ကရားထဲရှိ လိပ်တစ်ကောင်လို ထောင်ချောက်ဆင်ခြင်း
Vol. 85 Ch. 1179
သူ့အမူအရာကို မြင်ပြီးနောက် မိုင်ထာခီနို၏စိတ်ရှည်မှုက အကန့်အသတ်သို့ ရောက်ရှိနေသည်ကို ထန်ရှုက ပြောနိုင်သည်။ ဆက်လက်လှုံ့ဆော်နေလျှင် ထိုအကောင်က သူ့အား တိုက်ခိုက်လာရန် အခွင့်အရေးမြင့်မားသည်။ သို့သော် ဤနေရာသို့ လာရခြင်း၏အဓိကရည်ရွယ်ချက်က မြွေအား တွင်းပေါက်မှ မျှားထုတ်ပြီး ကရားထဲရှိလိပ်တစ်ကောင်အလား ထောင်ချောက်ဆင်ကာ ဖမ်းဆီးရန် ဖြစ်သည်။ ခီခီတာဂါဝါမလာခင် ထန်ရှုက မိုင်ထာခီနိုအား မသတ်ချင်ပေ၊ သို့မှသာ နောက်လူက တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိကာ မလာတော့ရန် ဆုံးဖြတ်ခြင်းမှ ရှောင်တိမ်းနိုင်လိမ့်မည်။
“ရန်ကြွေးကို ပယ်သတ်ခြင်းက ပိုကောင်းတယ်တဲ့လား၊ ဟမ့်။ ဘယ်လိုတောင် ဉာဏ်ရှိတဲ့စကားတစ်ခွန်းလဲ။ ဒီလိုသင်ခန်းစာကောင်းတစ်ခုအတွက် ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ဒီနေရာမှာ အခုလိုကြီးမားတဲ့ဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့မိတဲ့အတွက်လဲ တောင်းပန်ပါတယ်။ မကျေနပ်ချက်တွေကို ဝိုင်တွေ၊ အရက်တွေနဲ့ ကျေအေးလို့ရတယ်လို့ လူတွေက ပြောကြတယ်၊ ဒီဝိုင်ကို ကျုပ်ကပဲ ဒကာခံပေးပါ့မယ်” တောင်းပန်သည့်အမူအရာနှင့် ထန်ရှုက ပြောလိုက်၏။
ဤသည်ကို ကြားပြီးနောက် မိုင်ထာခီနိုက စိတ်သက်သာရာရသွားသည်။ သည်းမခံနိုင်လောက်သည့်အတိုင်းအတာအထိ ဤအကောင်က ပြောလိမ့်မည်ကို သူက တကယ် စိတ်ပူသည်၊ သူက စိတ်ရှည်မှုပျောက်ဆုံးကာ ဒင်းအား သတ်ဖြတ်မိလိမ့်မည်ကို စိုးရိမ်၏။
“မင်းက အဝေးက လာမှတော့၊ မင်းကို အိမ်ရှင်အနေနဲ့ ငါက မခွင့်ပြုနိုင်ပါဘူး။ အားလုံးကို ငါ့အတွက်ပဲ ထားလိုက်။ ဒါပေမယ့် ငါ့လူတွေ ဒီအလောင်းတွေကို ရှင်းပစ်ပြီးတဲ့အထိ ခဏစောင့်ပေါ့”
“ကျေးဇူးပြုပြီး” ထန်ရှုက ဆိုလိုက်သည်။
အချိန်က ကုန်လွန်သွားလေသည်။
အရပ်မြင့်ကာ ကြမ်းတမ်းသောဟန်ပန်ရှိသည့် ခူမာဂျီမိုဂူက တောင့်တင်းသန်မာသောလူဆယ်ယောက်ကျော်နှင့်အတူ နိုက်ကလပ်ထဲသို့ ရန်လိုသောအမူအရာနှင့် ပြေးဝင်လာသည်။ ကြမ်းပြင်ပေါ်ရှိ အလောင်းများနှင့်သွေးကွက်များအား သန့်ရှင်းရန် မိုင်ထာခီနိုက သူ့လူများအား ညွှန်ကြားနေသည်ကို မြင်ပြီး သူက အင်္ဂလိပ်စကားဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်၏ “ငါယိုးမသားတွေ…ဘယ်သူတွေက ငါ့ကောင်ကို အနိုင်ကျင့်တာလဲ။ ဒီအစုတ်ပလုတ်အင်နာရီအဖွဲ့ကလား။ အင်နာရီရဲ့ခေါင်းဆောင်မိုင်ထာခီနိုဆိုတဲ့အကောင်က ဘယ်မှာလဲ။ ဒီနေ့ ဒီအဖေကြီးက မင်းကို သေချာပေါက် မျိုးဖြုတ်ပစ်မယ်”
