← Chapters

အဂူးနှင့် အဇူရာ

Vol. 18 Ch. 353

အဂူးနှင့် အဇူရာ

Vol. 18 Ch. 353

သူတို့နှစ်ယောက်နောက်တွင် နွယ်ပင်လေးပြောသလိုပင် မှော်သားရဲ အုပ်ကြီးရှိနေသည်။ အားလုံးပေါင်း မှော်သားရဲတစ်ထောင်ကျော်သည်။ တစ်ဖက်စီတွင် စစ်တပ်ဖွဲ့စည်းထားသကဲ့သို့ ဝါစဉ်အလိုက်စီထားသည့် ထူထပ် လှသည့် အုပ်စုကြီးဖြစ်သည်။ မှော်သားရဲများ၏ ကြီးမားသောခန္ဓာကိုယ်များမှ ထူထဲလှ သောဖိအားလှိုင်းများကို တစ်လုံးပြီးတစ်လုံးထုတ်လွှတ်လေသည်။ တိုက်ပွဲတစ် ပွဲပြီးသည်နှင့် ဒဏ်ရာရထားသော မှော်သားရဲများ၏ အသားနှင့်သွေးများသည် နေရာတိုင်းတွင်ပြန့်ကျဲနေကာ သွေးများသည် မြေပေါ်သို့ မိုးရွာသလိုပင် ကျလာသည်။ မြင်ကွင်းမှာ အလွန်ပင် ဆိုးရွားလှသည်။

“အဂူး မင်းက နတ်သားရဲဆိုပေမဲ့ မင်းရဲ့မူလပုံစံကိုတောင် ပြန်မပြောင်း နိုင်တဲ့ အမှိုက်ဆိုတာကို မမေ့လိုက်နဲ့.. မင်းက ငါ့ကိစ္စမှာဝင်နှောက်ရဲရင် သေဖို့ပဲ တန်တယ်” တောင်ကြား၏ညာဘက်တွင်ရပ်နေသည့် လူသည် အစိမ်းရင့်ရောင် ဝတ်ဆင်ထားသည်။ သူ၏ဆံပင်၊ မျက်ခုံးနှင့် မျက်လုံးများသည်ပင် အစိမ်းရင့် ရောင်ဖြစ်သည်။ သူ၏အသံမှာ အေးစက်သည်။ သူ့နားရောက်သည်နှင့် တစ်ကိုယ်လုံး အေးစိမ့်မှုကို ခံစားရစေကာ ကြက်သီးမွေးညှင်းများထသွားစေ နိုင်သည်။

အဂူး ဟုတ်လား။ ပေထင်းဟွမ်၏ အကြည့်များသည် တခြားတစ်ဖက်မှ နီနီရဲရဲလူဆီသို့ ရောက်သွားသည်။ ထိုနာမည်မှာ အလွန်ရင်းနှီးလှပြီး သူ့ကို အရင်က မြင်ဖူးနေသလိုပင်။ သူ၏ဆံပင်သည် နီရဲပြီးပခုံးပေါ်ရောက်နေကာ နတ်မိစ္ဆာကဲ့သို့နီရဲသောမျက်လုံးများရှိပြီး အပေါ်ဝတ် ခပ်တိုတိုသည် တောင့်တင်းသော ရင်အုပ်ကို လစ်ဟာပြထားသည်။ ပေထင်းဟွမ်၏ စိတ်ထဲ တွင် အတွေးတစ်ခုဝင်လာသည်။ သူမသည် သူမ၏ခေါင်းကိုပြန်ပုတ်မိသည် “သူပဲ”

ထိုနေ့က လှည့်လည်သွားလာသူစခန်းနားတွင် ယန်ယဲ့၏ ရိုက်ခြင်းကိုခံ လိုက်ရသည်မှာ အထွတ်အမြတ်သားရဲဖြစ်သည်။

အထွတ်အမြတ်သားရဲ၏ အကြီးမားဆုံးခွန်အားမှာ ၎င်း၏ပင်မ ကိုယ်ထည်ခွန်အားဖြစ်သည်။ ၎င်း၏ကြီးမားသောပင်မကိုယ်ထည်မှထွက်သည့် အရည်အချင်းမြောက်များစွာကိုမဆိုထားနှင့် ၎င်း၏ ပြိုင်ဘက်ပေါ်၌ သက်ရောက်နေသည့် ဖိအားပင်လျှင် အလွန်ကြောက်မက်ဖွယ်ကောင်း နေ သည်။ မူလခန္ဓာကိုယ်ကို ပြန်မပြောင်းနိုင်တဲ့ အထွတ်အမြတ်သားရဲတစ်ကောင် က အတောင်ပံကျိုးနေတဲ့ငှက်နဲ့ ဘာခြားတော့မှာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ။

“ဟင်း အဇူရာ ငါက မူလအသွင်ကိုပြန်မပြောင်းနိုင်ရင်တောင် မင်းလိုမျိုး အစိမ်းရောင်စပါးအုံးမြွေလေးကို သတ်ဖို့က လက်ဖျောက်တစ်ချက်ပဲ” အဂူး၏ တစ်ကိုယ်လုံးမှ အနီရောင်အလင်းတန်းများ ထွက်လျက်ရှိသည်။ သူ့လက်သည် လေထဲတွင် ဝေ့ယမ်းလိုက်ရာ အနီရောင်မြူခိုးများ ပေါ်လာသည်။ သူ ရှေ့သို့ ညွှန်ပြရာ အဇူရာဆီသို့ ကြီးမားသောလေလှိုင်းကြီး တိုးသွားလေသည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် အားကောင်းသော အော်သံကြီးထွက်ပေါ် လာသည် “တိုက်မယ်”

