ဒဏ္ဍာရီဖြစ်လာမယ့်ကံကြမ္မာ
Vol. 70 Ch. 988
အခန်း (၉၈၈) ဒဏ္ဍာရီဖြစ်လာမယ့်ကံကြမ္မာ
လက်ရှိမှာတော့ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူ ‘မီးတောက်ဘုရင်’ ဖန်ဟယ်မှာ အတော်လေး စိတ်ထဲတင်းမာလျှက် ရှိသည်။
ရန်ကျောက်ကဲ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ပြေးမည်အထင်ဖြင့် သူတို့က မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ သို့သော် အနှီကောင်လေးက မြောက်ဘက်သို့မပြေးဘဲ အရှေ့ဘက်သို့ ဦးတည်လာခဲ့သည်။
ဖန်ဟယ်မှာ လေထဲသို့လက်သီးနှင့်ထိုးနေသူပမာ အရူးလုပ်ခံရသည်ဟု ခံစားနေရသည်။
သို့သော် အရှေ့ဘက်သို့ရောက်ရှိလာချိန်တွင် သူကြားလိုက်ရသောသတင်းများက တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။
အဆုံးမဲ့တောင်တန်းနှင့် ဤနေရာအကြား တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်လွှားမှ များပြားလှစွာသော နာမည်ကြီးသိုင်းသမားများ ရှိကြသည်အမှန်ပင်။
သို့သော် ထိုသူများအနက် တစ်ယောက်မှ ရန်ကျောက်ကဲကို မတားဆီးနိုင်ခဲ့ကြပေ။
အရှေ့တောင်ပိုင်းမှ ရောက်လာသော အနှီလူငယ်သည် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်လျှောက် တောက်လျှောက်သောင်းကြမ်းလာသည့် မရပ်တန့်နိုင်သော သားရဲတစ်ကောင်နှင့် ဆင်တူသည်။
ဖန်ဟယ်က ကွမ်းယွဲ့တောင်ကုန်းလွင်ပြင်နှင့် ငြိမ်းချမ်းရေးတောင်တန်းဒေသ နယ်နိမိတ်ထိစပ်ရာဒေသသို့ရောက်လာသည့်အခါ ငြိမ်းချမ်းရေးတောင်တန်းမှ ထွက်ပေါ်လာသည့်သတင်းများက သူ့အားမှင်တက်သွားစေပြီး စကားမပြောနိုင်ပင် ဖြစ်ရသည်။
ငြိမ်းချမ်းရေးတောင်တန်းဒေသမှ ထိပ်တန်းသိုင်းသမားအားလုံးနီးပါး ရန်ကျောက်ကဲကို ဝိုင်းဝန်းဖမ်းဆီးရန်အတွက် မဟာမိတ်ဖွဲ့ကာ စုဝေးခဲ့ကြသည်။
ဒေသတွင်းသိုင်းသမားများစွာသည်လည်း ဟောက်လင်တောင်သို့ အပြေးအလွှားရောက်လာကြသည်။ သူတို့အားလုံးက ရန်ကျောက်ကဲကို တစ်နေရာတည်းတွင် အမိဖမ်းရန်ရည်ရွယ်ချက်ဖြင့် စုရုံးခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲက ထိုသူများအားလုံးကို ရှောင်ပုန်းခြင်းမရှိဘဲ ဟောက်လင်တောင်တန်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာမည်ဟု မည်သူထင်ပါမည်နည်း။
အဆုံးသတ်မှာတော့ ဟောက်လင်တောင်တန်းတစ်ခုလုံး ပြိုကျပျက်ဆီးသွားပြီး မဟာမိတ်ဖွဲ့စည်းခြင်းသည်လည်း ဟာသတစ်ပုဒ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ အထူးချွန်ဆုံး ပါရမီရှင် ‘ဇာမဏီမျက်လုံး’ ယွမ်ရှန်းချန်ကို နိဗ္ဗာနမီးတောက်မှာ နှစ်ကြိမ်တိတိ ပြန်လည်မွေးဖွားရသည်အထိ ရန်ကျောက်ကဲက ဖိအားပေးနိုင်ခဲ့သည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် နယ်ခြားဒေသကို စောင့်ကြပ်နေသည့် အကြီးအကဲ ကျန်းစုရန်သည်ပင် ရန်ကျောက်ကဲကို ရှုံးနိမ့်ပြီး စက်ဝန်းတောင်တန်းသို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ဤသတင်းများကိုကြားသိရတော့ ဖန်ဟယ်ဦးဆောင်သည့် ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများမှာ နေရာမှာပင် မှင်တက်သွားကြရသည်။
