← Chapters

စက်ဝန်းတောင်တန်းမှနေရာကောင်း

Vol. 70 Ch. 987

စက်ဝန်းတောင်တန်းမှနေရာကောင်း

Vol. 70 Ch. 987

အခန်း (၉၈၇) စက်ဝန်းတောင်တန်းမှနေရာကောင်း

အားဟူက ရန်ကျောက်ကဲကြည့်နေသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ကျယ်ပြန့်စွာစီးဆင်းနေသော မြစ်တစ်စင်းရှိနေသည်။

မြစ်ကြောင်းက ပင်လယ်ပြင်ပမာကျယ်ပြန့်ပြီး တွေ့မြင်ရသည့်မြင်ကွင်းက ရင်သပ်ရှုမောလှပလွန်းသည်။

“ဒီမြစ်ကို ‘မင်းဆက်မြစ်’ လို့ခေါ်တယ် ၊ အထက်ဘုံကမ္ဘာမှာ အရမ်းကျော်ကြားတဲ့ ပင်မရေအရင်းအမြစ်တစ်ခုပဲ”

ရန်ကျောက်ကဲက မြစ်ကိုလှမ်းကြည့်ရင်း ဆိုသည်။

“အရှင်တုန်းက ကျင်းထင်တောင်ကလူတွေ ဒီမြစ်အကြောင်းပြောတာ ငါကြားဖူးတယ်”

ဤမြစ်၏မြစ်ဖျားခံရမှာ စက်ဝန်းတောင်တန်းမဟုတ်သလို တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်လည်း မဟုတ်ပေ။ ဤမြစ်၏ မြစ်ဖျားခံရာက မြောက်ပိုင်းတွင်ရှိသော အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်မှ ဖြစ်၏။

အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်မှ အစပြုပြီး အရှေ့တောင်ဘက်သို့ မိုင်ပေါင်းသန်းနှင့်ချီ ဖြတ်ကျော်စီးဆင်းသွားကာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် နေရာများစွာကို ဖြတ်သန်းသွားသည်။

စက်ဝန်းတောင်တန်းသည်လည်း ဤမြစ်ဖြတ်သန်းသွားရာ နေရာများထဲမှ တစ်ခုဖြစ်ပြီး မင်းဆက်မြစ်က စက်ဝန်းတောင်တန်းကို အလယ်မှ နှစ်ပိုင်းခွဲခြားထားသည်။

စက်ဝန်းတောင်တန်းကို ဖြတ်ကျော်စီးဆင်းပြီးနောက် ဤမြစ်ကြီးက တောင်ဘက်သို့ ဆက်လက်စီးဆင်းသွားသည်။

တောင်တန်းများအလယ်မှ ကြီးမားသည့်မြစ်ရေ ဖြတ်သန်းစီးဆင်းသွားခြင်းက စက်ဝန်းတောင်၏ ပင်မသဘာဝ ထင်ရှားမှုတစ်ခုလည်း ဖြစ်သည်။

ဤနေရာက တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်နှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နယ်ခြားဖြစ်ပြီး ကျူတောပင်လယ်ဒေသနှင့် နီးကပ်သည့်အတွက် ရန်ကျောက်ကဲက အ‌တော်လေးအချိန်ပေးကာ မြေပြင်အနေအထား လေ့လာမှုပြုလုပ်ထားခဲ့သည်။

ဤနေရာတွင် လှုပ်ရှားနေကြသော တောင်ပိုင်းဒေသမှ သိုင်းသမားများအပြင် ဤနေရာ မြေပြင်အနေအထားများအားလုံးကို ရန်ကျောက်ကဲက လေ့လာထားခဲ့၏။

ထို့ကြောင့် မင်းဆက်မြစ်၏တည်ရှိမှုကို ရန်ကျောက်ကဲ သိရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှ ပထမဆုံး အနီးကပ်တွေ့မြင်ဖူးခြင်းပင်။

