တစ်လမ်းလုံးထိုးဖောက်ထွက်မယ်လို့ ပြောခဲ့တယ်လေ
Vol. 70 Ch. 986
အခန်း (၉၈၆) တစ်လမ်းလုံးထိုးဖောက်ထွက်မယ်လို့ ပြောခဲ့တယ်လေ
ယခု ရန်ကျောက်ကဲက တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တွင် တုန်လှုပ်စရာတိုက်ပွဲတစ်ခုကို ဆင်နြွှခဲ့သည်။
သူက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်သည့်တိုင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။
ပြီးတော့ ငြိမ်းချမ်းရေးတောင်တန်းမှ စက်ဝန်းတောင်တန်းသို့ ပြန်လည်ဆုတ်ခွာသွားသည့် ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့နောက်သို့ ရန်ကျောက်ကဲက စိတ်ပါလက်ပါဖြင့် တစ်လျှောက်လုံးလိုက်ပါသွားခဲ့သည်။
သူတို့နောက်လိုက်လာသူက ရန်ကျောက်ကဲမဟုတ်ဘဲ တခြားသူဆိုလျှင်ပိုကောင်းမည်ဟု ကျန်းစုရန်တို့နှစ်ယောက် တွေးတောမိကြသည်။
သို့တိုင် ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့က သာမန်လူများ မဟုတ်ကြပေ။
ကျန်းစုရန်က အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တွင် အပြောင်မြောက်ဆုံးသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။
ယွမ်ရှန်းချန်ကတော့ အမတကူးပြောင်းခြင်း အလယ်ဆင့် ဖြစ်သည့်တိုင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည့် ထက်မြက်သော ပါရမီရှင်တစ်ယောက် ဖြစ်၏။
သူတို့နှစ်ယောက်လုံးက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းနှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် ဒဏ္ဍာရီသဖွယ် နာမည်ကျော်ကြားသူများသာပင်။
သို့သော် ယနေ့မှာတော့ သူတို့နှစ်ယောက်လုံး ဂုဏ်သိက္ခာကျဆင်းသွားပြီး သူတို့၏ကျော်ကြားမှုများမှာလည်း မြောင်းထဲရောက်သွားပေပြီ။
ရန်ကျောက်ကဲက မဟာခွန်ဖိန်သိုင်းပညာ ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာ ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုသာမက မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည် သိုင်းပညာကိုလည်း ကျွမ်းကျင်သူ ဖြစ်သည်။
ထို့ကြောင့် သူ၏လျှင်မြန်မှုက ကျန်းစုရန်နှင့် ယွမ်ရှန်းချန်ထက် နိမ့်ကျခြင်း မရှိသည်အမှန်ပင်။
ကံကောင်းသည်မှာ ကျန်းစုရန်တို့နှစ်ယောက်က အစစ်အမှန်ဇာမဏီကျမ်းစာကိုကျင့်ကြံပြီး တုန်လှုပ်ဖွယ်ရာ ခံစစ်စွမ်းအားကိုပိုင်ဆိုင်ထားသူများဖြစ်ကြသည်။ ထို့ကြောင့် အဆုံးသတ်မှာတော့ စက်ဝန်းတောင်တန်းဆီသို့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။
သူတို့နောက်သို့လိုက်ပါသွားရင်း စက်ဝန်းတောင်တန်းပတ်ဝန်းကျင်သို့ရောက်သည့်အခါ ရန်ကျောက်ကဲ၏စိတ်က ရုတ်တရက် တုန်ခါသွားသည်။
ထိုခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသော အလင်တးန်းများက သူ့အရှေ့မိုးမြေတစ်ခွင်တွင် ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ရာအလင်းတန်းများကြားတွင် မီးများတောက်လောင်နေသည့် ဝူထုန်သစ်ပင်များက မြေပြင်ထက်မှ ထွက်ပေါ်လာပြီး ကောင်းကင်နေရောင်ကိုလွှမ်းခြုံသည်အထိ မြင့်မားလာကာ ဝူထုန်သစ်တောကြီးတစ်ခု ထွက်ပေါ်လာသည်။
ဝူထုန်တောအုပ်အတွင်းမှ ဇာမဏီအော်မြည်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ထိုအသံများက စူးရှခြင်းမရှိသော်လည်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့ ဝူထုန်တောအုပ်အတွင်းဝင်ရောက်လာပြီးနောက် သူတို့၏တန်ခိုးစွမ်းအားရောင်ဝါက ချက်ချင်းဆိုသလို ပြောင်းလဲသွားကြသည်။
တောင်လောင်နေသောမီးတောက်မီးလျှ့များက ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားပြီး ပင်လယ်လှိုင်းလုံးများပမာ ရန်ကျောက်ကဲထံသို့ ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲက ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်နှင့် ထူးကဲယန်စည်းတံဆိပ်ကိုအသုံးပြုကာသူ့အရှေ့မှ မီးတောက်ပင်လယ်ကို တားဆီးလိုက်သည်။
လှမ်းကြည့်လိုက်တော့ ဝူထုန်သစ်ပင်ကြီးအဖြစ် ဖန်ဆင်းစဉ် သူ၏ဓားချက်ထိမှန်ခဲ့သော ကျန်းစုရန်၏ပခုံးထက်မှဒဏ်ရာက တဖြည်းဖြည်းပြန်လည်သက်သာလာသည်ကို တွေ့မြင်လိုက်ရ၏။
ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းက ထက်ရှပြီး အလွန်အမင်းပြင်းထန်သလို ချီစွမ်းအားပြတ်တောက်ခြင်းနှင့် သေခြင်းတရားကို ပြောင်းပြန်လှည့်ပတ်ကာ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများအပေါ်တွင် ဖိနှိပ်နိုင်စွမ်း သက်ရောက်စေသည်။
ကျန်းစုရန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ရန်ကျောက်ကဲ၏ဓားချက်ထိမှန်ခံရသည်နှင့် သူ၏ဒဏ်ရာက ပြန်လည်သက်သာခြင်း မရှိခဲံပေ။
သူက အခြေအနေကို တည်ငြိမ်အောင်ထိန်းထားနိုင်သဖြင့် ဒဏ်ရာက ပိုမိုဆိုးရွားမလာခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ များစွာအချိန်ယူပြီးမှသာ သူ့ဒဏ်ရာက သက်သာလာမည် ဖြစ်သည်။
သို့သော် ကျန်းစုရန်မှာ ရန်ကျောက်ကဲ တောက်လျှောက်လိုက်လာသဖြင့် အသက်ရှူမချောင်ဘဲ ပြေးလွှားနေရသဖြင့် သူ့ဒဏ်ရာက မသက်သာရုံသာမက တဖြည်းဖြည်း ပိုဆိုးလာခဲ့သည်။
သို့ပေသိ ယခု ဝူထုန်တောအုပ်အတွင်းဝင်ရောက်ပြီးနောက်မှာတော့ ကျန်းစုရန်၏ဒဏ်ရာက ချက်ချင်းပြန်လည် ကောင်းမွန်လာခဲ့သည်။
