← Chapters

ကိုးရောင်တိုက်ပွဲချပ်ဝတ်တန်ဆာ မိုးပေါ်တွင်ပေါ်လာ ခြင်း

Vol. 18 Ch. 357

ကိုးရောင်တိုက်ပွဲချပ်ဝတ်တန်ဆာ မိုးပေါ်တွင်ပေါ်လာ ခြင်း

Vol. 18 Ch. 357

“မိုးနတ်မင်းရေ”

ပေထင်းဟွမ်သည် မနေနိုင်တော့ဘဲ မတ်တတ်ရပ်ကာ အော်လိုက်သည်။ ဦးချို၏စွမ်းအားသည် အလွန်အားကောင်းသဖြင့် အဂူး၏တည်ငြိမ်သော မျက်နှာ အနည်းငယ်ပြောင်းလဲသွားသည်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။ သူသည် ထိုတိုက်ချက်ကို ခံနိုင်ရည်မရှိနိုင်သည်ကို သိနေသည်မှာလည်း ထင်ရှားသည်။

မှော်သားရဲများ နောက်ဆုံးထုတ်သည့်ကဒ်တိုင်းသည် အားကောင်းကြ သည်။ အစိမ်းရောင်ဦးချိုသည် သူ၏နောက်ဆုံးလက်နက်ဖြစ်ကာ တိုက်ကွက် တစ်ချက်သည် လူတစ်ဦး၏အသက်အင်အားကို လောင်ကျွမ်းစေနိုင်သည်။ လက်ရှိတွင် သူ၏မူလပုံစံဖြစ်မနေသည်ကို မဆိုထားနှင့် အဂူးပင်လျှင် သေချာ စဉ်းစားရမည်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတိုက်ကွက်မှာလည်း သွေးမီးပွား၊ ပန်းသင်္ချိုင်းဖြစ်ကာ သူ၏ခွန်အားများစွာကို ထည့်ထားပြီးဖြစ်သည်။

တိုက်ခိုက်ရန်အတွက် ဦးချိုကိုအတင်းအကြပ် ဆွဲထုတ်လိုက်ခြင်းသည် အဇူရာအတွက် ကြီးမားသောထိခိုက်မှုကြီးပင်။ သူ့ခန္ဓာကိုယ်မှ ကာကွယ်နိုင် စွမ်းသည် လျော့ကျသွားသည်။ သွေးနီရောင်မန္တလာပန်းသည် အညှာတာမဲ့စွာ သူ့ခန္ဓာကိုယ်ကို ချေမွသွားပြီး အကြေးခွံများကို တိုက်ရိုက်ထိုးဖောက်ကာ ဝင်သွားပြီးနောက် နောက်တစ်ကြိမ်ပေါက်ကွဲလေသည်။ မချမ်းမြေ့ဖွယ်ရာ အော်သံကြီးထွက်လာပြီးနောက် အသားနှင့်သွေးများသည် ၎င်း၏ကြီးမားသော မြွေခန္ဓာကိုယ်မှ လွင့်ပျံထွက်လာလေသည်။ အစိမ်းရောင်သွေးများမှထွက်လာ သော ညှီစို့စို့အနံ့များသည် နေရာတိုင်းသို့ပျံ့သွားသည်။ မြွေခန္ဓာကိုယ်၏ တစ်ဝက်သည် အပေါက်များဖြင့် ပြည့်နေသည်။ မြွေခန္ဓာကိုယ်သည် မြေကြီး ပေါ်သို့ ပြင်းထန်စွာကျသွားပြီး ၎င်း၏တိုက်ခိုက်ရေးခွန်အား လုံးဝပင် ဆုံးရှုံး လိုက်ရလေသည်။

၎င်း၏အသက်တစ်ဝက်ကို လောင်ကျွမ်းစေသော ဦးချိုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုသယ်ဆောင်ကာ လေထုကို ထိုးဖောက်ပြီး ဂူးဆီသို့ ရွှီခနဲအသံဖြင့် တဟုန်ထိုးသွားလေသည်။ ဥက္ကာပျံကဲ့သို့ ပင် ၎င်း၏အရှိန်သည် အကန့်အသတ်ရှိသည်။

“အဂူး မင်းလွယ်လွယ်နဲ့မရစေရဘူး”

သူသည် အားလျော့သွားသော်လည်း သူ့မျက်လုံးစိမ်းစိမ်းထဲမှ ရက်စက်မှု သည် နည်းနည်းမှလျော့မသွားပေ။ သူ့အသံသည် ဝမ်းနည်းသံပါနေပြီး သူ၏ အစိမ်းရင့်ရောင်မျက်လုံးများသည် လေပေါ်ရှိ အဂူးကို ခက်ထန်စွာကြည့်နေ၏။ သူ့ဘဝကို ပြောင်းလဲစေသော ထိုဦးချိုသည် အဂူး၏အသက်ကိုပါ ချက်ချင်း အဆုံးသတ်နိုင်စေရန် မျှော်လင့်မိသည်။

သွေးနီရောင်အလင်းများ တောက်ပလာသည်။ အဂူးသည် ခန္ဓာကိုယ်ထဲမှ စွမ်းအင်များအားလုံးနှင့် နယ်ပယ်မှခွန်အားများကို ရွှေ့ပြောင်းလိုက်သည်။ သူ့ ခန္ဓာကိုယ်သည် ဘေးသို့တစ်လှမ်းရွှေ့လိုက်သော်လည်း အလင်းထက် မြန်သောအရှိန်ဖြင့် ဦးချို၏တိုက်ခိုက်မှုကို မရှောင်နိုင်ပေ။