မိုင်ထာခီနိုက လှည့်ကြည့်လိုက်ပြီး ကူမာဂျီမိုဂူနှင့်သူ့လူဆယ်ယောက်ကျော်ကို မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဒေါသတကြီး ချက်ချင်းအော်ပြောလိုက်၏ “မင်းတို့ခွေးကောင်တွေက ဘယ်ကနေ ရောက်လာတာလဲ။ ဒီနေရာကို မင်းတို့ကောင်တွေ ပြဿနာရှာလို့ရမယ့်နေရာတစ်ခုလို့ ထင်တာလား”
“ဟမ်၊ မင်းက ဘာကောင်လဲ။ မင်းက အဲဒီအယုတ်တမာမိုင်ထာခီနိုလို့ ငါ့ကို မပြောနဲ့နော်၊ မဟုတ်လို့ကတော့ ငါက မင်းရဲ့ဘောကို ဖျက်ဆီးပြီး မင်းရဲ့ခေါင်းကို ဖြတ်ပစ်လိုက်မယ်”
ပြောပြီးနောက် ထန်ရှုအား သတိပြုမိလိုက်ပုံရကာ သူ့ထံ လျှောက်လာလျက် ကျယ်လောင်စွာ မေးလိုက်သည် “ဒါတွေအားလုံးက ငါ့အပြစ်ပါ၊ ငါ့ကောင်။ ငါ့တိုင်းပြည်မှာ တစ်ယောက်ယောက်က မင်းကို အပြစ်ပြုရဲမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ တကယ် တောင်းပန်ပါတယ်။ ဘာမှစိတ်မပူနဲ့။ မင်းကို အနိုင်ကျင့်တဲ့ဘယ်သူ့ကိုမဆို ငါ ဆုံးမပေးမယ်”
အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထင်ဟပ်လာပြီး သူက ကူဝါကိုအား ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြန်ပြောသည် “ဟုတ်ပါပြီ၊ ကိစ္စတွေက ဖြေရှင်းပြီးသွားပါပြီ၊ ခူမာဂျီ။ ငါတို့ကို အနိုင်ကျင့်ခဲ့တဲ့ ကောင်တွေကို သတ်ပြီးပြီ။ စိတ်ကို လျှော့လိုက်တော့၊ ဟုတ်ပြီလား။ အဲဒီမိုင်ထာခီနိုမှာ မကောင်းတဲ့ဝန်ထမ်းရှိပေမယ့် အနည်းဆုံး သူက ငါ့ကို အနိုင်မကျင့်ပါဘူး။ ဟားဟားဟား…အာ၊ ငါ မင်းကို တမင်ဖုံးကွယ်ထားတာ မဟုတ်ဘူး။ အဲဒါက…အဟွတ်…အဟွတ်…၊ အသတ်ခံလိုက်ရတဲ့သူတွေက အတော်လေးသနားစရာကောင်းတယ်။ ဒါကြောင့် သူတို့ကို ကူညီပေးလိုက်ပါ၊ ခူမာဂျီ။ သူတို့က အလောင်းတွေကို ရှင်းလင်းနေတယ်၊ ပြီးရင် ဒီနေရာမှာ ငါတို့တွေ သောက်စားကြမယ်”
