← Chapters

ပြိုင်ဘက်ကင်းပါရမီရှင်

Vol. 70 Ch. 984

ပြိုင်ဘက်ကင်းပါရမီရှင်

Vol. 70 Ch. 984

အခန်း (၉၈၄) ပြိုင်ဘက်ကင်းပါရမီရှင်

ရန်ကျောက်ကဲက ကျန်းစုရန် ဘာတွေးနေသည်ကို အရေးမစိုက်ပေ။

သူက ပုဆိန်ဖြင့် ပြင်းထန်စွာခုတ်ပိုင်းချလိုက်တော့ ဝူထုန်သစ်ပင်ကြီး ပြိုလဲကျလုနီးပါး ဖြစ်သွားသည်။

ကျန်းစုရန်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါးဖြစ်သွားသည့်တိုင် လက်ရှိမှာတော့ အံတင်းတင်းကြိတ်ထားရုံသာ တတ်နိုင်၏။

သူ၏တန်ခိုးစွမ်းအားက ယာယီပေါက်ကွဲထွက်သွားပြီး ထူးကဲယန်စည်းတံဆိပ်က အဝေးသို့ လွင့်ထွက်သွားသည်။

ထို့နောက်သူက လက်ဖဝါးနှစ်ဖက်ကိုယှက်လိုက်ပြီး တိုက်ကွက်ကိုပြောင်းလဲလိုက်ကာ တိုက်စစ်ဆင်ခြင်းမရှိတော့ဘဲ ခံစစ်အနေအထား ပြောင်းလဲလိုက်၏။

ကောင်းကင်ထက်သို့ မျှော်စင်ကြီးပမာမြင့်တက်နေသည့် ဝူထုန်ရတနာသစ်ပင်သည် ယခု ပိုပြီးမြင်သာထင်သာရှိလာကာ အလင်းတန်းတစ်ခုပမာ ကောင်းကင်ထက်သို့ ပစ်လွှတ်ဝင်ရောက်သွားသည်။

ထိုခဏတွင် ဤ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သိုင်းသူတော်စင်သည် မြင့်မားသောသစ်ပင်ကြီးအဖြစ် အပြည့်အဝ ပြေင်းလဲသွားပုံရသည်။

ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်က သူ၏ခြေ‌ထောက်အောက်တွင် ထွက်ပေါ်လာပြီး ဟောက်လင်တောင်တန်းတစ်ခုလုံးကိုလွှမ်းခြုံကာ မြေပြင်တစ်ခုလုံးနှင့် ချိတ်ဆက်သွားသည်။

သန့်စင်သောရေလှိုင်းသမာဓိမီးတောက်က ဝူထုန်သစ်ပင်၏ခြေရင်းတွင် ထာဝရစီးဆင်းနေသည့်ပမာ ဖြစ်သည်။

ခရမ်းရောင်သမာဓိမီးတောက်က သစ်ပင်၏ အကိုင်းအခက် အရွက်များထက်၌ တောက်ပနေပြီး မရဏသမာဓိမီးတောက်က သစ်ပင်ထိပ်ဖျားတွင် လွင့်မျောလျှက် ရှိသည်။

ယခု ကျန်းစုရန်က သူ၏ခံစစ်စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။

ဝူထုန်နတ်လက်ဝါးသိုင်းနှင့်တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်ပြီး ခုခံရန်အပြည့်အဝ မြှုပ်နှံထားသည်။ ဤသည်က ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်း၏ နံပါတ် (၁) ခုခံအားအကောင်းဆုံး သိုင်းပညာပင် ဖြစ်၏။

ဝူထုန်တောင်စောင်းမှ နဝမအဆင့် သိုင်းသူတော်စင်က အကြီးမြတ်ဆုံးခံစစ်စွမ်းအားကို ထင်ရှားပေါ်လွင်စေခဲ့သ်ည။

ထို့ကြောင့် ရန်ကျောက်ကဲ၏ ပုဆိန်ဖြင့် ချိုးဖျက်ခံရသောအခါ ဝူထုန်ရတာသစ်ပင်သည် ထိခိုက်သွားခြင်းမရှိဘဲ မားမားမတ်မတ်ရပ်တည်နေခဲ့၏။

“တကယ်ထူးခြားတာပဲ”

ရန်ကျောက်ကဲမျက်ဝန်းများတောက်ပသွားပြီး သူက မိုးမြေပြောင်းပြန်ပုဆိန်ကိုသိမ်းဆည်းလိုက်ကာ ဓားတိုတစ်လက်နှင့်ဆင်တူသည့် စည်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ဒါကိုမြင်တော့ ကျန်းစုရန်က မချိပြုံးပြုံးလိုက်ရင်း...