အရှေ့ပိုင်းမှ အဆုံးမဲ့တောင်တန်းတစ်လျှောက် ထိုးဖောက်ထွက်လာစဉ် ရန်ကျောက်ကဲက မည်သည့်ပြင်ဆင်မှုမှ မပြုလုပ်ဘဲ တောက်လျှောက်တိုက်ခိုက်လာခဲ့သည်။

ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ သိုင်းသမားများနှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းသမားအများအပြား စက်ဝန်းတောင်တွင် ခံစစ်အနေအထားရှိနေကြောင်း ရန်ကျောက်ကဲ သိရှိခဲ့သည်။

သို့တိုင် သူက ဤနေရာသို့ ရောက်အောင်လာခဲ့သည်။

စက်ဝန်းတောင်သို့မရောက်မီတွင် အောင်မြင်မှုရရှိရန်အတွက် သူ၏ယုံကြည်ချက်က (၇၀)ရာနှုန်းမှ (၈၀)ရာနှုန်းအထိ ရှိခဲ့သည်ဆိုလျှင် ယခု ဤနေရာသို့ရော်ကလာပြီး ခမ်းနားထည်ဝါသော မြစ်ကြီးကို တွေ့မြင်ရသည့်အခါ သူ၏အောင်မြင်မှုက (၉၀)ရာနှုန်းသေချာနေပြီ ဖြစ်သည်။

ယခု ရှကွမ်းသည်လည်း ရန်ကျောက်ကဲအနားတွင်ရှိနေပြီး အလွန်စိတ်လှုပ်ရှားလျှက် ရှိသည်။

ရန်ကျောက်ကဲက တစ်လမ်းလုံး တောက်လျှောက်ထိုးဖောက်ထွက်မည်ဟု ပြောဆိုစဉ်က ရှကွမ်း အလွန်စိတ်ဓာတ်တက်ကြွနေခဲ့သည်။

သို့သော် လက်တွေ့ဖြစ်ပျက်လာသည့်အရာများကို တကယ်တမ်းရင်ဆိုင်ကြုံတွေ့ရသည့်အခါ ရှကွမ်းမှာ စိတ်လှုပ်ရှားခြင်းပြင် တုန်လှုပ်ခြင်းကိုပါ ပိုပြီးခံစားလာရသည်။

အဆုံးမဲ့တောင်တန်းမှ စတင်ခဲ့သောခရီးစဉ်တွင် တောင်ပိုင်းမှ မရေမတွက်နိုင်သည့် သိုင်းကျင့်ကြံသူများစွာ ရန်ကျောက်ကဲရှေ့မှောက် ကျဆုံးခဲ့ကြရသည်။

ငြိမ်းချမ်းရေးတောင်တ်န်းဒေသတွင် ရန်ကျောက်ကဲကို တိုက်ခိုက်ရန် မဟာမိတ်အင်အား စုစည်းခဲ့ကြသော်လည်း ရန်ကျောက်ကဲက ဟောက်လင်တောင်သို့ ရောက်ရှိလာပြီး သိုင်းဂိုဏ်းတစ်ခုလုံးကို ချေမှုန်းကာ တောင်ပိုင်းမှ သူရဲကောင်းများအားလုံကို ဒရောသောပါး ထွက်ပြေးသွားစေခဲ့သည်။

မဟာမိတ်အဖွဲ့၏ အဋ္ဌမအဆင့် သိုင်းသူတော်စင်များအနက် ယွမ်ရှန်းချန် ၊ ကျောက်ကျန် ၊ တာအိုဆရာတုန်းချွမ်တို့တွင် (၂)ဦးအသက်ပျောက်သွားပြီး ကျန်တစ်ယောက်က ဒဏ်ရာရရှိခဲ့သည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျန်းစုရန်သည်ပင် ရန်ကျောက်ကဲကို အနိုင်မယူနိုင်ဘဲ စက်ဝန်းတောင်သို့ လျှင်မြန်စွာဆုတ်ခွာသွားခဲ့ရပြီး ယခု ဤနေရာရှိ အစီအရင်ထဲတွင် လိပ်လိုပုန်းကာ အပြင်သို့ ထွက်မလာရဲတော့ပေ။

