စစ်ဆင်ရေးစတင်ခြင်း
Vol. 85 Ch. 1180
လက်ရှိရန်သူများကို မြင်ပြီး ခီခီတာဂါဝါက အလွန်တရာစိတ်ပျက်အားငယ်သွား၏။ ဗုဒ္ဓဂိုဏ်းအား စုံစမ်းရန် သူက စပိုင်အချို့အား လျှို့ဝှက်လွှတ်ဖူးသည်။ စုဆောင်းရရှိထားသည့်သတင်းအချက်အလက်က မဖြစ်စလောက်သာရှိသော်ငြား တရုတ်၏ဗုဒ္ဓဂိုဏ်းက ကျွမ်းကျင်သူများစွာနှင့်အတူ နက်ရှိုင်းသောအမွေအနှစ်နှင့်အခြေခံအုတ်မြစ်ရှိသည်။
ယခု ထိုဗုဒ္ဓဘုန်းကြီးများက ဂျပန်သို့ ရောက်လာခဲ့သည်။ သူတို့က သူ့ထံ ကံဆိုးမှုများ ယူဆောင်လာရုံသာမက ပျော်ရွှင်ခြင်းနန်းတော်အတွက် ကြီးမားသောပြဿနာတစ်ခုဖြစ်သည်။ ဂျပန်သို့ ရောက်လာသည့် တရုတ်မှအခြားကျင့်ကြံသူအဖွဲ့နှင့် လက်တွဲလိုက်လျှင် ဂျပန်က ထိုတာအိုဆရာများနှင့်ဗုဒ္ဓဘုန်းကြီးများကြောင့် ကပြောင်းကပြန်ဖြစ်လိမ့်မည်ဟု ဆိုလိုသည် မဟုတ်လော။
ခီခီတာဂါဝါက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူက သူ့အာရုံအား ထန်ရှုထံ ပြောင်းကာ မေးလိုက်၏ “သူတို့ကို ဒီနေရာကို ခေါ်လိုက်တာ မင်းလား”
“မှန်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ကျုပ်က ဒီနေရာမှာ ဆုံးဖြတ်ချက်ချသူပဲ”
“မင်းရဲ့ရုပ်ရည်ကို ဘယ်လိုပြောင်းလဲထားနိုင်သလဲဆိုတာ ငါ မသိပေမယ့် မင်းက ထန်ရှုဆိုတာ ငါ ဆုံးဖြတ်နိုင်ပါသေးတယ်”ခီခီတာဂါဝါက ပြော၏ “ငါက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အဖွဲ့ဝင်အစစ်အမှန်မဟုတ်တာကြောင့် မင်းနဲ့ရော ဗုဒ္ဓဘုန်းကြီးတွေနဲ့ရော ဘာနက်ရှိုင်းတဲ့ရန်ငြိုးမှ မရှိဘူး။ ဒါကြောင့် တစ်ခုတည်းသောဖြစ်နိုင်ချေက မင်းက ငါ့ဆီကနေ သတင်းအချက်အလက်လိုချင်တာလို့ ငါ ထင်တယ်။ ငါ ပြောတာ မှန်ရဲ့လား”
“ဟုတ်တယ်။ ခင်ဗျားက တကယ်ကို အတော်လေးဉာဏ်ကောင်းတာပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်၏။
“ဒါဆို ငါ ပြောတာ မှန်မှတော့ ငါတို့တွေ ကောင်းကောင်းဆွေးနွေးနိုင်တာပေါ့”ခီခီတာဂါဝါက နက်ရှိုင်းသောအသံနှင့် ဆက်ပြော၏ “မင်းက ငါ့အသက်ကို ချမ်းသာပေးသရွေ့ ငါ မင်းကို ငါ သိသမျှအရာအားလုံးပြောပြပါ့မယ်”
“ခင်ဗျား သိလား၊ ခင်ဗျားက ပျော်ရွှင်ခြင်းနန်းတော်ရဲ့သစ္စာဖောက်တစ်ယောက်ဆိုမှတော့ သူတို့နဲ့ပတ်သက်ပြီး ခင်ဗျားက အရာအားလုံးပြောပြမှာပဲ”ထန်ရှုက ပြုံးကာ မှတ်ချက်ပြုလိုက်သည် “ကျုပ်ရဲ့နောက်လိုက်က ပျော်ရွှင်ခြင်းနန်းတော်မှာ ရှိစဉ်တုန်းက သူမရဲ့အဆင့်အတန်းက ခင်ဗျားထက် အများကြီးပိုမြင့်တာ စိတ်မကောင်းစရာပဲ၊ ဒါကြောင့် ပျော်ရွှင်ခြင်းနန်းတော်ရဲ့အနေအထားနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ကျုပ် မလိုအပ်ဘူး”
