← Chapters

ခရမ်းရောင်မီးတောင်ပံခြင်္သေ့ဘုရင်က ခြင်္သေ့အထီးပဲ

Vol. 18 Ch. 346

ခရမ်းရောင်မီးတောင်ပံခြင်္သေ့ဘုရင်က ခြင်္သေ့အထီးပဲ

Vol. 18 Ch. 346

ညဥ့်နက်ပိုင်းတွင် တစ်နေကုန်တိုက်ခိုက်ခဲ့သည့် သံမဏိသွေးကြေးစား အဖွဲ့နှင့် ထိတ်လန့်နေကြသော မျိုးနွယ်ကြီးမှအဖွဲ့ဝင်များသည် မီးပုံအောက်မှ မီးတောက်အောက်တွင် အိပ်ကြလေသည်။

ပေထင်းဟွမ်နှင့် ချူဖုန်းတို့သည် ခရမ်းရောင်မီးတောင်ပံခြင်္သေ့နောက် လိုက်ကာ ဂူအတွင်းနက်ပိုင်းထိ လမ်းလျှောက်ကြလေသည်။ နာရီဝက်ခန့် လျှောက်ပြီးသောအခါ ခရမ်းရောင်မီးတောင်ပံခြင်္သေ့ပြောသည့် “အတွင်းခန်း” ဆိုသည့်နေရာကို တွေ့လေသည်။ ၎င်းသည် ဘတ်စကတ်ဘောကွင်း အရွယ်အစားရှိကာ လေးဘက်လေးလံနံရံများသည် ခရမ်းရောင်မီးတောင်ပံ ခြင်္သေ့၏ကြီးမားသော ခန္ဓာကိုယ်နှင့် ပွတ်တိုက်မှုကြောင့် ချောမွတ်နေသည်။ မာကျောသောကျောက်နံရံကို ခရမ်းရောင်အလင်းအလွှာဖြင့် ဖုံးအုပ်ထားသည်။ လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်အတွင်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် ခရမ်းရောင်အလွှာကို ကျောက်နံရံတွင်ပေါင်းထည့်ကာ ဂူကို ထွန်းညှိ ပေးသည့် သဘာဝအလင်းရောင်ကို ထုတ်လွှတ်လိုက်သကဲ့သို့ပင်။ ကြယ် ၉ ပွင့် နတ်သားရဲ၏ ဂူဆိုသည့်အတိုင်းပင် ခမ်းနားသည့်ခံစားချက်ရလေသည်။

လမ်းတစ်ဖက်ခြမ်းရှိ ကျောက်နံရံအနီးတွင် မီးခုံပုံသဏ္ဍာန်ရှိသော ကျောက်စက်များဖြင့် ဖွဲ့စည်းထားသော ကျောက်စင်တစ်ခုရှိသည်။ ၎င်းသည် လက်ဆေးကန်အရွယ်အစားရှိကာ အထဲတွင် နို့ခရမ်းရောင်အရည်ရှိနေသည်။ ၎င်းတွင် ကြီးမားသောစွမ်းအင်ပါဝင်နေသည်။ အဝေးမှနေ၍ အသက်ရှူသွင်း လိုက်လျှင် စိတ်ကိုကြည်လင်ပြီး အားပြည့်သွားစေသည်။

ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်..

လူတစ်ဦးအား ကျွမ်းကျင်သူဖြစ်လာစေမည့် ကောင်းကင်ရတနာ တစ်စက်သည် မှော်သားရဲတော၏ ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် ခြင်္သေ့ ဘုရင်အား မှီခိုအားထားရသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။

ပေထင်းဟွမ်သည် စိတ်မဝင်စားသလိုကြည့်ကာ ချူဖုန်းဘက်သို့ ခေါင်းလှည့်ပြီးပြောလေသည် “ခြင်္သေ့ပေါက်လေးကို စားခိုင်းလိုက်ပါ.. မနက်ဖြန်မနက်ကျရင် ငါတို့ ဒီနေရာကနေ ထွက်မယ်”

ချူဖုန်းသည် ခွေးပေါက်အရွယ်အစားရှိသော ခြင်္သေ့ပေါက်လေးကို ရင်ခွင် ထဲထည့်ချီလာသည်။ ခရမ်းရောင်မီးတောင်ပံခြင်္သေ့နှင့် ဤအကောင်လေးတို့ မည်သို့ဆက်သွယ်သည်ကိုတော့ သူ မသိပေ။ ဤကောင်လေးသည် ချူဖုန်းနှင့် အတူးရင်းနှီးပြီး သူ့ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

ချူဖုန်းသည် ရင်ခွင်ထဲမှ ခြင်္သေ့ပေါက်လေးကို ပွတ်သပ်နေသည်။ ပေထင်းဟွမ်သည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို လုံးဝ တပ်မက်ခြင်းမရှိသည်ကို ကြည့်ပြီး ဂုဏ်ယူမိသည်။ ရှောင်ကျို့သည် ဤမျှ အံ့ဩဖို့ကောင်းသည့်လူဖြစ်သည်။ သူမသာ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ကိုလိုချင်လျှင် သူသည် သူမဘေးတွင်ရှိနေပေးမည် ဖြစ်သည်။ သို့သော် သူမသည် သူမပြောသည့်အတိုင်းပင်။ သူမ မလိုချင်ဘူးဆို လျှင် မလိုချင်ပေ။

