ရန်ငြိုးကို ပယ်သတ်ခြင်းက ပိုကောင်းတယ်။
Vol. 85 Ch. 1178
တိုကျိုမြို့ဆင်ခြေဖုံး။
ပျံလွှားတစ်အုပ်က ပျံသန်းလာနေပြီး သားရဲဟိန်းသံများက တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်နေသည်။ နေရာက မျိုးရိုးဗီဇစခန်းဖြစ်ပြီး ဗိုလ်ချုပ်ဖူခူဒါ၏ခံတပ်လည်း ဖြစ်သည်။ စစ်တန်းလျားအစုအဝေးတစ်ခုအား တောင်တန်းပတ်လည်တွင် တည်ဆောက်ထားပြီး စစ်တန်းလျားလေးခုထဲတွင် စစ်သားသောင်းချီ နေရာယူထားသည်။ တောင်ထုထဲတွင် မြေအောက်နေရာလပ်တစ်ခုရှိပြီး ဂျပန်ကျင့်ကြံသူများနှင့်မျိုးရိုးဗီဇစစ်သည်တော်များ၏ပိုင်နက်အဖြစ် ကန့်သတ်ထား၏။
လျှို့ဝှက်ခန်းထဲတွင် ခီခီတာဂါဝါက လှပသောဆေဘာသတ္တဝါတစ်ကောင်အား ကိုင်ထားသည်။ သူက ၎င်းပါးစပ်ထဲသို့ ကျောက်စိမ်းတစ်တုံး ပစ်ထည့်လိုက်သည်၊ ကျောက်စိမ်းအက်ကွဲသံကို ကြားလိုက်ရ၏။ သို့သော် ခီခီတာဂါဝါ၏ခန္ဓာကိုယ်မှ အရှိန်အဝါအတက်အကျက အခန်းထဲရှိလူနှစ်ယောက်၏အသားအရောင်အား ပြောင်းလဲသွားစေသည်။
“ဗိုလ်ချုပ်ဖူခူဒါက ငါ့ကို တွေ့ဖို့ အချိန်မရှိဘူးလို့ မင်း ပြောတာလား”
ခီခီတာဂါဝါ၏အသံထဲတွင် ကွက်ဝှက်ထားသော အေးစက်မှုတို့ကို ခံစားရနိုင်၏။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘယ်ဘက်ရှိလူက ရိုသေလေးစားစွာ ပြောလိုက်သည် “ဆရာခီခီတာဂါဝါ၊ ဗိုလ်ချုပ်ဖူခါဒါက ပျော်ရွှင်ခြင်းနန်းတော်ရဲ့ယင်ဗုဒ္ဓနဲ့ တိုက်ခိုက်ခဲ့တယ်။ ယင်ဗုဒ္ဓက ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပေမယ့် ဗိုလ်ချုပ်ဖူခူဒါကိုယ်တိုင်လဲ ဒဏ်ရာမရဘဲ မထွက်လာနိုင်ဘူးလေ။ သူက အတွင်းဒဏ်ရာတွေ ရခဲ့ပြီး အခု ပြန်ကုသနေတယ်၊ ဒါကြောင့် ဘယ်သူ့ကိုမှ သူ မတွေ့ချင်ဘူးလို့ ငါ့ကို ပြောခဲ့တယ်”
“ဗိုလ်ချုပ်ဖူခူဒါက အားကောင်းတဲ့လူတစ်ယောက်ပဲ၊ ဒါပေမယ့် သူက ယင်ဗုဒ္ဓနဲ့ ညီမျှတယ်လို့ မင်း ပြောခဲ့တယ်နော်”ခီခီတာဂါဝါက နှာခေါင်းရှုံ့လိုက်သည် “ဒဏ်ရာရတယ်ဆိုတာက ငါ့ကို မတွေ့ဖို့ ဆင်ခြေတစ်ခုလို့ ငါ ထင်တယ်…”
ထိုလူက ကမန်းကတန်း ပြောလိုက်သည် “ဗိုလ်ချုပ်ဖူခူဒါက ဒီလိုအတွေးမရှိပါဘူး၊ ဆရာခီခီတာဂါဝါ။ သူက မင်းကို အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ပြီး မင်းက တိုင်းပြည်ရဲ့ဘေးကင်းမှုအတွက် အများကြီးလုပ်ဆောင်ပေးခဲ့တယ်လို့ ငါတို့ကို ပြောတယ်။ မင်းက အပြင်ဘက်မှာ တာဝန်ထမ်းဆောင်နေတာကြောင့်မဟုတ်ရင် မျိုးရိုးဗီဖစခန်းရဲ့ဒုကွန်မန်ဒါဖြစ်နေပြီလို့ သူ ပြောတယ်”