ခီခီတာဂါဝါ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ပြန်မေးလိုက်၏ “မင်းက မျိုးရိုးဗီဇစခန်းနဲ့ ပတ်သက်ပြီး သိချင်တာလား”
“မှန်တယ်”ထန်ရှုက ပြန်ဖြေသည်။
ခီခီတာဂါဝါက သက်ပြင်းတစ်ချက်ရှိုက်ကာ စိုးရိမ်တကြီး မေးလိုက်သည် “ဒါဆို ငါ့ကို မေးခွန်းတစ်ခုဖြေပါ။ မင်းဖြေပြီးတာနဲ့ ဗိုလ်ချုပ်ဖူခူဒါနဲ့မျိုးရိုးဗီဇစခန်းအကြောင်း ငါ သိသမျှအားလုံးပြောပြမယ်”
“မေးပါ…”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
မျက်လုံးတလက်လက်နှင့် ခီတာဂါဝါက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ပျော်ရွှင်ခြင်းနန်းတော်က မင်းနောက်လိုက်ရဲ့အဆင့်အတန်းက ကျုပ်ထက် အများကြီးပိုမြင့်တယ်။ သခင်မတွေနဲ့ ငါဘယ်တော့မှမသိတဲ့ဆန်းကြယ်တဲ့ကျွမ်းကျင်သူအချို့တွေလို ငါ့ထက်ရာထူးပိုမြင့်တဲ့သူတွေအများကြီးရှိတာကြောင့် ဒီတစ်ခုကို ငါ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလူရဲ့သရုပ်မှန်ကို ငါ သိချင်တယ်”
“အဲဒါ ငါပဲ…”ပုံရိပ်တစ်ခုက ရွေ့လျားလာပြီး ခန်းမအလယ်ရှိ လေထုထဲတွင် ထွက်ပေါ်လာ၏။
လက်ထဲတွင် စိပ်ပုတီးတစ်ကြိုးကိုင်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် ယုဂျီက ထန်ရှုထံ လျှောက်လာသည်။ သူမက အနည်းငယ်ဉီးညွှတ်ပြီးနောက် တင်ပြလိုက်၏ “လူအချို့လွှတ်ပြီး ပျော်ရွှင်ခြင်းနန်းတော်ရဲ့လျှို့ဝှက်ကွန်ရက်အချို့ကို စုံစမ်းခိုင်းထားတယ်။ သူဌေးရဲ့အမိန့်ပဲ လိုတယ်၊ ငါ လူတွေ ခေါ်ပြီး အဲဒီနေရာတွေကို ဖျက်ဆီးလိုက်မယ်၊ ပြီးရင် မျိုးရိုးဗီဇစခန်းကို လွှဲချလိုက်မယ်”
ထိုအချိန်တွင် နောက်ထပ်ပုံရိပ်တစ်ခုက ကော်ရီဒါမှ လွင့်မျောလာသည်။ မျက်နှာလွှားဇာနှင့်ပျော်ရွှင်ခြင်းနန်းတော်သခင်မပင်။ သူမ၏ထက်မြက်သောမျက်လုံးများက ခီခီတာဂါဝါပေါ်သို့ လျင်မြန်စွာ ကျရောက်သွားကာ ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏ “ရှင်က ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတာကြောင့် ကိစ္စအချို့ကို ရှင့်ကို သိစေလို့လဲ ပြဿနာမရှိဘူး။ ရှင့်ကို ဒီနေရာကို ရောက်အောင် လုပ်ပြီး ဝိုင်းရံဖို့ ကြိုတင်ပြင်ဆင်ထားပြီးသား။ ယင်တစ်ကောင်တောင် ဒီနေရာက မထွက်ပြေးနိုင်ဘူး၊ ဒါကြောင့် ရှင့်အနေနဲ့ ရှင်သိထားသမျှ အရာအားလုံးကို ပြောပြတာ ပိုကောင်းတယ်”
