ငါ့စာချုပ်သားရဲဖြစ်ချင်လား
Vol. 18 Ch. 358
အဂူး၏ခန္ဓာကိုယ်သည် မြေပေါ်ဆက်လက်ကျနေသည်။ သို့သော် သူ့ မျက်လုံးများသည် သူ့ဆီသို့ပျံလာသော မိန်းကလေးဆီသို့ ကျရေက်နေသည်။ သူ့မျက်လုံးများသည် စိုးရိမ်မှု၊ ပူပန်မှု၊ စိတ်ပူခြင်းများဖြင့် ပြည့်နေကာ မျက်လုံး အစုံသည် နွေဦးရေကဲ့သို့ ကြည်လင်လျက်ရှိသည်။ သူ့ရှေ့ရှိ မိန်းကလေး၏ သိမ်မွေ့သောမျက်နှာသည် ဝိညာဉ်များ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသလို ပြည့်စုံလှသည်။
“သခင်”
သူ့ရင်များ တုန်ယင်လာကာ အဂူးသည် မျက်လုံးများကို ပိတ်လိုက်သည်။ သူသည် ထင်ယောင်ထင်မှား မြင်နေခြင်းပင်ဖြစ်မည်။ သူ နောက်ဆုံးတော့ သေတော့မျာလား။ အဲဒါကြောင့် မသေခင်ကို နှစ်တစ်သောင်းလောက် မမေ့နိုင် တဲ့ ဒီမျက်နှာကို ပြန်မြင်ယောင်နေတာလား။ ကိုးရောင်အလင်းသည် သူမအား လွှမ်းခြုံသွားသည်။ ကိုးရောင်ဆံပင်၊ ကိုးရောင်မျက်လုံများနှင့် လှပသော ရုပ်သွင်လေးပင်။ ကိုးရောင်မီးတောက်များသည် သူမခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေပြီး ကောင်းကင်ဘုံကိုးခုအထက်ရှိ နေထက်ပင် ပို၍ခမ်းနားပြီး တောက်ပသည်။
“ဒါ.. ဒါ ဘယ်လိုမီးတောက်မျိုးလဲ အားကောင်းလိုက်တာ”
ထိန်းချုပ်မဲ့သောကြောက်ရွံ့မှုကို ခံစားမိပြီး သွေးသားအနက်ရှိုင်းဆုံးမှ တုန်ယင်မှုကြောင့် လဲပြိုခြင်းကို တောင့်မခံနိုင်တော့ဘဲ မီးတောက်များကို မြင် သည်နှင့် ဦးညွှတ်မိလေသည်။ အဇူရာသည် ကြောက်လန့်တကြား အော်မိ၏။ သူ၏ကြီးမားသောခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးအုပ်ထားပြီးဖြစ်သည်။ သို့သော် သူ ရုန်းကန်နေရတုန်းပင်။ သူသည် တောင်ထိပ်ပေါ်တွင် ခေါင်းကို ငုံ့ထားရန် အတင်းဖိအားပေးခံထားရကာ မျက်လွှာလည်းချထားရသည်။
သူမသည် လက်များကိုဆန့်ထုတ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအား များအားလုံးကို သူမ ရင်ခွင်ထဲ စုစည်းလိုက်သည်။ အဂူး၏ခန္ဓာကိုယ်သည် သူမ ရင်ခွင်ထဲသို့ ပြင်းပြင်းထန်ထန်ကျလာသည်။ အလိုလိုပင် ပေထင်းဟွမ်သည် အဂူးကို ပွေ့ဖက်လိုက်သည်။ သူတို့မျက်လုံးများစုံသွားသည်နှင့် တစ်ယောက် နှင့် တစ်ယောက်၏နှလုံးသားထဲမှ ရင်းနှီးစွာပေါက်ဖွားလာသော ပြောမပြတတ် လောက်သည့် ခံစားချက်မျိုးရလေသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ ဝိညာဉ်များသည် အားပါပါတိုက်မိသွားလေသည်။
“သခင်”
ကိုးရောင်နိဗ္ဗာန်မီးသည် သူ့ကို မလောင်ကျွမ်းပေ။ ဆန့်ကျင်ဘက်အနေ နှင့် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ နွေးထွေးသောခံစားချက်တစ်ခု ရလေသည်။ ရင်ဘတ်တွင် ဦးချိုစိုက်နေသော အဂူးသည် မည်သည့်နာကျင်မှုကိုမှ မခံစားရ တော့ပေ။ နှစ်ပေါင်းတစ်သောင်းကြာ ပင်ပန်းခဲ့သမျှသည် နောက်ဆုံးတွင် ရပ်တန့်သွားသလိုပင်။ သူ မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။ သူ ယခုအတိုင်းသေသွားလျှင် ပျော်စရာကောင်းလိမ့်မည်။
