← Chapters

ဘုန်းတော်ကြီးနန်လင်း၏တပည့်

Vol. 18 Ch. 347

ဘုန်းတော်ကြီးနန်လင်း၏တပည့်

Vol. 18 Ch. 347

ချူဖုန်း ခြင်္သေ့လေးကို နှိုးပြီးနောက် ပေထင်းဟွမ်သည် ခြင်္သေ့လေးကို ထိန်းကျောင်းကာ ချူဖုန်းနှင့် ခြင်္သေ့လေးတို့ကို စာချုပ်တည်ထောင်စေသည်။ ခြင်္သေ့ အကြီးအသေးနှစ်ကောင်လုံးသည် ချူဖုန်း၏ စာချုပ်သားရဲဖြစ်ချင်ကြ သည်။ အသက်စာချုပ်အတွက် နေရာတစ်ခုသာရှိသည်။ ကြယ် ၉ ပွင့် နတ်သားရဲအနေနှင့် ဇိကျီသည် သခင်၊ အစေခံစာချုပ်တည်ထောင်ရန် ဆန္ဒရှိပြီး ခြင်္သေ့လေးကို အသက်စာချုပ်မှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

ခြင်္သေ့လေး၏ ခွန်အားသည် မသန်မာသဖြင့် ချုဖုန်း၏ ခွန်အားကို မတိုး စေပေ။ လက်ရှိ ချူဖုန်း၏ ကျင့်စဉ်သည် မတည်ငြိမ်သဖြင့် ထိုအရာသည် ကောင်းသောအရာတော့မဟုတ်ပေ။

သူ၏ခွန်အား တိုးလာပြီးနောက် လောကသည် မတည်ငြိမ်ဖြစ်လာလျှင် သူ၏ အားကောင်းသောခွန်အားကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။ ၎င်းသည် သူ၏အနာဂတ်ကျင့်ကြံခြင်းတွင် သက်ရောက်မှုဖြစ်စေပြီး ပြင်းထန်လျှင် သူ့ ခန္ဓာကိုယ်ပေါက်ကွဲပြီး သေသွားစေနိုင်သည်။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် ဇိကျီကို ချက်ချင်း မထိန်းကျောင်းဘဲ စာချုပ်တည်ထောင်ခိုင်းခြင်းပင်။

ဇိကျီသည် ကြယ် ၉ ပွင့်နတ်သားရဲဖြစ်သည်။ ချူဖုန်းသည် သူနှင့် စာချုပ် တည်ထောင်ပြီးနောက် ဇိကျီ၏ အားကောင်းသောခွန်အားသည် ချူဖုန်း၏ ခွန်အားကို တိုက်ရိုက်တိုးစေသည်။ ၎င်းသည် အထူးသဖြင့် သူ၏လက်ရှိ အခြေအနေကို အကျိုးယုတ်စေသည်။

ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်စားပြီးနောက် သူ အိပ်မောကျသွားခဲ့သည်။ သူ နိုးလာသောအခါ မွေးကင်းစအဆင့်ကို ဖြတ်ကျော် ကာ ကြီးထွားသည့်အဆင့်သို့ရောက်ခဲ့သည်။

ဤကောင်လေး နိုးလာချိန်တွင် မည်သည့်ပုံစံဖြစ်နေမည်ကို သူ တကယ် မသိပေ။ နောက်နေ့မနက်တွင် ချူဖုန်းသည် ပေထင်းဟွမ်နှင့်အတူ မှော်သားရဲ တောတွင် လေ့ကျင့်မည်ဖြစ်ကြောင်းကို ဝမ်ဝေ့နှင့် အဖွဲ့ခေါင်းဆောင် ငါးယောက်တို့ကို ပြောလိုက်သည်။ သူသည် ဝမ်ဝေ့နှင့် အဖွဲ့ခေါင်းဆောင် ငါး ယောက်ကို အဖွဲ့ကိုဦးဆောင်ကာ မြောက်ပိုင်းရှိ မဟာမိတ်မြို့သို့သွားရန် ပြော လိုက်သည်။ ထိုနေရာသည် မှော်သားရဲတောအစွန်နှင့် နီးကပ်ပြီး အလွန်ပင် ကြီးပွားတိုးတက်သည်။ အဓိကအစည်းအရုံးသုံးခုသည် ထိုနေရာတွင် ရုံးခွဲများ ရှိသည်။ “ငါတို့က ကြေးစားအဖွဲ့ဖွဲ့လိုက်ပေမဲ့ ကြေးစားအစည်းအရုံးမှာ စာရင်း မသွင်းရသေးဘူး.. အဲဒါကြောင့် မစ်ရှင်တွေ လက်ခံလို့မရဘူး.. မင်းတို့အရင် သွားနှင့်လိုက်ကြ.. ရှောင်ကျို့နဲ့ ငါက မဟာမိတ်မြို့ကို မြန်မြန်လာပြီး မင်းတို့နဲ့ လာတွေ့မယ်”