ခူမာဂျီက ခေါင်းညိတ်လိုက်ပြီးနောက် သူ့လက်ထဲရှိ ဓားအား ဝှေ့ယမ်းကာ ကျယ်လောင်စွာ ပြောလိုက်၏ “မင်းတို့က ငါ့ကောင်ကို အနိုင်မကျင့်ခဲ့တာကြောင့် မင်းတို့တွေ စိတ်အေးအေးထားပါ။ ငါ့မိတ်ဆွေ အနိုင်ကျင့်ခံရတာကို မြင်တာက ဒီခူမာဂျီအနေနဲ့ ဘယ်တော့မှ သည်းမခံနိုင်တဲ့အရာပဲ၊ အထူးသဖြင့် ငါ့ရဲ့ဒီအကောင်က ပြည်ပမှ လာတာဆိုရင်ပေါ့။ ညီအကိုတို့၊ ငါ့သူငယ်ချင်းပြောတာကို မင်းတို့ ကြားတယ်မလား။ အလောင်းတွေ ရှင်းဖို့ သူတို့ကို ကူညီပေးလိုက်ကြ။ ငါတို့ရဲ့လျှို့ဝှက်လက်နက်ကို ထုတ်လိုက်ကြ…”
လူငယ်အချို့က သူတို့၏အိတ်ကပ်မှ ကြွေပုလင်းအနည်းငယ်ယူထုတ်ကာ အဖုံးဖွင့်လိုက်သည်၊ အနံ့တစ်ခုက ဉီးတည်ဘက်တိုင်းသို့ ချက်ချင်း လွင့်ပါလာ၏။
ခူမာဂျီလည်း ကြွေပုလင်းတစ်လုံးယူထုတ်ကာ အလောင်းတစ်ခုဆီသို့ လျင်မြန်စွာ လျှောက်သွား၏။ ထို့နောက် သူက ၎င်းအပေါ်သို့ အရည်စက်အနည်းငယ် လောင်းချလိုက်သည်။
ဗျစ်…
ထိုခန္ဓာကိုယ်က စတင်အရည်ပျော်ကျလာပြီး စက္ကန့်အနည်းငယ်အတွင်း အနံ့စူးရှသောအရည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
“ဘယ်လို…ဒါ ဘာနတ်ဆိုးပစ္စည်းလဲ”
“မင်းက အလောင်းကို ဒီလိုနဲ့ အရည်ဖျော်နိုင်တာလား။ တီဗွီပေါ်မှာ ဒီလိုပစ္စည်းနဲ့ ပတ်သက်ပြီး ငါ ကြားဖူးတယ်လို့ ထင်တယ်”
“အံ့အားသင့်စရာပဲ”
“…”
အလောင်းတစ်ခုက အရည်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်ပြီး မိုင်ထာခီနိုအောက်ရှိလူများက အံ့ဩတုန်လှုပ်သွားကြ၏။ ခူမာဂျီယူထုတ်ပေးခဲ့သောပစ္စည်းကြောင့် မိုင်ထာခီနိုကိုယ်တိုင်ပင် တုန်လှုပ်သွားရ၏။ ဤအရာနှင့် ပတ်သက်၍ သူ ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း ယခုထိတိုင် ဘယ်တော့မှ မမြင်ဖူးပေ။
များမကြာမီ အလောင်းများအား ရှင်းလင်းသွားပြီဖြစ်၏။ ယခု ကြမ်းပြင်တွင် သွေးကွက်အနည်းငယ်ကလွဲပြီး ဘာမှ မကျန်တော့ပေ။ ဒဏ်ရာအပြင်းအထန်ရသူများအား ခေါ်ဆောင်သွားပြီးနောက် မိုင်ထာခီနို၏လူများက စားပွဲထိုးများအဖြစ် ယာယီထမ်းဆောင်ပေးကြသည်။
“ငါ ဗိုက်ဆာတယ်၊ ဘေဘီ”
ဆိုဖာပေါ်တွင် ထိုင်ရင်း ကူဝါကိုက ဆိုလိုက်သည်။ သူမအသံက အလွန်ချိုပြီး ဆယ်မီတာအကွာရှိလူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
ထန်ရှုက သူမပခုံးအား ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “မင်းအတွက် အသားပြင်ပေးဖို့ ငါ သူတို့ကို ပြောလိုက်ပါ့မယ်၊ ဟန်နီ။ အရသာက မင်းအကြိုက်မဟုတ်ရင် ငါ သူတို့ကို သတ်ပစ်မယ်”
