ဒေါသကြီးသောကောင်လေး
Vol. 18 Ch. 345
ဤကောင်လေးသည် သူမကို တခြားတစ်ယောက်နှင့် လွဲမှားသည်ဟု စိတ်ထဲမှတွေးလိုက်မိသည်။ သို့သော် ယခုအချိန်သည် ထိုအကြောင်းကို ထုတ်ပြောရန် အချိန်မသင့်လှပေ။ မဟုတ်လျှင် ဤကောင်လေး မည်မျှ ဝမ်းနည်းသွားလိမ့်မည်နည်း။ သူငိုလျှင် ပိုဆိုးသွားနိုင်သည်။ သူမသည် သူ၏ ခေါင်းလေးကိုပုတ်ပြီး မေးလိုက်သည် “မင်း.. မင်းက ဒယ်စောက်အိုးလေးလား”
“ဝါး” ကောင်လေးသည် အလွန်အမင်းကြောက်သွားသည်နှင့်တူသည်.. ပေထင်းဟွမ်ကို အဝေးသို့ တွန်းထုတ်လေသည် “သခင်က ငါ့ကိုမှတ်လည်း မမှတ်မိဘူး ဟူး သခင့်ကို မခေါ်တော့ဘူး ဘူး ဟူး…”
ထိုကောင်လေးသည် လှည့်ပြေးလေသည်။ ပေထင်းဟွမ်သည် သူ့ကို လှမ်းဆွဲလိုက်သော်လည်း ထိုကောင်လေးသည် လျှပ်တပြက်အတွင်း ပျောက်သွားလေသည်။ ပေထင်းဟွမ်သည် သူ့ကို မည်သည့်နေရာတွင် သွားရှာ ရမည်ကိုမသိပေ။ သို့သော် တစ်ခုတော့သေချာသည်။ ထိုကောင်လေးသည် သားရဲလေးကောင်ဆေးဖို၏ ရှေးပစ္စည်းဝိညာဉ်ဖြစ်နိုင်သည်။
ဂူထဲရှိ မီးရောင်အောက်တွင် ပေထင်းဟွမ်သည် ဘေးမှ ဒယ်စောက်လေး ကို ကြည့်နေသည်။ ၎င်းသည် တဖြည်းဖြည်းတုန်ခါပြီး နောက်ဆုံးတွင် သူမ၏ လက်ဖဝါးထဲတွင် ပျောက်ကွယ်သွားလေသည်။ သူမ ငိုရမည်လား ရယ်ရမည် လားကိုမသိတော့ပေ။ သူမက ဘယ်လိုတွေတောင် ကံဆိုးနေတာလဲ။ သူမနှင့် စာချုပ်တည်ထောင်သည့် မှော်သားရဲများသည် တစ်ဦးထက်တစ်ဦး ပို၍ ထောင်လွှားနေသည်။ ယခု သူမ ဒယ်စောက်ရသွားသော်လည်း သူမကို မထီမဲ့ မြင်ပြုရဲသေးသည်။
ပြောရလျှင် သူမသည် ဤကောင်လေးကို အရင်ကတစ်ခါမှမမြင်ဖူးပေ။ သူက သူမူကို ဘာလို့မှတ်မိနေတာလဲ။
ခေါင်းခါပြီးနောက် ပေထင်းဟွမ်ကြည့်လိုက်ရာ ဂူထဲမှလူများအားလုံး သည် သူမကို ထူးဆန်းသလိုကြည့်နေကြသည်ကို မြင်လိုက်ရ၏။ သူမသည် နှာခေါင်းပွတ်ရုံအပြင်မရှိတော့ပေ “အာ.. ဘာဖြစ်လို့လဲ”
သူမသည် မဖွယ်မရာဖြစ်သည့်ကိစ္စကို မမြင်မိပေ။ အကုန်လုံးက သူမကို ဘာလို့ ဒီလိုတွေလာကြည့်နေတာလဲ။
“အဟွတ် အဟွတ်” ပေထင်းဟွမ်သည် အေးစက်သောမျက်နှာထားကို ဖယ်ပြီး ရှုပ်ထွေးသွားသော အမူအရာဖြစ်သွားသည်ကိုကြည့်ပြီး ရှီမန်ဆုန်းသည် ဤငကြောင်လေးကို လက်စားချေလိုက်နိုင်သလို ခံစားလိုက်ရ၏ “ရှောင်ကျို့ ဒီနှစ်ပေါင်းတစ်သောင်းမှာ ဒီဒယ်စောက်နဲ့ စာချုပ်တည်ထောင်ချင်တဲ့သူတွေ မရေမတွက်နိုင်အောင်ရှိတဘ်ဆိုတာသိလား.. ဘယ်လောက်ပဲ အားကောင်းတဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်ပါစေ သားရဲလေးကောင်ဒယ်စောက်နဲ့ စာချုပ်မတည် ထောင်နိုင်ကြဘူး”
