မြွေတစ်ကောင်ကို တွင်းပေါက်မှ ဆွဲထုတ်ခြင်း
Vol. 85 Ch. 1177
ထန်ရှု၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွားပြီး သူက အိုဇာဝါ၏လည်ချောင်းထံ ဓားမြှောင်တစ်လက် ချက်ချင်း ပစ်လွှတ်လိုက်သည်၊ ၎င်းက တိတိကျကျ ထိုးဖောက်သွားခဲ့၏။
တစ်ချက်ပစ်သတ်ဖြတ်ခြင်းပင်။
အိုရှီမာက ကြောက်ရွံ့သွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ထန်ရှုအား ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်၏။ ဤအချိန်တွင် အိုဇာဝါခေါ်လာသည့်လူဆယ်ယောက်က အလားတူတုန်လှုပ်သွားခဲ့သည်၊ တစ်ဖက်လူက သူတို့သူဌေးအား တစ်ခဏအတွင်း သတ်ဖြတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လက်သည်တရားခံက ဓားမြှောင်ပစ်ရာတွင် မတ်တပ်ပင် မရပ်ခဲ့ပေ။
“မင်းတို့က ဘာကြောင်ကြည့်နေတာလဲ။ သူ့ကို သတ်…”
ထန်ရှုက သူ့အား ဓားမြှောင်နှင့် ပစ်ထည့်မည်ကို စောင့်ကြပ်ရင်း အံကြိတ်လျက် အိုရှီမာက ကျယ်လောင်စွာ အော်လိုက်၏။ ယနေ့ဖြစ်ရပ်က အလွန်အကျွံပုံကြီးချဲ့လာလိမ့်မည်ကို သူက ရှင်းလင်းစွာ သိသည်။ ဧည့်သည်က သူ့လူများကိုသာ သတ်ဖြတ်ခဲ့သည်ဆိုလျှင် သူက စီမံခန့်ခွဲနိုင်သေး၏၊ သို့သော် အိုဇာဝါ၏သေဆုံးမှုက ဤကိစ္စအား သေချာပေါက် ပိုကြီးမားလာစေလိမ့်မည်။
ထန်ရှုက မျက်လုံးကျုံ့ကာ ဆိုလိုက်သည် “သူတို့က တောင်းဆိုနေမှတော့ သူတို့ရဲ့ဆန္ဓကို ဖြည့်ပေးကြတာပေါ့။ အိုရှီမာဆိုတဲ့အကောင်ကို ငါ့အတွက် ချန်ထားလိုက်။ ဒီနေရာမှာ အင်္ဂလိပ်စကားကို ကျွမ်းကျင်အောင် ပြောနိုင်တဲ့သူကို ရှာတွေ့ဖို့က အတော်လေးခက်ခဲတယ်။ အခြားသူတွေနဲ့ စကားပြောဖို့ ငါ သူ့ကို အသုံးပြုရမယ်”
ဟေးရှောင်နှင့်ရွှယ်ရှတို့က သူတို့၏လက်ကောက်ဝတ်များမှ ပစ္စတိုအသီးသီးထုတ်ကာ လူကြီးဆယ်ယောက်ကျော်အား ချိန်လိုက်၏။ နှစ်ယောက်သား ခလုတ် နှိပ်လိုက်ကြပြီး ကျည်ဆံတစ်ခုစီက အသက်ဝိဉာဉ်တစ်ခု ရိတ်သိမ်းသွားခဲ့လေသည်။
ဒါက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပင်၊ လုံးဝကို တစ်ဖက်သတ်သတ်ဖြတ်ခြင်းတစ်ခုဖြစ်၏။
ထိုလူဆယ်ယောက်ကျော်က မြောက်လေတိုက်ခတ်သွားသောဂျုံပင်များပမာပင်။ သူတို့ထဲမှ ဆယ်ယောက်အောက်သာ အသက်ရှင်ကျန်သေးတော့၏၊ ရွှယ်ရှနှင့်ဟေးရှောင်တို့က ပစ္စတိုလေးလက်သာ ယူလာခဲ့ပြီး လက်ရှိတွင် ကျည်ဆံများက ဗလာနတ္ထိဖြစ်သွားခဲ့လေပြီ။
“ပြေးကြတော့…သူတို့က နတ်ဆိုးတွေပဲ”
ထိုလူများထဲမှတစ်ယောက်က ကြောက်ရွံ့မှုမှ ရုတ်တရက် နိုးထလာကာ လျင်မြန်စွာ ထွက်ပြေးသွားပြီး ဤငရဲလိုနေရာမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