“မင်းက ဘယ်သူ့ကို သတ်ချင်တာလဲ၊ ဟမ့်”
အလွန်အမင်းအေးစက်သောအသံတစ်ခုက ကခန်းသို့သွားရာဝင်ပေါက်ကော်ရီဒါမှ ထွက်ပေါ်လာသည်။ ထို့နောက် ခီခီတာဂါဝါက လက်နောက်ပစ်လျက် ကခန်းထဲသို့ လျှောက်လာ၏၊ သူ့နောက်မှ လူလေးယောက်က လိုက်ပါလာ၏။ သူ့မျက်လုံးများက အထဲရှိ လူတိုင်းထံ ရိုက်ခတ်သွားပြီး နောက်ဆုံးတွင် ထန်ရှုအပေါ်သို့ ကျရောက်သွားသည်။
“မင်းက အတော်လေးရင်းနှီးသလိုပဲ…ဒါပေမယ့် ငါ မင်းကို ဘယ်တော့မှ မမြင်ဖူးတာ သေချာတယ်”
ခီခီတာဂါဝါက ထန်ရှုအား အချိန်အချို့ပေးကာ လေ့လာလိုက်ပြီး နောက်ဆုံးတွင် ဤအကောင်က ထိုလူငယ်မဟုတ်သည်ကို သေချာသွား၏။ ထို့နောက် သူက ထန်ရှုအရှေ့သို့ လျှောက်လာကာ စိတ်မဝင်စားစွာ ပြောလိုက်၏ “ဒါက ငါ့ရဲ့အသိုက်ပဲ၊ မိုင်က ဒါကို ငါ့အတွက် စီမံခန့်ခွဲပေးနေတဲ့သူတစ်ယောက်ပဲ။ ဒါပေမယ့် မင်းက သူ့လူအများကြီးကို သတ်ခဲ့ပြီး မိုင်ကိုတောင် သတ်မယ်လို့ အော်ခဲ့တယ်။ ငါက ဒီနေရာမှာ ဘာမှမဟုတ်တဲ့လူတစ်ယောက်လို့ မင်းက ထင်နေတာလား”
ထန်ရှုက သူ့အား မျက်လုံးလိမ့်လျက် အထင်သေးစွာ ပြောလိုက်သည် “လူရမ်းကားတစ်ယောက်လား။ မင်းက ဘယ်သူလဲ၊ မင်းက ဘယ်နေရာက လာတာလဲ။ မိုင်ထာခီနိုက မင်းရဲ့လုပ်ငန်းကို စီမံတာမစီမံတာက ငါနဲ့ ဘာဆိုင်လဲ။ သူက ငါ့အရှေ့မှာ အီးတောင် မပေါက်ရဲဘူး၊ မင်းကရော သူ့ထက် ဘယ်လောက်ပိုကောင်းမှာလဲ။ မင်းကို တစ်ခုပြောလိုက်မယ်၊ မိတ်ဆွေ။ မင်းနေရာကို မင်းသိရင် ထွက်သွားလိုက်ပါ။ မဟုတ်ရင် ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့”
“ဘယ်လိုတောင် “ခီခီတာဂါဝါက လက်မထောင်ကာ ချီးကျူးလျက် နှာခေါင်းရှုံ့လိုက်သည် “ဒီလိုမောက်မာနိုင်သလို မင်းမှာ အစွမ်းရှိဖို့ ငါ မျှော်လင့်ပါတယ်”
ထန်ရှုက ကူဝါကိုအား တွန်းထုတ်ကာ ထရပ်လျက် ပြောလိုက်သည် “မင်းက ဘာလိုချင်တာလဲ။ မင်းက တိုက်ခိုက်ချင်တာလား။ မင်းရဲ့အသိုက်မှာ ရှိတယ်ဆိုပြီး ငါ့လိုနိုင်ငံခြားသားတစ်ယောက်ကို မင်းက အနိုင်ယူချင်တာလား”
နိုင်ငံခြားတစ်ယောက်လား။
ခီခီတာဂါဝါက ထန်ရှု၏သရုပ်မှန်အား မသိသော်ငြား နိုင်ငံခြားသားဟူသောစကားလုံးက သူ၏သတိထားနေမှုအား ပျောက်ကွယ်သွားစေရန် လုံလောက်သည်။ သူက လျှပ်တစ်ပြက်အတွင်း ချက်ချင်းလှုပ်ရှားကာ ထန်ရှု၏ရင်ဘက်အား ရိုက်ချလိုက်၏။ သူ့ရိုက်ချက်က သာမန်လူတစ်ယောက်ဆိုလျှင် သေချာပေါက် သေစေလိမ့်မည်။ ကံမကောင်းစွာနှင့် သူ၏လက်ဝါးရိုက်ချက်တွင် ယုံကြည်ချက်ရှိသော်ငြား ထန်ရှု၏ပုံရိပ်က ရုတ်ချည်းရွေ့လျားသွားပြီး အလွယ်တကူရှောင်တိမ်းသွားခဲ့သည်။