“ကျန်းစုရန်” ဆိုသည်က မည်သူပါနည်း။
ဝူထုန်တောင်စောင်း၏ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သလို အမတကူပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် တစ်ယောက်လည်း ဖြစ်သည်။
ကျန်းစုရန်က ဖန်ဟယ်နှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင် ဖြစ်၏။
သို့တိုင် ကျန်းစုရန်မှာ ရန်ကျောက်ကဲကို ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရသည့်အပြင် တစ်လျှောက်လုံး ရန်ကျောက်ကဲလိုက်လံသတ်ဖြတ်သည်ကိုလည်း ခံခဲ့ရသည်။
ကျန်းစုရန်နှင့် ယွမ်ရှန်းချန် ထွက်ပြေးရသည့်အပြင် ကျောက်ကျန်နှင့် တာအိုဆရာတုန်းချွမ်တို့ အသက်ပျောက်ခဲ့ရသည်။
“အမတမှော်ဝင်ပစ္စည်းကြောင့်လား...”
ဤသည်က ဖန်ဟယ်၏ခေါင်းထဲ ပထမဆုံးဝင်လာသည့် အတွေးဖြစ်သည်။
ထို့နောက် သူတို့အားလုံး ငြိမ်းချမ်းရေးတောင်တန်းဒေသကို ဖြတ်ကျော်လာစဉ် ရန်ကျောက်ကဲနှင့်တိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်သူတစ်ဘောက်ကို ရှာဖွေတွေ့ရှိပြီး မေးမြန်းစုံစမ်းခဲ့ရာ သူတို့အားလုံး စကားမပြောနိုင်ဖြစ်ကြရပြန်သည်။
ဖန်ဟယ်နှင့် ဝူထုန်တောင်စောင်းမှ သိုင်းသမားများအားလုံး စိတ်များရှုတ်ထွေးသွားကြသည်။
ကျောက်ဂူအိမ်တော်တွင် ကျွမ်းကျောင်းဟွေတို့အုပ်စု အစပျောက်သွားခြင်းနှင့်ပတ်သက်ပြီး ဖန်ဟယ်တို့အုပ်စုမှာ ရန်ကျောက်ကဲကို လျှော့တွက်ဝံ့ခြင်း မရှိကြတော့ပေ။
သို့သော် ယခုတော့ ရန်ကျောက်ကဲက သူတို့ထင်သည်ထက် ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းနေကြောင်း တွေ့ရှိခဲ့ရသည်။
သူတို့နှင်အတူလိုက်ပါလာသော ချင်ရှုကျီနှင့် တာအိုဆရာချန်းလန်တို့မှာလည်း အံ့အားသင့်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့က ရန်ကျောက်ကဲကို သဘောမကျကြသော်လည်း ရန်ကျောက်ကဲ၏စွမ်းရည်ကို သုံးသပ်နိုင်စွမ်း ရှိနေသေးသည်။
ရှန်လင်ကျီ ၊ ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှီ’ တို့ ကျူတောပင်လယ်ဒေသ ၊ ဝါဒတောင်တိုက်ပွဲတွင် အတုံးအရုံးကျဆုံးခဲ့ကြသည်။
ပြီးတော့ ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ပင် သေသည့်အထဲ အဆစ်ပါသေး၏။
သို့တိုင် ယခုကြားသိရသော သတင်းများအရ ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက သူတို့ခန့်မှန်းထားသည်များထက် ကျော်လွန်နေသေးသည်။
အထူးသဖြင့် ယခုတိုက်ပွဲတွင် ရန်ကျောက်ကဲသည် အမတမှော်ဝင်လက်နက်ကို တစ်ချက်ပင်အသုံးပြုခဲ့ခြင်း မရှိပေ။
“ထူးကဲယန်စည်းတံဆိပ်နဲ့ တခြား အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေ အသုံးပြုတယ်ဆိုရင်တောင်မှ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုအစွမ်းအဆတွေပိုင်ဆိုင်ဖို့ဆိုတာ...”
