← Chapters

အပိုင်း ၅၆၂

Vol. 42 Ch. 562

အပိုင်း ၅၆၂

Vol. 42 Ch. 562

း ။ ဒါပေမဲ့လည်း သည်စီရင်စု ထဲမှာက ဒုတိယတန်းစား ဘုရင်အဆင့် ကလန် ငါးခု နဲ့ တတိယတန်းစား ဘုရင်အဆင့်ကလန် ၅၀နီးပါး ရှိတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပြီး အဆင့်သတ်မှတ်ချက် မရှိတဲ့ ဘုရင်အဆင့် ကလန်တွေကတော့ အနည်းဆုံး ၅၀၀ နဲ့ ၅၀၀ အထက်ပါပဲ ။

မူလပင်လယ်နယ်ပယ် ဘုရင် အရေအတွက်ကတော့ ယေဘုယျအားဖြင့်  အဆင့်သတ်မှတ်ချက် မရှိတဲ့ ဘုရင်အဆင့် ကလန်တစ်ခုမှာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဒါမှမဟုတ် နှစ်ပါး ရှိလေ့ ရှိပြီး တတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခုမှာတော့ မူလပင်လယ်နယ်ပယ် တစ်ဒါဇင်နီးပါး ရှိတတ်လေ့ ရှိပါတယ် ။ ဒုတိယတန်းစား ဘုရင်အဆင့် ကလန် တစ်ခုမှာတော့ မူလပင်လယ်နယ်ပယ် ဘုရင်အရေအတွက် ဒါဇင် အနည်းငယ် ရှိပါတယ် ။

အဲသည်အချက်အလက်တွေကို အခြေခံပြီး တွက်ချက်ရမယ် ဆိုရင်တော့ နန်အန်း စီရင်စုထဲမှာ ရှိနေတဲ့ ကလန်တွေက မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့တင် အရေအတွက်ဟာ နှစ်ထောင်နီးပါး ရှိနေခဲ့ပါပြီ ။

ဒါတောင်မှ ဘုရင်အဆင့် ဂိုဏ်းတွေက မူလပင်လယ်နယ်ပယ် ဘုရင်တွေ နဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ထည့်သွင်းပြီး မတွက်ချက်ရသေးပါဘူး ။ အဲသည်သူတွေကိုပါ ထည့်ပြီး တွက်ချက်လိုက်မယ်ဆိုရင်တော့ နန်အန်းမြို့တော်ထဲမှာ ရောက်ရှိနေတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်အရေအတွက်ဟာ နှစ်ထောင်တောင် ကျော်သွားနိုင်ပါသေးတယ် ။

နန်အန်းမြို့တော်နဲ့ အနီးအနားမှာ ရှိနေတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာလည်း သည်လို သုံးနှစ်နေမှ တစ်ကြိမ် ကျင်းပတဲ့ ခရမ်းရောင်နေ လေလံပွဲကို ဘယ်လို အကြောင်းနဲ့မှ လက်လွှတ်ခံကြမှာ မဟုတ်ပါဘူး ။ အဲသည်အတွက် မနက်ခင်း အရုဏ်တက်ပြီး တစ်နာရီ အကြာမှာပဲ နောက်ထပ် မူလနယ်ပယ် ဘုရင် တစ်ရာကျော်ဟာ ခရမ်းရောင်နေ လေလံခန်းမရဲ့ အရှေ့ကို ရောက်လာကြပြန်ပါတယ် ။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ  ခရမ်းရောင်နေ လေလံခန်းမရဲ့ အရှေ့ကို ပိုပိုပြီး စုရုံးရောက်ရှိ လာကြပါပြီ ။

အခုဆိုရင် ခရမ်းရောင်နေ လေလံခန်းမရဲ့ အရှေ့မှာ  စုရုံးရောက်ရှိနေကြတဲ့  လူအုပ်ကြီးဟာ ပင်လယ် လှိုင်းလုံးကြီးလိုတွေလိုပါပဲ ။ လီဖူချန်းကလည်း အဲသည် လူအုပ်ကြီးထဲမှာ ရုပ်ဖျက်ပြီး ရောက်ရှိနေခဲ့ပါတယ် ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဟာ အကြောင်းမဲ့ ကျော်ကြားနေတာ မဟုတ်ပါဘူး ။ သည်ကုန်းမြေတိုက်ကြီးပေါ်မှာ ရှိနေတဲ့ စီရင်စု တစ်ခုက မူလပင်လယ်နယ်ပယ် ဘုရင် အရေအတွက်ဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ရှိတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်အရေအတွက်ထက် ပိုပြီး များပါတယ် ။ အဲသည်အတွက် သူက မမျှော်လင့်တဲ့ ပြသနာတွေကို ရှောင်လွဲဖို့အတွက် ရုပ်ဖျက်ထားခဲ့တာပါ ။ သူက သူ့ရဲ့ မူလပင်ကို ရုပ်သွင်နဲ့  ခရမ်းရောင်နေ လေလံပွဲမှာ လေလံဝင်ဆွဲဖို့ အထိတော့ မရူးမိုက်သေးပါဘူး ။

