သူတို့အားလုံး သူမကြောင့် ရူးသွပ်နိုင်တယ်
Vol. 18 Ch. 350
“ဟီး ဒါက ဘာမှမဟုတ်ပါဘူး” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား စွဲလမ်းနေကြသည့် မျိုးနွယ်ကြီးလေးခုမှ လူငယ်များကို ဂုဏ်ယူစွာဖြင့် ကြည့် လိုက်သည်။ သူ့အကြည့်သည် အရှေ့မှ သံမဏိသွေးကြေးစားအဖွဲ့ဆီသို့ ကျရောက်သွားသည် “သံမဏိသွေးကြေးစားအဖွဲ့ကို မမြင်ရသေးလို့နော်.. သူတို့ အကုန်လုံးက သူ့ကြောင့် ရူးသွားကြတော့မလို့ပဲ”
“မင်းလည်း အတူတူပဲမဟုတ်ဘူးလား” တုန်ဖန်းအောင်သည် သူ၏ ညီ ဖြစ်သူကို အထင်သေးစွာကြည့်လေသည်။ သူ ပေထင်းဟွမ်နဲ့ လမ်းခွဲလိုက် ကတည်းက စိတ်လွင့်နေတာကို မသိဘူးလား။
ပေထင်းဟွမ်သည် ဤစစ်ဆင်ရေးမှ စစ်နိုင်သည့်ပစ္စည်းများကို ဖြန့်ဝေ ပေးလိုက်သည်မှာ မျိုးနွယ်ကြီးလေးခုမှလူငယ်များ၏ စိတ်ထဲတွင် အစေ့ပျိုးချ လိုက်သည်ကို သူမ မသိခဲ့ပေ။ ထိုအစေ့သည် အနာဂတ်တွင် တဖြည်းဖြည်း ကြီးထွားလာပြီး မျှော်စင်သစ်ပင်ဖြစ်လာမည်ဟု သူမ မသိခဲ့ပေ။
မျိုးနွယ်ကြီးလေးခုမှ လူအားလုံးထွက်သွားပြီးနောက် ပေထင်းဟွမ်သည် ဂူထဲတွင် ခရမ်းရောင်မီးတောအင်ပံခြင်္သေ့ကို ထိန်းကျောင်းသည်။ အစိမ်းရောင် အစက်အပြောက်များဖြင့် လွှမ်းခြုံထားသည့် အပြာနုရောင်စွမ်းအင်သည် ပေထင်းဟွမ်၏ လက်ဖဝါးမှတစ်ဆင့် ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ ကိုယ်ထည်ထဲသို့ ဝင်သွားလေသည်။ သူမ၏ ဝိညာဉ်စွမ်းအားသည် နောက်မှ လိုက်ကာ ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ ဝိညာဉ်ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်လေသည်။ မကြာခင်တွင် သူသည် ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ အားကောင်းသော ဝိညာဉ်အတားအဆီးထဲသို့ ဝင်လေသည်။
ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ စိတ်စွမ်းအင်သည် အလိုလိုခုခံသည်ကို ခံစားမိလိုက်သည်။ သို့သော် အားကောင်းသော ကစဥ့်ကလျားနတ်အရင်းအမြစ် သည် လျင်မြန်စွာပင် ထိုအလိုလိုခုခံမှုကို ပျောက်ကွယ်အောင် ပြုလုပ်လိုက် သည်။ ၎င်းသည် ကြယ် ၉ ပွင့် နတ်သားရဲဖြစ်သော်ငြား ကစဥ့်ကလျားနတ် အရင်းအမြစ်နှင့်ဆိုလျှင် ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်သည် အလွန်ပင် ချောမွတ်သည်။ ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်ပြီးနောက် ခရမ်းရောင်မီးတောင် ပံခြင်္သေ့ခန္ဓာကိုယ်မှ ဒဏ်ရာများသည် မြန်ဆန်စွာပင် ပြန်ကောင်းလာခဲ့သည်။
“ဟူး” ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် ဒြပ်စင်စွမ်းအင်လုံးတို့ သူမ၏ သွေးကြောထဲတွင် လှည့်ပတ်ပြီး များပြားသောစွမ်းအင်ကို သူမ၏အကြောထဲ သို့ ယူဆောင်သွားသည်ကို အာရုံခံမိပြီးနောက် ပေထင်းဟွမ်သည် သက်ပြင်း မချဘဲမနေနိုင်တော့ပေ။ ကြယ် ၉ ပွင့် နတ်သားရဲသည် အလွန်ပင် အားကောင်း သည်။ ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်သည် သူမကို ကြီးမားသောအကျိုးအမြတ် ကိုယူဆောင်လာပေးသည်။
