← Chapters

အားအကောင်းဆုံးခွန်အား

Vol. 18 Ch. 355

အားအကောင်းဆုံးခွန်အား

Vol. 18 Ch. 355

သွေးနီရောင်ဓားကောက် ဝါးမျိုခံလိုက်ရသော်လည်း အဂူးသည် လုံးဝ ပူပန်ခြင်းမရှိပေ။ သူ၏အထင်သေးသောအကြည့်သည် အဇူရာ၏ခန္ဓာကိုယ် ပေါ်ကျရောက်နေကာ ညင်သာစွာပင် လက်ချောင်းများကို လိမ်လိုက်သည်။ မရေမတွက်နိုင်သော သွေးနီရောင်မီးပွားများသည် သူ့လက်ချောင်းများအကြား မှ ထွက်လာကာ သူ၏မျက်လုံးများကို ရောင်ပြန်ဟပ်နေရာ သူ့ကို ပို၍ပင် နတ်မိစ္ဆာနှင့်တူစေသည်။

ဘုန်း…

ပေါက်ကွဲသံ အတွဲလိုက်မှာ ရုတ်တရက်ထွက်လာပြီး အဇူရာ၏မျက်လုံး ထဲတွင် နာကျင်မှုများ လက်သွား၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသောမြွေလည်ပင်းမှ ရုတ်တရက် အစိမ်း ရောင်အလင်းတန်းထွက်ပေါ်လာသည်။ ကျောက်စိမ်းရောင်သွေးသည် မိုးပေါ်မှ ကျလာပြီး နာကျင်သောအော်သံတစ်ခုသည် ကောင်းကင်ကို စုတ်ဖြဲလိုက်သလို တောင်ကြားတစ်ခုလုံးကို လှုပ်ခါသွားစေသည်။

နယ်ပယ်သည် ပြိုကွဲသွားကာ သွေးနီရောင်ဓားကောက်၏ တိုက်ခိုက်မှု ကြောင့် ဒဏ်ရာရသွားလေသည်။

နာကျင်မှုသည် အဇူရာကို ဒေါကန်သွားစေသည်။ သူ့ခန္ဓာကိုယ်မှ အစိမ်း ရင့်ရောင်အလင်းသည် အဆပေါင်းများစွာ တိုးပွားလာသည်။ သူ၏ကြီးမား သော မြွေအမြီးသည် ခပ်မြင့်မြင့်မြောက်လာကာ အဂူးကိုရိုက်ချလေသည်။

“ဟင်း သာမန်လောက်ပါပဲ” အဂူး၏မျက်လုံးများသည် ရွံရှာမှုများဖြင့် ပြည့်နေသည်။ သူ့လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ဖွင့်ဖတ်နှစ်ထပ်နှင့် လှပသော သွေးနီရောင်ပန်းများသည် မြွေအမြီးဖြန့်ကျက်ထားသော ကောင်းကင်ဆီသို့ပျံသွားလေသည်။

“သွေးမီးပွား.. ပန်းတိုက်စား”

ပန်းသည် လေထဲတွင် တဖြည်းဖြည်းကြီးမားလာသည်။ ပန်းကန်လုံး တစ်လုံးအရွယ်အစားဖြစ်လာသည်။ သွေးနီရောင်အလင်းတန်းများသည် ဝတ်ဆံဖိုမှထွက်လာပြီး ကြီးမားသောမြွေ၏အမြီးကို တိုက်ခိုက်လေသည်။ မြွေအမြီးတွန့်သွားပြီး အနက်ရောင်အရည်များထွက်လာသည်။ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် မြွေအမြီးပေါ်မှ အသားများပဲ့ကျကာ အရိုးဖြူဖြူများပေါ်လာ၏။

မြွေအမြီးယမ်းလိုက်သည်နှင့် ပြင်းထန်သည့်လေကိုသယ်ဆောင်လာကာ အညှာတာမဲ့စွာ ရိုက်ချလိုက်သည်။ သွေးများဖြင့်ဖုံးလွှမ်းနေသော ပုံရိပ်မှ ဖြူသွယ်သောလက်ချောင်းတစ်ချောင်း ဆန့်ထွက်လာသည်။ ၎င်းသည် နူးညံ့ပြီး အရိုးမဲ့သလိုထင်ရကာ အရိုးဖြူဖြူများပေါ်နေသည့် မြွေအမြီးကိုဆုပ်ကိုင်လိုက် ၏။

ကောင်းကင်ပေါ်တွင် စိတ်မချမ်းမြေ့ဖွယ် အော်သံထွက်ပေါ်လာပြီး အက်ကွဲသံတစ်ခု လိုက်ပါလာသည်။ ကြီးမားသောမြွေအမြီးသည် အရိုးမဲ့သော လက်တစ်ချောင်းလိုပင်။ မြွေအမြီးသည် ကောင်းကင်ယံ၌ ပြိုလဲနေသော တိုင်တစ်ခုလိုပင်။