ခီခီတာဂါဝါ၏မျက်နှာပေါ်တွင် ဘာပြောင်းလဲမှုမရှိပေ၊ သို့သော် သူက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ သူက အပြင်ဘက်တွင် တာဝန်ထမ်းဆောင်နေသော်ငြား မျိုးရိုးဗီဇစခန်းထဲရှိအနေအထားနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ သိ၏။
ပျော်ရွှင်ခြင်းနန်းတော်အား စောင့်ကြည့်ရန်နှင့် ကိစ္စအချို့အား စီမံခန့်ခွဲရန်အတွက် ဗိုလ်ချုပ်ဖူခူဒါက သူ့အား လိုအပ်သည်ကို သူက ကောင်းကောင်းသိ၏။ သို့မဟုတ်လျှင် လူပေါင်းများစွာက လေးစားရသော ဤဗိုလ်ချုပ်က သူ့အား သတ်ဖြတ်ခဲ့ပြီးလောက်ပြီ။
အချိန်ပဲ။
ငါ့မှာ နောက်ထပ်အချိန်သုံးနှစ်ရှိသရွေ့ ငါက ဗိုလ်ချုပ်ဖူခူဒါကို ကျော်ဖြတ်နိုင်မှာ သေချာတယ်၊ သူ့ကို အတင်းဖိအားပေးပြီး ဒီမျိုးရိုးဗီဇစခန်းကို ငါ့ဆီ လက်လွှဲပေးအောင် လုပ်နိုင်တယ်။
ခီခီတာဂါဝါက မျက်ခုံးမြင့်တက်သွားပြီး ကြောက်လန့်နေသောလူအား တစ်ချက်ကြည့်လိုက်သည်။ သူက ရုတ်တရက် ပြုံးကာ ပြောလိုက်၏ “ငါက မျိုးရိုးဗီဇစခန်းမှာ မရှိတဲ့အချိန်မှာ မင်းရဲ့ဆရာသခင်က ဘယ်သူလဲဆိုတာ မေ့နေပုံရတယ်၊ရှိုဂျို”
ချက်ချင်းလျှင်ပင် ဘယ်ဘက်ခြမ်းရှိလူ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွား၏။ ထက်ရှသာဓားမြှောင်တစ်ချောင်းက သူ့ဘေးနားရှိလူ၏လည်ပင်အား ရုတ်ချည်း ခုတ်ပိုင်းချလိုက်သည်။ သူက ထိုလူ၏နှလုံးအား လျင်မြန်စွာ ထိုးဖောက်လိုက်ပြီး သွေးများက ပြန့်ကျဲသွားလေသည်။ စက္ကန့်အနည်းငယ်အတွင်း ဘယ်ဘက်ရှိလူက သေသွား၏။
ခီခီတာဂါဝါ၊ မင်းပြောတာတွေက အဓိပ္ပါယ်ရှိတယ်လို့ ဒီရှိုဂျိုက ထင်တယ်။ ဒီကောင်က ဗိုလ်ချုပ်ဖူခူဒါရဲ့လက်ပါးစေမှန်း သိသာထင်ရှားတယ်၊ ပြီးတော့ နောက်ကွယ်ကနေ သူက ဗိုလ်ချုပ်ဖူခူဒါအတွက် အများကြီးလုပ်ပေးခဲ့တယ်။ အချို့ဆိုရင် ဆရာ့အတွက်လဲ အကျိုးမဲ့တာတွေ ယူလာပေးတယ်။ ဒါပေမယ့် ဒီနောက်လိုက်က အချို့ကို တိတ်တဆိတ် ဖျက်ပစ်လိုက်လို့၊ ဒါကြောင့် ကိစ္စက သင့်ဆီ မရောက်လာတာ”ရှိုဂျိုက လက်သီးဆုပ်ကာ တင်ပြလိုက်သည်။