ကောင်းကင်နှင့် မြေကြီးဥပဒေသည် သူမခြေထောက်အောက်တွင် ပေါ် လာသည်။ ထောင့်ငါးထောင့်အစီအရင်ထဲမှ ငွေရောင်ဓားငယ်သည် ရုတ်တရက် ငွေရောင်ဓားသုံးချောင်းအဖြစ် ပြောင်းလေသည်။ သူမ၏ခွန်အားသည် နှစ်ဆင့် ခုန်တက်သွားခဲ့သည်။
“ဟူး.. သူက တကယ် အထွတ်အမြတ်သားရဖြစ်ဖို့ နီးကပ်နေပြီ” ပေထင်းဟွမ်သည် ခရမ်းရောင်မီးတောင်ပံခြင်္သေ့ခေါင်းမှ လက်ကိုဖယ်ပြီး လေထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ဓားငယ်သုံးချောင်းပေါ်မှ ငွေရောင်အလင်းတန်းကို ကြည့်နေသည်။ သူမ မယုံနိုင်သလို ခံစားရသည်။
သူမ အထွတ်အမြတ်သားရဲများကို ထိန်းကျောင်းပါက တစ်ခါတည်း ၇ ဆင့် ခုန်တက်သွားပြီး အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ဖြစ်သွားမလားဟု သိချင် မိသည်။
ချူဖုန်းသည် ငေးကြောင်နေမိသည်။ ကောင်းကင်အဆင့်တက်ပြီးနောက် နောက်တစ်ဆင့်တက်ရန် မည်မျှခက်ခဲကြောင်းကို သူသိသည်။ သူသည် မှော်သားရဲတစ်ကောင်ကို ထိန်းကျောင်သည်နှင့် တစ်ခါတည်း အဆင့် ၂ ဆင့် ခုန်တက်ခဲ့သည်။ ဒါက လွယ်လွန်းနေတာမဟုတ်ဘူးလား။ ချူဖုန်းသည် ပြုမူခဲ လှသော ချဲ့ကားသည့်အပြုအမူဖြင့် သူ့ရင်ဘတ်ကို ပုတ်လိုက်သည် “ရှောင်ကျို့ မင်း အဲလောက်ကြီး ခြောက်လှန့်ဖို့မလိုဘူးထင်တယ်”
“သွားရအောင်” ပေထင်းဟွမ်သည် ကြယ် ၉ ပွင့်နတ်သားရဲကို သူမ၏ နေရာအတွင်းသို့ ထည့်လိုက်သည် “ဝမ်းကွဲအစ်ကို မင်းရဲ့လောကကို မြန်မြန် တည်ငြိမ်အောင်လုပ်ပြီး ဒီကောင်ကြီးနဲ့ စာချုပ်မတည်ထောင်ချင်ဘူးလား.. မင်း စာချုပ်တည်ထောင်လိုက်ရင် မထင်မှတ်တဲ့အကျိုးအမြတ်တွေရလာနိုင် တယ်နော်”
ကြယ် ၉ ပွင့်နတ်သားရဲသည် အလွန်ပင် အားကောင်သည်။ အကယ်၍ ဤတိုက်ကြီးတွင်ပေါ်လာပါက ဘေးဒုက္ခကိုဖြစ်စေလိမ့်မည်။
ဤပြည်မကြီးတွင် သားရဲထိန်းများသည် အလွန်ပင် အဖိုးတန်လှသည်။ ကြယ် ၉ ပွင့်နတ်သားရဲ သို့မဟုတ် မွန်မြတ်သောသားရဲ တစ်ကောင် ပိုင်ဆိုင် ခြင်းကို မဆိုထားနှင့် ဝိညာဉ်သားရဲပိုင်ဆိုင်ခြင်းသည် ဝိညာဉ်သခင်များ၏ အိပ်မက်ဖြစ်သည်။
ချူဖုန်းသည် ပေထင်းဟွမ်၏ ရဲစွမ်းသတ္တိကြောင့် မစောင့်နိုင်တော့ပေ။ ခြင်္သေ့လေးဇိထုံသည် အိပ်မောကျနေသည်။ လက်ရှိတွင် သူ့ကိုကူညီနိုင်သည့် မှော်သားရဲမရှိသဖြင့် စစ်တပ်မရှိသည့် စစ်သူကြီးနှင့်မခြားလှပေ။ ၎င်းသည် သူ၏လေ့ကျင့်ရေးအတွက် အလွန်အထောက်အကူဖြစ်နိုင်သည်။
“ရှောင်ကျို့ မင်း ဘယ်သွားချင်လဲ” ခြင်္သေ့ဘုရင်၏တောင်တန်းထိပ်တွင် ရပ်ပြီး အားကောင်းသောလေနှင့် မျက်နှာချင်းဆိုင်ကာ ချူဖုန်းမေးလိုက်သည်။
“အထဲကိုသွားကြမယ်” ပေထင်းဟွမ်သည် ဝိညာဉ်ခွဲချောက်၏ အတွင်း ပိုင်းကို ညွှန်ပြလေသည် “ငါ ဇိကျီကို မေးပြီးပြီ.. အထဲမှာ ဝိညာဉ်သစ်သီးနဲ့ အမတဆေးပင်တွေရှိတဲ့ နေရာတွေရှိတယ်.. ငါ အဂ္ဂိရတ်ဆေးဖော်ဖို့အတွက် နည်းနည်းခူးချင်တယ်..”