အစိမ်းရောင်ဝတ်ဆင်ထားသည့် ချင်ရှုကျီ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
သူက ချင်းယွမ်ဧကရာဇ်၏ ပထမဆုံးတပည့်လည်းဖြစ်သလို ဖန်ဟယ်နှင့် ကျန်းစုရန်တို့ထက် အဆပေါင်းများစွာသာလွန်သော ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရသည့် အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားရှင် ဖြစ်သည်။
သို့ပေသိ ချင်ရှုကျီနှင့် ကျန်းစုရန်တို့နှစ်ယောက်လုံးက သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျန်းစုရန်သည် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ဖြစ်လေရာ နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် ရန်ကျောက်ကဲကို ရှုံးနိမ့်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
အဆုံးသတ်မှာတော့ လူသားအထွတ်ထိပ်အဆင့်အောက် တစ်ဆင့်သာနိမ့်သော အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သို့ အရောက်လှမ်းနိုင်ခဲ့သော ကျန်းစုရန်သည် မျိုးဆက်တူသိုင်းလေ့ကျင့်သူများကြားတွင် ပါရမီရှင်တစ်ဦးဖြစ်သည်။
ပြီးတော့ သူက ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်မှာပင် နတ်ဘုရားသိမြင်ခြင်းအဆင့်ကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သူလည်း ဖြစ်၏။
ချင်ရှုကျီက ကျန်းစုရန်ထက် အသက်ငယ်ပြီး တန်ခိုးစွမ်းအား ပိုမိုမြင့်မားသည်။ သို့သော် လက်ထဲတွင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း နည်းနည်းပါးပါး ကိုင်ဆောင်ထားသည့် နတ်ဘုရာသိမြင်ခြင်းအဆင့်ရှိသော ရန်ကျောက်ကဲက သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကျန်းစုရန်ကို မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သူ သိရှိသည်။
သူက ရန်ကျောက်ကဲနှင့်တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း ဤလူငယ်၏ ဖြစ်နိုင်ခြေအလားအလာများက သူ့ကိုအတော်လေး စိတ်အနှောက်အယှက် ဖြစ်စေသည်။
တာအိုဆရာချန်းလန်ကတော့ စကားတစ်ခွန်းမှမဆိုဘဲ မျက်နှာအမူအရာတည်ကြည်လေးနက်နေသည်။
ထို့နောက် သူတို့အားလုံး အချိန်မဆွဲတော့ဘဲ အရှေ့ဘက် စက်ဝန်းတောင်တန်းဒေသဆီသို့ အလျှင်အမြန် ခရီးနှင်ခဲ့ကြသည်။
စက်ဝန်းတောင်တန်းဒေသကတော့ ကျန်းစုရန်အတွက် အားသာချက်ရှိသည့်နယ်မြေဖြစ်ပြီး ပတ်ပတ်လည်တွင် အစီအရင်များစွာ တည်ဆောက်ထားသည်။
ကျန်းစုရန် အစီအရင်များကြားတွင် ပုန်းအောင်းနေကြောင်းသိလိုက်ရသည့်အခါ ဖန်ဟယ်နှင့် အခြားသူများ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။
ထို့ပြင် အရှေ့တောင်ပိုင်းမှ ခြိမ်းခြောက်နိုင်စွမ်းအရှိဆုံး တန်ခိုးစွမ်းအားရှင် ရန်ကျောက်ကဲသည်လည်း စက်ဝန်းတောင်တန်းဒေသတွင် ရှိနေသည်။
နယ်ခြားဒေသသို့ရောက်ရှိသည်နှင့် ကောင်းကင်ထက်မှ နေမင်းကိုပင် ဖုံးကွယ်ထားသည့် ဝူထုန်တောအုပ်ကြီးကို တွေ့မြင်လိုက်ကြရသည်။
ကျန်းစုရန် ၊ ယွမ်ရှန်းချန်တို့နှင့်တွေ့ဆုံသည့်အခါ သူတို့အားလုံး ဟောက်လင်တောင်တိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် အသေးစိတ်အကြောင်းအရာများကို သိရှိခွင့်ရခဲ့သည်။
စိတ်ပူပန်နေကြသော ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့မှာ ဖန်ဟယ်တို့ရောက်လာသည်ကိုတွေ့တော့မှ စိတ်သက်သာရာ ရနိုင်ခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲ ထပ်မံမွှေနှောက်နိုင်တော့မည်မဟုတ်ဟု သူတို့တွေးထင်ခဲ့ကြသည်။
“ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိကြတာပဲ ပုံရိပ်ယောင်တောင်ထွတ်က တာအိုဆရာတို့ရေ...”