“ဘာ…”
မယုံကြည်နိုင်မှုက ခီခီတာဝါ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားသည်။ ထန်ရှုထံမှ ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါအား သူက လုံးဝအာရုံမခံမိပေ။ လူငယ်က ချမ်းသာသောဒုတိယမျိုးဆက်သခင်လေးတစ်ယောက်နှင့်တူပြီး သူ့ဘေးနားမှ လူနှစ်ယောက်ကလည်း သူ့မျက်လုံးထဲတွင် သာမန်မျှသာဖြစ်၏။
ရွှမ်း…
သူက ထိုလူ၏တိုက်ကွက်အား ရှောင်တိမ်းပြီးသည့်တစ်ခဏအတွင်း ထန်ရှုက နတ်ဘုရားဓားအား ချက်ချင်းထုတ်လွှတ်ကာ ခီခီတာဂါဝါ၏လက်အား ဖြတ်တောက်လိုက်သည်၊ လက်က အေးစက်သောကြမ်းပြင်ပေါ်သို့ ချက်ချင်း ကျသွားလေ၏။
“ချီးလိုပဲ…”
ခီခီတာဂါဝါ၏အမူအရာက တရစပ်ပြောင်းလဲသွား၏၊ မျက်နှာပေါ်တွင် ကြောက်ရွံ့သောအကြည့်တစ်ခု ဖြစ်သွား၏။ သူ့ပုံရိပ်က ရုတ်တရက် နောက်ဆုတ်သွား၏။ သူ့အိုင်ကျူက နိမ့်သည်မြင့်သည်ဖြစ်စေ၊ သူ့အတွက် သေချာစီစဉ်ထားသော ထောင်ချောက်တစ်ခုထဲသို့ ကျရောက်ခဲ့သည်ကို သူက ချက်ချင်း သဘောပေါက်လိုက်၏။
“မင်းက ဘယ်သူလဲ”
သွေးမထွက်စေရန် လက်ပြတ်ပေါ်ရှိသွေးကြောဆုံမှတ်များအား လျင်မြန်စွာ ချိတ်ပိတ်ပြီးနောက် ခီတာဂါဝါက ဒေါသတကြီး အော်ပြောလိုက်သည်။
အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ရေးဆွဲသွားပြီး သူက ပြုံးဖြဲဖြဲနှင့် ပြော၏ “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါတို့တွေ တွေ့ဆုံပြီးတာ မကြာသေးဘူးလေ။ ဘယ်လိုလုပ်ပြီး မင်းက ငါ့ကို မမှတ်မိနိုင်ရတာလဲ။ ဒီထန်ရှုကို မေ့ဖို့ အခြားသူတွေအတွက် ဒီလောက်လွယ်ကူတာလား”
ထန်ရှုလား။
ခီခီတာဂါဝါက ပခုံးတွန့်လိုက်ပြီး ချက်ချင်းအော်ပြောလိုက်၏ “မင်းတို့ကောင်တွေက ဘယ်လိုလုပ်ပြီး သတ္တိရှိနေရတာလဲ၊ တရုတ်ကျင့်ကြံသူတွေ။ မင်းတို့က ငါ့ကို ပြဿနာရှာချင်နေတာလား”
ထန်ရှုက ပြုံးကာ ပြောလိုက်သည် “မင်းကို ဘာလို့ ပစ်မှတ်ထားပြဿနာရှာနေရတာလဲ။ အဲဒါကို မင်း သတိမပြုမိဘူးလို့တော့ ငါ့ကို မပြောဘူးမလား”