" ဟင်……ဟိုဘက်မှာ ဂိုဏ်းချုပ်ကြီးနဲ့ မျက်လုံးသုံးလုံး ဆေဘာဘုရင်တို့ပါလား"

လူအုပ်ကြားထဲမှာ ရှိနေတဲ့ လီဖူချန်းဟာ ရုတ်တရက်ဆိုသလို သူနဲ့ သိပ်မဝေးကွာတဲ့ အရပ်မှာ ရှိနေတဲ့ လူနှစ်ယောက်ကို သတိပြုမိ သွားခဲ့ပါတယ် ။ အဲသည်လူနှစ်ယောက်ကတော့ သက်တံနီ ဘုရင် နဲ့ မျက်လုံးသုံးလုံး ဆေဘာဘုရင်တို့ပါပဲ ။

သက်တံနီဘုရင် နဲ့ မျက်လုံးသုံးလုံး ဆေဘာဘုရင်တို့က သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး မူလပင်လယ်နယ်ပယ် ဘုရင်နှစ်ပါး ဆိုရင်လည်း မမှားပါဘူး ။

' ဂိုဏ်းချုပ်နဲ့ အထွတ်ခေါင်ချုပ် ပင်မ အကြီးအကဲတို့တောင် သည်လေလံပွဲကို ရောက်လာကြတာပါလား ။ ကြည့်ရတာ သူတို့က ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်းအတွက် ရောက်လာကြတာပဲ ဖြစ်ရမယ် '

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။

ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတယ် ဆိုတာက  အစွမ်း သိပ်မထက်တဲ့ ကောင်းကင်အဆင့်နိမ့် သိုင်းပညာ တစ်ခုကို တတ်ကျွမ်းထားသလိုပါပဲ ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင် ကျင့်ကြံသူ တစ်ဦးက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းကိုသာ တတ်မြောက်ထားတယ် ဆိုကြပါစို့ ။ဒါပေမဲ့ သူ့ရဲ့ လက်ထဲမှာ ကောင်းကင်အဆင့်နိမ့် ဓားတစ်လက် ရှိနေမယ်ဆိုရင် သူသုံးလိုက်တဲ့ ဓားသိုင်းဟာ ကောင်းကင် အဆင့်နိမ့် ဓားသိုင်း အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ် ။

ဒါပေမဲ့ အဲသည်ဓားသိုင်းဟာ အစွမ်း ထက်မြက်မှု အပိုင်းမှာပဲ ကောင်းကင်အဆင့်နိမ့် ဓားသိုင်း အဆင့်ကို ရောက်နိုင်မှာ ဖြစ်ပြီး နက်နဲမှု အပိုင်းမှာတော့ ကောင်းကင်အဆင့်နိမ့် ဓားသိုင်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။  ဒါကြောင့်လည်း အစွမ်းသိပ်မထက်တဲ့ ကောင်းကင်အဆင့်နိမ့် ဓားသိုင်း အဆင့်ကို ရောက်ရှိသွားနိုင်တယ်လို့ ဆိုရတာပါ ။

ဒါပေမဲ့လည်း ကောင်းကင် အဆင့်နိမ့် ဓားသိုင်းအဆင့်ကို ရောက်ရှိသွားနိုင်တယ် ဆိုတဲ့ အဆင့်နဲ့တင် အတော်လေး ကြောက်စရာ ကောင်းလွန်း နေပါပြီ ။အဲဒါက ကိုယ်တတ်မြောက်ထားတဲ့ သိုင်းပညာကို အဆင့်တစ်ဆင့် ခုန်တက်သွားစေတာ မဟုတ်ပါလား ။

တကယ်လို့သာ ကောင်းကင်အဆင့်နိမ့် ဓားသိုင်းကို တတ်မြောက်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်အဆင့်နိမ့် ဓားကို ပိုင်ဆိုင်ထားမယ် ဆိုရင် သူ့ရဲ့ ဓားသိုင်းအစွမ်းဟာ ကောင်းကင်အလယ်အလတ်အဆင့် ဓားသိုင်းနီးပါးအထိ ရောက်သွားနိုင်ပါတယ် ။ အဲဒါက ကျင့်ကြံခြင်းနယ်ပယ် တူတဲ့ သူတွေရဲ့ တိုက်ပွဲမှာ အလွန်အမင်း အကျိုးရှိစေတဲ့ အချက်ပါပဲ ။

" ဟင်…… ဟိုဘက်မှာလည်း ချီကျွင်းကျွင်းပါလား"

သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ လူအုပ်ကြားထဲမှာ နောက်ထပ် သူသိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ် ။ အဲသည်လူကတော့ ချီကျွင်းကျွင်းပါပဲ ။ ချီကျွင်းကျွင်းက တစ်ယောက်တည်း ရှိနေတာတော့ မဟုတ်ပါဘူး ။ သူမရဲ့ ဘေးမှာ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတဲ့ လူကြီးတစ်ယောက် ရှိနေပါသေးတယ် ။