ခီခီတာဂါဝါက ကုလားထိုင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားကာ ထိုင်ပြီးနောက် ပြောလိုက်သည် “အဲဒီအဖိုးကြီးဖူခူဒါက သံသယကြီးလွန်းတယ်။ ငါ ရင်ဆိုင်နေတဲ့ ကိစ္စအချို့နဲ့ ပတ်သက်ပြီး ဒီခွေးကောင်က ဖူခူဒါကို ပြောလိုက်ပြီဖြစ်မှာကို ငါ စိတ်ပူတယ်။ ဒါပေမယ့် ဖူခူဒါက တွန့်ဆုတ်နေပုံရတယ်ဒါမှမဟုတ်ငါ့ကို ဘာမှမလုပ်ရဲဘူး။ ပျော်ရွှင်ခြင်းနန်းတော်တည်ရှိနေသရွေ့ သူက ငါ့ကို ကြည်ကြည်ဖြူဖြူနဲ့ ဆက်ဆံရမှာပဲ”
“ဒါပေမယ့် ပျော်ရွှင်ခြင်းနန်းတော်ကို ငါတို့က မကြာခင်ဒါမှမဟုတ်နောက်ကျရင် အမြစ်ပြတ်သုတ်သင်တော့မှာ”ရှိုဂျိုက ငြင်းခုံလိုက်သည် “အဲအချိန်ကျရင် သူက သင့်အပေါ် လှုပ်ရှားလာဖို့ များတယ်၊ ဒါကြောင့် ငါတို့က ကြိုတင်ပြင်ဆင်ဖို့ လိုတယ်”
“အဲဒါကို ငါ ကောင်းကောင်း သိပြီးသားပါ။ ဒါပေမယ့် အခုက အချိန်မတန်သေးဘူး”ခီခီတာဂါဝါက ခေါင်းညိတ်ကာ ပြောလိုက်၏ “ပြီးတော့ ပျော်ရွှင်ခြင်းနန်းတော်မှာ နက်ရှိုင်းတဲ့အခြေခံအုတ်မြစ်ရှိတယ်၊ တစ်ခုလုံးကိုတော့ ငါတောင် မရှင်းလင်းဘူး။ သူက ပျော်ရွှင်ခြင်းနန်းတော်ကို အမြစ်ပြတ်သုတ်သင်ချင်ရင် ဖူခူဒါက အိပ်မက်မက်နေတာလို့ ပြောနိုင်တယ်။ နောက်ဆယ်စုနှစ်ထိတောင် သူက အောင်မြင်နိုင်မှာ မဟုတ်ဘူး”
ကရင်း…
ဖုန်းမြည်သံက နှစ်ချက်ထွက်ပေါ်လာသည်။ သို့သော် အချက်ပေးသံဖြစ်မှန်း ခီခီတာဂါဝါက ပြောနိုင်သည်။
ခဏကြာပြီးနောက် ဖုန်းပေါ်ရှိ စာကို ဖတ်ပြီးနောက် သူ့မျက်လုံးများထဲတွင် အေးစက်သောအလင်းတစ်ခုက လက်သွား၏။ သူ့ပုံရိပ်က ရုတ်ချည်း ပျောက်ကွယ်သွားပြီး မိနစ်အနည်းငယ် ကြာပြီးနောက် ကားတစ်စီးက စခန်းမှ ထွက်လာကာ တောင်တက်လမ်းပေါ်၌ ပျောက်ကွယ်သွား၏။
ဝှစ်…
ကားပျောက်ကွယ်သွားပြီးနောက် တစ္ဆေသရဲလိုပုံရိပ်တစ်ခုက စခန်းဂိတ်အပြင်ဘက်၌ ထွက်ပေါ်လာသည်။ ထိုနေရာတွင် အနည်းငယ်မီးခိုးရောင်သမ်းနေသည့်ဆံပင်နှင့် ဗိုလ်ချုပ်ဖူခူဒါက မတ်တပ်ရပ်နေပြီး အေးစက်စက်အလင်းတစ်ခုက သူ၏ဆန်းကြယ်သောမျက်လုံးများထဲ၌ လက်သွား၏။
“ဗိုလ်ချုပ်…”
အနက်ရောင်ကုတ်အင်္ကျီနှင့်ကြေးမျက်နှာဖုံးတပ်ထားသည့်ဆံနီလူတစ်ယောက်က ဗိုလ်ချုပ်ဖူခူဒါနောက်တွင် ထွက်ပေါ်လာ၏။ မျက်နှာဖုံးက ချေးတက်နေသော်ငြား ၎င်းက ဆံနီလူထံ ဆန်းကြယ်သောခံစားချက်တစ်ခု ဖြစ်စေသည်။
“ဘာက သူ့ကို ထွက်ခွာသွားစေတယ်ဆိုတာ မင်း သိလား”ဗိုလ်ချုပ်ဖူခူဒါက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ ခန့်မှန်းတာ မှန်ရင် အဲဒါက ပျော်ရွှင်ခြင်းနန်းတော်နဲ့ ဆက်စပ်နေတာ ဖြစ်ရမယ်”ဆံနီလူက ပြန်ဖြေသည် “သူက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မကို ဖမ်းချင်နေတယ်လို့ ငါတို့ရဲ့လျှို့ဝှက်အေဂျင်က ငါ့ကို တင်ပြခဲ့တယ်။ စခန်းကို မပြန်လာခင် သူက သူ့လူတွေအချို့ကို လွှတ်ပြီး ကုန်းဝမ်အာရဲ့သတင်းနဲ့အရိပ်အယောင်တွေကို ရှာဖွေခိုင်းခဲ့တယ်”