“ဟမ့်…”
ပေါက်ဓားရှစ်လက်က ရွှယ်ရှ၏လက်ထဲ၌ ထွက်ပေါ်လာသည်။ သူက လက်ဆတ်ခနဲလှုပ်လိုက်ပြီး ပေါက်ဓားက ထိုလူ၏နောက်ကျောအား ထိုးဖောက်သွားသည်။ ထိုလူ၏ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ကျယ်လောင်စွာ ပစ်လဲကျသွား၏။ ထို့နောက် သူက အခြားငါးယောက်အား တရစပ်ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းတွင် ဟေးရှောင်က ကျန်ရှိနေသောလူများထံ လျှပ်စီးအလား ပြေးသွား၏။ သူ့ပုံရိပ်က သူတို့မျက်စိရှေ့တွင် ရုတ်ချည်း ထွက်ပေါ်လာပြီး သူ့လက်ထဲရှိ စစ်တပ်သုံးဓားက သူတို့၏နှလုံးသားအား ထိုးဖောက်ကာ လည်ချောင်းအား ခုတ်ဖြတ်သွားသည်။
ဖြစ်ပျက်နေသည့်အရာအားလုံးက ထန်ရှု၏မျက်နှာပေါ်တွင် ဘာလှိုင်းဂယက်တစ်ခုမှ မဖြစ်စေပေ။ သူက စိတ်မဝင်စားစွာ ပြောလိုက်သည် “မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ ငါ မျှော်လင့်တယ်၊ အိုရှီမာ။ ဉာဏ်ကောင်းတဲ့လူတွေကပဲ အချိန်အကြာကြီး အသက်ရှင်နိုင်မယ်။ မင်းက ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်တဲ့အတွက် ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ငါ့ရှေ့မှာ လာဒူးထောက်၊ မင်းရဲ့စစ်ကူတွေရောက်လာမှာကို ငါ စောင့်နေမယ်။ အင်နာရီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မင်းရဲ့သူဌေးကို တကယ်ပဲ တွေ့ချင်တယ်။ သူ့မှာ ဘာစွမ်းရည်တွေရှိသလဲဆိုတာ ငါ သိချင်တယ်”
အိုရှီမာက ပင့်သက်ရှိုက်လိုက်ပြီး သူက ကြောက်စရာကောင်းသောရှင်နီဂါမီအား ကြည့်နေရသည့်အလား ထန်ရှုအား ကြည့်လိုက်သည်။ ဒဏ်ရာအပြင်းအထန်ရလျက် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသောသူ့နောက်လိုက်များကြောင့်သာ မဟုတ်လျှင် သူက မတ်တပ်ရပ်ရန် ရွေးချယ်လိမ့်မည်မဟုတ်ပေ။ သို့သော် သူ၏ကြောက်ရွံ့မှုအား ဖိနှိပ်လျက် တုန်ယင်နေသောခြေထောက်များနှင့် ရှေ့သို့ လျှောက်သွား၏။
ဘာလဲ။ မင်းက ဒူးထောက်ဖို့ ငြင်းပယ်တာလား”ထန်ရှုက မေးလိုက်၏။
ဘန်း…
နောက်ဆုံးတွင် သူက မတောင့်ခံနိုင်တော့ဘဲ ထန်ရှုအရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အသနားခံသောအကြည့်နှင့် သူက တုန်ယင်စွာ တောင်းပန်လိုက်၏ “ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ၊ ဆရာ။ အရာအားလုံးက ငါ့အမှားပါ။ မင်းရဲ့ကိစ္စမှာ ငါ မဝင်ရှုပ်သင့်ဘူး”