ရန်ကျောက်ကဲ၏ဓားချက်ကြောင့် ဒဏ်ရာတွင် ထင်ကျန်ရစ်သော စိမ်းပြာနဂါးသုတ်သင်ဓားဝိညာဉ်မှာ အရှိန်အဟုန်ပြင်းစွာဖြင့် ဖယ်ရှားခံလိုက်ရသည်။
ရန်ကျောက်ကဲက သူ့အရှေ့မှမြင်ကွင်းကိုကြည့်ရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
ဝူထုန်တောအုပ်မှ သစ်ပင်များသည် အဆုံးမရှိရှည်လျားစွာဖြင့် မီးတောက်မီးလျှံများတောက်လောင်နေကာ ရှင်သန်နိုင်သော အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။
သူ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်း၏ အစစ်အမှန်ဇာမဏီကျမ်းစာကို အတိုင်းအတာတစ်ခုအထိ တန်ပြန်နိုင်ခဲ့ပြီး ထိုကျမ်စာ၏ ထိရောက်မှုစွမ်းအားကို လျော့နည်းစေသည်။
သို့တိုင် အားကြီးသောရေသည် မီးကိုငြှိမ်းသတ်နိုင်သော်လည်း အားကြီးသောမီးသည်လည်း အငွေ့ထွက်ကာ ရေလုံးဝခြောက်သွားစေနိုင်သည် မဟုတ်လား။
“ဟမ်... ဒီအစီအရင်က မဆိုးဘူးပဲ”
ရန်ကျောက်ကဲက ခဏမျှစောင့်ကြည့်ပြီးနောက် ခေါင်းတစ်ချက်ညိတ်ရင်း ဆိုသည်။
မိုးကောင်းကင်ကိုတုန်လှုပ်စေသည့် ဝူထုန်နတ်လက်ဝါးသိုင်းအပြင် ‘ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်’ သည် အစီအရင်ပညာတွင်လည်း အလွန််ကျော်ကြားသည်။
ကျန်းစုရန်က တည်ငြိမ်သည့်သဘာဝရှိသဖြင့် အရှေ့တောင်ပိုင်းမှ သိုင်းသမားများကို တိုက်ခိုက်ရန် နယ်စပ်ဒေသ စောင့်ကြည့်ရန်အတွက် ရွေးချယ်ခံရခြင်းမဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ သူက အစီအရင်ပညာ အလွန်ကျွမ်းကျင်သောကြောင့် ဖြစ်၏။
သူရောက်ရှိလာပြီးနောက်ပိုင်း စက်ဝန်းတောင်တန်းဒေသနယ်နိမိတ်တစ်ခုလုံးတွင် ခုခံကာကွယ်ရေးအစီအရင်များကို အမှန်တကယ်ပင် တင်းတင်းကျပ်ကျပ် ထူထောင်နိုင်ခဲ့သည်။
ဝူထုန်တောအုပ်ထဲတွင်ရှနေသည့် ကျန်းစုရန်နှင့် ယွမ်ရှန်းချန်ကို ရန်ကျောက်ကဲက လှမ်းကြည့်ရင်း...
“ဒီနေရာက အသက်ဓာတ်စွမ်းအားတွေ အရမ်းပြင်းထန်တယ်ဆိုတော့ မင်းရဲ့ဒဏ်ရာတွေ သက်သာလာပြီ ၊ အပြင်ထွက်လာပြီး ငါနဲ့ထပ်တိုက်ပါလား”
ထိုစကားကြားတော့ ကျန်းစုရန်က တည်ငြိမ်စွာဖြင့်...
“မင်း ငယ်ငယ်ကတည်းက အရှေ့တောင်ပိုင်းမှာ မင်းရဲ့အစီအရင်ပညာအောင်မြင်မှုက မြင့်မားတယ်လို့ ပြောကြတယ် ၊ မင်း ဒီအဘိုးကြီးရဲ့ ဝူထုန်ဇာမဏီအစီအရင်ထဲကို ဝင်ရဲသလားတွေးမိတယ်”
ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းတို့နှစ်ယောက်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တွေထဲမှာ အထွတ်ထိပ်တွေပဲမဟုတ်ဘူးလား ၊ အထဲမှာပဲ ပုန်းနေမှာတော့ မဟုတ်ပါဘူးနော်”