“နောက်ထပ် အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုလား...”

အတိအကျဆိုရသော ထိုရတနာပစ္စည်းက ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ဖြစ်သည်။

ရန်ကျောက်ကဲက ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို ဓားတစ်လက်ပမာကိုင်ဆောင်ပြီး ကျန်းစုရန်ဆီသို့ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းအသုံးပြုကာ ထပ်မံတိုက်ခိုက်လိုက်သည်။

ကျန်းစုရန်မှ အသွင်ပြောင်းထားသော ဝူထုန်ရတနာသစ်ပင်ထက်သို့ ဓားစည်းတံဆိပ်ကျရောက်လာသည်နှင့် ရက်စက်ကြမ်းတမ်းသော ဓားအလင်းတန်းများထွက်ပေါ်လာပြီး ဧရာမမိုးမျှော်သစ်ပင်ကြီးကို တုန်ခါသွားစေသည်။

ဓားအလင်းတန်းများထွက်ပေါ်လာသည်နှင့် သစ်ပင်၏မျက်နှာပြင်က တုန်လှုပ်စရာကောင်းစွာ ညှိုးသွေ့ခြောက်ခမ်းသွားသည့် လက္ခဏာများ ပြသလာသည်။

ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်က အောက်ဘက်သို့ဆင်းသက်လာပြီး ပင်စည်ထက်မှ ညှိုးနွမ်း‌နေသောလက္ခဏာများအားလုံးကို အဆုံးမဲ့အာဟာရများပေးစွမ်းကာ အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာစေသည်။

သို့သော်လည်း မကြာမီပင် ဓားအလင်း၏ တိုက်ခိုက်မှုကြောင့် သစ်ပင်၏ ပင်စည်သည် တစ်ဖန်ပြန်လည် ညှိုးနွမ်းသွားပြန်သည်။

နှစ်ဦးနှစ်ဖက်တိုက်ခိုက်မှုက လက်ရည်ညီလျှက် ရှိကြသည်။

ရန်ကျောက်ကဲက လုံးဝထိတ်လန့်တုန်လှုပ်ဟန်မပြဘဲ ကျန်းစုရန်သာလျှင် ရင်ထဲတွင် လေးလံလာသည်။

စောစောက သူရုန်းထွက်ရန် မတတ်နိုင်လောက်အောင် ပြင်းထန်လွန်းသော ထူးကဲယန်စည်းတံဆိပ်က အောက်သို့ နောက်တစ်ကြိမ် ထပ်မံကျဆင်းလာပြန်သည်။

ရွှေရောင်နေဝန်းကြီးက တိမ်တိုက်များအလယ်မြင့်တက်နေသော ဝူထုန်ရတနာသစ်ပင်ကြီးထံ ပစ်မှတ်ထားဆင်းသက်လာသည်။

ဝူထုန်သစ်ပင်ထက်တွင် ဇာမဏီငှက် နားခိုသည်ကို တစ်လောကလုံး သိရှိကြသည်ပင်။

ယခုတော့ ကောင်းကင်ထက်မှ ရွှေရောင်ကျီးကန်းတစ်ကောင်က ဝူထုန်သစ်ပင်ထက်သို့ ဆင်းသက်ရန် ကြိုးစားနေသည်။

ထိုဖြစ်ရပ်ကြောင့် ဇာမဏီငှက် ကျေနပ်ပါမည်လား ၊ ဝူထုန်သစ်ပင်ကရောကျေနပ်ပါမည်လားဆိုသည့်အချက်က အရေးမကြီးပေ။

ရတနာသစ်ပင်ကြီးတစ်ခုလုံးက မီးတောက်များဖြင့် ရစ်ပတ်နေသော်လည်း ထိုသစ်ပင်ကြီးက မီးတောက်မီးလျှံများကို ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ်ပိုင်မီးတောက်များကိုပင် ထုတ်လွှတ်လိုက်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ တောက်လောင်ပူပြင်းလွန်းသောနေရောင်ခြည်၏ မြှိုက်ကင်မှုအောက်တွင် အသက်ဝင်နေသော ဝူထုန်သစ်ပင်၏ အကိုင်းအခက်များမှာ ခြောက်သွေ့ညှိုးနွမ်းမည့် အရိပ်အယောင်များ ယောင်ဝါးဝါး ပေါ်လွင်လာသည်။

