ခရမ်းရောင်မီးတောင်ပံခြင်္သေ့နှင့် စာချုပ်တည်ထောင် ခြင်း
Vol. 18 Ch. 351
မိသားစုနောက်ခံကြီးကြီးမားမားမရှိဘဲနှင့် ထူးချွန်သည့် အဂ္ဂိရတ်ပညာ ရှင် ဖြစ်ရန်မှာမလွယ်ကူလှပေ။ အဂ္ဂိရတ်ပညာရှင်၏ အရည်အချင်းသည် မည်မျှ ပင် ကောင်းကင်ကိုအံတုစေနိုင်ကာမူ အဂ္ဂိရတ်ပညာသင်ယူသည့် လုပ်ငန်းစဉ် တွင် များစွာသော ဆေးပင်များကို ဖြုန်းတီးပစ်ရသည်။ ဆေးပင်ကောင်းများ သည် အလွန်အန္တရာယ်များသည့်ဧရိယာများတွင် ပေါက်ရောက်ရာ ရယူရန် မလွယ်ကူလှပေ။ ပေထင်းဟွမ်တွင် အားကောင်းသော နောက်ခံမရှိသဖြင့် ခူးရန် သူမကိုယ်သူမ အားကိုးရမည်။
ထိုအရာသည် မှားယွင်းသည်ဟု ပေထင်းဟွမ် မခံစားရပေ။ သူမ၏ အရင်ဘဝရော လက်ရှိဘဝမှာပါ တခြားသူများကို မှီခိုသည့်အလေ့အကျင့်မရှိ ပေ။
သို့သော် ချူဖုန်းဆီမှ ထိုစကားကိုကြားလိုက်ရသောအခါ နာကျင်မိသည်။ ထိုအခိုက်အတန့်တွင် ဝိညာဉ်ခွဲချောက်သည် မည်မျှပင် အန္တရာယ်များစေကာမူ သူသည် သူမကို အဖော်ပြုပေးမည်။
သူတို့နှစ်ယောက်လုံးသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကာ တိုက်ကြီးတစ်ခုလုံးရှိ အန္တရာယ်အများဆုံးနေရာထဲမှ တစ်ခုဖြစ်သည့် ဝိညာဉ်ခွဲ ချောက်၏ အတွင်းနက်ပိုင်းထဲသို့ ပျံမသွားရဲကြပေ။ ကောင်းကင်ပေါ်တွင် မှော်သားရဲပျံများစွာရှိကာ သူတို့အားလုံးသည် အားကောင်းကြသည်။ ထို့အပြင် နတ်သားရဲနှင့် အထွတ်အမြတ်များ၏ မွေးရာပါအရည်အချင်းများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်။ သက်ရှိပစ်မှတ်အဖြစ် အသုံးပြုရန်မှာ အလွန် လွမ်းဆွေးဖွယ်ကောင်းလှသည်။
နေရောင်သည် မြေပေါ်သို့ ဖြန့်ကျက်လာကာ တောကိုလွှမ်းခြုံထားသော မြူခိုးများသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ ရွှံ့နှင့်မြက်ပင်နံ့များသည် သူတို့ မျက်နှာများကို လာရိုက်ခတ်ကြသည်။ ဝိညာဉ်ခွဲချောက်အတွင်း လမ်းလျှောက် ကြည့်လျှင် ဘေးနှစ်ဖက်မှ ချောက်ကမ်းပါးများသည် ပေပေါင်းသောင်းချီမြင့် သည်ကို တွေ့နိုင်သည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် သူတို့နှစ်ယောက် သည် ပုရွက်ဆိတ်ကဲ့သို့သေးငယ်ကာ မမြင်နိုင်လောက်ပေ။
ကံကောင်းစွာပင် သူတို့နှစ်ယောက်လုံးသည် ကောင်းကင်အဆင့်ဝိညာဉ် သခင်များဖြစ်ကြပြီး တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝသည်။ ပေထင်းဟွမ် ၏ သိမြင်နားလည်မှုသည် နတ်ဘုရားတစ်ပါးကဲ့သို့ ထက်ရှသည်။ နွယ်ပင်လေး ၏ အကူအညီနှင့် သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက် တောင်ကြားများ စွာကို လှည်းကျင်းယူခဲ့သည်။ သူတို့သည် အမတဆေးပင်များ၊ ဝိညာဉ်သစ်သီး၊ အဖိုးတန်သတ္တုများစွာကိုရခဲ့ကြသည်။ သူတို့သည် အဆင့်မြင့်ကြယ်မွန်မြတ် သောသားရဲနှင့် အဆင့်နိမ့်ကြယ်နတ်သားရဲ အကောင် ၂၀ ကျော်ဖမ်းမိရခဲ့ကြ သည်။
“ဒါတွေနဲ့ဆိုရင် နောက်ဆိုရင် သံမဏိသွေးကြေးစားအဖွဲ့တော့ မြန်မြန်နဲ့ တိုးတက်လာမှာပဲ”