ထိုစကားကြားတော့ ကျန်းစုရန်က မျက်နှာတစ်ချက်မပျက်သလို ယွမ်ရှန်းချန်သည်လည်း စကားတစ်လုံးမှ မဆိုပေ။ အနည်းငယ်ပြုံးလိုက်သည်မှလွဲပြီး သူ့မျက်နှာထက်တွင် ရှက်ရွံ့ခြင်းနှင့် ဒေါသတရားများ လုံးဝမတွေ့ရပေ။
ယခင်က ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံကို သူတို့ သေသေချာချာ သိရှိခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ဟောက်လင်တောင်သို့ ရန်ကျောက်ကဲရောက်လာသည်ဟု ယွမ်ရှန်းချန်က သတင်းပို့သည့်အခါ ကျန်းစုရန်က ဟောက်လင်တောင်သို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။
သူက ရန်ကျောက်ကဲကိုဖမ်းဆီးပြီး အရှေ့တောင်ပိုင်းမှ သိုင်းကျင့်ကြံသူများမလှုပ်ရှားနိုင်ခင် စက်ဝန်းတောင်တန်းသို့ လျှင်မြန်စွာပြန်မည်ဟု ရည်ရွယ်ခဲ့သည်။
ဤနေရာကိုစောင့်ရှောက်ရန်က သူ၏တာဝန်ဖြစ်ပြီး ရန်ကျောက်ကဲကို ဖမ်းနိုင်သည်ဖြစ်စေ မဖမ်းနိုင်သည်ဖြ်စစေ ဤနေရာသို့ လျှင်မြန်စွာ ပြန်လာရမည်သာပင်။
ကျန်းစုရန် အစောပိုင်းခန့်မှန်းထားသည့် အဆိုးဆုံးအခြေအနေမှာ ဟောက်လင်တောင်တန်းတွင် ရန်ကျောက်ကဲကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်သွားစေခြင်း ဖြစ်သည်။
ထိုသို့ဖြစ်လာပါက ရန်ကျောက်ကဲကိုလိုက်လံဖမ်းဆီးရန် ယွမ်ရှန်းချန်တို့အုပ်စုကိုချန်ထားခဲ့ပြီး ကျန်းစုရန်ကတော့ စက်ဝန်းတောင်သို့ အမြန်ဆုံးပြန်သွားမည် ဖြစ်၏။
ဟုတ်ပေ၏။
သူရော ယွမ်ရှန်းချန်ပါ ရန်ကျောက်ကဲကို ရှုံးနိမ့်ပြီး ယခုလိုထွက်ပြေးရမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့မိပေ။
ဘာပဲဖြစ်ဖြစ် စက်ဝန်းတောင်တန်းသို့ ပြန်လာရသည့် နောက်ဆုံးရလဒ်က တူညီသည်ဟု ဆိုနိုင်သည်။
ယခု ဤနေရာမှာတော့ ကျန်းစုရန်လုပ်ရမည့်အလုပ်က သူစီစဉ်ထားသည့်အတိုင်း ဖြစ်နေဆဲပင်။
သူက အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းကြား နယ်နိမိတ်ကို အနီးကပ်စောင့်ကြည့်ပြီး အရှေ့တောင်ပိုင်းမှ သိုင်းကျင့်ကြံသူများ ရန်ကျောက်ကဲနှင့် ပူးပေါင်းသွားခြင်း မရှိနိုင်ရန် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားမည် ဖြစ်၏။
လောလောဆယ်မှာတော့ မီးတောက်ဘုရင်ဖန်ဟယ်တို့အုပ်စု ရောက်ရှိလာသည်အထိ စိတ်ရှည်စွာ စောင့်စားရပေလိမ့်မည်။
ရန်ကျောက်ကဲ တန်ခိုးစွမ်းအားက သူတို့ခန့်မှန်းထားသည်ထက် ကျော်လွန်သွားသည်နှင့်အမျှ ဤနေရာကိုကာကွယ်ပြီး စစ်ကူစောင့်ဆိုင်းရန်မှာ ပိုပြီးအခက်အခဲ ရှိလာနိုင်သည်။
ထိုကဲ့သို့သောအခြေအနေမျိုးတွင် ကျန်းစုရန်သည် စွန့်စားမှုပြုလုပ်မည ်မဟုတ်ပေ။
ရန်ကျောက်ကဲက သူ့မျိုးနွယ် (၁၈)ခုကို စော်ကားဆဲဆိုမည်ဆိုလျှင်တောင်မှ ကျန်းစုရန်က ဤအစီအရင်အတွင်းမှ ထွက်ခွာပြီး သူနှင့်ယှဉ်ပြိုင်မည် မဟုတ်ပေ။