“မင်းမှာ မာကျောတဲ့သံအရိုးတွေရှိမယ်လို့တောင် ငါ ထင်ထားတာ။ မင်းကို နှိပ်စက်ဖို့ထိ ငါ စဉ်းစားနေတာ၊ ဒါပေမယ့် မင်းက တန်းဒူးထောက်ပြီး သနားငဲ့ညှာဖို့အတွက် တောင်းပန်တာလား။ ဒါက မမျှော်လင့်ထားတာပဲ”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒါက ပျင်းစရာကောင်းလွန်းတယ်။ သေချင်ပေမယ့်သေခွင့်မရှိတဲ့အရသာကို မင်းကို မြည်းစမ်းခိုင်းဖို့ ငါ့မှာ ဆန္ဒရှိတယ်ဆိုတာ မင်း သိလား”
“ငါ..ငါက ငတုံးတစ်ကောင်၊ သူရဲဘောကြောင်တဲ့သူပါ။ ငါ…ငါ ကောင်းကောင်း အသက်ရှင်ချင်ပါတယ်။ ဒါပေမယ့် မင်းက မာစတာတစ်ယောက်ပဲ၊ မင်းက ငါ့လို ဘာမှမဟုတ်တဲ့လူတစ်ယောက်ကို ဂရုစိုက်ဖို့ မလိုပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပြုပါလား”နဖူးမှ သွေးထွက်သည်အထိ အိုရှီမာက အရိုအသေပေးနေလေ၏။
“သွားခွင့်ပြုရမှာလား၊ ဟမ့်။ အိမ်မက်မက်နေ”ထန်ရှုက အထင်သေးစွာ ပြောလိုက်သည် “မင်းရဲ့သူဌေးက ဒီနေရာကို မရောက်ခင် ငါ မင်းကို သွားခွင့်ပြုမှာ မဟုတ်ဘူး။ သူရောက်လာတဲ့အခါ သူက ခွေးတစ်ကောင်လို့ မင်းက သူ့ကို ကျိန်ဆဲမယ်ဆိုရင် မင်းကို ငါ ချမ်းသာပေးနိုင်တယ်”
“ငါ သူ့ကို ကျိန်ဆဲပါ့မယ်။ ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပါ၊ ငါ လုပ်ပါ့မယ်”
ထန်ရှုက သူ့သူဌေးအား ထုတ်ဖော်ပြောသည်ကို ကြားပြီး အိုရှီမာ၏နှလုံးသားထဲရှိ ကြောက်ရွံ့မှုက အမြောက်အများလျော့ကျသွားသည်။ သို့သော် ကြောက်ရွံ့သလို ဟန်ဆောင်ကာ သနားငဲ့ညှာရန်အတွက် တောင်းပန်၏။
ဆယ်မိနစ်ကြာပြီးနောက် တောင့်တင်းသန်မာသောလူခြောက်ယောက်နှင့်အတူ ဂေါက်တုတ်တစ်ခုကို ကိုင်ထားသည့် အနက်ရောင်အားကစားဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က တံခါးကို ဖြတ်ကာ လျှောက်လာ၏။ ကခန်းထဲရှိ မြင်ကွင်းကို မြင်ပြီး သူ့မျက်လုံးများက ရုတ်တရက် ကျုံ့သွား၏။ မယုံကြည်နိုင်မှုက သူ့မျက်နှာပေါ်တွင် လွှမ်းခြုံသွား၏။
ဒီလောက်…များတဲ့လူတွေ…သေသွားတာလား။
သက်လတ်ပိုင်းလူက မော့ကြည့်လိုက်ပြီး ထန်ရှုက ခေါင်းဆောင်ဖြစ်မှန်း အလွယ်တကူ သိလိုက်သည်။ သူက ဂေါက်တုတ်အား ဘေးသို့ ပစ်ထုတ်လိုက်ပြီး သူ့နောက်လိုက်အား ထိုင်ခုံတစ်ခု ယူစေကာ ထန်ရှုနားတွင် ထိုင်ပြီးနောက် ပြောလိုက်၏ “လက်ရှိအချိန်မှာ မြို့တော်တစ်ခုလုံးက ဖရိုဖရဲဖြစ်နေတယ်၊ ဒါပေမယ့် တစ်စုံတစ်ယောက်က သေရမှာကို မကြောက်ဘဲ ဒီနေရာမှာ ပြဿနာလာရှာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမယ့် ကောင်းပြီလေ၊ ငါ့နာမည်ကို အရင်ဆုံးမိတ်ဆက်ပေးရတာပေါ့။ ငါ့နာမည်က မိုင်ထာခီနိုပါ။ ငါက အင်နာရီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး ဒီနိုက်ကလပ်က ငါ့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုပဲ။ အတိအကျ မင်းက ဘယ်သူလဲ၊ မစ္စတာ။ ပြီးတော့ ဘာလို့ မင်းက ဒီနေရာမှာ ပြဿနာလာရှာရတာလဲ”
