကြောက်မက်ဖွယ်ရာဓားအလင်းတန်းမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ငြိမ်းသတ်သွားစေသည်။

ထိုခဏတွင် ပေါက်ကွဲထွက်လာသည့် နဂါးသွေးများက ရှင်သန်ခြင်းမှ သေခြင်းတရားအဖြစ်ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များက တစ်ဖန်ပြန်လည်မြင့်တက်လာကာ မြင်သာထင်သာ ထွက်ပေါ်လာပြန်၏။

တစ်ဖက်က အပြင်းအထန် ထိုးစစ်ဆင်ထားပြီး ကျန်တစ်ဖက်ကတော့ တင်းတင်းကျပ်ကျပ် ခုခံသည်။ ထို့ကြောင့် သူတို့နှစ်ယောက်တိုက်ပွဲက မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေ၏။

တိုက်ခိုက်နေရင်းဖြင့်ပင် ကျန်းစုရန်၏ ဦးခေါင်းထက်၌ ထူးကဲယန်စည်းတံဆိပ်၏ဖိအားကို အာရုံစိုက်နေရသော်လည်း သူက အမတကူပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်လေရာ သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ဇာမဏီသံစဉ်သရဖူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိသည်။

သို့သော် ရန်ကျောက်ကဲကတော့ နတ်ဘုရားသိမြင်ခြင်းအဆင့်သာရှိသေးသဖြင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏ စွမ်းအားကို အပြည့်အဝ ထုတ်‌ဖော်နိုင်ခြင်း မရှိရုံသာမက သူအသုံးပြုသည့် လက်နက်နှင့် ဓားသိုင်းပညာမှာလည်း လိုက်ဖက်ခြင်း မရှိလှပေ။

ထိုအချိန်...

ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် အနီရောင် ၊ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ ရုတ်တရက် လင်းလက်သွားကာ တိမ်လွှာအလင်းဓား၏အလင်ရောင်က တဖြည်းဖြည်းပြောင်းလဲသွားသည်။

မူလက ရေကဲ့သို့ကြည်လင်ပြီး အချိန်ရေစီးကြောင်းနှင့်ဆင်တူသည့် တိမ်လွှာအလင်းဓားသည် ယခု သွေးနီရောင်စွန်းထင်းသော အလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံသွားသည်။

အဆုံးမရှိသော အချိန်ရေစီးကြောင်းက ယခုတော့ သွေးနီရောင်လုံးလုံး ပြောင်းလဲသွားသည်။ အချိန်စီးကြောင်းထဲမှ မရေမတွက်နိုင်သော သက်ရှိပုံစံများအားလုံး ပျက်သုဉ်းပျောက်ကွယ်သွားကြသည်။

အချိန်ကာလအဆုံးသတ်သွားသည့်အခါ သက်ရှိပုံစံများအားလုံး သုတ်သင်ရှင်းလင်းသွားပြီး မရှိမှုတရားသာလျှင် ကျန်ရစ်ခဲ့သည်။

ချက်ချင်းပင် ရန်ကျောက်ကဲက စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို တိမ်လွှာအလင်းဓားဖြင့်ပေါင်းစပ်ထုတ်ဖော်လိုက်ပြီး  သတ်ဖြတ်လိုသည့်အငွေ့အသက်များက တစ်ဖန်ပြန်လည် မြင့်တက်လာသည်။

“သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေက အချိန်စက်ဝန်းထဲမှာတောင် နစ်မြုပ်နေပြီလား”

ကျန်းစုရန်က ပြောင်းလဲသွားသော ခြိမ်းခြောက်မှုကို ချက်ချင်းသတိပြုမိလိုက်မိပြီး မည်သို့မှမတတ်နိုင်စွာ နောက်သို့ဆုတ်လိုက်ရသည်။

ခရမ်းရောင်သမာဓိမီးတောက်က တောက်ပလာပြီး မရဏသမာဓိမီးတောက်က မြင့်တက်လာကာ ကျန်းစုရန်က ရန်ကျောက်ကဲ၏ဓားချက်ကို ရှောင်တိမ်းလိုက်၏။

သို့သော် သူနောက်ဆုတ်လိုက်သည်နှင့် သူ့ခေါင်းပေါ်တွင်ရှိနေသည့် ရွှေရောင်နေဝန်းက ရုတ်တရက် ကျဆင်းလာသည်။

ကျန်းစုရန် ခဏမျှတုံ့ဆိုင်းသွားပြီး သူ၏ဘယ်ဘက်လက်ကိုအသုံးပြုကာ ကျဆင်းလာသည့် ရွှေရောင်နေဝန်းကြီးကို ပိတ်ဆို့လိုက်သည်။

သူ တုံ့ဆိုင်းသွားသည်နှင့် ရန်ကျောက်ကဲ၏ဓားချက်က သူ့ထံသို့ ဝင်ရောက်လာပြန်၏။

သို့သော် ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲက လက်ကိုဝှေ့ယမ်းလိုက်ရာ တိမ်လွှာအလင်းဓားက သူ့လက်ထဲမှ ပျံသန်းထွက်ခွာလာပြီး သွေးနီရောင်သက်တံ့တစ်စင်းအဖြစ်ပြောင်းလဲကာ ကျန်းစုရန်၏ဦးခေါင်းထက်မှာ ဇာမဏီသံစဉ်သရဖူကို  ချိန်ရွက်ထိုးနှက်ချလိုက်သည်။