" ဟင်…… အဲသည်လူက "

လီဖူချန်းတစ်ယောက် တုကူးကျန်းရန်နဲ့ တိုက်ခိုက်ခဲ့တဲ့ နေ့တုန်းက လူတစ်ယောက်ဟာ သူတို့တိုက်ပွဲကို ခိုးကြည့်နေတယ်လို့ ခံစားခဲ့ရတာပါ ။ သူထင်တာသာ မမှားဘူး ဆိုရင် အဲသည်လူက ချီကျွင်းကျွင်းနဲ့ အတူတူ ပါလာတဲ့ လူကြီးပါပဲ ။ ကြည့်ရတာတော့ ချီကျွင်းကျွင်းက သူ့ကို စိုးရိမ်တဲ့အတွက် အဲသည်လူကြီးကို အကူအညီတောင်းပြီး သူ့နောက်ကနေ လိုက်လာတာပဲ ဖြစ်ရပါမယ် ။

ပတ်ဝန်းကျင် တစ်ခုလုံး လင်းကျင်းသွားတဲ့ အချိန်ကို ရောက်တဲ့အခါမှာတော့ ထောင်နဲ့ချီနေတဲ့ လူတွေဟာ ခရမ်းရောင်နေ လေလံခန်းမရဲ့ အရှေ့မျက်နှာစာနဲ့ အနီးအနားက လမ်းတွေပေါ်မှာ ပြည့်နှက်သွားခဲ့ပါပြီ ။

သည်လူတွေထဲမှာတော့ များပြားလှတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေအပြင် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေလည်း ပါဝင်နေခဲ့ပါတယ် ။

တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အများစုကတော့ ငယ်ရွယ်တဲ့ လူငယ် ဆရာသခင်တွေပါပဲ ။

" လေလံပွဲက မကြာခင်မှာပဲ ကျင်းပပါတော့မယ် ။ ကျေးဇူးပြုပြီး အားလုံး ဝင်ပေးကြပါ "

အဲသည်အချိန်မှာပဲ ခရမ်းရောင်နေ လေလံခန်းမရဲ့ တံခါးတွေဟာ ပွင့်ထွက်လာခဲ့ပြီး အကြီးအကဲ တစ်ဦး အားလုံးကြားရအောင် ကြေညာလိုက်ပါတော့တယ် ။

" နောက်ဆုံးတော့ လေလံပွဲက စတော့မယ်ဟေ့ "

" ငါက သည်လေလံပွဲကို သုံးနှစ်တောင် စောင့်လာရတာဟ ။ သည်တစ်ခါတော့ ရတနာ ပစ္စည်းတစ်ခုကို မရရအောင် လေလံဆွဲရမယ် "

" ကောင်းကင်ဘုံရယ် …… ကျေးဇူးပြုပြီး သည်တစ်ခါတော့ ကျုပ်ကို မျက်နှာသာ နည်းနည်းပါးပါး ပေးစမ်းပါ "

ကြောညာချက် အပြီးမှာတော့ လူတွေဟာ အတန်းလိုက် တန်းစီလိုက်ပြီး လေလံခန်းမထဲက အလျှိုလျှို ဝင်ရောက်သွားကြပါပြီ ။

ခရမ်းရောင်နေ လေလံခန်းမက အင်မတန် ကြီးမားလွန်းလှတဲ့အတွက် သည်လူဦးရေ ထောင်ဂဏန်းလောက်ကိုတော့ ဘယ်လိုမှ မဆံ့စရာ အကြောင်း မရှိပါဘူး ။

ဒါပေမဲ့လည်း လိုအပ်ချက်အရ လေလံခန်းမထဲက နေရာတွေကို အမျိုးအစား လေးမျိုး ခွဲခြားထားပါတယ် ။ အဲဒါတွေကတော့ ရိုးရိုးတန်း ၊ ဧည့်သည်တော်တန်း ၊ သီးသန့်ခန်း နဲ့ အထူး သီးသန့်ခန်းတို့ပါပဲ ။

ခရမ်းရောင်နေ လေလံခန်းမဟာ ရိုးရိုးတန်းကလွဲပြီး ကျန်တဲ့ အမျိုးအစား သုံးမျိုးကို တားဆီးပိတ်ပင် ဝင်္ကပါ အစီအရင်တွေ ချထားပေးပါတယ် ။ အဲသည်အတွက် ကျင့်ကြံသူတွေဟာ သူတို့ရဲ့ဘေးမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာကို ကြည့်မြင်နိုင်မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း ဧည့်သည်တော်တန်းမှာ ခင်းကျင်းထားတဲ့ တားဆီးပိတ်ပင် ဝင်္ကပါအစီအရင်က တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေရဲ့ လိပ်ပြာအသိစိတ်အာရုံကိုပဲ တားဆီးပေးနိုင်ပါတယ် ။ အဲဒါတွေက မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ လိပ်ပြာအသိစိတ်အာရုံကိုတော့ တားဆီးပေးနိုင်မှာ မဟုတ်ပါဘူး ။ သီးသန့်ခန်း နဲ့ အထူးသီးသန့်ခန်းတွေမှာ ခင်းကျင်းထားတဲ့ ဝင်္ကပါ အစီအရင်တွေမှသာ မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ လိပ်ပြာ အသိစိတ်အာရုံကို တားဆီးပေးနိုင်တာပါ ။