ကျန်းစုရန်က သက်ပြင်းချရင်းဆိုသည်။
“ဒီအဘိုးကြီးက တာဝန်မကျေတာမဟုတ်ပါဘူး ၊ ရန်ကျောက်ကဲက တကယ့်ကိုထူးခြားလွန်းတာပဲ”
ခွန်လွန်တောင် ၊ ပုံရိပ်ယောင်တောင်ထွတ်ဆိုသည်က ချင်းယွမ်ဧကရာဇ်၏ တာအိုနန်းတော်တည်ရှိရာနေရာဖြစ်သည်။
ထိုစကားကြားတော့ ချင်ရှုကျီနှင့် တာအိုဆရာချန်းလန်တို့က...
“ဒီလိုမပြောပါနဲ့ ဆရာကျန်း ၊ ရန်ကျောက်ကဲက သာမန်မဟုတ်ဘူးဆိုတာ ငါတို့သိပါတယ်”
ကျန်းစုရန်က...
“ဒီကောင်စုတ်လေးကို ဒီအဘိုးကြီး တစ်ခါတည်းအမှုန့်ချေပစ်ချင်ပေမယ့် အောက်ဘုံကမ္ဘာကလာတဲ့ကောင်လေးက အထက်ဘုံကမ္ဘာမှာ ပြိုင်ဘက်ကင်းပါရမီရှင်လာဖြစ်နေတယ် ၊ ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးများ ဝင်စားသလားမသိဘူး”
“သူ ဒီနေ့မသေရင် အနာဂတ်မှာ ဒဏ္ဍာရီဖြစ်လာမှာပဲ”
ထို့နောက်သူက စကားကိုခဏရပ်လိုက်ပြီးမှ...
“တကယ်တော့ အခုတောင်မှ ဒဏ္ဍာရီဆန်လွန်းနေပြီလို့ သတ်မှတ်လို့ရတယ်”
ဖန်ဟယ်က အေးစက်စွာဖြင့်...
“ဒါဖြင့်လည်း အဲဒီဒဏ္ဍာရီကို တစ်ခါတည်း သင်္ဂြိုဟ်ပစ်လိုက်ကြတာပေါ့”
သူက ဆက်ပြောသည်။
“တခြားသူဆိုရင်တော့ လူငယ်တစ်ယောက်ရဲ့အားမာန်အတွက် ဒီအဘိုးကြီး ချီးကျူးမိမှာပဲ ၊ ဒါပေမဲ့ ဒီရန်ကျောက်ကဲကတော့ ပိုပြီးထူးခြားလေလေ သေဖို့ထိုက်တန်လေပဲ ၊ ငါတို့တောင်ပိုင်းကနေ ဒီကောင် အသက်ရှင်လျှက် ထွက်မသွာစေရဘူး”
ကျန်းစုရန်က ချင်ရှုကျီနှင့် တာအိုဆရာချန်းလန်တို့ရှေ့တွင် အသံထုတ်ဖော်မပြောဘဲ အသံပို့လွှတ်စနစ်ဖြင့် ဖန်ဟယ်ထံသို့ အကြောင်းကြားလိုက်သည်။
ထိုခဏတွင် သူအဆိုးရွားဆုံးစိုးရိမ်နေသည်မှာ အမှန်တရားဖြစ်လာခဲ့ကြောင်း သဘောပေါက်သွားသည်။
ကျန်းကျောင်းဟွေနှင့် အခြားသူများကို ရန်ကျောက်ကဲ သတ်ဖြတ်ပစ်လိုက်သည်။
ယခုတော့ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းနှင့် ရန်ကျောက်ကဲတို့ကြား ပြန်လည်ရင်ကြားစေ့ရန်မှာ မဖြစ်နိုင်တော့ပေ။
ကျွမ်းကျောင်းဟွေ၏ဖခင်ဖြစ်သူ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကတော့ မည်သို့ရှိမည်မသိ ၊ ယောက္ခမဖြစ်သည့် ဖန်ဟယ်မှာတော့ သမီးဖြစ်သူ မုဆိုးမဖြစ်ရခြင်းအတွက် မကျေနိုင် မချမ်းနိုင် ဖြစ်နေရတော့သည်။
“ငါတို့ရောက်လာပြီဆိုတော့ ဒီအတိုင်း ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူး”
ချင်ရှုကျီက သိမ်မွေ့စွာဆိုသည်။
“မင်းတို့ ဝူထုန်တောင်စောင်းက စိတ်အနှောက်အယှက်မဖြစ်ဘူးဆိုရင် ရန်ကျောက်ကဲကိုနှိမ်နင်းဖို့ ငါတို့လည်း ကူညီပေးပါ့မယ်”
ထိုစကားကြားတော့ ဖန်ဟယ်နှင့် ကျန်းစုရန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး...