ထန်ရှုက ခီတာဂါဝါကို ကြည့်လိုက်သည်၊ သူ့အမူအရာက အပြင်းအထန်ပြောင်းလဲသွား၏။ ထန်ရှုက သူ့အား ပြုံးပြကာ ပြောလိုက်၏ “မင်း ဘာထပ်သိချင်သေးလဲ၊ ခီခီတာဂါဝါ။ မင်း သိချင်ရင် ငါက မင်းရဲ့သိချင်စိတ်ကို ကျေနပ်အောင် လုပ်ပေးမှာပါ။ ဒါပေမယ့် မင်းက ပိုသိလေလေ၊ မင်းရဲ့သေနေ့က ပိုနီးကပ်လာလေလေပဲ၊ ဒါကြောင့် အဲဒါနဲ့ ပတ်သက်ပြီး မင်းအနေနဲ့ ရှင်းရှင်းလင်းလင်းတွေးထားတာ ပိုကောင်းတယ်”
ခီခီတာဂါဝါက အချိန်အတန်ကြာ နှုတ်ဆိတ်သွားခဲ့ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “နောက်ထပ်တစ်ခု ငါ တောင်းဆိုချင်တယ်”
“မလွန်လာပါနဲ့၊ ခီခီတာဂါဝါ”ကူဝါကိုက အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်။
ထိုလူက ထန်ရှုအား အလွန်လေးနက်သောအမူအရာနှင့် တစ်ချက်ကြည့်လိုက်သည်။
“ပြောပါ…”ထန်ရှုက ဆို၏။
“ငါ ဒီနေရာကို ခေါ်လာတဲ့လူတိုင်း သေရမယ်”ခီတာဂါဝါက ပြောလိုက်သည်။
“ရတာပေါ့၊ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး”ထန်ရှုက ခေါင်းညိတ်လိုက်၏။
ခီခီတာဂါဝါက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “ဒါဆို မင်းသိချင်တာမှန်သမျှ မေးပါ…”
“ဗိုလ်ချုပ်ဖူဒါရော၊ မျိုးရိုးဗီဇစခန်းနဲ့ပတ်သက်ပြီးတော့ရော အသေးစိတ် ငါ လိုအပ်တယ်”ထန်ရှုက ပြောလိုက်၏ “သူတို့နဲ့ပတ်သက်ပြီး မင်း သိသမျှအားလုံး ပြောပြ။ မင်းက ငါတို့ကို ပိုပြောလေလေ၊ မင်းအသက်ရှင်ဖို့အခွင့်အလမ်းက ပိုကြီးမားလေလေပဲ”
တစ်ညလုံး ခီတာဂါဝါက သူသိသမျှ အလုံးစုံပြောပြခဲ့သည်။ သူက အကုန်လုံးပြောခဲ့သလားမသေချာသော်လည်း သတင်းအချက်အလက်က ထန်ရှုအတွက် လုံလောက်သည်။
မနက်စောစောတွင်။
မနက်ကောင်းကင်က မိုးဖွဲလေးများနှင့် ပြည့်နေပြီး အလင်းဖျော့တော့တော့ကမ္ဘာက နိုးထရန် ဆန္ဒမရှိပုံရ၏။ အမည်းရောင်တိမ်တိုက်များက အချိန်နှင့်အမျှ ရွေ့လျားလာနေပြီး မကြာခင်တွင် ကမ္ဘာမြေပေါ်သို့ မိုးသည်းထန်စွာ ရွာသွန်းမည်ကို သက်သေပြနေသည်။
“လှုပ်ရှားကြစို့…”
ဘုန်းကြီးတစ်ပါးဖြစ်သော်ငြား မျက်နှာဗုဒ္ဓမှထုတ်လွှတ်နေသောသတ်ဖြတ်ခြင်းအရှိန်အဝါက သန်မာလှ၏။
ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည် “မျက်နှာမည်းဗုဒ္ဓ၊ ခင်ဗျားက ဉာဏ်အလင်းပွင့်တဲ့ဘုန်းကြီးတစ်ယောက်ဖြစ်ချင်ရင် ခင်ဗျားရဲ့သတ်ဖြတ်လိုစိတ်ကို ကန့်သတ်ဖို့လိုအပ်တယ်။ အဲတော့မှ ခင်ဗျားရဲ့လက်ရှိနယ်ပယ်အတားအဆီးကို ချိုးဖြတ်နိုင်လိမ့်မယ်။ ဒီစစ်ဆင်ရေးမှာ ခင်ဗျားအနေနဲ့ အသက်တွေပိုရိတ်သိမ်းနိုင်မှာဆိုပေမယ့် ခင်ဗျားရဲ့စိတ်အခြေအနေကို ပြောင်းလဲဖို့ ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုလဲဖြစ်တယ်။ ခင်ဗျားက ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး စောစောက အတားအဆီးကို ချိုးဖြတ်နိုင်မယ်လို့ ကျုပ် မျှော်လင့်တယ်”
မျက်နှာမည်းဗုဒ္ဓက ခေါင်းခါယမ်းလိုက်သည် “မင်းက ဗုဒ္ဓဂိုဏ်းက မဟုတ်ဘူး၊ ဒါကြောင့် ဗုဒ္ဓကျင့်ကြံသူတွေရဲ့အနေအထားနဲ့ပတ်သက်ပြီး မင်း မသိပါဘူး”
သူ့တုံ့ပြန်ချက်အပေါ် ထန်ရှုက စိတ်ထဲ၌သာ သက်ပြင်းချလိုက်သည်။ ဤဘုန်းကြီးက သူ့အကြံဉာဏ်ကို နားမထောင်လိုမှတော့ သူက ဘာမှထပ်မပြောတော့ပေ။ ထို့နောက် သူက လက်ခုပ်တီးကာ ကြေညာလိုက်၏ “ဒါဆို အခုပဲ စတင်ကြရအောင်။ ကျုပ်တို့မှာ ပစ်မှတ်စုစုပေါင်းရှစ်ခုရှိတယ်၊ ပျော်ရွှင်ခြင်းနန်းတော်နဲ့မျိုးရိုးဗီဇစခန်းတို့က လေးခုစီ အသီးသီးပိုင်ဆိုင်တယ်။ ခင်ဗျားတို့ရဲ့မစ်ရှင်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်လာပြီး သတ်မှတ်ထားတဲ့နေရာမှာ စုဝေးကြပါ။ ပြီးတော့ မမျှော်လ့င်ထားတဲ့အနေအထားကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အနီးနားကအဖွဲ့က ချက်ချင်းအသိပေးပါ၊ ပြီးရင် နောက်ဆုတ်ရင်း စစ်ကူကို စောင့်နေပါ”
ဤလျှပ်တစ်ပြက်တိုက်ခိုက်မှုက ပစ်မှတ်များအား ရိတ်သိမ်းရန် ဆိုလိုသည်…
နေ့အချိန်ဖြစ်သော်လည်း နှစ်ဖက်စလုံး၏ခြေကုပ်စခန်းရှစ်ခုအား သုတ်သင်ရန်အတွက် ဤလျှပ်တစ်ပြက်စစ်ဆင်ရေးက အောင်မြင်ရန် မျှော်လင့်ထားနိုင်ပေသည်၊ အစီအစဉ်က ပျော်ရွှင်ခြင်းနန်းတော်နေရာများတွင် မျိုးရိုးဗီဇစခန်းမှလူများ၏အရိပ်အယောင်အား ချန်ထားရန် ဖစ်ပြီး အခြားတစ်ဖွဲ့၏ပစ်မှတ်နေရာများတွင်လည်း ပြောင်းပြန်ချန်ထားရန် ဖြစ်၏။
နေ့လည်ချိန်တွင် နှစ်ဖက်လုံးမှလူတစ်ဖွဲ့စီက ပျက်ဆီးသွားသောစခန်းနေရာများဆီသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ရည်ရွယ်ချက်ရှိရှိချန်ထားသောအရိပ်အယောင်များအား မြင်ပြီးနောက် နှစ်ဖက်လုံးက တစ်ဖက်ကိုတစ်ဖက် လက်ညှိုးထိုးအပြစ်တင်လာကြ၏။
****
တိုကျိုဆင်ခြေဖုံး။
မျိုးရိုးဗီဇစခန်း၏အပြင်ဘက်ဧရိယာတွင် ကင်းနှစ်ဖွဲ့က လှည့်ပတ်နေ၏။အတွင်းပိုင်းတွင် မျိုးရိုးဗီဇစစ်သည်နှစ်ယောက်က စောင့်ကြပ်နေကြသည်။