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သည် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူများစွာက သူ့ကိုကြောက်လန့်တုန်လှုပ်လျှက ်ရှိကြသည်။

ဤမျှ တန်ခိုးစွမ်းအားမြင့်မားသော စွမ်းဆောင်ရည်မှာ ရှကွမ်းအတွက် အလွန်ထိတ်လန့်ဖွယ်ရာဖြစ်ပြီးပြားပြားဝပ်ကိုးကွယ်ချင်စိတ်များပင် ဖြစ်လာရသည်။

ဟောက်လင်တောင်ဂိုဏ်းက သုံးပေတောင်နှင့်ယှဉ်လျှင် အနည်းငယ်နိမ့်ပါးသော်လည်း သူတို့သိုင်းဂိုဏ်းနှစ်ခုကြား ကွာဟချက်က သိပ်တော့ကြီးမားသည် မဟုတ်ပေ။

ထိုသိုင်းဂိုဏ်း (၂)ဂိုဏ်းလုံးတွင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ပိုင်ဆိုင်ထားပြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် တစ်ယောက်ထက်မက ရှိကြသည်။

သို့သော် ဤသို့သောသိုင်းဂိုဏ်းတစ်ခု၏တည်ရှိမှုက ငြိမ်းချမ်းရေးတောင်တန်းဒေသ ၊ သို့မဟုတ် ကျူတောပင်လယ်ဒေသ ၊ သို့မဟုတ် ကျောက်စိမ်းလွင်ပြင်ဒေသများတွင် အာဏာဖြန့်ကျက်နိုင်သည့် အထွတ်ထိပ်အဆင့်ဟု မှတ်ယူနိုင်သည်။

သို့ပေသိ ရန်ကျောက်ကဲကတော့ လက်တစ်ဖက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်ပင်။

ဟောက်လင်တောင်မှ တာအိုဆရာတုန်းချွမ်အပါအဝင် အဆင့်မြင့် အကြီးအကဲများအားလုံး ကျဆုံးသွားရပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြ်သော နဂါးအမြီးကြပွတ်သည်ပင် ရန်ကျောက်ကဲလက်ထဲ ရောက်ရှိလာသည်။

ထို့နောက်မှာတော့ ဟောက်လင်တောင်ထွတ်တစ်ခုလုံး ရန်ကျောက်ကဲခြေထောက်အောက်တွင် ပြိုကျအက်ကွဲသွားပြီး ဤကမ္ဘာပေါ်တွင် တည်ရှိခြင်း မရှိတော့ပေ။

တွေးကြည့်ရုံဖြင့်ပင် ရှကွမ်းသွေးကြောများကျယ်ပြန့်လာပြီး ထိုသို့သောစွမ်းအားများကို ရယူပိုင်ဆိုင်ချင်လာမိသည်။ သူ့တွင်သာ ထိုသို့သောအစွမ်းရှိမည်ဆိုလျှင် သုံးပေတောင်ကိုလည်း ဤသို့နှယ် သုတ်သင်ပစ်နိုင်မည်ပင်။

“သခင်လေး... ဒီအစီအရင်က ကျွန်တော်တို့ အရှေ့တောင် နေဝန်းကြေင်းကင်ပြည်နယ်ကိုသွားမယ့်လမ်းကို ပိတ်ဆို့ထားတယ်”

အားဟူက ဆိုသည်။

“အခုချိန်ထိ ကျွန်တော်တို့ကိုတားဆီးမယ့် တောင်ပိုင်းကသိုင်းသမားတွေ ဘယ်လောက်ရှိဦးမလဲ မသိနိုင်ဘူး ၊ ဒီနေရာမှာ အကြာကြီးပိတ်မိနေရင် ကျွန်တော်တို့အတွက် ခက်ခဲသွားနိုင်တယ်”