ပြီးတော့ မတူညီတဲ့ အတန်းအစားတွေကိုလိုက်ပြီး ဝင်ကြေးက ကွာခြားပါသေးတယ် ။

ရိုးရိုးတန်း နေရာ တစ်နေရာကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅တုံး ၊ ဧည့်သည်တော်တန်း နေရာ တစ်နေရာကို    အလယ်အလတ်အဆင့် ၁၀၀ တုံး ၊ သီးသန့်ခန်း တစ်ခန်းကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဆိုပြီး ခွဲခြားထားတာ ဖြစ်ပါတယ် ။ အထူးသီးသန့်ခန်းတွေကိုတော့  အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှိတိုင်းလည်း ယူလို့ မရပါဘူး ။ အထူးသီးသန့်ခန်းတွေဆိုတာက ဂိုဏ်းအသီးသီးက  ဂိုဏ်းချုပ်တွေ ၊ အထွတ်ခေါင်ချူပ် အကြီးအကဲတွေ ၊ ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တွေက ကလန်ခေါင်းဆောင်တွေနဲ့ မြို့စားစံအိမ်က ဦးစီး အကြီးအကဲတွေအတွက်ပါပဲ ။

လီဖူချန်းကတော့  သီးသန့်ခန်း တစ်ခန်းကို ယူလိုက်ပါတယ် ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဆိုတာက သူ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး ။

သည်လိုနဲ့ပဲ  လူအယောက် တစ်သောင်း ဆံ့တဲ့ လေလံခန်းမဟာ ပြည့်သွားခဲ့ပါပြီ ။ နောက်ထပ် ၁၅မိနစ် ကြာတဲ့ အချိန်မှာတော့ မီးခိုးရောင် ဆံပင်ပိုင်ရှင် မူလနယ်ပယ် အဆင့်၁  ဘုရင်တစ်ပါးဟာ လေလံခန်းမရဲ့ အလယ်မှာ ရှိတဲ့ စင်မြင့်ပေါ်ကို တက်ရောက်လာခဲ့ပါတယ် ။ အဲသည်သူကတော့ သည်လေလံပွဲကို တာဝန်ယူမယ့်သူ ဖြစ်ပုံပါပဲ ။

" ကြွရောက်လာကြတဲ့ လူကြီးမင်းများအားလုံး မင်္ဂလာပါ ။ ကျုပ် လျိုကျင်းကတော့ သည်နေ့ လေလံပွဲကို တာဝန်ယူ ကျင်းပပေးမယ့်သူ ဖြစ်ပါတယ် ။ သည်နေ့ လေလံပွဲမှာတော့ လေလံပစ္စည်း ၁၂၆မျိုး လေလံတင် ရောင်းချသွားမှာပါ ။အားလုံးပဲ သည်နေ့ လေလံပွဲမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို လေလံအောင်ပြီး ပိုင်ရှင်အဖြစ် ဖြစ်ခွင့်ရပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ပါတယ် ။ ကဲ…… လေလံပွဲကို စလိုက်ကြရအောင် ''

" အဟမ်း "

လည်ချောင်းတစ်ချက် ရှင်းပြီးတဲ့ နောက်မှာတော့ လျိုကျင်းက အသံမြင့်မြင့်နဲ့ အော်ပြောလိုက်ပါတယ် ။

" ပထမဆုံး လေလံပစ္စည်းကို သယ်ခဲ့ကြစမ်းဟေ့ "

သူ့ရဲ့ အော်သံ အဆုံးမှာတော့ ချောမောလှပတဲ့ မိန်းမပျိုလေး နှစ်ယောက်ဟာ ကတ္တီပါစရှည်တစ်ခု ဖုံးအုပ်ထားတဲ့ လင်ပန်းရှည်ကြီး တစ်ချပ်ကို ဂရုတစိုက် သယ်လာပြီး  စင်မြင့်ပေါ်ကို တက်လာခဲ့ပါပြီ ။

လျိုကျင်းက ဖုံးအုပ်ထားတဲ့ ကတ္တီပါစကို ဖယ်ရှားလိုက်ပြီး လေလံပစ္စည်းအကြောင်း ရှင်းပြပါတော့တယ် ။

" တောင်ဖြိုတူပျံ  ။အလေးချိန် ၁၂၅၀၀ ကီလိုဂရမ်ရှိပြီး ကြယ်၁ပွင့် အဆင့်သတ်မှတ်ချက် ရှိတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် လက်နက်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ် ။ သည်လက်နက်ရဲ့ စတင် ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဖြစ်ပြီး လေလံ တစ်ခါ ဆွဲတိုင်းမှာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁၀တုံးထက် ဈေးလျော့နည်းလို့ မရပါဘူး ။ ကဲ …… စတင် လေလံဆွဲလို့ ရပါပြီ '"

