← Chapters

တိုက်ခိုက်ရန် စိန်ခေါ်ခြင်း

Vol. 85 Ch. 1181

တိုက်ခိုက်ရန် စိန်ခေါ်ခြင်း

Vol. 85 Ch. 1181

မျက်နှာဖုံးတပ်လူရှစ်ယောက်ထဲမှတစ်ယောက်က ရှေ့နှစ်လှမ်းတက်ကာ ဖြေလိုက်သည် “လမ်းတစ်ဝက်မှာ ခီတာဂါဝါက ငါတို့ကို ရှာတွေ့သွားပြီး နှင်ထုတ်ခဲ့တယ်။ ငါတို့ အဲဒါကို စုံစမ်းကြည့်တော့ မြို့တော်မှာ သူ့ရဲ့အခြားနောက်လိုက်တွေရှိတယ်ဆိုတာ သိလိုက်ရတယ်။ သူတို့ကပဲ ငါတို့ကို တားဆီးခဲ့တာ”

“ဒါဆို အဲဒီလူတွေကရော”သတ်ဖြတ်လိုစိတ်မျက်လုံးများနှင့် ဗိုလ်ချုပ်ဖူခူဒါက မေးလိုက်၏။

“သူတို့ထဲကအချို့ကို ငါတို့ သတ်ခဲ့တယ်၊ ကျန်တဲ့သူတွေက အဆိပ်သောက်ပြီး သတ်သေသွားကြတယ်”မျက်နှားဖုံးဝတ်လူက ရိုသေလေးစားစွာ ပြန်ဖြေသည် “သူတို့တွေ… သေသွားပြီ”

ဗိုလ်ချုပ်ဖူခူဒါ၏အမူအရာက အပြင်းအထန် ပြောင်းလဲသွားသည်။ ယုံကြည်ရသောနောက်လိုက်များအား လေ့ကျင့်ပေးခြင်းက လွယ်ကူသော်လည်း အသေခံတပ်သားများအား လေ့ကျင့်ပေးခြင်းက ကောင်းကင်ကိုတက်ရသည်လောက် ခက်ခဲသည်။ ခီတာဂါဝါက ဒါကို ဘယ်လိုလုပ်ပြီး အောင်မြင်ခဲ့တာလဲ။

များမကြာမီ ဗိုလ်ချုပ်ဖူခူဒါနှင့်ဆံနီလူက တပ်စခန်း၏အပြင်ဘက်၌ ထွက်ပေါ်လာသည်။ အလောင်း၁၉လောင်းကို မြင်ပြီး သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်လျှံသွား၏။

“သူက နေရာငါးခုစလုံးမှာ တစ်ဉီးတည်းသောအသက်ရှင်ကျန်ရစ်သူပါ၊ ဗိုလ်ချုပ်”ဧရာမလူက ဗိုလ်ချုပ်ဖူခူဒါအရှေ့သို့ ရောက်လာပြီး ဒူးထောက်ကာ တင်ပြလိုက်သည်၊ သူ့ခန္ဓာကိုယ်က ချွေးတို့နှင့် စွဲနစ်နေလေ၏။

၁၁၈၄အား အေးစက်စက်တစ်ချက်ကြည့်လျက် ဗိုလ်ချုပ်ဖူခူဒါက ထိုလူအား အေးစက်စွာ ပြောလိုက်သည် “မင်းက အသက်ရှင်နေသေးတာဆိုတော့ ရန်သူက ဘယ်သူလဲဆိုတာ သိရမယ်”

၁၁၈၄က အကြိမ်အနည်းငယ် နှုတ်ခမ်းလှုပ်သွားသည်၊ သို့သော် ခဏကြာပြီးနောက် သူက ခေါင်းခါယမ်းလိုက်၏ “အဲဒီဆန်းကြယ်တဲ့အမျိုးသမီးလူသတ်သမားက အသိမပေးဘဲ ထွက်ပေါ်လာခဲ့တာ။ သူက နေရာလပ်ကို ထိုးဖောက်ပြီး ငါတို့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာ။ သူမရဲ့ကြံရာပါတစ်ယောက်မှ မမြင်ပေမယ့် တောအုပ်ထဲမှာတော့ အလင်းအချို့ကို ငါ မြင်ခဲ့ရတယ်…”

