စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
Vol. 18 Ch. 360
“ရှောင်ကျို့ ရှောင်ကျို့” သူ ညင်သာစွာခေါ်လိုက်သော်လည်း ပေထင်းဟွမ်သည် မတုံ့ပြန်ပေ။ ချူဖုန်းသည် သူမကို နှောင့်ယှက်သလိုဖြစ်သွား မည်ကို စိုးသဖြင့် ရင်ခွင်ထဲထည့်ထားပြီး တခြားဘာမှမပြောတော့ပေ။
သူမ၏နတ်အာရုံသည် အဆုံးမရှိသည့်အမှောင်ချောက်နက်ကြီးထဲကျ သွားသလို ပေထင်းဟွမ်ခံစားလိုက်ရသည်။ သူမ၏ပတ်ပတ်လည်တွင် အေးစက်မှောင်မိုက်ကာ အဆုံးမရှိသောအထီးကျန်မှုသာရှိနေသည်။ သူမ၏ နားထဲသို့ အလောမကြီးသည့် အသံတစ်သံသာ အမှောင်ထဲရှိ ဦးတည်ချက် အဘက်ဘက်မှ လာနေသည်။
“လူရှိလား” ပေထင်းဟွမ်သည် သူမကိုယ်သူမပင် မမြင်ရပေ။ သူမ အော်ခေါ်လိုက်သော်လည်း တုံ့ပြန်မှုမရှိပေ။ ရှုပ်ထွေးနေသည့်အသံတစ်ခုသာ ရှိသည်။
သူမသည် အရှေ့သို့ လျှောက်သွားရန် ကြိုးစားလိုက်သည်။ သူမသည် လေဟာပြင်ထဲတွင် လျှောက်နေရသလိုပင်။ သူမသည် သေးငယ်ပြီး လေဟာ ပြင်သည် ကြီးမားလွန်းသည်။
သူမ ဘာကိုမှမမြင်ရပေ။
ပေထင်းဟွမ်သည် မျက်လုံးမှိတ်လိုက်သည်။ သို့သော် သူမစိတ်ထဲတွင် အလင်းရောင်အစက်အပျောက်များစွာ ပေါ်လာသည်။ ၎င်းသည် နွေရာသီည တစ်ညတွင် ကြယ်စုံသည့်ကောင်းကင်ကို ကြည့်နေရသည်နှင့်တူသည်။ မရေမတွက်နိုင်သောကြယ်များသည် တောက်ပလျက်ရှိသည်။ ထိုတောက်ပ သောအစက်အပျောက်များသည် သူမ၏ခြေလှမ်းနှင့်အတူ စတင်လှုပ်ရှားလာ သည်။ အစပိုင်းတွင် လှုပ်ရှားမှုများသည် အလွန်သေးငယ်သည်။ သူမသည် နတ်အာရုံကို ပိုကျယ်ပြန့်အောင် ကြိုးစားနိုင်သမျှကြိုးစားသော်လည်း သူမ စိတ်ထဲတွင် အသ့ရှိနေတုန်းပင်။ သူမစိတ်ထဲတွင် ကြိတ်ဆုံနှစ်ခုရှိနေသလိုပင်။ သူမ၏စိတ်ခွန်အားသည် ကြိတ်ဆုံနှစ်ခုကြားတွင် အသားညှပ်ပေါင်မုန့်ဖြစ်နေ သည်။ သူမ၏ခေါင်းထဲတွင် မရေမတွက်နိုင်သော အပ်ပေါင်းများစွာရှိသည်။ ထိုအသံသည် သူမ၏စိတ်ခွန်အားအသံနှင့် ရောနှောလျက်ရှိသည်။
သို့သော် အလင်း.. အလင်းကိုရှာရန် သူမသည် နာကျင်မှုကို တောင့်ခံနေ သည်။ နောက်ဆုံးတွင် အလင်းရောင်သဲ့သဲ့ကို မြင်လိုက်ရသည်။ သူမသည် ခြေထောက်အောက်မှ မြက်ပင်ကို မြင်နေရသည်။ အလယ်တွင် စီးဆင်းသွား သည့် မြစ်တစ်စင်းရှိသည်။ မြက်ပင်များအဆုံးတွင် တောင်တစ်တောင်ရှိသည်။ ထူထပ်လှသော သစ်တောသည် အဆုံးမရှိပေ။ အလယ်တွင် ရွှံ့နွံချောက်၊ နွေဦး တောင်၊ ရေတံခွန်နှင့် တိမ်တိုက်များရှိနေသည်။