“မင်းတတ်နိုင်ရင် အစီအရင်ကိုချိုးဖျက်လိုက် ၊ ငါကတော့ ထွက်လာမှာမဟုတ်ဘူး”
“မင်းငါ့ရဲ့အစီအရင်ကို မချိုးဖျက်နိုင်ရင်တော့ မီးတောက်ဘုရင် ဖန်ဟယ်နဲ့ တောင်ပိုင်းက ထိပ်တန်းအဆင့်ကျင့်ကြံသူတွေ ရောက်လာတဲ့အခါ ငါတို့ပြေလည်သွားလိမ့်မယ် ၊ မင်းကတော့ ကောင်းကင်ဘုံတစ်ခုလုံးနဲ့ ယှဉ်ပြိုင်နိုင်တဲ့အရည်အချင်းရှိရင်တောင် အသက်ရှင်နိုင်မှာမဟုတ်ဘူး”
ဤသည်က ကျန်းစုရန်၏ သဘောထားပင် ဖြစ်၏။
အစောပိုင်းတွင် ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ရသည့်အတွက် ရှက်ရွံ့ခြင်းကိုခံစားရသော်လည်း ယခုတော့ ကျန်းစုရန်၏စိတ်များ ပြန်လည်တည်ငြိမ်သွားပေပြီ။
ဝူထုန်တောင်စောင်း၏ ဝါရင့်အကြီးအကဲ ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်သည် ရန်ကျောက်ကဲကို သူနှင့် အဆင့်အတန်းတူညီသူဟု သတ်မှတ်ထားပြီးဖြစ်ရာ အနည်းငယ်မျှပင် လျှော့မတွက်ရဲတော့ပေ။
ယခုအချိန်တွင် ကျန်းစုရန်သည် သူ့ကိုယ်သူ ခန့်မှန်းခြေကို လျှော့ချပြီး အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်ရန်နှင့် အမှားအယွင်းမရှိစေရန် ကြိုးပမ်းနေသည်။
အခြေအနေကိုအကဲခတ်ရင်း ကျန်းစုရန်စိတ်ထဲ ဘာတွေးနေသည်ကို ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
သူက ပြုံးလျှက် ခေါင်းခါယမ်းရင်း ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။
ဘေးနားတွင်ရှိနေသည့်အားဟူက...
“သခင်လေး ၊ သူတို့ဘာလုပ်နေကြတာလဲ ၊ ကျွန်တော်တို့လိုကျားတွေက အခုမှ လိပ်ကိုကိုက်နေရသလိုဘဲ ၊ ဘယ်နားကိုအစွယ်နဲ့ဖောက်ရမှန်းမသိတော့ဘူး”
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးရင်း...
“မဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“ငါက တစ်လမ်းလုံးထိုးဖောက်ထွက်မယ်လို့ ပြောခဲ့တယ်လေ ၊ ငါ့မှာ ပြင်ဆင်ထားတာမရှိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မလဲ”
ပြောပြီးသည်နှင့် သူ့ပုံရိပ်က တဖြည်းဖြည်းမြင့်တက်လာပြီး သူ၏အမြင်အာရုံသည်လည်း အဆက်မပြတ်ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်မိုးမြေတစ်ခွင်မြင်ကွင်းများက သူ့မျက်ဝန်းထဲဝင်ရောက်လာသည်။
စက်ဝန်းတောင်တန်း၏မြေပြင်အနေအထားက အတော်လေးချောမွေ့ပြီး တောင်တန်းအနေအထားသည်လည်း ငြိမ်းချန်းရေးတောင်တန်းကဲ့သို့ အန္တရယ်များခြင်း မရှိလှပေ။
တောင်ထွတ်များအပြင် ဤနေရာတွင် အာရုံစိုက်ခံရသည့်အရာတစ်ခုရှိနေသည်။
ထိုအရာက ရှည်လျားသည့်မြစ်တစ်စင်းစီးဆင်းနေခြင်းပင် ဖြစ်သည်။