← Chapters

ရှောင်ကျို့ မင်းကို ဘာမှအဖြစ်မခံနိုင်ဘူး

Vol. 18 Ch. 359

ရှောင်ကျို့ မင်းကို ဘာမှအဖြစ်မခံနိုင်ဘူး

Vol. 18 Ch. 359

“အဟွတ် အဟွတ် အဟွတ်” ပေထင်းဟွမ်သည် ယခုလိုဆုံးရှုံးမှုမျိုး မခံစားရဖူးပေ။ ထိုအခိုက်တွင် သူမ ခေါင်းကိုက်လာသည်။ သူမ မျက်လုံးများကို မှိတ်ပြီး အားလျော့စွာပြောလိုက်၏ “ဝမ်းကွဲအစ်ကို ကျွန်တော် အခက်တွေ့နေ လို့ပါ.. အဲဒါကြောင့် ကျွန်တော် လုပ်မှ… အဲဒါကိုဖုံးကွယ်ထားလို့ ကျွန်တော့်ကို အပြစ်မတင်ဘူးမလား”

ဤအချိန်မျိုးမှာတောင် သူမသည် ထိုအကြောင်းကို တွေးနိုင်သေးသည်။

သူသည် ရင်ခွင်ထဲမှ နူးညံ့သော်လည်း သန်မာပြီး အေးစက်သည့် စစ်သည်သဖွယ် ပြုမူနေသည့် မိန်းကလေးကို တင်းကြပ်စွာပွေ့ဖက်လိုက်၏။ ပြီးခဲ့သည့် ၁၄ နှစ်သည် ဘာမှမဟုတ်သလို ချူဖုန်း ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူသည် အလွန်ပင် ရင်နာမိသည်။ “ရှောင်ကျို့ မင်းကို ဘာမှအဖြစ်မခံနိုင်ဘူး နားလည်လား.. မင်း ဘာမှဖြစ်မှာမဟုတ်ဘူး.. မင်း တစ်ခုခုဖြစ်သွားရင် ငါကဘယ်လိုလုပ်ရမှာလဲ.. မင်းအစ်ကိုကြီးပေထင်းကျင်း ရော.. ငါဘယ်လိုအသက်ရှင်ရမှာလဲ”

တရားခံက မည်သူမည်ဝါဖြစ်သည်ကိုစဉ်းစားပြီးနောက် ချူဖုန်း၏ ရေခဲ မြစ်နှင့်တူသည့် မျက်လုံးများမှ ရက်စက်သော အရိပ်အယောင်များထွက်လာ သည်။ သူသည် ပေထင်းဟွမ်ကို ဖြည်းညင်းစွာချပြီး လက်တစ်ချက်ဝေ့ယမ်း လိုက်ကာ ဓားရှည်ကိုထုတ်လိုက်သည်။ ဓားရှည်ထိပ်ဖျားသည် အဂူး၏ လည်ပင်းအား ဖိနှိပ်လိုက်သည်။ အဂူးသည် အထွတ်အမြတ်သားရဲဖြစ်သည်ကို ပင် သူမေ့လျော့သွား၏။ အထွတ်အမြတ်သားရဲနှစ်ကောင်ကြားမှ တိုက်ပွဲကို ကြည့်ခဲ့သည့် ထိတ်လန့်မှုကိုလည်း မေ့လျော့သွားခဲ့သည်။ အဂူးသည် ပေထင်းဟွမ်ကို ထိခိုက်စေသဖြင့် သူလည်းသေရမည်ဟုပင် သူသိနေသည်။

“အဟွတ် အဟွတ် အဟွတ်” အဂူးသည် ဓားထိပ်ကို လက်နှစ်ချောင်းဖြင့် ကိုင်လိုက်သည်။ သူသည် ချူဖုန်း၏ခြိမ်းခြောက်မှုကို အရေးတယူမရှိပေ။ သူ့မျက်လုံးများသည် ပေထင်းဟွမ်ပေါ်၌သာရှိကာ သူ့စိတ်မှာ အဆုံးမရှိသော နောင်တများဖြင့် ပြည့်နေသည်။ သူသည် သေတော့မည်ဖြစ်သဖြင့် ပေထင်းဟွမ်ကို ထင်ယောင်ထင်မှားမြင်ခဲ့သည်ဟု ထင်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲသို့ ကစဥ့်ကလျားနတ်အရင်းအမြစ်ဝင်မှပင် သူ့သခင်ပြန်လာ သည်မှာ အမှန်ဖြစ်ကြောင်း ထိတ်လန့်စွာပင် သိခဲ့ရသည်။ ၎င်းသည် ထင်ယောင်ထင်မှားမဟုတ်ပေ။

သူသည် အမှားကြီးလုပ်လိုက်မိပြီ။ ဤအချိန်တွင် သူ၏သခင်သည် အားနည်းနေသေးသည်။ သူမတစ်ခုခုဖြစ်လျှင် သူ အကြိမ် တစ်သောင်းသေ လျှင်တောင်မလုံလောက်ပေ။ သူ့ရင်ဘတ်မှ သွေးစီးနေသောအပေါက်သည် ထိန်းကျောင်းသည့် လုပ်ငန်းစဉ်အတွင်းတွင် ပြန်သက်သာနေပြီဖြစ်သည်။ အဂူးသည် မတ်တတ်ရပ်ကာ ပေထင်းဟွမ်ရှေ့တွင် ဒူးထောက်လေသည် “သခင်”