“ဒါဆို ငါက အကြောင်းပြချက်မရှိဘဲ ဒါတွေအားလုံးကို လုပ်ခဲ့တယ်လို့ မင်း ပြောတာပေါ့။ မင်းက ကြောင်းကျိုးညီညွတ်တဲ့လူတစ်ယောက်မဟုတ်ဘူးလား”ထန်ရှုက မေးလိုက်၏။
ထိုလူက ခဏမှင်တက်သွားပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည် “ငါ့အထောက်အထားနဲ့ပတ်သက်တဲ့အချက်အလက်အချို့ကို ထုတ်မဖော်နိုင်ပေမယ့် ငါက ကြောင်းကျိုးညီညတ်တဲ့လူတစ်ယောက်လို့ ငါ ထင်တယ်။ မင်းက ဒီနေရာကို ပြဿရှာဖို့ လာတာဆိုရင် ဒီနေ့ ဒီနေရာမှာပဲ မင်းရဲ့ဘုရားသခင်ကို တွေ့ဆုံဖို့ မျှော်လင့်ထားပါ။ ဒါပေမယ့် ငါ့လူတွေရဲ့အမှားဆိုရင် ငါက သူတို့ရဲ့သေဆုံးမှုကို မစူးစမ်းတော့တဲ့အပြင် မင်းကိုလဲ တောင်းပန်မှာပါ”
ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “တကယ်ကို ထူးခြားတဲ့လူတစ်ယောက်ပဲ။ ကောင်းပြီလေ၊ ခင်ဗျားက ကြောင်းကျိုးညီညွတ်တဲ့လူတစ်ယောက်ဆိုတော့ ခင်ဗျားနဲ့ စကားပြောဖို့ ကျုပ် အချိန်အချို့ပေးလိုက်ပါ့မယ်။ ကျုပ်က ကျုပ်ရဲ့အမျိုးသမီးကို ခေါ်လာပြီး ဒီနေရာမှာ ပိုက်ဆံနဲ့အချိန်ကို လာဖြုန်းတာ၊ ဒီလိုဆို ကျုပ်တို့က ဒီနေရာရဲ့ဧည့်သည်တွေဖြစ်ကြတယ်မလား”
“ဒါ မှန်ပါတယ်…”မိုင်ထာခီနိုက ခေါင်းညိတ်လိုက်သည်။
“ကျုပ်က ခင်ဗျားတို့ရဲ့ဧည့်သည်လို့ ခင်ဗျား ပြောခဲ့တယ်နော်၊ ဒါပေမယ့် ကျုပ်အမျိုးသမီးရဲ့အလှကို မျက်စိကျတဲ့ နောက်ထပ်ဧည်သည့်တစ်ယောက်က သူမကို မသင့်လျော်တဲ့အပြုအမူတွေ လုပ်ဖို့ ကြိုးစားခဲ့တယ်။ သူ့ကို သင်ကြားပေးတာက ကျုပ်ရဲ့လုပ်ပိုင်ခွင့်ပဲမလား”
“မှန်တာပေါ့…”မိုင်ထာခီနိုက ထပ်ပြော၏။
“ကျုပ်က အဲဒီအယုတ်တမာကောင်နဲ့သူ့လူတွေကို သင်ခန်းစာပေးပြီး ကန်ထုတ်လိုက်တယ်။ ဒါပေမယ့် ကျုပ်အမျိုးသမီးကို အနှောင့်အယှက်ပေးတဲ့အဲဒီအယုတ်တမာကောင်ကို သတ်ရမယ်လို့ အိုရှီမာက ပြောခဲ့တယ်။ ဒါကြောင့် ကျုပ် သူ့ကို တိုက်ရိုက်သတ်ဖြတ်လိုက်တယ်။ ဒီလို ကျုပ်လုပ်တာ မှန်တယ်မလား”
မိုင်ထာခီနိုက ဒူးပွတ်ကာ ဘေးနားရှိ အိုရှီမာအား လေးလံသောအသံနှင့် မေးလိုက်သည် “သူက အမှန်အတိုင်း ပြောတာလား”
အိုရှီမာက မျက်ရည်ကျလျက် ပြန်ဖြေသည် “ဟုတ်ပါတယ်…”
မိုင်ထာခီနိုက သူ့မျက်နှာအား ရိုက်လိုက်သည်၊ သူက မီတာအနည်းငယ် လွင့်ထွက်သွား၏။ ထို့နောက် ထန်ရှုထံ အကြည့်ပြောင်းကာ ခေါင်းညိတ်လိုက်သည် “မင်း မှန်တယ်”