ဗိုလ်ချုပ်ဖူခူဒါက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “သူက သူမကို ဒီလောက် မျက်စိကျနေရလောက်အောင် ဒီပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက ဘာထူးခြားလို့လဲ။ ပျော်ရွှင်ခြင်းနန်းတော်ကို တည်ထောင်ခဲ့တဲ့ အဲဒီမြည်းအိုကြီးက အမျိုးသမီးတွေနဲ့ နေ့တိုင်းနေ့တိုင်း ပျော်မွေ့နေတာ။ ဒါပေမယ့် ဘာလို့ သူက သူမကို အခုချိန်ထိ မထိတွေ့ရတာလဲ”
ဆံနီလူက ဖြည်းဖြည်းချင်း ပြန်ဖြေသည် “ခီခီတာဂါဝါရဲ့တင်ပြချက်အပေါ် အခြေခံရမယ်ဆိုရင် အဲဒီပျော်ရွှင်ခြင်းနန်းတော်သခင်က သူမကို သူ့ရဲ့သမီးလို သတ်မှတ်ထားတာ။ ဒါပေမယ့် အဲဒီဘုန်းကြီးမှာ သမီးတွေ အများကြီးရှိတာကြောင့် ဒါက ခိုင်လုံတဲ့အကြာင်းပြချက်တစ်ခုမဟုတ်ဘူးလို့ ငါ ထင်တယ်၊ သူတို့ထဲကနှစ်ယောက်က အရမ်းဆွဲဆောင်မှုရှိပြီး အချောအလှတွေအဖြစ် မွေးဖွားလာတာ။ ဒီပျော်ရွှင်ခြင်းနန်းတော်သခင်က သူ့ရဲ့သမီးနှစ်ယောက်နဲ့ အချစ်ဇာတ်အချို့ခင်းနေတယ်လို့ ဆိုကြတယ်”
ဗိုလ်ချုပ်ဖူခူဒါ၏မျက်လုံးများထဲတွင် အထင်သေးမှုတို့ လင်းလက်သွားပြီး သူက အေးစက်စွာ ပြောလိုက်၏ “သူက သူ့ရဲ့သမီးကိုတောင် ဝါးမျိုတာလား။ သူက သားရဲတွေထက်တောင် ဆိုးတာပဲ။ သူ့ကြောင့် ဂျပန်တစ်နိုင်ငံလုံးက ပုတ်စော်နံပြီး ညစ်ပတ်နေတာ၊ အထူးသဖြင့် အမျိုးသားနဲ့အမျိုးသမီးဆက်စပ်တဲ့ကိစ္စတွေပဲ။ အဲဒီအဖိုးကြီးကို ဖယ်ရှားပြီးတာနဲ့ ဂျပန်ရဲ့ပတ်ဝန်းကျင်က သေချာပေါက် ပြောင်းလဲသွားမယ်ဆိုတာ ငါ သေချာတယ်”
“ဒါက…အောင်မြင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်လောက်ဘူး၊ ဗိုလ်ချုပ်”ဆံနီလူက ရှုံ့မဲ့ပြုံးလိုက်သည် “တိုင်းပြည်ရဲ့လက်ရှိအနေအထားက ဒုံရင်းအတိုင်း ရှိနေသေးတယ်”
“မင်းက လိုချင်ရင် ဘယ်အရာကိုမဆို ပြောင်းလဲနိုင်ပါတယ်”ဗိုလ်ချုပ်ဖူခူဒါက နှာခေါင်းရှုံ့လိုက်သည် “ပတ်ဝန်းကျင်က သူတို့ကို ချမှတ်ပေးတဲ့အတိုင်း လူတွေက ပြောင်းလဲလိမ့်မယ်။ အသုံးမဝင်ရင် သူတို့ကို ဖိနှိပ်ဖို့ သွေးလွှမ်းတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်တယ်၊ အင်ပါယာမိသားစုက ငါ့ရဲ့နည်းလမ်းကို သဘောတူမှာ သေချာတယ်”