“စွပ်”

ဦးချိုသည် အဂူး၏နယ်ပယ်ကာကွယ်မှုကို ထိုးဖောက်သွားလေသည်။ သွေးနီရောင်များသည် ညကောင်းကင်တွင် မီးရှူးမီးပန်းများသဖွယ်ပင်။ သွေးနီ နီများသည် ဥက္ကာပျံများသဖွယ် မြေပြင်သိုကျလာသည်။

အားကောင်းလိုက်တဲ့ ရိုက်ချက်ပါလား။

ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်၏ ခြေထောက်အောက်တွင် ကိုးရောင် ငါးထောင့်ပုံစံပေါ်လာသည်။ ကိုးရောင်အလင်းသည် တောင်တစ်ခုလုံးကို ထိန်လင်းသွားစေသည်။ ကမ္ဘာကြီးသည် ထိုခမ်းနားသောအရောင်ဖြင့် ပြည့်နှက်သွားစေပြီး အလင်းအလွှာဖြင့် ဖုံးအုပ်သွားလေသည်။

ကိုးရောင်မီးတောက်များသည် ပုံရိပ်တစ်ခုကို ရစ်ပတ်ကာ အဂူးကျသွား သည့်ဘက်သို့ တည့်တည့်ပျံသန်းသွားလေသည်။

တောက်လောင်နေသောမီးတောက်များသည် သူမအနောက်တွင် ကိုးရောင်ပိုးပန်းပွားကဲ့သို့ ပါလာသည်။ သူမ၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်လာသည်။ သူမ လေထဲတွင်ပျံနေသည်မှာ ကိုးရောင်ပွင့်ဖတ်များပေါ်တွင် နင်းနေသကဲ့သို့ဖြစ်နေသည်။ အဂူး၏အမြင်အရ သူမ၏ခန္ဓာကိုယ်ကို ကိုးရောင် ချပ်ဝတ်တန်ဆာနှင့် ရစ်ပတ်ထားသလိုဖြစ်နေသည်။ စစ်ချပ်ဝတ်တန်ဆာမှ ရှေးဟောင်းပုံစံများသည် ရှုပ်ထွေးပြီးထူးခြားသည်။ ၎င်းသည် အသက်ရှူမှားရ လောက်အောင်ပင် လှပသည်။ ၎င်းသည် လှပသောကျောက်စိမ်းနှင့် နေကဲ့သို့ ကြည်လင်သည်။ ကိုးရောင်အလင်းများသည် ဘေးနှစ်ဖက်တွင် တောက်ပနေ သည်။ အတောင်ပံများသည် ချပ်ဝတ်တန်ဆာ၏အနောက်တွင် ဓားသွားသဖွယ် ဖြန့်ကျက်နေကာ ပေထင်းဟွမ်၏အရှိန်ကို အလင်းထက်မြန်အောင် ပံ့ပိုးပေးနေ သည်။

ပွင့်ဖတ်နှင့်တူသော မီးတောက်များသည် ပေထင်းဟွမ်၏ ခန္ဓာကိုယ်မှ ကျလာသည်။ အထွတ်အမြတ်သားရဲ၏နယ်ပယ်ကဲ့သို့ သူမ၏ခန္ဓာကိုယ်ကို တောက်လောင်သောမီးတောက်များဖြင့် ရစ်ပတ်ထားဆဲပင်။ သူမ လေထဲတွင် ပျံနေချိန်တွင် မီးတောက်များသည် သူမအနောက်မှပါလာကာ သူမ အနောက်မှ လေများကိုအငွေ့ပျံစေကာ ရေငွေ့များဖြင့် ပြည့်နှက်သွားလေသည်။

ကိုးရောင်ချပ်ဝတ်တန်ဆာသည် ကိုးရောင်နိဗ္ဗာန်မီးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ မျှော်လင့်ချက်စွန့်လွှတ်ရမည့်အချိန်တွင် ပေထင်းဟွမ်သည် တွေဝေ မှုမရှိဘဲ ချပ်ဝတ်တန်ဆာကို အသွင်ပြောင်းရန် ရွေးချယ်ခဲ့သည်။ သူမ၏ ဝမ်းတွင်းပါမီးတောက်ဖြစ်သည့် ကိုးရောင်နိဗ္ဗာန်မီးကို ဆင့်ခေါ်လိုက်မှပင် ချပ်ဝတ်တန်ဆာကို ကိုးရောင်စစ်ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲနိုင်ခြင်းဖြစ် သည်။ ကိုးရောင်ချပ်ဝတ်တန်ဆာသည် ဤမျှကြီးမားသော စွမ်းအင်ပါဝင်လိမ့် မည်ဟု သူမ ထင်မထားပေ။ ၎င်းသည် သူမ၏ အမျိုးသမီးရုပ်သွင်ကို ထုတ်ဖော် နိုင်သည့် ရှေးဟောင်းဝိညာဉ်လက်ကောက်၏ လုပ်ဆောင်ချက်ကိုပင် လွှမ်းမိုး နိုင်လေသည်..

All Chapters