ထိုစကားကြားတော့ ရှကွမ်း သတိဝင်လာသည်။

သူ့အနေဖြင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အပေါ် နားလည်မှုအကန့်အသတ်ရှိသော်လည်း ဤနယ်မြေတစ်ဝိုက်တွင် သိုင်းသူတော်စင် နဝမအဆင့်ရှိသူမှာ ကျန်းစုရန်တစ်ယောက်တည်းမဟုတ်သည်ကိုတော့ သူသဘောပေါက်ခဲ့သည်။

“ငါတို့နောက်ကိုလိုက်နေတဲ့ အုပ်စုတစ်စုရှိတာတော့ အသေအချာပဲ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

“အစကတတော့ငါလည်း ထူးဆန်းတယ်လို့ခံစားနေရတာ ၊ အခုတော့ ငါနားလည်သွားပြီ”

သူက ဆက်ပြောသည်။

“ငါက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်ကိုဖြတ်ပြီး ပြေးမယ်ထင်လို့ သူတို့က ငါ့ကိုတားဆီးဖို့ မြောက်ဘက်ကို သွားကြတာ ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...

“ဒါပေမဲ့ တကယ်ဖြစ်နေတာတွေကို သဘောပေါက်သွားတော့ သူတို့တွေ ဦးတည်ချက်ပြောင်းပြီး အရှေ့ဘက်ကိုလိုက်လာကြတာ”

“ငါက တစ်လမ်းလုံးသောင်းကြမ်းလာတာ ၊ ငါသာအချိန်မဖြုန်းဘူးဆိုရင် သူတို့တွေ ငါ့ကိုအမီလိုက်လာနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ အခုဆိုရင်တော့ ဒီကောင်တွေ ငါတို့နဲ့သိပ်မဝေးလောက်တော့ဘူး”

ထိုစကားကြားတော့ ရှကွမ်းမျက်နှာထက် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာသည်။

“’ရန်’ သခင်လေး...”

အရင်က ရန်ကျောက်ကဲပြောဖူးသည့်စကားကို သူသတိရသွားသည်။

သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူ တစ်ယောက်ထက်မပိုဘူးဆိုလျှင် သူ့ကိုမည်သည့်အရာကမှတားဆီးနိုင်မည်မဟုတ်ဆိုသော စကားဖြစ်၏။

ယခုတော့ ဤစကားက ရန်ကျောက်ကဲ ကြွားဝါခြင်းသက်သက်မဟုတ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

သို့သော် ထိုစကားကိုပြန်အမှန်ရသည့်အခါ ရှကွမ်း အနည်းငယ် စိုးရိမ်သွားမိသည်။

သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်ထက်ပိုလာလျှင် ရန်ကျောက်ကဲ မည်သို့ရှိပါမည်နည်း။

ကျန်းစုရန်က အရှေ့တွင်လမ်းပိတ်ထားသည်ဖြစ်ရာ သူတို့နောက်မှ လိုက်ပါလာသူများထဲတွင် နဝမအဆင့် သိုင်းသူတော်စင်တစ်ယောက် ပါရှိနိုင်သည်။

အရှေ့အနောက်ညှပ်ပြီး တိုက်ခိုက်ခံရမည်ဆိုပါလျှင်....

ရန်ကျောက်ကဲက မြောက်မှတောင်သို့စီးဆင်းနေသည့် မြစ်ကြီးကို ပေါ့ပေါ့ပါးပါးပင် ညွှန်ပြလိုက်ရင်း ပြုံးလျှက်...

“တခြားနေရာဆိုရင် ငါ ဒီလိုပြောနိုင်မှာမဟုတ်ဘူး ၊ ကျူတောပင်လယ်ဒေသမှဆိုရင်တောင် ဒီလိုစကားမျိုး ပြောနိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ဒီ စက်ဝန်းတောင်တန်းမှာတော့ ငါ အေးအေးဆေးဆေးလှုပ်ရှားလို့ရတယ်”

“ဟမ်...”

ထိုစကားကြားတော့ ရှကွမ်း စိတ်ရှုတ်ထွေးသွားသည်။

အားဟူက မျက်လုံးတစ်ချက်လှန်ရင်း ရိုးရှင်းသောအပြံးတစ်ခု မျက်နှာထက်ဆင်မြန်းလိုက်သည်။

“သခင်လေးမှာ စိတ်ဝင်စားစရာ အကြံတစ်ခုရှိလို့လား”

ရန်ကျောက်ကဲက...