ကျန်းစုရန်အား ထူးကဲယန်စည်းတံဆိပ်က ချုပ်နှောင်ထားသဖြင့် ရှောင်တိမ်းရန်ခက်ခဲသွားပြီး ဝင်ရောက်လာသော တိမ်လွှာအလင်းဓာကို သူ၏ညာလက်ဖြင့်သာ တားဆီးနိုင်ခဲ့သည်။

သို့သော် ရန်ကျောက်ကဲက ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ထပ်မံထုတ်ဖော်လိုက်သောအခါ သူ၏လက်ဖဝါးထက်မှ ယင်နှင့်ယန်တို့က အရာအားလုံးကို ချေမှုန်းပစ်နိုင်သော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ကြီးမားသောစုပ်ယူစွမ်းအား ဖြစ်တည်လာကာ ကျန်းစုရန်၏ ညာဘက်လက်အား အဝေးသို့ရောက်သွားစေရန် ဖိအားပေးလိုက်သည်။

ကျန်းစုရန်မှာ ရှောင်တိမ်းမရတော့ဘဲ ခေါင်းကိုအနည်းငယ် စောင်းလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

တိမ်လွှာအလင်းဓားမှ ဖန်ဆင်းထား‌သော သွေးနီရောင်သက်တံ့က လေထဲတွင် လှပသည့်အကွေ့အဝိုက်တစ်ခုအဖြစ်ပြောင်းလဲသွားကာ ကျန်းစုရန်၏ဦးခေါင်းထက်မှ ဇာမဏီသံစဉ်သရဖူထံသို့ ဝင်ရောက်သွားသည်။

ကျန်းစုရန်၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ရန်ကျောက်ကဲ၏ တိမ်လွှာအလင်းဓားဖြင့် တိုက်ခိုက်ခံရပြီးနောက် သူ့စိတ်ထဲ မကောင်းသောအငွေ့အသက်များ ထင်ဟပ်လာသည်။

ဟုတ်ပေ၏။

ထို့နောက်မှာတော့ ရန်ကျောက်ကဲလက်ထဲတွင် ဧရာမကျောက်စိမ်းပုဆိန်ကြီးတစ်လက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူက ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျန်းစုရန်ကို ခါးလယ်မှ ခုတ်ပိုင်းချလိုက်သည်။

တိုက်ပွဲကြည့်ရှုနေသူများ၏ မျက်လုံးထဲတွင် ကျောက်စိမ်းဖြူဖြင့်ပြုလုပ်ထားသော ပုဆိန်ကြီးက မိုးမြေတစ်ခွင်လင်းလက်သွားပြီး မြင့်မားသော ဝူထုန်ရတနာသစ်ပင်၏ ပင်စည်ကို ခုတ်ပိုင်းချလိုက်ကြောင်း တွေ့မြင်လိုက်ရသည်။

ဤတိုက်ခိုက်မှုအောက်တွင် မိုးမြေတစ်ခွင် မြင့်မားစွာတည်ရှိနေသော ဝူထုန်သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။

မရေမတွက်နိုင်သော အကိုင်းအခက် အရွက်များ ကြွေကျကာ ကောင်းကင်ထောက်တိုင်ပမာ သစ်ပင်ကြီး၏ ပင်စည်မှာ အနည်းငယ် တိမ်းစောင်းသွားသည်။

ရန်ကျောက်ကဲ၏ မိုးမြေပြောင်းပြန်ပုဆိန်ကိုကြည့်ရင်း အမြဲတမ်းတည်တည်ငြိမ်ငြိမ်ရှိသူ ကျန်းစုရန်မှာ မည်သို့မှမတတ်နိုင်စွာ စိတ်ဓာတ်ကျသွားသည်။

ထူးကဲယန်စည်းတံဆိပ်နှင့် တိမ်လွှာအလင်းဓားအပြင် ထူးဆန်းသော အစိမ်းရင့်ရောင်ဝါးကိုင်းကို ပိုင်ဆိုင်ရုံသာမက တတိယတန်းစား မှော်ဝင်လက်နက်တစ်ခု ရှိနေသေးသည်လား။

အနှီကောင်လေးသည် ရတနာပစ္စည်းအစုအပုံဖြင့် သူတို့ကို ဖိသတ်ရန် စီစဉ်နေပါသလား။

သို့သော် ပြဿနာမှာ ကျန်းစုရန်က အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲကတော့ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သာ ဖြစ်နေခြင်းပင်။

ကျန်းစုရန်သည်ပင် အချိန် ၊ အတွေ့အကြုံ ၊ ကျင့်ကြံခြင်းအဆင့်နှင့် တန်ခိုးစွမ်းအားများပေါင်းစပ်ကာ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုတည်ပိုပြီး ပြုလုပ်ရန် မဖြစ်နိုင်ခဲ့ပေ။

သူ့ကိုကန့်သတ်ထားသည့် အဓိကပြဿနာက ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှု ဖြစ်သည်။

သို့ပေသိ သူ့အရှေ့မှ ရန်ကျောက်ကဲကတော့ အမတကူးပြောင်းခြင်းအဆင့်သို့ပင် မရောက်ရှိသေးဘဲ ခေါင်းအစ ခြေအဆုံး ရတနာပစ္စည်းများ ကိုင်ဆောင်ထားသည် မဟုတ်လား။

ယခုအချိန်တွင် ကျန်းစုရန်မှာ စိတ်ပျက်သည်ဆိုခြင်းထက် အဓိပ္ပါယ်မဲ့ည်ဆိုသော ခံစားချက်ကို ပိုမိုခံစားနေရသည်။

စိတ်ဓာတ်ကျလွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်ရလေသည်။

All Chapters