ချူဖုန်းသည် မှင်တက်နေ၏။ ရှောင်ကျို့က ဒီအထွတ်အမြတ်သားရဲကို ထိန်းကျောင်းလိုက်တာလား။ သူမ ထိန်းကျောင်းလုပ်လျှင်တောင် စာချုပ်မရှိ ပေ။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ကျမလာသေးပေ။ အဲဒါဆို ဘာလို့ ဒီမယှဉ်နိုင်လောက်အောင် အားကောင်းတဲ့ အထွတ်အမြတ်သားရဲက ရှောင်ကျို့ကို သခင်လို့ခေါ်နေတာလဲ။

“သခင်.. တကယ် မင်းပဲ.. မင်းပဲ မင်းပြန်လာပြီ” အဂူးသည် မြေပေါ် အထိန်းအကွပ်မဲ့လဲကျသွားကာ ရှိုက်ငိုလေသည်။ နောင်တ၊ ထိတ်လန့်မှုနှင့် ခါးသီးမှုများ သူ့ရင်ထဲ ထိုးဖောက်လာသည်။ သူသည် အမှားကြီးတစ်ခုကို လုပ်မိတော့မလိုပင်။ ထိန်းကျောင်းသည့် လုပ်ငန်းစဉ်အတွင်းတွင် ဝိညာဉ် စွမ်းအားတုံ့ပြန်မှုသည် အလွန်ကြောက်စရာကောင်းသောအရာဖြစ်သည်။ သူသည် အကြိမ်ပေါင်း တစ်သောင်းသေသွားလျှင်တောင် အပြစ်တင်၍ပြီးတော့ မည်မဟုတ်ပေ။

အဂူး၏အသံနေအသံထားသည် ဒယ်စောက်လေးနှင့် အတူတူပင်။ ထိုအရာများနောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ်ရှိနေသလိုပင်။ ဒယ်စောက် လေးက လူမှားပြီးအသိအမှတ်ပြုတယ်ဆိုရင် အဂူးကျရော ဘယ်လိုလဲ။ သူက အနည်းဆုံး နှစ်တစ်သောင်းကြာအောင်နေခဲ့တဲ့ အထွတ်အမြတ်သားရဲလေ။ သူလည်း လူမှားပြီး မှတ်မိနေတာလား။

မင်နှင့် ယန်ယဲ့လည်းရှိသေးသည်။ သူမသည် လက်ရှိတွင် မသန်မာသေး သလို သိရန်အရည်အချင်းမပြည့်မှီသေးသည့် ကိစ္စအတော်အများရှိသေးသည် ဟု မင်ပြောခဲ့သည်။

ထိုအချိန်မှသာ အဂူး၏စိန်ခွန်အားကို ထိန်းကျောင်းရာတွင် မူလက ချောမွေ့နေရာမှ ရုတ်တရက် ကြီးမားသောတုန်လှုပ်မှုကို ဖြစ်ရသည့် အကြောင်းအရင်းကို ပေထင်းဟွမ် နားလည်သွားရသည်။ သူမသည် တုံ့ပြန်မှု အနည်းငယ်သာခံစားလိုက်ရပြီး ဒဏ်ရာအပြင်းအထန်မရပေ။ စိတ်ခွန်အား ထိခိုက်ခြင်းသည် ခန္ဓာကိုယ်ထိခိုက်သည်နှင့် ကွာခြားမှုရှိသည်။ သူမသည် ခေတ္တမျှ အနားယူရန်လိုအပ်သည်။

ပေထင်းဟွမ်သည် ချူဖုန်းရှိရာသို့ လက်ဆန့်ထုတ်လိုက်သည် “ဝမ်းကွဲ အစ်ကို ကျွန်တော်အဆင်ပြေပါတယ်.. တစ်ရေးလောက်အိပ်လိုက်ဦးမယ်.. မင်းနဲ့အဂူးက စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြပါ.. အဲဒီအစိမ်းရောင်စပါးအုံးမြွေ ကို သုံးစရာနေရာရှိသေးတယ် အဂူး ငါမင်းကို အပ်လိုက်ပြီ”

ပေထင်းဟွမ်သည် သူ့ကိုအပြစ်တင်လိမ့်မည်ဟု ထင်ထားသော်လည်း ပေထင်းဟွမ်၏အမိန့်ကိုကြားသောအခါ အဂူးသည် ပျော်ရွှင်သွားလေသည် “ဟုတ်ကဲ့ သခင် ငါ တာဝန်ကို ပြီးအောင်လုပ်မယ်လို့ ကတိပေးပါတယ်.. စိတ်မပူပါနဲ့ သခင်”

ချူဖုန်းသည် ထွက်မသွားပေ။ ထိုအစား သူသည် ပေထင်းဟွမ်ကို သူ့ရင်ခွင်ထဲထည့်ထားသည်။ သူမခန္ဓာကိုယ်မှ ချပ်ဝတ်တန်ဆာသည် ပျောက်ကွယ်သွားပြီဖြစ်ကာ သူမ၏ယောက်ျားပီသသော အသွင်အပြင် ပေါ်လွင်လာပြီဖြစ်သည်။ သူမ၏နှင်းဖြူရောင်အသားအရေအောက်တွင် ကိုးရောင်မီးအလွှာရှိပုံပေါ်လသည်။ သူမ၏ မျက်လုံးများသည် တင်းကြပ်စွာ မှိတ်ထားကာ မျက်ခုံးများသည် အနည်းငယ်တွန့်နေသည်။ သူမသည် နာကျင်မှု ကို သည်းခံနေပုံပေါ်သဖြင့် ချူဖုန်းသည် ပို၍စိတ်ပူလာသည်။

All Chapters