မင်းက ကြယ် ၂ ပွင့်အထွတ်အမြတ်သားရဲမဟုတ်ဘူး
Vol. 18 Ch. 356
“ကြီးလိုက်တဲ့ နဂိုခန္ဓာကိုယ်ပါလား”
ပေထင်းဟွမ်သည် မယုံနိုင်ပေ။ ၎င်းသည် ဝိညာဉ်ခွဲတောင်တန်းမှ အမြင့်ဆုံးတောင်ထက်ပင်ကြီးမားကာ ကောင်းကင်နှင့် ပြည့်လျက်ရှိသည်။ သူမ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်ရခြင်းသာမဟုတ်လျှင် သူမသည် ဤကြီးမား သော အရိပ်မည်းကြီးကြောင့် လမ်းလွဲသွားနိုင်သည်။ သူ့ရှေ့၌ လူသားများသည် သူ့အရေခွံတစ်ဝက်အရွယ်အစားပင်မရျိပေ။
အဂူးသည် ခေါင်းကိုဖြည်းညင်းစွာ မော့လိုက်သည်။ လ၏ကြွင်းကျန် သော အလင်းကိုမျက်နှာမူပြီး ကြီးမားသောမြွေကိုယ်ထည်ကိုကြည့်ကာ အထင်သေးစွာ ပြုံးလိုက်သည် “မူလခန္ဓာကိုယ်ကြီးထွားမှုနှုန်း မြန်ချင်တာနဲ့ မူလအသက်ကို လောင်ကျွမ်းခိုင်းလိုက်တာလား”
အစိမ်းရင့်ရောင်မြူခိုးသည် သူ၏ဦးချိုမှ မှုတ်ထုတ်လိုက်သလို ထွက်လာ သည်။ မကြာမီတွင် ကမ္ဘာကြီးသည် အစိမ်းရင့်ရောင်မြူခိုးများဖြင့် ပြည့်နှက် သွားသည်။ မြူခိုးများ ပေထင်းဟွမ်ဆီသို့ လွင့်ပါလာသည်ကို ကြည့်ပြီး ချူဖုန်း သည် လျင်မြန်စွာပင် ပေထင်းဟွမ်၏ပါးစပ်နှင့်နှာခေါင်းကို လက်ဖြင့်ပိတ်ပေး လိုက်သည်။
အဆိပ်မြူခိုး…
၎င်း၏ကြီးမားသောကိုယ်ထည်သည် အစိမ်းရင့်ရောင်အဆိပ်မြူခိုးများထဲ တွင် ပုန်းအောင်းနေသည်။ ၎င်း၏မီးပုံးအရွယ်အစားရှိ မျက်လုံးများမှ အစိမ်းရင့် ရောင်အလင်းတန်း ထွက်လာသည် “အဂူး မင်းငါ့အသက်ကိုလိုချင်ရင် မင်း အတွက်လည်း လွယ်မှာမဟုတ်ဘူး”
“ဟင်း” အလင်းတန်းတစ်ခုထွက်လာပြီး အဂူး၏ကိုယ်ထည်မှ သွေးနီရောင်အလင်းတန်းထွက်လာကာ လေတစ်ချက်သူ့ကိုဖြတ်တိုက်သည် နှင့် သူ့အဝတ်များလွင့်သွားလေသည်။ သူ၏အေးစက်သောအသံသည် ဖိအား ပါလှသည် “နှစ်တစ်သောင်းအတွင်းမှာ ဒီအကွက်သုံးဖို့ ဘယ်သူကမှ ငါ့ကို ဖိအားမပေးနိုင်ခဲ့ဘူး.. မင်းက အရင်ကြိုးစားကြည့်ချင်မှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ကျောက်စိမ်းကဲ့သို့ ဖြူစွတ်သော အဂူး၏နူးညံ့ပြီး အရိုးမဲ့ခန္ဓာကိုယ်သည် သူ့ရင်ဘတ်ရှေ့တွင် အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့သည်။ သူ့လက်ထဲတွင် ထူးဆန်းသော သွေးနီရောင်မန္တလာပန်းပေါ်လာပြီး သူ့လည်ချောင်းမှ တိုးညင်း သောအော်သံတစ်ခုထွက်လာသည် “သွေးဆူး ပန်းသင်္ချိုင်း”
သွေးနီရောင်ပွင့်ဖတ်များသည် ငရဲမှမွေးဖွားလာပြီး အသက်ရှင်လာသကဲ့ သို့ ပြတ်သားသောပုံစံရှိသည်။ ပန်းပွင့်များမှ သွေးများစိမ့်ထွက်ပြီး လေထဲတွင် လွင့်ပျံကာ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။ သွေးနီရောင်ပန်းနံ့ သွားသည့်နေရာတိုင်းတွင် အစိမ်းရင့်ရောင်အဆိပ်မြူခိုးများ လောင်ကျွမ်းသွား သကဲ့သို့ အငွေ့ပျံသွားလေသည်။ ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးကြည်လင်သ သွားပြီး ကြောက်မက်ဖွယ်ကောင်းသောရောင်ဝါတစ်ခုသာ ကျန်ခဲ့လေသည်။