မြေကမ္ဘာအထွတ်အထိပ်အဆင့် လက်နက်ပစ္စည်းတွေနဲ့ ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်းတွေကြားက ကွာဟချက်ဟာ တကယ်ကို ကြီးမားလွန်းလှပါတယ် ။ အဲသည်အတွက် ကျင့်ကြံသူတွေက မြေကမ္ဘာ အထွတ်အထိပ်အဆင့် လက်နက်ပစ္စည်းတွေကို သာမန် ၊ ကြယ် ၁ ပွင့် ၊ ကြယ် ၂ ပွင့် နဲ့ ကြယ် ၃ပွင့်ဆိုပြီး ခွဲခြား သတ်မှတ်ခဲ့ကြပါတယ် ။

မူလပင်လယ်နယ်ပယ် ဘုရင်တွေကတော့ ယေဘုယျအားဖြင့် ကြယ်၂ ပွင့် ဒါမှမဟုတ် ကြယ် ၃ပွင့် မြေကမ္ဘာအထွတ်အထိပ်အဆင့် လက်နက်ပစ္စည်းတွေကို ကိုင်ဆောင် အသုံးပြုကျသူတွေပါ ။ အဲသည်အတွက် သူတို့က သည်ကြယ်၁ပွင့် တောင်ဖြိုတူပျံကို စိတ်မဝင်စားကြပါဘူး ။

" ၂၁၀၀ "

" ၂၂၀၀ "

" ၂၄၀၀"

သည်တောင်ဖြိုတူပျံကို မူလပင်လယ်နယ်ပယ် ဘုရင်တွေက စိတ်မဝင်စားပေမယ့် တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေကတော့ စိတ်ဝင်စားကြပါတယ် ။ အဲသည်အတွက် သူတို့ဟာ အပြိုင်အဆိုင် ဈေးပေးနေကြပါပြီ ။

သည်လိုနဲ့ပဲ တောင်ဖြိုတူပျံဟာ ဧည့်သည်တော်တန်းမှာ ထိုင်နေတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးရဲ့ လက်ထဲကို အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၂၈၀၀ နဲ့ ရောက်သွားပါတော့တယ် ။

ဒုတိယမြောက် လေလံပစ္စည်းကတော့ တောင်ဖြိုတူပျံလောက် ဈေး မရှိခဲ့ပါဘူး ။ အဲသည်ပစ္စည်းရဲ့ ကြမ်းခင်းဈေးကတော့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၅၀၀ သာ ရှိခဲ့ပါတယ် ။

ဒါကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး ။ယေဘုယျအားဖြင့် လေလံပွဲတွေရဲ့ ပထမဆုံး လေလံတင် ရောင်းချတဲ့ ပစ္စည်းတွေဟာ ပရိသတ်ရဲ့ အာရုံကို ဆွဲငင်ဖို့အတွက်သက်သက်သာ ဖြစ်နေတတ်တာ မဟုတ်ပါလား ။

" လေလံပစ္စည်း အမှတ်စဉ် ၂၉ ။ မိုးကြိုးလက်ကောက် ၊ မြေကမ္ဘာ အဆင့်မြင့် မှော်ဝင် ရတနာ ပစ္စည်း ။ သည်ပစ္စည်းရဲ့ ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြစ်ပြီး တစ်ခါ လေလံ ဆွဲတိုင်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀တုံးထက် လျော့နည်းလို့ မရပါဘူး "

ဝေါ……

လေလံခန်းမ တစ်ခုလုံးကတော့ အာမေဍိတ်သံတွေနဲ့ ဆူညံသွားခဲ့ပါပြီ ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာတော့ မြေကမ္ဘာအဆင့်မြင့် မှော်ဝင် ရတနာ ပစ္စည်းတွေဆိုတာက အတော်လေး ရှားပါးတဲ့ ပစ္စည်းတွေပါပဲ ။

တကယ်လို့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးက မြေကမ္ဘာ အလယ်အလတ်အဆင့် မှော်ဝင်ရတနာ ပစ္စည်း တစ်ခုကို  အသက်သွင်းလိုက်မယ်ဆိုရင် အဲသည် ဆရာသခင်ဟာ သာမန် အဆင့်မြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးရဲ့ အစွမ်းမျိုးကို ထုတ်နိုင်မှာ ဖြစ်ပါတယ် ။

တကယ်လို့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးက မြေကမ္ဘာ အဆင့်မြင့် မှော်ဝင်ရတနာ ပစ္စည်း တစ်ခုကို အသက်သွင်း အသုံးပြုလိုက်မယ် ဆိုရင်တော့ အဲသည် ဆရာသခင်ဟာ ထွတ်ခေါင် ဆရာသခင် တစ်ပါး ဒါမှမဟုတ် မဟာ ဆရာသခင် တစ်ပါးရဲ့ အစွမ်းမျိုးကိုတောင် ထုတ်သုံးလာနိုင်မှာပါ ။