“ဘာလို့ ကြောက်ရွံ့သလို ငါ ခံစားမိနေရတာလဲ၊ ၁၁၈၃။ မကြာခင်မှာ ဆိုးဝါးတာတစ်ခုခုဖြစ်ပျက်တော့မယ့်ပုံပဲ”မျိုးရိုးဗီဇစစ်သည်တော်တစ်ယောက်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားရှိသူ့အဖော်အား ပြောလိုက်သည်။
“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့၊ ၁၁၈၄။ မင်းက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အာရုံခြောက်ပါးရှိတယ်လို့ ထင်နေတာလား”သူ့အဖော်က သူ့အား အထင်သေးစွာ ကြည့်လျက် ဆိုလိုက်သည်။
၁၁၈၄က ထပ်မပြောတော့ပေ၊ သို့သော် သူ၏မျက်လုံးများက ပတ်ဝန်းကျင်အား သတိမပြတ်ထားလျက် စစ်ဆေးနေသည်။ ယခုကဲ့သို့ ထူးခြားသောခံစားချက်တစ်ခုရှိခြင်းက သူ၏ပထမဆုံအကြိမ်မဟုတ်သည်ကို တစ်ယောက်မှ မသိပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က သူက တူညီသောအာရုံရှိခဲ့ပြီး သူ၏မသိစိတ်ကြောင့် ထိုကပ်ဘေးအား ကျော်ဖြတ်နိုင်ခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် ထိုကဲ့သို့သောအာရုံက ထပ်မံထွက်ပေါ်လာပြီး သူ့အား အလားတူ ကယ်တင်ပေးနိုင်ခဲ့၏။
ဤအကြိမ်က တတိယမြောက်ပင်။
ရုတ်တရက် အဝေးရှိတောအုပ်ထဲတွင် အလင်းတစ်ခုအား သူက မြင်လိုက်သည်။ သူက သတိအား မြှင့်တင်ကာ လှုပ်ရှားမှုများအား သေချာအာရုံစိုက်လိုက်၏။
ရှုး…ရှုး…ရှုး…
ချက်ချင်းလျှင်ပင် သူက ဘေးသို့ ရှောင်ထွက်လဲချလိုက်သည်။ သူ့နောက်ကျောတွင် ယားယံမှုအနည်းငယ်ကို ခံစားလိုက်ရ၏။ သို့သော် သတိမရှိသောသူ့အဖော်သုံးယောက်ကိုမူ ဓားအလင်းတန်းတစ်ခုက ရိုက်ခတ်သွားပြီး ခေါင်းပြတ်ထွက်သွားကြ၏။
ထန်အန်း၏ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီးနောက် နှစ်စက္ကန့်အတွင်း ပျောက်ကွယ်သွား၏။ လက်ရှိတွင် ပျော်ရွှင်ခြင်းနန်းတော်သခင်မများဝတ်ဆင်လေ့ရှိသည့်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူမက ၁၁၈၄နောက်သို့ မလိုက်ဘဲ သူ့အား အေးစက်စက်သာ တစ်ချက်ကြည့်လိုက်သည်၊ သို့သော် ရေခဲတွင်းတစ်ခုထဲသို့ ကျရောက်သွားသလို သူ့အား အေးစိမ့်သွားစေရန် လုံလောက်၏။
‘ကပ်သီးလေးပဲ’
၁၁၈၄က မလှုပ်ရှားရဲတော့ဘဲ ဤအတိုင်းသာ အချိန်အကြာကြီး နေနေခဲ့သည်။ ဆန်းကြယ်သောအမျိုးသမီးလူသတ်သမားက ထပ်မံမထွက်ပေါ်လာခဲ့သောကြောင့် သူက ကုပ်ကပ်ထကာ ပတ်ဝန်းကျင်အား သတိနှင့် စစ်ဆေးလိုက်၏။ သူ့နောက်ကျောအား ထိကြည့်ပြီး စေးကပ်သလို ခံစားမိသည်။ သူ့လက်အား ပြန်ရုတ်လိုက်ရာ သွေးများပြည့်နေသည်ကို မြင်လိုက်ရ၏။