“ရှောင်ကျို့.. ဒေါ်လေးနဲ့အတူ မျိုးနွယ်လေးခုမြို့ကို မပြန်တော့ဘူးလား” ပေထင်းဟွမ်သည် မှော်သားရဲတောတွင် လေ့ကျင့်ရန် နေခဲ့မည်ဟု ပေထင်းလင်ကြားသောအခါ အထူးဝမ်းနည်းလေသည်။ သူမ၏မိသားစုသည် ဤကလေး၏နှလုံးသားကို ထိခိုက်စေခဲ့သည်။ ထို့ကြောင့် မိသားစုကို ပြန်လာ စေရန်ကိုတော့ မတွေးတော့ပေ။

ပေထင်းဟွမ်သည် ဒေါ်လေးဖြစ်သူ၏ ဝမ်းနည်းသောအမူအရာကိုမြင် သောအခါ ဘာပြောရမည်ကို မသိတော့ပေ “ဒေါ်လေး သံမဏိသွေးကြေးစား အဖွဲ့ ကိစ္စတွေလုပ်ပြီးသွားရင် ကျွန်တော်လည်း မကြာခင်အင်ပါယာမြို့ကို လာမှာပဲ.. ကျွန်တော်ဘုန်းတော်ကြီးနန်လင်းနဲ့ ချိန်းဆိုထားတာရှိတယ်.. နှစ်လ အတွင်း အင်ပါယာမြို့ကိုရောက်မယ်၊ အစ်ကိုကြီးကိုလည်း သွားတွေ့ရဦးမယ် လေ”

“ဘုန်းတော်ကြီး နန်လင်းဟုတ်လား.. ဘုန်းတော်ကြီးနန်လင်းနဲ့ ဘာကိစ္စ များရှိလို့လဲ”

တုန်ဖန်းကျောက်သည် ထိတ်လန့်သဖြင့် ထခုန်မတတ်ပင် “မင်းက ဘုန်းတော်ကြီးနန်လင်းရဲ့ တပည့်တော့မဟုတ်ဘူးမလား”

“ဟုတ်တယ်” ပေထင်းဟွမ်သည် ထိုလူ၏ သီးသန့်ဖိတ်ကြားခြင်းကို တွေး လိုက်မိသည်။ ထိုစဉ်က သူမသည် လူမသိသူမသိ လူတစ်ဦးသာဖြစ်သည်။ ဆရာနန်လင်းသည် ဤတိုက်ကြီးတွင် နတ်ဘုရားနှင့်အနီးစပ်ဆုံးလူဖြစ်သည်။ သူမ၏ခွန်အားသည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ တိုက်ကြီးတွင် သူ့တပည့်ဖြစ်လိုသူများ မရေမတွက်နိုင်အောင်ရှိသည်။ သူမသည် ထိုလူကို တစ်ခါမှမတွေ့ဖူးပေ။ သူသည် သူမ၏ဆရာဖြစ်ရန် စိတ်ရင်းနှင့် ကမ်းလှမ်းလာ သည်။ ဤကဲ့သို့ကြင်နာမှုမျိုးကို စဉ်းစားမိလိုက်သည်နှင့် ပေထင်းဟွမ်သည် ကျေးဇူးတင်မိသည်။

သူမသည် ကိုယ်တိုင်ကိုယ်ကျ ဆရာအဖြစ် အသိအမှတ်မပြုရသေး သော်လည်း ယဉ်ကျေးမှုအရ ခေါင်းညိတ်ပြီး အသိအမှတ်ပြုခဲ့ရသည်။ သူမ၏ စိတ်ထဲတွင် နန်လင်းသည် လန်ချန်းမိုနှင့် တစ်တန်းတည်းပင်။ သူသည် သူမ စိတ်ထဲတွင် အကောင်းဆုံးဆရာဖြစ်သည်။

“သေစမ်း အဲဒါကြောင့် မင်းက အရမ်းအားကောင်းနေတာကိုး.. မင်းက ဘုန်းတော်ကြီးနန်လင်းရဲ့ တပည့်ဖြစ်နေတာပဲ.. မင်းရဲ့သရုပ်မှန်သာ ပေါက်ကြားသွားရင် ဒီတိုက်ကြီးက ဘယ်သူကမှ မင်းကိုရန်စရဲတော့မှာမဟုတ် ဘူး.. မင်းနောက်ခံက အားကောင်းလွန်းလို့ ကောင်းကင် နတ်ဘုရားတွေတောင် ရန်စမျာမဟုတ်ဘူး.. ဒီတိုက်ကြီးမှာ ဘုန်းတော်ကြီးနန်လင်းတပည့်ဖြစ်ရတဲ့ အဆင့်အတန်းက ဘယ်လိုလဲဆိုတာ သိရဲ့လား မင်းက သူ့ရဲ့တစ်ဦးတည်းသော တပည့်ပဲ”

“ဆရာနန်လင်းက ကျောင်းသားလက်မခံဘူးလား” ပေထင်းဟွမ် ထိတ်လန့်သွားသည်။ ဆရာနန်လင်းသည် အသက် ၂၀၀ ကျော်ရှိပြီဖြစ်ကာ ဝိညာဉ်ဂိုဏ်း၏ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဟု ပြေကြသည်။ သူသည် အင်ပါယာကျောင်းတော်၏ ဘုန်းတော်ကြီးလည်းဖြစ်သည်။ တပည့်မရှိဘူးဆို တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

All Chapters