မဟာဆရာသခင် တစ်ပါးရဲ့ အစွမ်း ဆိုတာက အားနည်းတဲ့ အဆင့်၁ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကိုတောင် ယှဉ်နိုင်နေပြီ ဆိုတာကိုတော့ အားလုံး အသိပါပဲ ။

" ၃၅၀၀ "

" ၃၈၀၀ "

" ၄၀၀၀ "

အစောပိုင်းက လေလံပစ္စည်းတွေထက် စာရင်တော့ မိုးကြိုးလက်ကောက်ကို လေလံဆွဲမှုကို ပိုပြီး အပြိုင်အဆိုင် ရှိတယ်လို့ ဆိုရပါမယ် ။ မူလပင်လယ် နယ်ပယ် ဘုရင် အများအပြားကလည်း သည်မိုးကြိုးလက်ကောက် လုပွဲထဲကို ပါဝင်လာကြပါသေးတယ် ။

သူတို့က သည်မိုးကြိုးလက်ကောက်ကို လိုချင်လွန်းလို့တော့ မဟုတ်ပါဘူး ။ သူတို့က သူတို့ရဲ့ တပည့်သားမြေးတွေကို လက်ဆောင် ပေးဖို့အတွက် သည်မိုးကြိုးလက်ကောက် လုပွဲထဲကို ဝင်လာပုံ ရပါတယ် ။

" ၄၅၀၀ "

သည်ဈေးနှုန်းကို ပေးလိုက်သူကတော့ ချီကျွင်းကျွင်းရဲ့ နံပါတ်၅ ဦးလေးပါပဲ ။ သူကတော့ သီးသန့်ခန်း တစ်ခုအတွင်းမှာ ချီကျွင်းကျွင်းနဲ့အတူ ရှိနေတာပါ ။

ဒါပေမဲ့လည်း မိုးကြိုးလက်ကောက်ရဲ့ လေလံဈေးနှုန်းကတော့ ဆက်ပြီး တက်နေတုန်းပါပဲ ။ ကြည့်ရတာတော့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၄၅၀၀ ဆိုတာက မြေကမ္ဘာ အဆင့်မြင့် မှော်ဝင်ရတနာ တစ်ခုရဲ့ ဈေးမှန် ဟုတ်သေးပုံ မရပါဘူး ။

လေလံဈေးနှုန်းက အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၆၀၀၀ ကျော်သွားတဲ့ အချိန်မှာတော့ လူအများစုဟာ လက်လျော့လိုက်ကြပါပြီ ။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆၀၀၀ ဆိုတာက တကယ်ကို မနည်းလှတဲ့ ပမာဏ တစ်ခုလို့ ဆိုရပါမယ် ။ဘာဖြစ်လို့လဲ ဆိုတော့ သာမန် မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ကိုယ်ပိုင် ကြွယ်ဝ ချမ်းသာမှုကတောင်မှ အလယ်အလတ်ဝိညာဉ်ကျောက်တုံး သောင်းဂဏန်း အနည်းငယ်သာ ရှိလို့ပါပဲ  ။

သည်လေလံဈေးနှုန်းကို လိုက်ပြီး မိုးကြိုးလက်ကောက်လုပွဲမှာ ဆက်လက် ပါဝင်နေကြသူတွေကတော့ တတိယတန်းစား ဘုရင်အဆင့် ကလန်တွေပဲ ရှိပါတော့တယ် ။

ဘုရင်အဆင့် ဂိုဏ်းတွေ နဲ့ ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တွေကတော့ သည်မိုးကြိုးလက်ကောက်ကို သိပ်ပြီး စိတ်မဝင်စားတဲ့အတွက် ဝင်ပြီး ဈေးတောင် မပေးခဲ့ကြပါဘူး ။ သူတို့ရဲ့ ပစ်မှတ်ကတော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေ ဒါမှမဟုတ် ကောင်းကင် အဆင့်နိမ့် လက်နက်ပစ္စည်းတွေပဲ ဖြစ်ကြပါတယ် ။

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ မိုးကြိုးလက်ကောက်ဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၇၅၀၀ နဲ့ ချီကျွင်းကျွင်းရဲ့ ဦးလေးနံပါတ်၅ ဖြစ်သူ လက်ထဲ ကျရောက်သွားပါတော့တယ် ။

" ကျေးဇူးအများကြီး တင်ပါတယ် ။ ဦးလေးငါး "

ချီကျွင်းကျွင်းက တုံးအနေသူတစ်ဦး မဟုတ်ပါဘူး ။ သူမရဲ့ ဦးလေးဖြစ်သူက သည်မိုးကြိုးလက်ကောက်ကို သူမအတွက် လေလံဆွဲပေးတယ် ဆိုတာကို ချီကျွင်းကျွင်း အနေနဲ့ ကောင်းကောင်းကြီး သိထားပြီးသားပါပဲ ။