“ကျုပ် သိတာပေါ့၊ ဒါကြောင့် မစ္စတာအိုရှီမာရဲ့ညွှန်ကြားချက်အတိုင်း ကျုပ် လုပ်ခဲ့တာပေါ့။ နောက်တော့ ကိစ္စက အဆုံးသတ်လို့ရပေမယ့် ဒီအကောင်က ကြောင်းကျိုးမညီညွတ်ဘဲ လုပ်ဆောင်ခဲ့တယ်လေ။ သူက သူ့လူတွေ ခေါ်ပြီး ကျုပ်ကို ဖမ်းဖို့ ကြိုးစားခဲ့တယ်။ ခင်ဗျားက ကျုပ်နေရာမှာ ဆိုရင် ဘာလုပ်မှာလဲ။ ခင်ဗျားက သူတို့ကို ပြဿနာမရှာဘူး၊ ဒါပေမယ့် သူတို့က ခင်ဗျားကို ဖမ်းဖို့ ကြိုးစားတယ်။ ဒါက မှန်ကန်တဲ့လုပ်ရပ်လား”
“ဒါက မှားတာပေါ့”
ကိစ္စဇာစ်မြစ်အား တဖြည်းဖြည်းနားလည်လာသော်ငြား မိုင်ထာခီနို၏သတ်ဖြတ်လိုစိတ်အများစုက ထန်ရှုထံတွင် ရှိနေခဲ့ပြီး အချို့က အိုရှီမာထံ ကူးပြောင်းလာခဲ့သည်။
“ခင်ဗျားလူတွေက ကျုပ်ကို ဖမ်းဖို့ ကြိုးစားခဲ့တယ်၊ ဒီတော့ ကျုပ်က ခုခံတာ သဘာဝပဲလေ”ထန်ရှုက ပြုံးကာ ထပ်ပြော၏ “ကျုပ်သတ်ခဲ့တဲ့လူက ခင်ဗျားတို့ထဲက တစ်ယောက်မဟုတ်တာကြောင့် ကျုပ်လူနှစ်ယောက်က မစ္စအိုရှီမာရဲ့လူတွေကို ရိုက်နှက်ပြီးနောက် အရာအားလုံးက ပြီးသွားပြီလို့ ကျုပ် တွေးထားတာ။ ဒါပေမယ့် သူက အဲဒါကို လွှတ်ချခဲ့လား။ မဟုတ်ဘူး။ သူက ရာဇဝတ်ကောင်ဆယ်ယောက်ကျော်ကို ဆင့်ခေါ်ခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်က ကျုပ်ကို သတ်ချင်ခဲ့တယ်။ သူတို့က ကျုပ်ကို သတ်ချင်မှတော့ ကျုပ်က ပြန်တိုက်ခိုက်ရမယ်လို့ ခင်ဗျား မထင်ဘူးလား”
မိုင်ထာခီနိုက လက်သီး တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူက နေရာတွင် ထိုင်နေသော်လည်း သူ့ညာလက်သီးက အိုရှီမာထံ ရွေ့လျားသွားသည်၊ လက်သီးပုံရိပ်က ထိုလူ၏ရင်ဘက်အား ထိမှန်သွားပြီး သူ့အား တိုက်ရိုက်သတ်ဖြတ်လိုက်၏။
ထန်ရှုက မျက်လုံးကျုံ့လိုက်သည်။ အိုရှီမာကိုယ်တိုင်က ကျင့်ကြံသူတစ်ယောက်ဖြစ်ပြိး အတော်လေးသန်မာသူတစ်ယောက်ဖြစ်၏။ သူက ရွှေအမြုတေအဆင့်ကျင့်ကြံသူများထက် ပိုအားနည်းသော်ငြား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများအား တိုက်ခိုက်နိုင်လောက်သည်။
“ခင်ဗျားက ကျုပ်ကို မဖြေရသေးဘူးနော်။ ကျုပ် ပြန်တိုက်ခိုက်သင့်လား”
မိုင်ထာခီနိုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းညိတ်လိုက်သည် “ဒါက မင်းရဲ့လုပ်ပိုင်ခွင့်ထဲမှာ ရှိပါတယ်”
“ဒါဆို အားလုံးရှင်းနေပြီပဲ”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “အခု ကျုပ် ခင်ဗျားကို နည်းနည်းသဘောကျလာပြီ။ တကယ်တော့ ဒီလောက်များတဲ့လူတွေကို ကျုပ်လူအနည်းငယ်လောက်နဲ့ သတ်ဖြတ်ဖို့က မလွယ်ကူဘူးလေ၊ ဒါပေမယ့် သူတို့ကို ကျုပ်ကို သတ်ဖြတ်တာကို ဒီအတိုင်း ခွင့်မပြုနိုင်ဘူးမလား။ ဒီတော့ ကျုပ်လူနှစ်ယောက်က ပစ္စတိုနှစ်လက်ကို ယူထုတ်ပြီး ကြုံသလို ခလုတ်နှိပ်ခဲ့ရတာပေါ့”