ပေထင်းဟွမ်သည် သူ့ကိုသယ်ဆောင်ကာ တောင်ထိပ်တွင် အသာချပေး လိုက်သည်။ သူမသည် အဂူးကိုမြေပေါ်ချပြီး ငုံ့ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် အဂူးသည် ဒဏ်ရာအပြင်းအထန်ရထားကာ ကာကွယ် ရေးစွမ်းအားများ ဆုံးရှုံးထားသည်။ သူသည် အားနည်းပုံပေါက်သည် “အဂူး မင်း ငါ့ကို သခင်လို့ခေါ်လိုက်တယ်.. ငါ့စာချုပ်သားရဲလုပ်ချင်လား”
အဂူး၏မျက်လုံးများ ပွင့်မလာပေ။ သူ၏ဖြူဖျော့သောမျက်နှာမှ အပြုံး တစ်ခုဖြည်းဖြည်းချင်း ပွင့်လာသည် “သေချာပေါက် လုပ်ချင်တာပေါ့”
ကိုးရောင်နဂါးဇာမဏီသည် သခင်တစ်ယောက်ကို အလွယ်တကူ မရွေးချယ်ပေ။ အဇူရာသည် ထိုမီးတောက်ကို မသိပေ။ သို့သော် အဂူးသည် ‘ကိုးရောင်နိဗ္ဗာန်မီး’ ကို မေ့မရပေ။ ကမ္ဘာပေါ်တွင် နဂါးဇာမဏီတစ်ကောင်သာ ရှိသည်။ သူမသာမဟုတ်လျှင် ဤမီးတောက်ကို သုံးရန် အရည်အချင်းပြည့်မှီသူ မရှိတော့ပေ။
ပေထင်းဟွမ်သည် ပျော်သွား၏။ ၎င်းသည် သူမကို လာရှာလိမ့်မည်ဟု ယန်ယဲ့ပြောခဲ့သည်။ အဂူးသည် သူမကိုလာမရှာခဲ့သော်လည်း သူမကိုတော့ စိတ်မပျက်စေပေ။ သူသည် တွေ့တွေ့ချင်းပင် သူမကို ‘သခင်’ ဟုခေါ်ခဲ့သည်။ ၎င်းသည် အချည်းနှီးမဟုတ်ပေ။
“ဒါဆို ငါ အောင်ပွဲခံမနေတော့ဘူး” ပေထင်းဟွမ်သည် ပျော်ရွှင်မိ၏။ သူမသည် တခမ်းတနားလုပ်မနေတော့ပေ။ လက်ကိုမြှောက်ပြီး အဂူး၏ ခေါင်းပေါ်လက်တင်လိုက်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် ရောနေ သော ဒြပ်စင်စွမ်းအင်သည် တဖြည်းဖြည်းလျှံထွက်လာသည်။ ထိုရင်းနှီးသော စွမ်းအားကိုခံစားမိပြီး အဂူးသည် ထိတ်လန့်ကာ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏အားကောင်းသောစိတ်ခွန်အားသည် ရုတ်တရက် လှုပ်ခတ်လာသည်နှင့် ပေထင်းဟွမ်၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွား ကာ သွေးများအန်တော့သည်။
“ရှောင်ကျို့” ပေထင်းဟွမ်နှင့်အတူ ပျံလာသော ချူဖုန်းသည် ထိတ်လန့် ကာ ဟန်ချက်ပင် ပျက်သွားသည်။ သူ တောင်ထိပ်နှင့် တစ်မီတာအကွာအဝေး အရောက်တွင် မြေပေါ်သို့ ကျလုနီးပါးဖြစ်သွားသည်။
သူသည် ပေထင်းဟွမ်ကို ရင်ခွင်ထဲထည့်ပြီး ဆုပ်ကိုင်ရာ သူ၏လက်သည် သူမ၏ရင်ဘတ်ကို အမှတ်မထင်ပွတ်တိုက်မိလေသည်။ လျှပ်စီးဝင်သွားသကဲ့ သို့ ချူဖုန်းသည် အလျင်အမြန်ပင် လက်ကိုပြန်ရုတ်လိုက်သည်။ ပေထင်းဟွမ် သည် ဟန်ချက်ပျက်ကာ ရုတ်တရက်လဲကျသွားသည်။ တစ်ချိန်တည်းလိုလိုမှာ ပင် ချူဖုန်းသည် သူမကို ရင်ခွင်ထဲဆွဲသွင်းပြီး တွေဝေမှုမရှိ ပွေ့ဖက်လိုက်သည် “ရှောင်ကျို့ ရှောင်ကျို့…”