သွေးနီရောင်မန္တလာပန်းပေါ်လာသည်နှင့် အဇူရာ၏မျက်လုံးများသည် ကြောက်လန့်မှုများ ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ အစိမ်းရင့်ရောင်မြူခိုးများ သည် တစ်ဝက်ကျော်အောင် ပျောက်ကွယ်သွားပြီး ဦးချိုတွင်ရှိနေသော အဆိပ်မြူခိုးများ ပျောက်ကွယ်သွားကာ လေထဲတွင် အမျှင်တချို့သာကျန်ခဲ့ လေသည်။
“မဟုတ်သေးဘူး မဖြစ်နိုင်ဘူး သေစမ်း မင်းက ကြယ် ၂ ပွင့် အထွတ်အမြတ်သားရဲမဟုတ်ဘူးပဲ”
ကြောက်လန့်တကြားတုန်ယင်နေသည့်အသံသည် အဂူး၏ နောက် လှုပ်ရှားမည့်အကွက်ကို မတားနိုင်ပေ။ သူသည် ပန်းကိုလက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ထိုအခိုက်အတန့်တွင် မျက်လုံးများသည် နူးညံ့နေသည်။
တဖြည်းဖြည်းနှင့် သူ့လက်များကို ရင်ဘတ်ပေါ်တင်ပြီး တိုးညင်းစွာ ပြောလိုက်သည် “သွားတော့”
သူ့လက်လွှတ်လိုက်သည်နှင့် နူးညံ့စွာလေပေါ်ပေါ်နေသော ပန်းသည် ၎င်း၏သခင်ကို နှုတ်ဆက်သွားသည့်အလားပင်။ အဂူးဆီမှ တစ်ပေအကွာ အရောက်တွင် ပန်းသည် ရုတ်တရက်ကြီးမားလာသည်။ ၎င်းတွင် ပြင်းထန် သောအရှိန်အဟုန်နှင့် ကမ္ဘာကိုဖျက်စီးနိုင်သော စွမ်းအင်များပါရှိသည်။ လေးမှ လွှတ်လိုက်သောမြားကဲ့သို့ အစိမ်းရောင်မြွေဆီသို့ ပြေးဝင်သွားသည်။
“ကောင်စုတ် ငါ မင်းကို သေတဲ့အထိတိုက်ခိုက်မယ်”
သွေးနီရောင်ပန်ဖြတ်သွားသည့်နေရာတိုင်းသည် ငရဲလိုပင်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ အဇူရာသည် သူ၏စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးတွင် ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုကို အပြင်းအထန်ဖိနှိပ်ခဲ့ရသည်။ သူသည် ဤတိုက်ခိုက်မှုကို ရှောင်ရှားရန်မဖြစ်နိုင်သည်ကို သူ ကောင်းကောင်းသိသည်။ သူ မရှောင်နိုင်သဖြင့် အားလုံးကိုရင်းကာ ပြိုင်ဘက်နှင့် အသေအကြေ တိုက်ခိုက်ရုံသာရှိတော့သည်။
အဇူရာသည် ဒေါသတကြီး မာန်ဟိန်းလိုက်သည်။ အညှာတာမဲ့သော အကြည့်တစ်ခု သူ့မျက်လုံးတွင်ပေါ်လာသည်။ ထိုအချိန်တွင် ဦးခေါင်းမှ ဦးချို သည်ရုတ်တရက် ပြုတ်ကျလာသည်။ ကြီးမားသောဦးချိုသည် အေးစက်သော အစိမ်းရောင်အလင်းထွက်သည့် ပုဆိန်သွားနှင့်တူသည်။ ၎င်းသည် သွေးနီရောင် မန္တလာပန်းကို ဝေ့ပတ်ကာ မိုးပေါ်တွင် အေးရာအေးကြောင်းရပ်နေသော အဂူး ဆီသို့ ပြေးဝင်သွားလေသည်။
အဇူရာကောင်းကင်အစိမ်းရောင်စပါးအုံးမြွေ၏ အဆုံးစွန်သောတိုက်ခိုက် မှုပင်…