“ရန်သူတိုက်ခိုက်နေပြီ၊ ငါ့ကို လာကယ်ပါ…”
ထို့နောက် ၁၁၈၄က ကျယ်လောင်စွာ အော်လိုက်သည်။
ဝှစ်…ဝှစ်…ဝှစ်…
အရိပ်တစ်ဖွဲ့က အဝေးမှ ရွေ့လျားလာပြီး တောင့်တင်းသန်မာသောမျိုးရိုးဗီဇစစ်သည်တော်ဆယ်ယောက်ကျော်က ပြေးလာကြ၏။ သူတို့ထဲမှ တစ်ယောက်က လက်ထဲတွင် နှစ်မီတာရှည်သည့်ဓားရှည်တစ်လက်နှင့်ဧရာမလူကြီးတစ်ယောက်ဖြစ်သည်။ သူက ပတ်ဝန်းကျင်အား စစ်ဆေးလိုက်ပြီးနောက် အော်ပြောလိုက်၏ “မင်းက ၁၁၈၄မလား။ ငါ မင်းကို မှတ်မိတယ်…”
“ငါက ၁၁၈၄ပါ၊ ခေါင်းဆောင်၊ ဆရာ…”၁၁၈၄က ပြန်ဖြေသည် “အဲဒါက ဆန်းကြယ်တဲ့အမျိုးသမီးလူသတ်သမားတစ်ယောက်ပဲ”
ဧရာမလူက လက်ဝှေ့ယမ်းကာ နက်ရှိုင်းသောအသံနှင့် ပြောသည် “တစ်ယောက်ယောက်က ငါတို့ရဲ့မျိုးရိုးဗီဇစခန်းထဲကို ခိုးဝင်လာတယ်လို့ အသိပေးပါဘူး။ ပြီးရင် သူမကို ရအောင်ရှာကြ…”
၁၁၈၄က ကမန်းကတန်း ကြားဖြတ်ပြောလိုက်သည် “ခေါင်းဆောင်၊ ရန်သူက တစ်ယောက်ထက် ပိုမယ်။ တောအုပ်ထဲမှာ အလင်းအချို့ကို ငါ မြင်ခဲ့ရတယ်။ ငါက သတိမမြှင့်ထားခဲ့ရင် ဒီသုံးယောက်လို အဲဒီအမျိုးသမီးလူသတ်သမားရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး”
ဧရာမလူက စကားပြောစက်အား အမြန်ကိုင်လိုက်သည်၊ ဤနေရာရှိ အနေအထားအား တင်ပြပြီးနောက် အစောင့်အရှောက်တာဝန်ကျနေသည့်မျိုးရိုးဗီဇစစ်သည်များအား စတင်ဆက်သွယ်၏။ သူ့အား တစ်ယောက်မှ ပြန်မဖြေလာသောကြောင့် သူက ဒေါသထွက်သွား၏။
ရန်သူက တာဝန်ကျနေသည့်မျိုးရိုးဗီဇစစ်သည်များအား သတ်ဖြတ်နေသည်ဟု ဆိုလို၏။
ဤအချိန်တွင် ကားနှစ်စီးက အပြင်ဘက်မှ ဝင်လာသည်။ အရှေ့ကားထိုင်ခုံမှလူက တံခါးဖွင့်လိုက်သည်။ ထိုလူက ရွှေရောင်တိုကင်အား ဝှေ့ယမ်းလိုက်၏၊ ထို့နောက် အစောင့်အကြပ်များအား ဖြတ်ကျော်ကာ မျိုးရိုးဗီဇစခန်း၏အတွင်းပိုင်းဧရိယာထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
“ဗိုလ်ချုပ်…”
ကားနှစ်စီးက ကွပ်လပ်တွင် ရပ်သွားပြီး ဗိုလ်ချုပ်ဖူခူဒါက ဆံနီလူနှင့်အတူ အဆောက်အဉီးထဲမှ ထွက်လာ၏။ မျက်နှာဖုံးတပ်လူရှစ်ယောက်က ကားမှ ဆင်းလာပြီး ရှေ့တို့ တက်ကာ သူ့အား အရိုအသေပြုလိုက်ကြသည်။
“မင်းတို့အားလုံးက ဘယ်လိုလုပ်ပြန်လာကြတာလဲ။ ခီတာဂါဝါက ဘယ်မှာလဲ”ဗိုလ်ချုပ်ဖူခူဒါက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။