“ဒီနေရာက နေရာကောင်းပဲလေ”

ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်က ရိပ်ခနဲလှုပ်ရှားသွားပြီး အားဟူနှင့် ရှကွမ်းကိုခေါ်ဆောင်ကာ အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။

ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့က ဝူထုန်ဇာမဏီအစီအရင်ထဲမှ ထွက်ခွာရန် မရည်ရွယ်သော်လည်း ရန်ကျောက်ကဲ၏ လှုပ်ရှားမှုမျာကိုတော့ တစ်လျှောက်လုံး အာရုံစိုက်နေခဲ့သည်။

ရန်ကျောက်ကဲက နောက်ပြန်မဆုတ်ခင် လေထဲသို့ခဏမျှပျံသန်းသွားသည်ကို တွေ့ရသည့်အခါ ကျန်းစုရန် စိတ်သက်သာရာ မရနိုင်ဘဲ ပို၍ပင် သတိထားလာသည်။

ဝူထုန်ဇာမဏီအစီအရင်က ဗလာနယ်ကိုပင်ပိတ်ဆို့ထားပြီး နယ်မြေနှစ်ခုကို ပိုင်းခြားနိုင်သော ထူးခြားသည့်အစီအရင် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ပျံသန်းကျော်ဖြတ်သွားနိုင်သည့် အရာမဟုတ်ပေ။

ယခုတော့ ရန်ကျောက်ကဲက အစီအရင်၏ အနောက်ဘက်သို့ဦးတည်ထွက်ခွာသွားပြီး သူလာရောက်ခဲ့သော ငြိမ်းချမ်းရေးတောင်တန်းဆီသို့ ပြန်သွားသည်ကို တွေ့ရသည်။

ဒါကိုမြင်တော့ ကျန်းစုရန်က ခဏမျှစဉ်းစားရင်း...

“ဒီလူငယ်က အရမ်းမာနကြီးတယ် ၊ ဒါပေမဲ့ အရမ်းလည်းဉာဏ်များတယ်လို့ပြောကြတဘ် ၊ ဒါပမေဲ့ သူ ငါတို့ကိုအစီအရင်ထဲကနေဆွဲထုတ်ချင်တယ်ဆိုရင်တော့ ရိုးရိုးရှင်းရှင်းပဲတွေးရမှာပေါ့ ဟုတ်တယ်မလား”

သို့သော် ကျန်းစုရန်တွေးသည်မှာ ရန်ကျောက်ကဲက ဝူထုန်ဇာမဏီအစီအရင်ကို မချိုးဖျက်နိုင်သဖြင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ထွက်ခွာသွားနိုင်ခြင်းမရှိသဖြင့် သူနှင့်ဖန်ဟယ်တို့ ရှေ့နောက် နှစ်ဖက်ညှပ်တိုက်ခိုက်မည်ကို စိုးရိမ်သွားသည်ဟု ထင်မှတ်ခဲ့သည်။

“ဆရာဦးလေး... သူက အရှေ့တောင်ပိုင်းက သိုင်းသမားတွေနဲ့ ဆက်သွယ်ဖို့ ပြင်ဆင်နေတာလား ၊ ကျွန်တော်တို့ကို နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်မလို့များလား”

ယွမ်ရှန်းချန်က မေးမြန်းလိုက်သည်။

ကျန်းစုရန်က ခေါင်းညိတ်ရင်း...