ယွမ်ရှန်းချန်မှာ ပရိတ်သတ်အဖြစ်ကြည့်မနေနိုင်တော့ဘဲ မီးလျှံဇာမဏီငှက်အဖြစ်ပြောင်းလဲကာ ဝူထုန်သစ်ပင်၏ ထိပ်ဖျားသို့ ပျံသန်းထွက်ခွာသွားသည်။

ယခု ဇာမဏီငှက်က သူ၏အသိုက်အမြုံကိုသိမ်းပိုက်လိုသော ရွှေရောင်ကျီးကိန်ကိုနှင်ထုတ်ရန် မဆုတ်နစ် ကြိုးစားလာသည်။

ယွမ်ရှန်ချန်က ဝူထုန်သစ်ပင် အကိုင်းအခက်များကြား ရောက်ရှိသည်နှင့် ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ကို အောက်သို့ပစ်ချလိုက်ပြီး ထိုရတနာပစ္စည်းအား ကျန်းစုရန် အသုံးပြုနိုင်ရန် ပေးအပ်လိုက်သည်။

သို့သော် ကျန်းစုရန်က ထိုပစ္စည်းကို အသုံးမပြုခဲ့ပေ။

လက်ရှိအချိန်တွင် သူ့ကိုယ်သူ ခုခံပြီးထွက်ခွာသွားရန် သူက ကြိုးစားနေသည်ဖြစ်ရာ ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ကို ကိုင်ဆွဲလိုက်မည်ဆိုပါက ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်ခြင်းကို အကြောင်းမဲ့ ခံစားရပေဦးမည်။

ဤခဏတွင် ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲက သူ့ကိုယ်သူတည်ငြိမ်အောင်ကြိုးစားလိုက်ရင်း ရန်ကျောက်ကဲကို သေသေချာချာလေ့လာအာရုံစိုက်ကာ သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ကြိုးစားနေသည်။

ရန်ကျောက်ကဲက တာအိုဆရာတုန်းချွမ် ၊ ကျောက်ကျန် ၊ ယွမ်ရှန်းချန်တို့နှင့် ကြီးမားသည့်တိုင်ပွဲကြီးတစ်ခု ရင်ဆိုင်ပြီးသည့်တိုင် အေးဆေးစွာ ကျန်းစုရန်နှင့် ဆက်လက်တိုက်ပွဲဝင်နေဆဲပင်။

ဤသို့သောတိုက်ပွဲများ ဆက်တိုက်ရင်ဆိုင်ရလျှင် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်ကိုမဆိုနှင့် ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် အတော်များများသည်ပင် အားအင်ကုန်ခမ်းခြင်းကို ခံစားရနိုင်သည်။

သို့ပေသိ ရန်ကျောက်ကဲကတော့ ယခင်ကထက်ပိုပြီး အသက်ရှူသံလေးလံထင်ရှားလာသည်မှလွဲပြီး အရာအားလုံးက ပုံမှန်အတိုင်းပင် ရှိသည်။

အဖြူရောင်နှင့် အနက်ရောင် ယင်နှင့်ယန် ချီစွမ်းအားများကို သူက အဆက်မပြတ် ရှူသွင်း ရှူထုတ် ပြုလုပ်နေသည်။

သူက ကျန်းစုရန်ကဲ့သို့ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်တိုင် တည်ငြိမ်ပြီး အသက်ရှူသံစည်းချက်က မှန်ကန်နေဆဲဖြစ်ကာ တစ်ချက်တုန်လှုပ်သွားခြင်း မရှိသေးပေ။

ကြက်သွေးရောင် ၊ အဖြူရောင် ၊ အစိမ်းရောင် ၊ အနီရောင်နှင့် အနက်ရောင် ရောင်စဉ် (၅)မျိုးက ရန်ကျောက်ကဲ၏ရင်ဘတ်ထက်တွင် အဆက်မပြတ် လှည့်ပတ်နေသည်။

သူ့နဖူးထက်တွင် လည်ပတ်နေသည့် ထိုက်ကျကားချပ်တစ်ခု ရံဖန်ရံခါပေါ်လာသည်ကိုလည်း တွေ့မြင်ရသည်။

ဒါကိုမြင်တော့ ကျန်းစုရန် ပို၍ပင် အံ့အားသင့်သွားပြီး...