ဆံနီလူငယ်က ဘာမှ ပြန်မဖြေပေ၊ သို့သော် စိတ်ထဲတွင်မူ ဗိုလ်ချုပ်ဖူခူဒါက အိပ်မက်မက်နေသည်ဟု တွေးလိုက်သည်။
ဗိုလ်ချုပ်ဖူခူဒါက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “ပထမဆုံးအဖွဲ့ကို စေလွှတ်လိုက်၊ ခီခီတာဂါဝါက မျိုးရိုးဗီဇစခန်းကို သစ္စာဖောက်တဲ့ လက္ခဏာတစ်ခုခုတွေရင် ငါ့ကို ချက်ချင်း တင်ပြပါ”
“နားလည်ပါပြီ…”
ဆံနီလူက ပြန်ဖြေလိုက်ပြီး သူ့ပုံရိပ်က အဝေးသို့ လျင်မြန်စွာ ရွေ့လျားသွား၏။
****
နိုက်ကလပ်တွင် မိုင်ထာခီနိုက ထန်ရှုအား တည်ငြိမ်သောအမူအရာနှင့် တိတ်တဆိတ် လေ့လာနေသည်။ သို့သော် လက်ရှိတွင် သူ့ရှေ့ရှိ ဤလူငယ်နှင့် ပတ်သက်ပြီး သူက ဘာတစ်ခုမှ မသိပေ။ ဒါက သူ၏ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်ချက်ရှိသော်ငြား သူက မဆင်မခြင်မလုပ်ရဲသည့်အကြောင်းပြချက်လည်း ဖြစ်သည်။
ထို့ကြောင့် နောက်ထပ်အစီအစဉ်မလုပ်ခင် သူ့သူဌေးရောက်လာသည်ကို စောင့်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့သူဌေးရောက်လာသည်အထိ ဤလူငယ်အား စောင့်ခိုင်းအောင်လုပ်ရမည်ကို သူ သိသည်။ ဤအကောင်က ဘယ်လောက်မောက်မာနေပါစေ၊ ထိုအချိန်ကျလျှင် သူ့သူဌေးရှေ့တွင် ဒူးထောက်တောင်းပန်ခြင်းက ဤအကောင်လုပ်ရမည့် တစ်ခုတည်းသောရွေးချယ်စရာဖြစ်သည်။
“ထပ်လာပြန်ပြီးလား။ ပျော်ရွှင်ခြင်းနန်းတော်လား။ အဲဒါ ဘာလဲ”
ဘာမှ မသိဟန်ဆောင်လျက် ထန်ရှုက မိုင်ထာခီနိုအား သိလိုစိတ်အကြည့်နှင့် တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“မင်းက ပျော်ရွှင်ခြင်းနန်းတော်က မဟုတ်ဘူးလား”မိုင်ထာခီနိုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ဘာ…လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်မှ ငါ ဂျပန်ကို ရောက်လာတာ၊ ဒီပျော်ရွှင်ခြင်းနန်းတော်က ဘာလဲဆိုတာ ငါ ဘယ်လိုသိမှာလဲ”ထန်ရှုက မျက်လုံးလိမ့်လျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ဒီတစ်ကြိမ် အပန်းဖြေဖို့အတွက် ဂျပန်ကို ငါ လာတာ။ ဂျပန်မှာ ငါ့ရဲ့မိတ်ဟောင်းကို လာတွေ့တာ၊ ဒီနေရာမှာ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ကံနဲ့ လာတွေ့ရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