ဦးလေးငါးက ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။

" ကျွင်းကျွင်း …… သမီးက ဦးလေးတို့ ချီကလန်ရဲ့ မျိုးဆက်သစ်တွေထဲမှာ အလားအလာ အရှိဆုံးပဲလေ ။ သမီးနဲ့ ယှဉ်ရင် သည်မိုးကြိုးလက်ကောက်က ကလန်အတွက် ဘာမှ မဟုတ်ဘူး  ။ သည်မိုးကြိုးလက်ကောက်က ဦးလေး မရှိတဲ့အချိန် သမီးကို ယာယီ အကာအကွယ် ပေးနိုင်ရင်ကို တန်နေပါပြီ "

ချီကျွင်းကျွင်းက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ကို ရောက်နေပေမ့်လည်း သူမရဲ့ အစွမ်းက လက်ရွေးစင် ဆရာသခင် အဆင့်မှာသာ  ရှိနေသေးတာပါ ။ သူမက ထွတ်ခေါင်ဆရာသခင် အဆင့်ကို ရောက်ဖို့အတွက် အနည်းငယ် လိုအပ်နေဆဲပါပဲ ။ မဟာဆရာသခင် အဆင့်ကို ဆိုရင်တော့ ဘယ်လိုမှကို မရောက်နိုင်သေးပါဘူး ။ အဲသည်အတွက် မိုးကြိုးလက်ကောက်က သူမနဲ့ အတော်လေး သင့်တော်တယ်လို့ ဆိုရပါမယ် ။ ဒါကြောင့်လည်း သူမရဲ့ ဦးလေးနံပါတ်၅က မိုးကြိုးလက်ကောက်ကို သူမအတွက် မရရအောင် လေလလံ ဆွဲပေးခဲ့တာပါ ။

မိုးကြိုးလက်ကောက်က ခရမ်းရောင်နေ လေလံပွဲမှာ ပေါ်လာတဲ့ တစ်ခုတည်းသော မြေကမ္ဘာအဆင့်မြင့် မှော်ဝင်ရတနာ ပစ္စည်းတော့ မဟုတ်ပါဘူး ။ နောက်ထပ် မြေကမ္ဘာ အဆင့်မြင့် မှော်ဝင်ရတနာ ပစ္စည်းတွေဟာလည်း ခရမ်းရောင်နေ လေလံပွဲမှာ ပေါ်လာပါသေးတယ် ။ သူတို့အားလုံးရဲ့ နောက်ဆုံး လေလံ အပိတ်ဈေးကလည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၇၀၀၀ အောက် မလျော့နည်းပါဘူး ။ ခုခံမှုကော တိုက်ခိုက်မှုပါ အသုံးပြုလို့ ရတဲ့ မြေကမ္ဘာ အဆင့်မြင့် မှော်ဝင် ပစ္စည်း တစ်ခုဆိုရင် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ နဲ့တောင် ရောင်းထွက်သွားပါသေးတယ် ။

" လေလံပစ္စည်း အမှတ်စဉ် ၅၅ ။ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ရတနာဓား ။ သည်ဓားရဲ့ အမည်က ကြာပန်းနီ ဖြစ်ပြီး ကြယ်၂ပွင့် အဆင့်သတ်မှတ်ချက်ရှိတဲ့ ဓား ဖြစ်တယ် ။ သည်ဓားရဲ့ ကြမ်းခင်းဈေးကိုတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖြစ်ပြီး တစ်ခါ လေလံဆွဲရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀တုံးထက် လျော့နည်းလို့ မရပါဘူး ။ ကဲ…… စတင် လေလံဆွဲလို့ ရပါပြီ "

လေလံပစ္စည်း အမှတ်စဉ် ၅၅ကတော့ လီဖူချန်းရဲ့ မျက်လုံးတွေကို အရောင်တောက်သွား စေခဲ့ပါပြီ ။

ကြယ်၂ပွင့် အဆင့်သတ်မှတ်ချက်နဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ရတနာဓား ………

ဒါက သူနဲ့ အတော်လေး လိုက်ဖက်ညီတဲ့ ဓားပါပဲ ။

ကြယ်၃ပွင့် အဆင့်သတ်မှတ်ချက်ရှိတဲ့ မြေကမ္ဘာ အထွတ်အထိပ် ရတနာဓားဆိုရင်တော့ ပိုပြီး ကောင်းလောက်ပေမယ့် အဲသည်လို အဆင့်နဲ့ ဓားက သည်လေလံပွဲမှာ ပေါ်လာစရာ သိပ်မရှိပါဘူး ။ တကယ်လို့ ပေါ်လာခဲ့ရင်လည်း အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကပဲ လေလံဆွဲယူသွားမှာ ဖြစ်ပါတယ် ။

လီဖူချန်းက ကြယ်၃ပွင့် အဆင့်သတ်မှတ်ချက်ရှိတဲ့ မြေကမ္ဘာ အထွတ်အထိပ် ရတနာဓား တစ်လက်အတွက်နဲ့တော့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေကို ရန်မစဝံ့ပါဘူး ။

ကျင့်ကြံခြင်း လောကမှာ အသက်ရှည်ရှည် နေချင်တဲ့ လူတစ်ယောက်ဟာ  ဘယ်အခြေအနေမျိုးတွေမှာ အလျော့ပေးရမလဲ  ဆိုတာကို ကောင်းကောင်းကြီး သိထားရပါမယ် ။

