← Chapters

လက်ဆောင်ခိုးပေးခြင်း

Vol. 18 Ch. 348

လက်ဆောင်ခိုးပေးခြင်း

Vol. 18 Ch. 348

“မင်းက ဒါကိုတောင်မသိဘူးလား” တုန်ဖန်းအောင်သည် မနာလိုမဖြစ်ဟု ပြောလျှင် လိမ်ရာကျမည်။ သူသည် ဤကောင်လေးနှင့် ပတ်သက်ပြီး ဆွံ့အမိ သည်။ သူသည် သူ၏ဆရာဖြစ်သူနှင့် ပတ်သက်ပြီး ဘာမှမသိထားပေ “ဆရာနန်လင်းက တပည့်လက်မခံဘူးဆိုတာ မင်း မသိဘူးလား.. မင်းက သူ့တပည့်ဖြစ်တယ်ဆို တိတ်တိတ်လေးတောင် ပျော်နေရမှာ”

အားလုံးသည် ပေထင်းဟွမ်အား အားကျကြသည်။ မျိုးနွယ်ကြီးလေးခုမှ လူများသည် ပေထင်းဟွမ်အား အားကျမှု၊ မနာလိုမှုနှင့် မုန်းတီးသော အကြည့် များဖြင့် ကြည့်လေသည်။ မျိုးနွယ်ကြီးလေးခုတွင် တပည့်များကို သီးခြား ပျိုးထောင်သည့် ကိုယ်ပိုင်နည်းပြများရှိသဖြင့် ကျောင်းကဲ့သို့နေရာမျိုးကို သွား ရောက်လေ့လာခြင်းမရှိပေ။ သို့သော် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ရှိ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများသည် မျိုးနွယ်ကြီးလေးခုတွင် ရှားပါးလှသည်။ အသက်မသေခင် နတ်လောကကို ဖြတ်နိုင်ဖို့ ဘယ်သူကများ အာရုံမစိုက်တဲ့သူ ရှိဦးမှာလဲ။ တပည့်ပျိုးထောင်ဖို့ ဘယ်သူကများ အချိန်ဖြုန်းနေဦးမှာလဲ။

ပေထင်းဟွမ်သည် ဝိညာဉ်ဂိုဏ်းထိပ်တန်းအဆင့်ရှိ ဆရာတစ်ယောက် ဖြစ်လာနိုင်သည်။ သူမက ဘယ်လိုလုပ် ကောင်းကင်ကို အံမတုဘဲနေနိုင်တော့ မှာလဲ။ ရက်အနည်းငယ်အတွင်းတွင် မျိုးနွယ်ကြီးလေးခုသည် ပေထင်းဟွမ် ကြောင့် သူတို့၏စိတ်ထဲတွင် သာလွန်သောခံစားချက်များ ထိုးတက်လာခဲ့၏။

သေချာပေါက်ပဲပေါ့.. ပေထင်းဟွမ်တော့ မသိပေ။ သူမသည် ရှက်ရွံ့စွာ ဖြင့် နှာခေါင်းပွတ်ကာ ပြုံးလိုက်သည်။ သူမ၏လှပသောမျက်နှာသည် မျိုးနွယ် ကြီးလေးခုမှ ယောက်ျားပျို၊ မိန်းမပျိုများကဲ့သို့ ဆွဲဆောင်မှုရှိနေပြီဖြစ်သည် “အာ.. ငါက ဆရာ့ကို ဘာလို့အဲလိုမျိုးတွေ မေးနေမှာလဲ”

သေချာပေါက်ပင်.. သူမသည် ဆရာနန်လင်းကို ရူးမိုက်စွာတူးဆွမည် မဟုတ်သလို ဆရာနန်လင်းကို မမြင်ဖူးချေဟုလည်း ပြောမည်မဟုတ်ပေ။ သူမ၏ စကားများသည် တုန်ဖန်းကျောက်မှ သူမကို သတ်ချင်လောက်သည် အထိ ရန်ဆွပေးလိုက်သည်ကို သူမ တကယ်မသိပေ။ ဒီလူက အရမ်း ပုံမှန်မဖြစ် လွန်းနေတာမဟုတ်ဘူးလား။ ဘုန်းတော်ကြီးနန်လင်းရဲ့ တပည့်ဖြစ်ချင်တဲ့သူ ဘယ်လောက်များပါစေ ဘုန်းတော်ကြီးနန်လင်းက သူမကိုတပည့်အဖြစ် လက်ခံပြီး ကိုယ်တိုင်ဖိတ်စာရေးပြီး ပို့ခဲ့တာမဟုတ်ဘူးလား။

သူမသာ ထိုစကားကို အသံထွက်ပြောမိလျှင် ထိုလူများ အသည်းကွဲသွား မည်လား။ လူမည်မျှ ငိုချင်သွားမည်နည်း။

နန်လင်းသည် ပေထင်းဟွမ်၏ ဆရာဖြစ်သည်ဟု ပေထင်းလင် ကြားသည်နှင့် ဝမ်းနည်းသွားသလို ပျော်ရွှင်မိသည်။ မိသားစုကြီးလေးခုတွင် သူတို့၏တပည့်များကို ကျင့်ကြံရာတွင် လမ်းပြရန် ဆရာကိုယ်စီရှိကြသည်။ ပေထင်းဟွမ်သည် မိသားစု၏ နှင်ထုတ်ခြင်းကိုခံခဲ့ရသည်။ ကံကောင်းစွာပင် နန်လင်းသည် သူမကို ကိုယ်တိုင်သင်ပေးလိမ့်မည်။ နန်လင်းကဲ့သို့ ဆရာရှိနေ သရွေ့ အနာဂတ် ဤတိုက်ကြီးတွင် ပေထင်းဟွမ်ကို အနိုင်ကျင့်ရဲသူရှိတော့မည် မဟုတ်ပေ။