“ဒါက ကြုံသလိုပစ်ချက်တွေလား”
မိုင်ထာခီနိုက ခန်းမထဲရှိ လူသေများ၏အနေအထားအား လေ့လာလိုက်သည်၊ လူတိုင်းက မျက်ခုံးနှစ်ဖက်ကြားတည့်တည်ထိမှန်ထားသည်။ ထိုလူများက သေနတ်ပစ်ကျွမ်းကျင်သူများဖြစ်ကြမှန်း ဒါက သက်သေပြ၏။ ဒါတွေကို ကြုံသလိုပစ်ချက်တွေလို့ ပြောလို့ဘယ်ရနိုင်မှာလဲ။
“ဒီတော့ ကိစ္စတွေက အခုမြင်ရသလို အဆုံးသတ်သွားခဲ့တာပဲ။ ဒီနေ့ ဖြစ်ရပ်တစ်ခုလုံးအတွက် ကျုပ်တို့က အပြစ်ရှိတယ်လို့ ခင်ဗျားထင်လား။ ဒါပေမယ့် ခင်ဗျား လာပြီဆိုမှတော့ ကျုပ်တို့တွေ အတူတူထိုင်ပြီး လက်ဖက်သောက်ရင်း စကားပြောတာ ပိုကောင်းတာပေါ့။ အချို့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကျုပ်တို့တွေ ဆွေးနွေးနိုင်တာပေါ့။ ဒါပေမယ့် အားလုံးခြုံပြီး စဉ်းစားကြည့်လိုက်ရင်…လက်ရှိအချိန်မှာ ခင်ဗျားရဲ့နောက်လိုက်ကြောင့် ကျုပ်တို့တွေ ရန်သူဖြစ်နေလောက်ပြီ။ အတော်လေးဒေါသထွက်စရာကောင်းတယ်မလား”
မိုင်ထာခီနိုက စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “မင်း ပြောတာ မှန်တယ်။ ဒါက ဒေါသထွက်စရာကောင်းတယ်။ ဒါပေမယ့် အဲဒါက မင်းရဲ့အမှားပဲ၊ ငါ့လူတွေ မဟုတ်ဘူး”
ဖြောင်း…ဖြောင်း…ဖြောင်း…
ဤအကြိမ်တွင် ထန်ရှုက လက်မမထောင်ဘဲ လက်ခုပ်တီးကာ ပြောလိုက်သည် “ဘယ်လိုတောင်ထူးခြားပြီးတင်စီးတဲ့အပြုအမူလဲ။ တကယ်ကို ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တာပဲ၊ ဟမ့်”
အေးစက်စက်အလင်းတစ်ခုက မိုင်ထာခီနို၏မျက်လုံးများထဲတွင် လက်သွားသည်။ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို ထန်ရှုက တွေ့ရှိသွားလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ ရုတ်တရက် သူက အေးစက်စက်လေသံနှင့် မေးမြန်းလိုက်၏ “မင်းက အတိအကျ ဘယ်သူလဲ”
“ကျုပ်လား”ထန်ရှုက ပြန်ဖြေ၏ “ကျုပ်က ဘာမှမဟုတ်ပါဘူး၊ ရိုးသားတဲ့သာမန်လူတစ်ယောက်ပါပဲ”
“ငါက ကျင့်ကြံသူတစ်ယောက်ဆိုတာ မင်း သိတယ်၊ ငါ့ရဲ့အခြားသရုပ်မှန်ကိုလဲ မင်း သိမယ်လို့ ငါ ယူဆတယ်”မိုင်ထာခီနိုက နှာခေါင်းရှုံ့လိုက်သည် “မင်းက ပျော်ရွှင်ခြင်းနန်းတော်ကလား…”
ထိုသို့ပြောပြီးနောက် သူ့အခြားလက်တစ်ဖက်အား အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထန်ရှုက သတိပြုမိလောက်မည်မဟုတ်ဟု သူ တွေးထားခဲ့သည်၊ ထို့နောက် သူက စာတစ်စောင် ရိုက်ကာ ပို့လိုက်၏။