သူ့အသံပျောက်ကွယ်သွားပြီးနောက် ပုံရိပ်များက ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ရွေ့လျားလာပြီး ကခန်းတစ်ခုလုံး၏ဝင်ပေါက်အား ပိတ်ဆို့လိုက်သည်။ ထိုလူများထုတ်လွှတ်သောအရှိန်အဝါက အတော်လေးအားကောင်းသည်၊ ထန်ရှုက သူနှင့်အတူ ကျွမ်းကျင်သူအချို့ ခေါ်လာသည်ကို သိထားပြီဖြစ်သော်လည်း ခီခီတာဂါဝါက သတိအပြည့်ထားလိုက်ရ၏။
“မင်းတို့အားလုံးက…”
နှုတ်ခမ်းတုန်ယင်သွားလျက် ခီခီတာဂါဝါက ပြောရန် ကြိုးစားသော်လည်း စကားလုံးများက သူ့လည်ချောင်းထဲတွင် တစ်ဆို့သွား၏။
“အော်မီတော်ဖော်…”
မျက်နှာမည်းဗုဒ္ဓက ခြေလှမ်းအနည်းငယ်ရှေ့တိုးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းက ပျော်ရွှင်ခြင်းနန်းတော်ဒါမှမဟုတ်မျိုးရိုးဗီဇစခန်းကပဲဖြစ်ဖြစ်၊ မင်းက သေချာပေါက်အပြစ်အချို့ကို လုပ်ခဲ့ပြီးပြီပဲ။ မင်းရဲ့အပြစ်တွေအတွက် မင်းက ငရဲကို သွားပြီး အပြစ်ကျခံသင့်တယ်”
“ဘုန်းကြီးတွေလား…”
ရှုပ်ထွေးသောအရိပ်အယောင်တစ်ခုက ခီခီတာဂါဝါ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ဘုန်းကြီးများက ထိုကျင့်ကြံသူများကြားထဲတွင် ရှိလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားပေ။ ဖြစ်နိုင်တာက…
“ခင်ဗျားတို့က…တရုတ်ရဲ့ဗုဒ္ဓဂိုဏ်းကလား”
ဤအချိန်တွင် သူက ရေခဲတွင်းတစ်ခုထဲ ကျရောက်သွားသလို ခံစားလိုက်ရပြီး လုံးဝကြောက်ရွံ့သွားသည်။ သူက ပျော်ရွှင်ခြင်းနန်းတော်၏အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီး တရုတ်ရှိ ဗုဒ္ဓဂိုဏ်းနှင့် ၎င်း၏အရှုပ်အထွေးပြဿနာအား အလိုအလျောက် သိသည်။ ပျော်ရွှင်ခြင်းနန်းတော်သခင်ချမှတ်ထားသည့်ပထမဆုံးစည်းမျဉ်းက ဗုဒ္ဓဂိုဏ်းနှင့်တွေ့လျှင် တန်းထွက်ပြေးရန်သို့မဟုတ်သေသည့်အထိတိုက်ခိုက်ရန်ဖြစ်သည်။ ဤစည်းမျဉ်းမှတစ်ဆင့် နှစ်ဖက်ကြားရန်ငြိုးက ဘယ်လောက်နက်ရှိုင်းသလဲဆိုသည်ကို သူက သဘောပေါက်ခဲ့သည်။
ထန်ရှုက လက်ခုပ်တီးကာ ပြုံးလျက် ပြောလိုက်သည် “မင်းက ပျော်ရွှင်ခြင်းနန်းတော်ထဲမှာ နှစ်ပေါင်းများစွာကြာ သူလျှိုလုပ်ခဲ့တာပဲ၊ ခီခီတာဂါဝါ။ မင်းက ဗိုလ်ချုပ်ဖူခူဒါအတွက်လဲ အလုပ်လုပ်နေခဲ့တယ်၊ ဒါကြောင့် မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ဆိုတာ သေချာတယ်။ ခုခံမယ့်အတွေးတွေကို ဖယ်ထုတ်ပြီး အညံ့ခံလိုက်ပါ။ မင်းက ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”