“ရှောင်ကျို့ ခြင်္သေ့ပေါက်လေးက ဇိကျီရဲ့ကလေးမဟုတ်ဘူး” ချူဖုန်း သည် ပြုံးပြီးပြောလေသည်။

ဇိကျီသည် ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏နာမည်ဖြစ်သည်။ ၎င်းသည် ချူဖုန်း၏စာချုပ်သားရဲဖြစ်ရန် သဘောတူထားသဖြင့် ဇိကျီသည် ပေထင်းဟွမ် ၏ နေရာကိုမဝင်ခင် ချူဖုန်းကို သူ့နာမည်အရင်းကို ပြောထားသည်။

“ဘာ.. အဲဒါကို ဘယ်လိုသိတာလဲ”

ပေထင်းဟွမ်သည် မိုးကြိုးအပစ်ခံလိုက်ရသည့်အလား မျက်တောင်ခတ် နေရာ ချူဖုန်းသည် ပြုံးပြီး ခေါင်းခါမိသည် “ဇိကျီက ခြင်္သေ့အထီးပဲ.. ဘယ်လို လုပ် ခြင်္သေ့ပေါက်လေးကို မွေးနိုင်မှာလဲ.. ပြီးတော့…” ချူဖုန်း၏မျက်လုံးများ သည် ကျောက်တုံးပေါ်ရှိ ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို စိုက်ကြည့်နေသည် “ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို ဝင်ရှာနိုင်တဲ့ ခရမ်းရောင်မီးတောင်ပံခြင်္သေ့ဘုရင်ရဲ့ဖြစ်ရပ်က ပင်မတိုက်ကြီးရဲ့ သမိုင်းမှာ နှစ်ခုပဲရှိသေးတယ်.. ဒါပေမဲ့ အကြိမ်တိုင်းမှာ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ် ၁၀ စက်ပဲရတယ်.. ဟိုဟိုဒီဒီ အများကြီးမရဘူး”

ပေထင်းဟွမ်သည် ကျောက်တုံးနားကပ်သွားလိုကု်သည်။ အထဲတွင် ကန်ငယ်တစ်ခုရှိကာ ၎င်းတွင် အနည်းဆုံး အစက်ပေါင်းတစ်ထောင်ခန့်ရှိ၏။

အများကြီးပဲ…

“ဒီခြင်္သေ့လေးတွေက ကြယ်လွင်ပြင်ကလာတာလား” ပေထင်းဟွမ်သည် ကိုယ်တိုင်ပင်မယုံနိုင်ပေ “မဟုတ်သေးဘူး ငါကိုယ်တိုင် မှော်သားရဲစီးကြောင်း တိုက်ပွဲမှာ ဝင်ပါခဲ့တာပဲ.. ဒီခြင်္သသေ့လေးတွေ အဲဒီမှာမရှိပါဘူး.. ပြီးတော့ သူက လူမှမဟုတ်တာ.. သူကတခြားအရေးပါတဲ့နေရာကလာတာပဲ.. ဒီခရမ်း ရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို သူနဲ့အတူယူလာဖို့ဆိုတာ မဖြစ် နိုင်ဘူး”

“ဖူး” ချူဖုန်းသည် ပေထင်းဟွမ်၏ စကားများကြောင့် မှင်တက်မိသည်။ “အခုတော့ အဲဒီအကြောင်းကို စိတ်ပူမနေနဲ့တော့.. ဇီကျိထွက်လာရင် ငါ သူ့ကို မေးလိုက်မယ်”

“ဟုတ်တယ် အဲတစ်ခုပဲရှိတယ်” ပေထင်းဟွမ်သည် ခေါင်းညိတ်သဘော တူလိုက်သည် “ဝမ်းကွဲအစ်ကို ငါ့အတွေးကတော့ အချိန်တစ်ခုလောက် ဇိကျီနဲ့ စာချုပ်တည်ထောင်ဖို့မလိုသေးဘူး.. မင်းလောကက အခုချိန်မှာ မတည်ငြိမ် သေးဘူး.. ဒီကိစ္စတွေဖြေရှင်းပြီးသွားရင် မနက်ဖြန် မှော်သားရဲတောထဲမှာ လေ့ကျင့်ပေးဖို့ ကူညီပေးမယ်.. မင်းရဲ့ လောကတည်ငြိမ်သွားရင် စာချုပ် တည်ထောင်လို့ရမယ် ဘယ်လိုလဲ”

“ငါကတော့ ရှောင်ကျို့ ပြောတဲ့အတိုင်းလုပ်မှာပဲ” ချူဖုန်း သဘောမတူဘဲ မည်သို့နေမည်နည်း။ ချူဖုန်းအတွက် သူမနှင့် အတူနေရသည့် တစ်နေ့တာ သည် ကောင်းချီးပင်ဖြစ်သည်…

All Chapters