“ဒီကောင်လေး အရမ်းအစွမ်းထက်တာ မအံ့သြတော့ပါဘူး ၊ သူက ထိပ်တန်းသိုင်းပညာတွေ ဘယ်နှစ်ခုတောင် သင်ယူထားတာလဲ”

ကျန်းစုရန်က ရန်ကျောက်ကဲနှင့် သူသေကိုယ်သေတိုက်ပွဲဆင်နွှဲမည်ကိုစိုးရိမ်သဖြင့် ကျန်းစုရန်က အလျင်အမြန် သတိပေးလိုက်သည်။

“ဆရာဦးလေး... ဒီကောင်လေးက ယွိချင်အဆအက်အနွယ် ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်ထဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျင့်ကြံထားတယ် ၊ ပြီးတော့ နှောင်းပိုင်း ကောင်းကင်ကျမ်းစာတွေထဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနဲ့ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာတွေကိုလည်း တတ်ကျွမ်းတယ်”

ကျန်းစုရန်က...

“ဒီအဘိုးကြီး သိပါတယ် ၊ အဲဒါတွေအပြင် ထာဝရအလင်းကောင်းကင်ကျမ်းစာကိုတောင် တတ်ကျွမ်းနိုင်တယ် ၊ ပြီးတော့ မြောက်ဖေးတောင်ထွတ်နဲ့ သက်ဆိုင်သလားဆိုတာမသိပေမယ့် သူက ထိုက်ချင်အဆက်အနွယ် ရှန်းထျန်းဝူထိုက်က ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုလည်း တတ်ကျွမ်းသေးတယ်”

ကျန်းစုရန် ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း...

“ဒီကောင်လေးက အလွန်ဆုံးမှ အသက်ဘယ်လောက်ရှိဦးမှာတဲ့လဲ”

ထိပ်တန်းအဆင့် သိုင်းပညာရပ်များကို ကျင့်ကြံသူဆိုရာတွင် နက်နဲသည့်သိုင်းပညာကို ကျင့်ကြံလေ အတွင်းမှ အဓိပ္ပါယ်ကို နားလည်ရန် အချိန်ယူကြိုးစားရသဖြင့် အမြင့်သို့ရောက်ရန် ပိုမိုကြိုးစားရလေ ဖြစ်သည်။

စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းတို့ကဲ့သို့ ထိပ်တန်းသိုင်းပညာများကို ကျင့်ကြံမည်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပညာရပ်တစ်ခုကိုပင် တစ်သက်တာလုံး ကျင့်ကြံ၍ပြီးဆုံးနိုင်မည် မဟုတ်ပေ။

ထိုပညာရပ်များကို လုံလောက်သည့်အချန်နှင့် ကြိုးစားအားထုတ်မှု အသုံးပြုကျင့်ကြံမည်ဆိုလျှင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သို့သော် သူတို့ရှေ့မှလူငယ်ကတော့ ထိုသို့သော နက်နဲသည့်သိုင်းပညာရပ်များစွာကို အသက်ငယ်ငယ်ဖြင့် တတ်မြောက်ထားလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားခြင်း မရှိခဲ့ပေ။

ဤသို့ပြုလုပ်နိုင်ရန်က နိယာမအရခိုင်လုံသည့်တိုင် လက်တွေ့မှာတော့ ခက်ခဲလွန်းသည်။

ရန်ကျောက်ကဲက မည်သို့အောင်မြင်ခဲ့ပါသနည်း။ ယုံကြည်ရန်ခက်ခဲသည်ဟု သူတို့အားလုံး ခံစားနေကြရသည်။

ကျန်းစုရန်သည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် နှစ်ပေါင်းများစွာ စိုးစံခဲ့သည်ကို မပြောနှင့် ၊ ယွမ်ရှန်းချန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ် ခေါင်းတစ်လုံးသာသူထက်ပင် ပိုမိုနာမည်ကြီး ကျော်ကြားသူ ဖြစ်သည်။

သူ့ဘဝတွင် မရေမတွက်နိုင်သည့် ပါရမီရှင်များစွာကို တွေ့ကြုံခဲ့ရသော်လည်း ဤရန်ကျောက်ကဲကတော့ သူ၏အတွေးအမြင်များကို မယုံကြည်နိုင်လောင်အောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

အမှန်တော့ ယွမ်ရှန်းချန်၏ အရည်အချင်းကို အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှ လူများသည်ပင် အားကျလေးစားခဲ့ကြရသည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် မတက်ရောက်သေးသည့်တိုင် သူက သမာဓိမီးတောက် (၄)မျိုးကို ကျင့်ကြံနိုင်ပြီး ဝူထုန်တောင်စောင်း၏ အထူးချွန်ဆုံးပါရမီရှင် ဖြစ်လာခဲ့သည်။