“ဒါကဖြစ်နိုင်ခြေအရှိဆုံးပဲ ၊ သူ ဒီအတိုင်းလက်လျှော့သွားမယ်လို့ ဒီအဘိုကြီးတော့ မယုံဘူး”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီးက အစီအရင်ကို ထိန်းချုပ်ထားမယ် ၊ ရှန်းချန်... မင်းက အရှေ့တောင်ပိုင်းကလှုပ်ရှားမှုတွေကို သွားကြည့်ပါ”

“ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူညီလေး’ဖန်ဟယ်’ တို့အုပ်စုရောက်လာရင် ဒီရန်ကျောက်ကဲ အတောင်ပံပါရင်တောင် ပြေးလို့လွတ်မှာမဟုတ်ဘူး”

ကျန်းစုရန်ပတ်ဝန်းကျင်ကိုလေ့လာနေချိန် ယွမ်ရှန်းချန်ကက နေရာမှ ချက်ချင်းထွက်ခွာသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ သူရောက်ရှိနေသည့် စက်ဝန်းတောင်တန်းနေရာမှ ဝိညာဉ်စွမ်းအားစီးဆင်းမှု သိသိသာသာ ပြောင်းလဲသွားကြောင်း ကျန်းစုရန် ခံစားလိုက်ရသည်။

အပြောင်းအလဲက ကြီးမားခြင်းမရှိသော်လည်း နဝမအဆင့် သိုင်းသူတော်စင်တစ်ယောက်ကို ထိတ်လန့်သွားစေရန် လုံလောက်သည်။

ထိုအပြောင်းအလဲက တောင်ကိုဖြတ်သန်းစီးဆင်းနေသည့် မင်းဆက်မြစ်မှ ဖြစ်ပေါ်လာဟန်တူသည်။

သို့သော် ကျန်းစုရန်မှာ အစီအရင်ထဲမှထွက်ခွာပြီး ပတ်ဝန်းကျင်ကို လေ့လာဝံ့ခြင်း မရှိခဲ့ပေ။

စက်ဝန်းတောင်တန်းကို ဖြတ်သန်းသွားသည်က မင်းဆက်မြစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဤမြစ်ရေ မြစ်ဖျားခံရမှာ ဝေးကွာလှသည့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှ ဖြစ်သည်။

ဖြတ်သန်းစီးဆင်းသည့် မြစ်ကြောင်းတစ်ခုတွင် ဆည်တစ်ခု‌ဆောက်လုပ်မည်ဆိုလျှင်ပင် ဝူထုန်ဇာမဏီအစီအရင်ကို ရေလွှမ်းမိုးနိုင်မည် မဟုတ်ပေ။

မင်းဆက်မြစ်တွင် ရန်ကျောက်ကဲ ဘာလုပ်မည်ကို ကျန်းစုရန် နားမလည်ခဲ့ပေ။ ဖြစ်နိုင်ခြေအရှိဆုံးမှာ အစီအရင်ထဲမှ သူထွက်လာစေရန် ခြုံခိုတိုက်ခိုက်မည့် အကြံတစ်ခုထုတ်နေခြင်းသာ ဖြစ်နိုင်သည်။

နောက်ဆုံမှာတော့ ကျန်းစုရန်က ဘာမှမစုံစမ်းတော့ဘဲ သတိဝီရိယဖြင့် စောင့်နေရန်သာ ဆုံးဖြတ်လိုက်၏။

အဆုံးသတ်မှာတော့ သူ၏သတိရှိမှုအတွက် ဆုလာဘ်ရရှိခဲ့ပြီး စက်ဝန်းတောင်တန်းဒေသနှင့် ငြိမ်းချမ်းရေးတောင်တန်းဒေသ ထိစပ်ရာနယ်နိမိတ်တွင် မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မီးလျှံဇာမဏီငှက်တစ်ကောင်က လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို အတောင်ပံများဖြန့်ကားလွှမ်းခြုံလျှက် ကောင်းကင်ထက်တွင် ပျံသန်းလာပြီး စက်ဝန်းတောင်တန်းဆီသို့ ဦးတည်နေသည်ကို တွေ့ရသည်။

မီးတောက်ဘုရင် ဖန်ဟယ်တို့အုပ်စုက တစ်ချက်ရပ်နားခြင်းမရှိ အရှေ့ဘက်သို့ လိုက်ပါလာကြရာ နောက်ဆုံးမှာတော့ ဤနေရာသို့ ရောက်ရှိလာကြပြီ ဖြစ်လေ၏။

All Chapters