ဤအခါတွင်မှ ဒီအကောင်က ဂျပန်စကားကို ဘယ်တော့မှ မပြောဘဲ အင်္ဂလိပ်လိုသာ အမြဲတမ်းပြောခဲ့သည်ကို မိုင်ထာခီနိုက နောက်ဆုံးတွင် သဘောပေါက်သွား၏။
“မင်းရဲ့မိတ်ဆွေက ဘယ်သူလဲ၊ မစ္စတာ”
ယခင်တင်ပြချက်အား သူက အမှတ်ရလိုက်သည်။ ဤအကောင်က တစ်စုံတစ်ယောက်အား ခေါ်ခဲ့သည်ဟု ပြောခဲ့သည်။ သူ့သူငယ်ချင်းဆိုသူအား ဖုန်းခေါ်ခဲ့သည်ဖြစ်ရမည်။
“ဂရုမစိုက်ပါနဲ့”ထန်ရှုက လက်ဝှေ့ယမ်းကာ စိတ်ဓာတ်ကျစွာ ပြောလိုက်သည် “အဲအကောင်က ဘာဖြစ်သွားလဲ ငါ မသိဘူး။ သူက ငါ့ကို အရူးလုပ်ခဲ့ပြီး ရုတ်တရက် ပျောက်သွားတယ်၊ ငါ ဖုန်းခေါ်တာလဲ တစ်ခါမှ ပြန်မဖြေဘူး။ သူ့နေရာမှာလဲ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် သူ့ရဲ့အခြားတစ်နေရာမှာ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ သာမန်လူနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ငါ မင်းကို ပြောပါရစေ၊ သူတို့က စိတ်ဝေဒနာရှင်တစ်အုပ်ပဲ။ သတ်ဖြတ်ခြင်းက သူတို့အတွက် နေ့တိုင်းထမင်းစားရသလိုပဲ။ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရင် ငါကိုယ်တိုင် လုပ်ဆောင်ဖို့ မလိုဘူး၊ ဒါနဲ့ ပတ်သက်ပြီး ငါ သူတို့ကို ပြောလိုက်တာနဲ့ မင်းရဲ့အသက်ကို ဆုံးရှုံးရဖို့ မျှော်လင့်ထားနိုင်တယ်”
မိုင်ထာခီနိုက အထင်သေးစွာ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်ပြီး ထန်ရှုအား ဤနေရာတွင် အချိန်ဆွဲထားရန်အတွက် သူ့သတ်ဖြတ်လိုစိတ်အား ဖိနှိပ်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒါက နားလည်မှုလွဲတာ ဆိုမှတော့ ဒီကိစ္စကို လွှတ်ချလိုက်ရင် ဘယ်လိုလဲ၊ မစ္စတာ”
ထန်ရှုက ခဏမှင်တက်သွားကာ ပြောလိုက်၏ “ကျုပ်တို့က ခင်ဗျားရဲ့လူတွေ ဒီလောက်အများကြီး သတ်ခဲ့တာ၊ ဒါပေမယ့် ခင်ဗျားက အဲဒါကို လွှတ်ချပြီး ကျုပ်နဲ့ ငြိမ်းချမ်းရေးလုပ်ချင်တာလား။ ခင်ဗျားက လူတစ်ယောက်တောင် ဟုတ်ရဲ့လား”
မိုင်ထာခီနိုက အကြိမ်အနည်းငယ် နှုတ်ခမ်းတွန့်လိမ်သွားသည်။ သူ၏သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်လာသောကြောင့် သူက ကန့််သတ်တားဆီးလိုက်ရပြန်သည်။ ဤလူငယ်၏အထောက်အထားအား မသိသောကြောင့်မဟုတ်လျှင် သူက ထန်ရှုအား တိုက်ခိုက်ပြီးနေလောက်ပြီ။
“ဘာပဲပြောပြော ရန်ငြိုးဆိုတာကို ပယ်သတ်တာက အကောင်းဆုံးပဲမလား”
ဒေါသအား အချိန်အနည်းငယ်ကြာ ဖိနှိပ်ပြီးနောက် နောက်ဆုံးတွင် မိုင်ထာခီနိုက ပြောလိုက်သည်။