← Chapters

မွေးစားမိဘ

Vol. 18 Ch. 349

မွေးစားမိဘ

Vol. 18 Ch. 349

ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို ခြင်္သေ့ငယ်လေး အတွက် ချန်ပေးထားသည်။ သူ စားပြီးနောက်တွင် ပေထင်းဟွမ်သည် ကျောက်တုံးစင်ပေါ်ရှိ အကြွင်းအကျန်ကို ကျောက်စိမ်းပုလင်းထဲသို့ ဂရုတစိုက် ထည့်ခဲ့သည်။ သူသည် အားလုံးပေါင်း ၁၃ စက်ပေးသည်။ ထိုကိစ္စမှာ မလွယ်ကူလှပေ။ ခြင်္သေ့ငယ်လေးဇိထုံသည် မည်သည့်နေရာမှလာသည်ကို သူ မသိပေ။ သူသည် သူ့ကလေးမွေးဖွားစဉ်ကထက်ပင် ပို၍သတ္တိရှိခဲ့သည်။ သူသည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်များစွာကို တစ်ခါ တည်းရရှိခဲ့သည်။ သူ့ပါးစပ်ထဲမှထွက်လာသော ပမာဏသည် သူ၏စာနာမှု ထက် ပိုသာလွန်သည်။

ဇိထုံဆိုသည့်အမည်သည် ခြင်္သေ့လေး၏ မိခင်အရင်းမှပေးခဲ့သော အမည် ဖြစ်သည်။ မွေးစားမိဘမှ ဇိထုံ၏နာမည်ကို ပြောပြချိန်တွင် ချူဖုန်းကိုပါ ပြောပြ ခဲ့သည်။

ရှီမန်ဆုန်း၏ လက်စွပ်ထဲတွင်လည်း ထိုပစ္စည်းနှစ်ခုရှိနေသည်။ တစ်ခုမှာ ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ဖြစ်ပြီး နောက်တစ်ခုမှာ ဝိညာဉ်နက်သစ်သီးဖြစ်သည်။ ထိုပစ္စည်းများသည် သူ့လက်စွပ်ထဲတွင် ပေါ်လာ လိမ့်မည်ဟု သူ တစ်ခါမှမတွေးဖူးပေ။

ပေထင်းလင်အတွက် ထိုပစ္စည်းနှစ်မျိုးအပြင် အဆင့်မြင့်ကြယ်နတ်သားရဲ ၁၅ ကောင်လည်းရှိနေသည်။ ရွှေလှောင်အိမ်ပေါ်တွင် စာရွက်တစ်ရွက်ကို ကပ် ထား၏ “ဒေါ်လေး ကျွန်တော်က မှော်သားရဲတွေကို ထိန်းကျောင်းပေးမယ်လို့ ကတိ ပေးထားတာလေ.. အချိန်စာရင်းတွေ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားလို့ ကျွန်တော် ကတိမတည်နိုင်တော့ဘူး.. ကျွန်တော် နတ်သားရဲ ၁၅ ကောင်ပေးလိုက်မယ်.. အစ်ကိုကြီးရှီမန်ဆုန်းနဲ့ အစ်ကိုကြီးတုန်ဖန်းအောင်တို့ ကို ၅ ကောင်စီပေးဖို့ ဒေါ်လေးကိုပဲ ဒုက္ခပေးရတော့မယ်”

ပေထင်းလင်သည် လည်ချောင်းထဲတွင် တစ်စုံတစ်ရာ ပိတ်ဆို့သွားသကဲ့ သို့ စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။ သူသည် ရှီမန်ဆန်းနှင့် တုန်ဖန်းအောင် တို့ကို စာတိုလေးပေးလိုက်သည်။

သူတို့နှစ်ယောက်သည် စာတိုပေါ်မှ စာလုံးများကို ဖတ်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မိုးပေါ်သို့ ကြည့်လိုက်ကြသည်။ ကောင်းကင်ကြီးသည် မြင့်လွန်းသည်။ သို့သော် ဤလူငယ်၏ သဘောထားလောက် ကြီးမြင့်ဖို့ လိုသေး သည်။ ၎င်းသည် တခြားသူများ မော့မကြည့်နိုင်သည့် အမြင့်ဖြစ်သည်။

သူမသည် မနေ့ကစစ်မြေပြင်မှရခဲ့သည့် စစ်နိုင်ပစ္စည်းတစ်ဝက်ကျော်ကို သူတို့အား ပေးခဲ့သည်။

မျိုးနွယ်ကြီးလေးခုတွင် ဂုဏ်သတင်းရှိကောင်းရှိလိမ့်မည်။ သို့သော် လက်တွေ့တွင် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်အတွက် ကြယ် ၉ ပွင့်နတ်သားရဲ၊ မွန်မြတ်သောသားရဲ အကောင် ၂၀ ကျော်၊ စီရင်ချက် ဗိမာန်မှ ကောင်းကင်အဆင့်ဝိညာဉ်သခင်များနှင့် ရင်ဆိုင်သည့်တိုက်ပွဲတွင် အနိုင်ရနိုင်ခြေကို သူတို့သုံးယောက်လုံး ရှင်းလင်းပြီးသားဖြစ်သည်။

ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို ရနိုင်မလားဆိုသည့် ကိစ္စမှာ တခြားကိစ္စတစ်ခုဖြစ်သည်။ သို့သော် မိသားစုသုံးခုအတွက် ယခုလို စစ်နိုင်ပစ္စည်းများစွာကို ရနိုင်ရန် မဖြစ်နိုင်ပေ. ထို့ကြောင့်ပင် ထိုကောင်လေး သည် ပေထင်းလင်၏ လက်စွပ်မှာ သက်ရှိများကို သိုလှောင်နိုင်လားဟု မေးခြင်းပင်။

ပေထင်းဟွမ်သည် သူတို့မိသားစုကို စစ်နိုင်ပစ္စည်းများပေးသည်ဟု မိသားစုသုံးခုမှ တခြားလူများသိချိန်တွင် အရင်ကပေထင်းဟွမ်ကို အထင်သေး မိခဲ့ပုံများကို ပြန်တွေးတောမိကြသည်။ အထူးသဖြင့် ပေထင်းဟွမ်အား မကောင်းပြောခဲ့ကြသူများဖြစ်သည်။ သူတို့သည် တွင်းတူးပြီး ပုန်းချင်မိကြ၏။

“သခင်လေး ၉ ကတကယ် ကြည့်ကောင်းတာပဲ.. အရင်တုန်းက သူ့ကို ဘယ်သူကများ အမှိုက်လို့ခေါ်တာပါလိမ့်” လူတစ်ယောက်သည် သက်ပြင်းချ လေသည်။

“ဟုတ်တယ် အဲလိုလူက အမှိုက်ဆိုရင် ငါတော့ သေရုံပဲရှိတော့တယ်”

“ငါဆုံးဖြတ်ပြီးသွားပြီ.. ဒီဘဝမှာ ငါ့ရဲ့စံပြပုဂ္ဂိုလ်ကသခင်လေး ၉ ပဲ.. အုခကစပြီး ငါက သခင်လေး ၉ ရဲ့သစ္စာရှိပရိသတ်ဖြစ်သွားပြီ.. သခင်လေး ၉ မကောင်းကြောင်းကို ငါ့ရှေ့မှာပြောရဲတဲ့သူရှိရင် ငါပြန်ရန်ဖြစ်မယ်”

“ငါရောပဲ.. ငါလည်း သခင်လေး ၉ ရဲ့ ပရိသတ်ဖြစ်သွားပြီ”

“ငါတို့ ထွက်သွားတဲ့အချိန် မဟုတ်တာတွေ မပြောကြနဲ့.. သခင်လေး ၉ က သူ့အကြောင်းပြောဖို့ ခွင့်မပြုထားဘူး.. သူ့ကို အထင်သေးပြီး အမှိုက်လို့ခေါ် တဲ့သူတွေကို မျက်လုံးဖွင့်ပြီး ကြည့်ကြပါစေ.. သခင်လေး ၉ က ဒီတိုက်ကြီးမှာ မယှဉ်နိုင်တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သွားပြီ”

“ဟုတ်တယ် ပြောဖို့တောင်မလိုဘူး.. ငါတို့တွေ သစ္စာဆိုပြီးသွားပြီလေ.. နောက်ဆိုရင် သခင်လေး ၉ ရဲ့အကျိုးစီးပွားကို ဦးစားပေးလုပ်ရမယ်.. ငါလည်း ကောင်းကောင်းကျင့်ကြံရမယ်.. နောက်ဆိုရင် ငါလည်း သခင်လေး ၉ နောက် ကိုလိုက်ရမယ်”

မိသားစုလေးခုမှ လူငယ်များ၏ စကားများကို ကြားပြီးနောက် နည်းပြ သုံးဦးသည် ငိုရမည်လား ရယ်ရမည်လားကို မသိတော့ပေ။ တုန်ဖန်းအောင် သည် သက်ပြင်းချကာ တုန်ဖန်းကျောက်၏ ပခုံးကိုပုတ်လိုက်သည် “မင်းက ဘာလို့ သခင်လေး ၉ နဲ့အဲလောက် ရင်းနှီးနေလဲဆိုတာ ငါ အခုမှပဲ နားလည် တော့တယ်”

သူမသည် အားကောင်းရင်အားကောင်းလိမ့်မည်။ သို့သော် လူအများ၏ နှလုံးသားကို ရရန် ခွန်အားကို အသုံးမပြုပေ။ သူမနောက်သို့ လိုက်ပြီး သူမ အနားသို့ကပ်လိုစိတ်ဖြစ်ရန် သူမတွင် ထူးခြားသည့် ဆွဲဆောင်မှုရှိနေသည်…

All Chapters