" ၅၀၀၀ "

" ၆၀၀၀ "

" ၆၅၀၀ "

" ၇၀၀၀ "

ကြယ်၂ပွင့် အဆင့် သတ်မှတ်ချက်ရှိတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားကတော့ လူအုပ်ကြီးရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့ပါပြီ ။ ပြီးတော့ လေလံဈေးနှုန်းကလည်း ရုတ်ချည်း ခုန်တက်ကုန်ပါတယ် ။

သည်ကြာပန်းနီ ဓားကို ဝင်ရောက် လေလံဆွဲသူတွေကတော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေပါပဲ ။ အဲသည် သူတွေကတော့ အများစုကတော့ မူလပင်လယ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဘုရင်တွေဖြစ်ပြီး အနည်းစုကတော့ မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တွေ  ဖြစ်ကြပါတယ် ။ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဘုရင်တွေကတော့ ကြာပန်းနီဓားကို လေလံဆွဲတဲ့ အထဲမှာ မပါဝင်ခဲ့ကြပါဘူး ။

" ၁၀၀၀၀ "

လီဖူချန်းက အခန်းထဲမှာ ရှိနေတဲ့ ခေါင်းလောင်းငယ်လေး တစ်ခုကို တီးလိုက်ပြီး ဈေးပေးလိုက်ပါတယ် ။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀ နီးပါး ပါလာတဲ့ သူ့အတွက်ကတော့ သည်ကြာပန်းနီ ဓားကို လေလံဆွဲတဲ့ နေရမှာ ဘာမှ တုံ့နှေးနေစရာ အကြောင်း မရှိပါဘူး ။

" ၁၁၀၀၀ "

နောက်ထပ် သီးသန့်ခန်း တစ်ခု အတွင်းကနေ ဈေးပေးတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်ပါတယ် ။ အဲသည် အခန်းတွင်းမှာ ရှိနေသူကတော့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ လူကြီးတစ်ယောက်ပါပဲ ။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကတော့ မူလပင်လယ်နယ်ပယ် အဆင့်၃ကို ရောက်နေခဲ့ပါပြီ ။ ပြီးတော့ သူ့ရဲ့ လေသံထဲမှာလည်း ဓားဆန္ဒတွေက အပြည့်ပါပဲ ။

" ၁၂၀၀၀ "

လီဖူချန်းကလည်း လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး ။

ဘန်း……

ဗလတောင့်တောင့်နဲ လူကြီးက အခန်းတွင်းမှာ ရှိနေတဲ့ ထိုင်ခုံ တစ်ခုံကို ရိုက်ချိုးလိုက်ရင်းနဲ့ လီဖူချန်းရဲ့ အသံ ထွက်ပေါ်လာတဲ့ သီးသန့်ခန်းဘက်ကို လှမ်းကြည့်လိုက်ပါတယ် ။ ဒါပေမဲ့ စိတ်မကောင်းစရာ ပါပဲ ။ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံဟာ တားဆီးပိတ်ပင် ဝင်္ကပါ အစီအရင်ကို ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။

" ဟမ့် "

အဲသည်နောက်မှာတော့ ဗလတောင့်တောင့်နဲ့ လူကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကြာပန်းနီ ဓားကို လက်လျော့လိုက်ပါတော့တယ် ။ လီဖူချန်း ပေးလိုက်တဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၂၀၀၀ က သူတတ်နိုင်တဲ့ ပမာဏကို ကျော်လွန်နေခဲ့ပြီ မဟုတ်ပါလား ။

လေလံ အနိုင်ရပြီး သိပ်မကြာခင်မှာပဲ ကြာပန်းနီ ဓားဟာ လီဖူချန်းရဲ့ သီးသန့်ခန်း အတွင်းကို ရောက်လာပါတော့တယ် ။

ကြာပန်းနီ ဓား ဆိုတဲ့နာမည် အတိုင်းပါပဲ ။ ဓားတစ်ခုလုံးဟာ သွေးနီရောင် တောက်ပနေပြီး ဓားရဲ့ ကိုယ်ထည်ပေါ်မှာတော့ ကြာပန်းပွင့် ၉ပွင့်ကို ထွင်းထုထားပါတယ် ။ ပြီးတော့ ထူးဆန်းတဲ့ အငွေ့အသက်တွေကိုလည်း ထုတ်လွှတ်နေပါသေးတယ် ။

" ကောင်းလိုက်တဲ့ဓား "

ဓားကို သေသေချာချာ ဆန်းစစ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မပြုံးဘဲ မနေနိုင်တော့ပါဘူး ။

သည်ဓားနဲ့ ဆိုရင်တော့ သူ့ရဲ့ အစွမ်းဟာ အုပ်စိုးသူ ဆရာသခင်တွေထဲမှာတောင်မှ ထိပ်ပိုင်းမှာ ရပ်တည်နေနိုင်တော့မှာ မဟုတ်ပါလား ။

***

All Chapters