၇ ရက်ကြာပြီးနောက် သူတို့နှစ်ယောက်သည် အများအပြားရထားကြ သည်။ ပေထင်းဟွမ်သည် အလွန်ပင် ကျေနပ်လျက်ရှိသည်။ သူတို့သာ အထဲသို့ ထပ်ဝင်သွားပါက ဝိညာဉ်ခွဲတောင်တန်း၏ အနက်ရှိုင်းဆုံးပိုင်းသို့ ရောက်နိုင် သည်။ အထဲတွင် အုံ့ဆိုင်းနေသည့်ရွှံညွန်နှင့် အဆိပ်မြူခိုးအသူရာချောက်ရှိ သည်ဟု ပြောကြသည်။ နတ်ဘုရားအဆင့်ကျွမ်းကျင်သူများပင် လွယ်လင့်တကူ မဝင်ရဲကြပေ။
ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကိုပွတ်သပ်ပြီး နေရောင်ကြောင့် တောက်ပနေသော အဝေးရှိမြူခိုးများကို ကြည့်လိုက်သည်။ သူမသည် လက်လျှော့လိုစိတ်မရှိပေ။ သူမသည် လက်ကိုဝေ့ယမ်းကာ ကြယ် ၉ ပွင့် နတ်သားရဲဖြစ်သည့် ခရမ်းရောင်မီးတောင်ပံခြင်္သေ့ကို လွှတ်လိုက်သည်။
“ဝမ်းကွဲအစ်ကို မင်း သူနဲ့ စာချုပ်တည်ထောင်ပြီးရင် ဝင်ကြတာပေါ့”
“ဟုတ်ပြီ” နေရာတိုင်းသည် အန္တရာယ်များကာ အထဲကို ဝင်သွားလျှင် အသက်ဆုံးရှုံးနိုင်သည့်တိုင်အောင် ချူဖုန်းသည် မငြင်းဆန်ပေ။
ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ဦးခေါင်းပေါ်သို့ လက်တင်ပြီး ဝိညာဉ် စွမ်းအင်ကို ခြင်္သေ့၏အသိစိတ်ပင်လယ်ထဲသို့ထည့်လိုက်သည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များ ထိတွေ့သွားသောအခါ ခြင်္သေ့ဘေးနှင့် အသက်စာချုပ်ရှိ ထားနှင့်ပြီးသည့်သူသည် ခရမ်းရောင်မီးတောင်ပံခြင်္သေ့နှင့် တခြားစာချုပ် တည်ထောင်ရန်ကိုသာ ရွေးရန်ရှိတော့သည်။ သို့သော် ထိုအရာသည်လည်း ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ ဆန္ဒဖြစ်သည်။ သူသည် ခြင်္သေ့လေးကို သခင် အစေခံမဖြစ်စေလိုသဖြင့် သူကိုယ်တိုင်ကသာ ချူဖုန်း၏ သခင်အစေခံ စာချုပ် ကိုတည်ထောင်ခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ အသိစိတ်ပင်လယ်ထဲမှ ကြည်လင်သောအသံသည် တစ်ချိန်တည်းထွက်လာခဲ့သည် “… အမည်နာမကို တိုင်တည်ပြီး မင်းနဲ့စာချုပ်တည်ထောင်ဖို့ ကျိန်ဆိုပါတယ်..”
ကောင်းကင်နှင့်မြေကြီးဥပဒေသည် သူတို့နှစ်ယောက်လုံးပေါ်သို့ တစ်ချိန် တည်းကျလာသည်။ စာချုပ်၏ ခမ်းနားသောစာချုပ်ဖွဲ့စည်းမှုထဲတွင် ငွေရောင် အလင်းထွက်လာပြီး ကမ္ဘာပေါ်တွင် ပျောက်ကွယ်သွားလေသည်။ တစ်ချိန် တည်းမှာပင် ချူဖုန်း၏ခြေထောက်အောက်တွင် ငွေရောင်ထောင့်ငါးထောင့် အဖွဲ့အစည်းပေါ်လာသည်။ မူလကသေးငယ်သောဓားသည် ကောင်းကင်နှင့် မြေကြီးဥပဒေ၏ ခွဲခြမ်းမှုကြောင့် ငွေဓားငါးချောင်းဖြစ်သွားသည်။
ခရမ်းရောင်မီးတောင်ပံခြင်္သေ့နှင့်စာချုပ်တည်ထောင်ပြီးနောက် ချူဖုန်း သည် ကြယ် ၁ ပွင့်ဝိညာဉ်သခင်မှ ကြယ် ၅ ပွင့် ဝိညာဉ်သခင်အဖြစ် အဆင့်ခုန် တက်သွားခဲ့သည်။
အဆင့် ၄ ဆင့်တောင်
ပေထင်းဟွမ်သည် စုပ်သပ်ပြီး သက်ပြင်းချလိုက်သည် “အထင်ကြီးလောက်စရာပဲ”
“ဘယ်လောက်ပဲ မိုက်နေပါစေ မင်းလောက်တော့ မဟုတ်ပါဘူး ဟုတ်တယ်မလား” ချူဖုန်းသည် သူမအား တအံ့တဩကြည့်လေသည် “အထဲဝင်ပြီးမကြည့်ချင်ဘူးလား”
သွားကြတာပေါ့
နေ့တစ်ဝက်ခန့်လျှောက်ပြီးနောက် နေသည် အနောက်ဘက်သို့ ဝင်သွား ပြီဖြစ်သည်။ မူလက ပင်ပန်းနေသောငှက်များသည် အသိုက်ဆီသို့ပြန်ကြကာ မှော်သားရဲများသည်လည်း ညဘက်တွင် အိပ်တန်းပြန်ကြသည်။ တောတစ်ခု လုံးသည် တိတ်ဆိတ်နေသည်။ သားရဲဟိန်းသံနှင့် ငှက်အော်မြည်သံတို့ပင် မကြားရတော့ရာ ထူးဆန်းသောလေထုအဖြစ် ပြောင်းလဲသွားလေသည်…