နာကျင်မှုများ လျော့ပါးသွားသည်နှင့် အသံသည်တဖြည်းဖြည်းတိမ်ဝင် သွားကာ သူမရှေ့မှ ကမ္ဘာသည် ပိုပိုပြီးလင်းလာသည်။ ကမ္ဘာ၏ဤအစိတ် အပိုင်းကို လွှမ်းခြုံထားသော မြူခိုးများသည် တဖြည်းဖြည်း လျော့နည်းသွားခဲ့ သည်။ မိုးပေါ်တွင် နေရောင်တောက်ပနေကာ မြူခိုးများအားလုံး စုစည်းနေ သည်။ သူမသည် အဝေးမိုးကုတ်စက်ဝိုင်းမှလာသော လှိုင်းသံများကို ကြားနေရ သည်။ ကမ္ဘာကြီးသည် ကြီးမားလွန်းသ်ည။
သို့သော် သူမ မည်သည့်နေရာရောက်နေသနည်း။ သူမကိုယ်သူမပင် မမြင်ရပေ။ သူမသည် လှည့်ပတ်ကြည့်ရာ ရှေ့တွင် ကိုးရောင်မီးတောက်ဖြင့် ရစ်ပတ်ထားသော လူတစ်ဦးကိုမြင်လိုက်ရသည်။ သူမ၏စိုးရိမ်နေသော အသံ သည် နူးညံ့လွန်းသည် “ပေထင်းဟွမ် နောက်ဆုံးတော့ မင်းနိုးလာပြီပဲ”
“မင် မင်းလား” ပေထင်းဟွမ်သည် စိုးရိမ်တကြီးမေးလိုက်သည်။ သို့သော် သူမ မင်ကိုမြင်လိုက်သည့်အချိန်တွင် စိတ်အေးသွားသည်။ သူမဘေးတွင် မင်ရှိနေလျှင် ထူးဆန်းသည့်ယုံကြည်ချက်တစ်ခုရှိနေသည်။ သူမသည် လုံခြုံ နေသလိုပင် “ငါတို့ ဘယ်ရောက်နေလဲဆိုတာ မင်းသိလား”
“ဒါက မင်းရဲ့လက်ပတ်လေဟာပြင်ပဲ.. မင်း အဂူးကိုထိန်းကျောင်းတုန်း က အဂူးရဲ့ဝိညာဉ်စွမ်းအင်ကြောင့် တန်ပြန်မှုကို ခံစားလိုက်ရတာ.. အဲဒါကြောင့် မင်းရဲ့အသိစိတ်ကို ချိပ်ပိတ်ပြီး ဒီနေရာကို ဝင်လာတာပဲ” မင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည် “ကံကောင်းလို့ ကနဦး ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိလို့ မင်းရဲ့ ဝိညာဉ်စွမ်းအင်လည်း ပြန်ကောင်း လာပြီ.. ဒါပေမဲ့ မင်းရဲ့ဝိညာဉ်စွမ်းအင်ကို အသိစိတ်ပင်လယ်ထဲမှာ လေ့ကျင့် ပေးရင် အများကြီးတိုးတက်လာမှာ”
“မင်.. ဒီတစ်ခါ မင်းကိုစိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်” မင်သည် သူမကို စိတ်ပူပန်နေသည်ကို ပေထင်းဟွမ် ပြောနိုင်သည်။ သူမ နိုး လာသည်ကို သူ အလွန်ပျော်ရွှင်နေသည်။
သူတို့တွင် အသက်စာချုပ်ရှိသည်။ သူမသာ မတော်တဆ အသက်ဆုံးရှုံး လိုက်ရပါက မင်သည် သူမနှင့် အလိုလိုလိုက်သေမည်ဖြစ်သည်။ သူတို့သည် ကံကြမ္မာများကို မျှဝေထားကြသည်။ သူမသည် သူမ၏အသက်ကို ပိုတန်ဖိုး ထားသင့်သည်။
“မဟုတ်ဘူး ပေထင်းဟွမ် ဒါမင်းအများမဟုတ်ဘူး” မင်၏အသံသည် ပို၍ ပင် နူးညံ့လာသည် “အရေးအကြီးဆုံးအချိန်မှာ မင်း ငါ့ကို သတိရပေးလို့ ကျေးဇူးတင်တယ်.. ကံကောင်းလို့ ငါ အိပ်ပျော်နေတဲ့အချိန်မှာ မင်းကို ဆက်သွယ်ဖို့ အသိစိတ်သဲလွန်စလေးချန်ထားခဲ့လို့.. ငါ့မူလခန္ဓာကိုယ်ကို ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းဖို့ အကူအညီပေးနိုင်တာ.. မဟုတ်ရင် ငါ မင်းကို စိတ်ပျက်အောင်လုပ်မိမှာမဟုတ်ဘူးလား”