ပေထင်းလင်သည် အနည်းငယ် ခံစားရသက်သာလာသည် “ရှောင်ကျို့ မင်း အင်ပါယာမြို့ကိုရောက်ရင် အဂ္ဂိရတ်ပညာသင်ရမယ်.. မင်းဦးလေးက သင်ပေးလိမ့်မယ်”

“ဟုတ်တယ် ကျွန်တော် ဦးလေးကိုလည်းလွမ်းနေပြီ” ပေထင်းဟွမ်သည် တဒင်္ဂမျှ စဉ်းစားနေသည်။

“ဒေါ်လေး ဒေါ်လေးဆီမှာ သိုလှောင်လက်စွပ်ရှိတယ်မလား”

မှော်သားရဲတစ်ကောင်ကို အသက်လှောင်အိမ်ထဲတွင် သော့ခတ် ပြီးနောက် ၎င်းကို သာမန်လက်စွပ်ထဲတွင်ထည့်ထားနိုင်သည်။

“ရှိတယ်လေ ဘာလို့လဲ” ပေထင်းဟွမ် ထိုအရာကို လိုချင်နေသည်ဟု ပေထင်းလင်ထင်သဖြင့် လျင်မြန်စွာပြောလေသည် “ရှောင်ကျို့ မင်းလိုချင်ရင် ငါ့ ဝိညာဉ်အမှတ်အသားကိုဖျက်ပြီး ပေးမယ်လေ”

“မလိုဘူးရယ်” ပေထင်းဟွမ်သည် ပေထင်းလင်၏ လက်ကိုဆုပ်ကိုင်ပြီး လက်ပတ်ပေါ်ရှိ လက်စွပ်ကို ညင်သာစွာချွတ်ပေးပြီး လွှတ်ပေးလိုက်သည် “ဒေါ်လေး ပြန်ရောက်ရင် ကျွန်တော် အစ်ကိုကြီးကို မကြာခင်လာတွေ့ပါမယ် လို့ပြောပေးပါ.. ပြီးတော့ ကျွန်တော့်ကိစ္စကို လျှို့ဝှက်ထားပေးပါ.. အချိန်တစ်ခု လောက်တော့ ဘယ်သူ့ကိုမှ မသိစေချင်ဘူး”

သူမ၏ မိသားစုသည် ဤကလေးအပေါ်တွင် အကြွေးများစွာတင်နေ သည်ကို တွေးမိပြီး သူမ၏တောင်းဆိုချက်ကို ပေထင်းလင် ငြင်းမည်မဟုတ် ပေ။ သဘာဝကျကျပင် သူမသည် ချက်ချင်းပင် သဘောတူလိုက်သည်။

“ဟေး ကောင်လေး အဲအချိန်ရောက်ရင် ငါ့ကိုကြည့်ပေးဖို့လည်း မမေ့နဲ့ဦး” တုန်ဖန်းကျောက်သည် အစကပေထင်းဟွမ်ပါ အင်ပါယာမြို့သို့လိုက်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ပေထင်းဟွမ်သည် နေခဲ့လိမ့်မည်ဟု သူ ထင်မထား ပေ။ သူသည် မပျော်ရွှင်တော့ပေ။ သည်တစ်ခေါက်လာသည်မှာ သူ့အစ်ကိုကြီး သာမဟုတ်ဘဲ မိသားစုမှ ပြန်မခေါ်ပါက သူသည် ပေထင်းဟွမ်နှင့်အတူ ထွက် ပြေးချင်မိသည်။

“သေချာပေါက်ပဲပေါ့” ပေထင်းဟွမ်သည် လက်မြှောက်ကာ သူ့ကိုရိုက် လိုကု်သည်။ တုန်ဖန်းကျောက် သူမနှင့် လက်ဝါးချင်းရိုက်လိုက်သောအခါ သူတို့လက်ထဲမှ သိုလှောင်လက်စွပ်များသည် ညင်သာစွာထိမိပြီး အသံထွက် ပေါ်လာသည်။

ရှီမန်ဆုန်းနှင့် တုန်ဖန်းအောင်တို့လည်း ရောက်လာပြီး ပေထင်းဟွမ်အား နှုတ်ဆက်ကြသည်။ မိသားစုကြီးလေးခုမှ နည်းပြသုံးယောက်သည် သံမဏိ သွေးကြေးစားအဖွဲ့ကို အင်ပါယာမြို့သို့ ဦးဆောင်ခေါ်သွားလေသည်။

ခြင်္သေ့ဘုရင်တောင်တန်းမှ ထွက်လာပြီးနောက် တုန်ဖန်းကျောက်သည် ဝိညာဉ်စွမ်းအင်ကိုသုံးပြီး သိုလှောင်လက်စွပ်ထဲကြည့်လိုက်ရာ အထဲတွင် ပစ္စည်းနှစ်ခုပိုရောက်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခုမှာ ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ် တစ်စက်ကို ကျောက်စိမ်းပုလင်းနှင့် ထည့်ထားပြီး နောက်တစ်ခုမှာ ဝိညာဉ်နက်အသီးဖြစ်သည်။ သူသည် စိတ်ထဲမှ ခံစားချက်ကို မဖော်ပြနိုင်တော့ပေ။ သို့သော် ကျေနပ်သည့် ခါးသက်မှုကို ခံစား လိုက်ရသည် “ဒီကောင်တော့နော်.. ငါ့ကို လက်ဆောင်ပေးတာကို ခိုးကြောင် ခိုးဝှက်လုပ်နေသေးတယ်…”

All Chapters