သူ၏ရောင်ဝါသည် သက်တန့်ကဲ့သို့ဖြစ်သွားသည်နှင့် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် မြောက်တက်လာသည်။ သူသည် မှော်သားရဲအုပ်ကြီးကို ဖြတ်ကျော်ကာ တောင်ထိပ်တွင် ရပ်လိုက်သည်။ သူ့နောက်မျမှော်သားရဲများ သည် မာန်ဟိန်းနေကြကာ အဇူရာ၏စခန်းဆီသို့ ပြေးသွားကြသည်။

အဇူရာ၏ခန္ဓာကိုယ်သည် နောက်ကျွမ်းထိုးလိုက်ကာ အဂူး၏ မီးတောက် လေလှိုင်းကိုရှောင်ရှားလိုက်သည်။ ငွေရောင်အလင်းတန်းလက်သွားပြီး သူ ရပ်နေသည့်နေရာမှ အစိမ်းရောင်စပါးအုံးမြွေသည် ထူထဲသောခန္ဓာကိုယ်ဖြင့် ရှေ့သို့ရစ်ပတ်လိုက်ပြီး လျင်မြန်စွာပင် အဂူးအားဖမ်းကာ ကောင်းကင်ပေါ်တွင် မျက်နှာချင်းဆိုင်လိုက်သည်။

လရောင်အောက်တွင် အစိမ်းရင့်ရောင်ကြေးခွံများသည် တောက်ပလျက် ရှိသည်။ သူ့နောက်ကျောတွင် အတောင်ပံသုံးစုံရှိကာ ခေါင်းတွင် ဦးချိုတစ်ခု ထါက်နေသည်။ သူ့ခန္ဓာကိုယ် အလယ်တစ်ဝက်မှာ ခွေနေပြီး ခြေထောက်တွင် ခြေချောင်းလေးချောင်းရှိသည်။ သူ၏ ချွန်ထက်သောလက်သည်းများသည် အနည်းငယ်ကွေးနေကာ ခေါင်းကိုမြင့်မြင့်မော့ထားသည်။ သူ့အနောက်မှ အမြီးသည် မိုးကုတ်စက်ဝိုင်းထိ ဆန့်ထွက်နေသည်။

အဇူရာ၏ ပင်မကိုယ်ထည်သည် အဇူရာကောင်းကင်အစိမ်းရောင်စပါးအုံး မြွေဖြစ်သည်။ နှစ်ပေါင်းတစ်သောင်းကြီးထွားပြီးနောက် ၎င်း၏အရွယ်အစား သည် တောင်ထိပ်တစ်ခုကဲ့သို့ဖြစ်နေချေပြီ။ ခေါင်းပေါ်ရှိ ဦးချိုတွင် အစိမ်းရင့် ရောင်မြူခိုး တွဲလဲခိုနေသည်။ လေပင်လျှင် ၎င်းအနားသို့ မကပ်ရဲပေ။ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အထွတ်အမြတ်သားရဲ ပင်မကိုယ်ထည်၏ ဖိအားသည် ၎င်းလူသားအသွင် ပြောင်းသည်ထက်ပင် ပို၍သန်မာသည်။ အသက်တစ်ချက်ရှူလိုက်သည်နှင့် လေနှင့်တိမ်တိုက်များ လှုပ်ခါသွားနိုင်သည်။ မြေပေါ်တွင် မြေနှင့် ကျောက်တုံး များ ပျံသွားကြသည်။ နှစ်တစ်ထောင်သက်တမ်းရှိ သစ်ပင်သည် ကမ္ဘာပျက် သွားသကဲ့သို့ အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရသည်။

“အဂူး အခုထိ အသက်ရှင်ဖို့က မင်းအတွက် မလွယ်ဘူးပဲ.. အဆိပ်မြူ ချောက်မှာနေမယ့်အစား ကောင်းကင်က မင်းကိုပေးတဲ့ အဖိုးတန်အချိန်တွေကို တန်ဖိုးထားပြီး ဒီဘုရင်ရဲ့ကိစ္စမှာ ဝင်မပါနဲ့.. ဟင်း ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ် အစက်တစ်ထောင်.. အဲဒါကြောင့်သာမဟုတ်ရင် မင်းက ဒီဘုရင်ရဲ့ဗိုက်ထဲရောက်နေလောက်ပြီ.. မင်းက သေဖို့ပဲတန်တယ်” အဇူရာသည် ကြမ်းတမ်းသောမျက်နှာထားဖြင့် အော်လေသည်။ သူ့မျက်လုံး များထဲတွင် အစိမ်းရင့်ရောင်အလင်းများ စီးဆင်းသွားရာ ၎င်း၏ချောမောသော မျက်လုံးများသည် ပို၍ပင် နတ်မိစ္ဆာဆန်သွားလေသည်…

All Chapters