မြေပေါ်တွင် နှစ်ဖက်မှ ထောင်ချီသော မှော်သားရဲများသည် ရှေးအကျဆုံး တိုက်ခိုက်နည်းများကိုသုံးလျက်ရှိသည်။ သူတို့ တိုက်ကြသည်။ ကိုက်ကြသည်။ တစ်ကောင်နှင့်တစ်ကောင် ချေမှုန်းကြသည်။ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ မြွေအမြီး၏တစ်ဝက် မိုးပေါ်မှကျလာသည်မှာ ကြီးမားသောတောင်ကြားမှာပင် ပြည့်လုနီးပါးဖြစ်သွားသည်။

မှော်သားရဲနှစ်ထောင်သည် အချိန်မှီမလွတ်မြောက်နိုင်လိုက်ပေ။ ကြီးမား သော မြွေအမြီးသည် သူတို့ကို ဂူအတွင်းသို့ ဖိသွင်းလိုက်ပြီး လှုပ်မရတော့ပေ။ ကျန်သောမှော်သားရဲများသည် အထွတ်အမြတ်သားရဲဖိအားကို ဂရုမစိုက်ဘဲ ပျာယာခတ်ကာ အဘက်ဘက်သို့ ပြေးကြသည်။

အဂူးသည် ပြုံးပြီးလေပေါ်တွင် ပေါလောပေါ်နေသည်။ သူ ယန်ယဲ့၏ ရိုက်ခြင်းကိုခံရသည့် သနားစဖွယ်အခြေအနေနှင့်ယှဉ်လျှင် ဤအခိုက်အတန့် တွင် သူသည် တည်ငြိမ်လျက်ရှိသည်။

အဇူရာသည် ခေါင်းကိုခက်ခက်ခဲခဲမော့ကာ အနောက်ကိုလှမ်းကြည့် သည်။ ပြတ်သွားသောမြွေအမြီးသည် မြေပေါ်သို့ အရှိန်ဖြင့်ကျသွားကာ ၎င်း၏ ပင်မကိုယ်ထည်တွင် အရေပြားတစ်လွှာသာကျန်တော့လေသည်။ အစိမ်းရင့် ရောင်သွေးများ တလိပ်လိပ်ထွက်လာပြီး မကြာခင်တွင် တောင်ကြားမှ မှော်သားရဲများ၏အလောင်းများ ထွက်ပေါ်လာပြီး သူတို့၏တက်ကြွမှုမှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက သခင်ကို ဆုံးရှုံးခဲ့ရသည့် ‘အကြွင်းအကျန်’ သည် ခွန်အားလျော့သွားပြီဟု သူ ထင်ထားခဲ့သည်။ မူလခန္ဓာကိုယ်သို့ ပြန်မပြောင်းနိုင်သည့် အထွတ်အမြတ်သားရဲသည် အားကောင်းနေတုန်းပင်။

ဂုဏ်သိက္ခာသည် သူ့အသက်အတွက် တောင်းပန်ခွင့်ပင်မပြုတော့ပေ။

“အဂူး မင်းသန်မာတာ ငါ ဝန်ခံပါတယ် ဒါပေမဲ့ မင်း ငါ့ကိုသတ်ချင်ရင် မင်းရဲ့အားအကောင်းဆုံး ခွန်အားကိုသုံးလိုက်”

အေးစက်ပြီး မထီမဲ့မြင်ပြုသောအသံသည် အဇူရာ၏ပါးစပ်မှ တဖြည်းဖြည်းထွက်လာသည်။ သူ၏အစိမ်းရင့်ရောင်မျက်လုံးထဲမှအလင်းသည် တဖန်မြင့်တက်လာပြီး ပြိုးပြိုးပြက်ပြက်အလင်းတန်းတစ်ခုထွက်လာသည်။ အစိမ်းရင့်ရောင် နယ်ပယ်အရောင်သည် တဖြည်းဖြည်းနက်မှောင်လာကာ မြွေ၏ ခန္ဓာကိုယ်တစ်ဝက်သည် ဆန့်ထွက်ဆဲဖြစ်လေသည်။ ကြောက်မက်ဖွယ် ကြီးမားသောအရိပ်တစ်ခုသည် မိုးကုတ်စက်ဝိုင်းပေါ်တွင် ပေါ်လာပြီး မိုးပေါ်မှ တိမ်တိုက်များပြင် အကြမ်းပတမ်းလှိမ့်နေသည်။ လေပုံစံသည် ဖိအားကြောင့် ပုံပျက်နေပြီး ကောင်းကင်၌လသည် နှစ်ခြမ်းကွဲသွားသည်။

All Chapters