“မဖြစ်နိုင်တာ.. ဒီလောက်ရိုးရှင်းနေတာလေ သွေးစက်ချလိုက်ရုံပဲကို” ပေထင်းဟွမ်သည် သူမ၏လက်ချောင်းကို ကြည့်လိုက်သည်။ အားကောင်း သော ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့်ဆိုလျှင် သူမ၏ကုသနိုင်စွမ်းသည် အမြဲတစေ သန်မာသည်။
“ရိုးရှင်းတယ်ဟုတ်လား” တုန်ဖန်းကျောက်၏ အသံသည် ရုတ်တရက် ကျယ်လာသည် “ရှောင်ကျို့.. ဒေါသထွက်ပြီး အခေါင်းထဲကထွက်လာမယ်ါ ဆုံးသွားပြီးသား အဂ္ဂိရတ်ပညာရှင်တွေ ဘယ်လောက်များမလဲဆိုတာ သိရဲ့လား”
“အဲဒါကဘာဖြစ်လို့လဲ.. သူတို့ စာချုပ်တည်ထောင်တဲ့နည်းလမ်းက လွဲနေလို့နေမှာပေါ့” ပေထင်းဟွမ်သည် နားမလည်ပေ။ သူမသည် ထိုကိစ္စတွင် အားမစိုက်လိုက်ရပေ။ သူမ၏စိတ်စွမ်းအင်အားကိုပင် မထည့်လိုက်ရပေ။ သွေးတစ်စက်နဲ့ရှင်းရတာ ဘယ်လောက်များ ခက်ခဲနေတဲ့ကိစ္စမို့လို့လဲ။
အပ်ကျသံပင် ထွက်မလာတော့ပေ။ အသက်ရှူသံပင် ငြိမ်ကျသွားလေ သည်။ ၎င်းမှာ ပေထင်းဟွမ်၏စကားများကို သဘောတူ၍မဟုတ်ပေ ပြောစရာ စကားပျောက်ရှသွားခြင်းကြောင့်ပင်။
ဒီလိုလူထူးဆန်းနဲ့ တွေ့တဲ့အချိန် သူတို့ဘာပြောနိုင်ဦးမှာလဲ။
“စာချုပ်တည်ထောင်တဲ့နည်းက လွဲနေတာလား” တုန်ဖန်းကျောက်သည် ဤကောင်လေးကြောင့် ဒေါသထွက်၍ သေလုမတတ်ပင်။ သူ၏ရင်မှာ အတက်အကျမြန်လာသည်။ သူသည် ရှေ့ထွက်ကာ ထိုကောင်လေးကို ရိုက်ပစ် ချင်မိသည်။ “အနည်းဆုံးတော့ သူတို့တွေက အတွေ့အကြုံရင့်တဲ့အဂ္ဂိရတ် ပညာရှင်တွေပဲ ပြီးတော့ ဒီသားရဲလေးကောင်ဒယ်စောက်အကြောင်းကို သိကြ တယ်..အဲဒါက တန်ဖိုးအရှိဆုံး သားရဲလေးကောင်ဒယ်စောက်ကို ရပြီး ယာဂု ပြုတ်သောက်မယ့် မင်းထက်စာရင်တော့ သာသေးတယ်”
သူသည် ကမ္ဘာကြီးကို မမြင်ဖူးသော မသိနားမလည်သည့်လူအလား ပေထင်းဟွမ်ကို နွှာလေသည်။
ပေထင်းဟွမ် ဒေါသထွက်သွား၏။ သို့သော် ဤဒယ်စောက်ကို မြင်သည့် အချိန်တွင် ဘာမှမသိပုံကိုတွေးကြည့်မိသောအခါ ရှင်းမပြနိုင်တော့ပေ။ သူမ တစ်ခုသာပြောနိုင်သည် “သိတာမသိတာက ကိစ္စမရှိဘူး.. သူက သူ့သခင်ကို အသိအမှတ်ပြုသရွေ့ ရတယ်.. သူကိုယ်တိုင်ပြောတာပဲလေ.. ဒီဒယ်စောက်နဲ့ စာချုပ်တည်ထောင်ချင်တဲ့သူက အတွေ့အကြုံရင့်တဲ့ အဂ္ဂိရတ်ပညာရှင်တွေဆို.. သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားပါစေ သူ့ကိုမရနိုင်ဘူးဆို”
ဤဒယ်စောက်သည် မည်သည့်နေရာတွင် သုံးသည်ကို ဤကောင်လေး အမှန်တကယ်ပင် မသိပေ။ တုန်ဖန်းကျောက်ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်နေသလား။ သူမက တကယ်ကြီး ယာဂုပြုတ်တဲ့နေရာမှာ သုံးမလို့လား။ အဲပုံစံက ပြီးခဲ့တဲ့ နှစ်တစ်သောင်းလုံးလုံး ပေါ်ထွန်းခဲ့တဲ့ တိုက်ကြီးက အဂ္ဂိရတ်ဆေးဆရာတွေကို ဒေါသတကြီး ဂူထဲကနေ ထွက်လာစေမယ့်ပုံစံကြီး..