“တာအိုရောင်းရင်းတို့ကူညီမယ်ဆိုရင် ငါတို့ဘက်က ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ”
သူတို့ ရန်ကျောက်ကဲကို မည်မျှပင်မုန်းတီးကြပါစေ ထိုလူငယ်လေး၏ တန်ခိုးစွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိကြသည်ဖြစ်ရာ ချင်ရှုကျီတို့၏အကူအညီကို ရယူရန် ဆုံးဖြတ်လိုက်သည်။
သို့ဆိုလျှင် သူတို့နှစ်ယောက်က စက်ဝန်းတောင်တန်းကို တည်ငြိမ်အောင်ထိန်းထားနိုင်ပြီး ရန်ကျောက်ကဲ အရှေ့တောင်ဘက်သို့အပြန်လမ်းကို ပိတ်ဆို့ထားနိုင်ပေမည်။
ရန်ကျောက်ကဲအနေဖြင့် သူတို့၏ ဝူထုန်ဇာမဏီအစိအရင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ အရှေ့တောင်ပိုင်းသို့ ပြန်နိုင်မည် မဟုတ်ပေ။
သို့တိုင် ရန်ကျောက်ကဲကို သုတ်သင်မည့်အစီအစဉ်တွင် သူတို့ဘက်မှာ သိုင်းသမားများစွာ သေကြေပျက်ဆီးနိုင်ဖွယ် ရှိသည်။
ချင်ရှုကျီသာ တိုက်ပွဲတွင် ပါဝင်မည်ဆိုပါက အခြေအနေများစွာ ကွာခြားသွားနိုင်၏။
ချင်ရှုကျီ ၊ ကျန်းစုရန်နှင့် ဖန်ဟယ်တို့ပေါင်းစည်းလိုက်လျှင် သူတို့ (၃)ယောက်လုံးက အထက်ဘုံကမ္ဘာတစ်ဝှမ်း နာမည်ကျော်ကြားသော လူသားအထွတ်ထိပ်အောက် ၊ သိုင်းသူတော်စင်နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည် မဟုတ်လား။
“အခုတော့ ရန်ကျောက်ကဲ ဘယ်ရောက်သွားလဲဆိုတာ စဉ်းစားရမယ် ၊ ဒီအဘိုးကြီးလည်း ဂိုဏ်းတူအစ်ကိုကျန်းရဲ့ သုံးသပ်ချက်ကို သဘောတူတယ် ၊ ဒီကောင်လေးက မာနကြီးတော့ လွယ်လွယ်နဲ့တော့ လက်လျှော့သွားမှာ မဟုတ်ဘူး”
ကျန်းစုရန်က မျက်ခုံးများတွန့်ချိုးရင်း...
“ဒီနေရာက ဖြတ်သွားတဲ့ မင်းဆက်မြစ်မှာ ထူးခြားမှုတစ်ခုခုတော့ ရှိနေတယ်”
သူ့စကားဆုံးသွားသည်နှင့် ကျန်းစုရန် မျက်နှာတစ်ချက်ပျက်သွားပြီး အဝေးတစ်နေရာသို့လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင်...
မှောင်မှိုင်းသည့် အဝါရောင်ရေအလင်းတန်းများ မိုးကုတ်စက်ဝိုင်းဆီမှ မြင့်တက်လာသည်ကို တွေ့မြင်လိုက်ရသည် မဟုတ်ပါလား။