ထိုအချက်ကပင် ယွမ်ရှန်းချန်အား အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သို့ လွယ်ကူစွာတက်ရောက်နိုင်ရန် လမ်းခင်းပေးခဲ့သည်။ သူ့တွင် ကျင့်ကြံခြင်းစွမ်းအားစုစည်းမှုလုံလောက်သရွေ့ အဆင့်တက်ရန်မှာ ခက်ခဲသည် မုတ်ပေ။

ယွမ်ရှန်းချန်အား သူ၏ဆရာဖြစ်သူ ကျွမ်းရှန်ကဲ့သို့ လူသားအထွတ်ထိပ်အဆင့်သို့‌ ရောက်ရှိနိုင်သည်ဟု အားလုံးက မျှော်လင့်ထားခဲ့ကြသည်။

ဝူထုန်တောင်စောင်းမှ အခြားသောသိုင်းကျင့်ကြံသူများသည်လည်း ထိုသို့ မဖြစ်ချင်ကြဘူးလား။

သူတို့ ဖြစ်ချင်ကြသည်မှန်သော်လည်း သူတို့ လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ သူတို့အနေဖြင့် ပြေးဖို့မသင်ယူနိုင်ခင် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်းတည်ငြိမ်စွာလျှောက်လှမ်းနိုင်ရန် သင်ယူခဲ့ရသည်။

ယွမ်ရှန်းချန်က အမှန်တကယ်ပင် ထူးချွန်သည့်ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူကြုံတွေ့ခဲ့ရသော ကံကြမ္မာကောင်းကြောင့်သာ သာမန်အဆင့်ကိုကျော်လွန်ပြီး လက်ရှိအမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းပင်။

သို့ပေသိ ယွမ်ရှန်းချန်ကို ရန်ကျောက်ကဲနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ဝူထုန်တောင်စောင်းမှ သိုင်းသမားများအားလုံး အရှက်ကွဲလောက်သည်အထိ တန်ခိုးစွမ်းအားကွာဟချက်က ကြီးမားလွန်းသည်။

ရန်ကျောက်ကဲက ယွမ်ရှန်းချန်ထက် များစွာအသက်ငယ်သည်ကို မဆိုထားနှင့် ၊ သူတို့နှစ်ယောက် အသက်အရွယ်တူညီသည်ဆိုလျှင်ပင် သိုင်းပညာအဆင့်အတန်းကွာဟချက်က အလွန်တရာ ကြီးမားနေဆဲသာပင်။

“စက်ဝန်းသံသရာကောင်းကင်ကျမ်းစာတစ်ခုတည်းကျင့်ကြံထားရင်တောင် သူက သာမန်နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တွေထက် အဆပေါင်းများစွာသာလွန်နေမှာ အမှန်ပဲ”

ကျန်းစုရန်စိတ်ထဲ ရှုတ်ထွေးနေသလို ခံစားလိုက်ရသည်။

“ဒါ့အပြင်မှ ယင်ယန်ကောင်းကင်ကျမ်းစာနဲ့ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုလည်း ကျင့်ကြံထားသေးတယ် ၊ သူက ယွိချင်အဆက်အနွယ်နဲ့ ထိုက်ချင်အဆက်အနွယ်ရဲ့ ထိပ်တန်းအဆင့်သိုင်းပညာတွေကို တပြိုင်တည်း ကျင့်ကြံထားခဲ့တယ် ၊ ဒီတော့ သူ့ရဲ့ချီစွမ်းအားလှည့်ပတ်နိုင်စွမ်းက ဒီအဘိုးကြီးထက်တောင် ပိုပြီးသာလွန်လိမ့်မယ်”

“တကယ်လို့ သူသာ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာပါ ကျင့်ကြံထားမယ်ဆိုရင် ချီစွမ်းအားအနှစ်သာရစုစည်းနိုင်မှုနဲ့ ပြန်လည်အားပြည့်နိုင်စွမ်းကလည်း အရမ်းမြန်မှာပဲ”

ဝူထုန်တောင်စောင်းမှ အကြီးအကဲသည် မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့မြင်ရသည့်အလား ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေမိသည်။

အကယ်၍ သူတွက်ဆထားသလိုသာ ဖြစ်လာခဲ့ပါက ဤတိုက်ပွဲကို ရှုံးနိမ့်သူမှာ သူသာလျှင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

All Chapters