“နေရာလပ်ကို ထိုးဖောက်ပြီး အသိမပေးဘဲ ထွက်ပေါ်လာတာလား”ဗိုလ်ချုပ်ဖူခူဒါက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဒါ မဖြစ်နိုင်ဘူး။ ငါ ထင်တာ မှန်ရင် ထိုလူက အလွန်အားကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမယ်။ သူမရဲ့အရှိန်က အလွန်မြန်တော့ မင်းက ပုံရိပ်ယောင်ပဲ မြင်လိုက်ရသလို ဖြစ်သွားတာ ဖြစ်မယ်။ ဒါပေမယ့် သူမ ဘယ်သူလဲဆိုတာ မသိပေမယ့် သူမရဲ့အသွင်အပြင်ကိုတော့ မင်း မြင်ရမယ်။ သူမမှာ ထူးခြားတဲ့အမှတ်အသားလက္ခဏာတစ်ခုခုရှိလား”

၁၁၈၄က ပြန်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “သူမက ကြေးမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားတာကြောင့် သူမက ဘယ်လိုပုံရှိလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် ပျော်ရွှင်ခြင်းနန်းတော်ရဲ့လူတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ သူမရဲ့ဝတ်ရုံမျိုးကို ငါ မြင်ဖူးတယ်။ အဲနန်းတော်ကအမျိုးသမီးအချို့က အဲလိုဝတ်ရုံတွေ ဝတ်ဆင်ကြတယ်။ အိုး၊ သူမရဲ့လည်ကုတ်ပေါ်မှာလဲ မြွေနက်အင်းကွက်တစ်ခုကို ငါ သတိပြုမိခဲ့တယ်”

“ပျော်ရွှင်ခြင်းနန်းတော်ရဲ့သခင်မလား၊ ဟမ့်”

သတ်ဖြတ်လိုစိတ်က ဗိုလ်ချုပ်ဖူခူဒါ၏မျက်လုံးများထဲတွင် ပြည့်လျှံသွား၏။ သို့သော် သူက မယုံကြည်နိုင်ဖြစ်နေသေး၏။ ဤမျိုးရိုးဗီဇစခန်း၏တည်နေရာက အလွန်အမင်းလျှို့ဝှက်ပြီး ဘေးပတ်လည်တွင် စစ်တပ်လေးခုက စောင့်ကြပ်ထားသည်။ ပင်မလူများကသာ ဒါကို သိကြသည်၊ ထို့ကြောင့် ပျော်ရွှင်ခြင်းနန်းတော်က ဒါကို ဘယ်လိုရှာတွေ့သလဲကို သူက တကယ်မစဉ်းစားတတ်ပေ။

“သူတို့က ငါတို့ရဲ့ဌာနချုပ်ကို ရှာတွေ့ပြီဆိုမှတော့ ငါတို့တွေ နှောင့်နှေးပြီး ထပ်စောင့်နေလို့မရဘူး၊ ဗိုလ်ချုပ်”ဆံနီလူက ကြားဖြတ်ပြောလိုက်သည် “ပျော်ရွှင်ခြင်းနန်းတော်က အချိန်ကိုက်ဗုံးတစ်ခုလို အချိန်မရွေး ပေါက်ကွဲနိုင်တယ်ဆိုတာ ငါတို့အားလုံး သိပါတယ်။ ဒါကြောင့် ဒီဗုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံးရိတ်သိမ်းရမယ်၊ မဟုတ်ရင် ငါတို့ရဲ့လူတွေအများကြီးဆုံးရှုံးရလိမ့်မယ်”

ဗိုလ်ချုပ်ဖူခူဒါက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မှန်တယ်၊ ငါတို့တွေ ထပ်သည်းခံနေလို့မရတော့ဘူး။ ခီတာဂါဝါကို ဆက်သွယ်ပြီး အမြန်ဆုံးပြန်လာဖို့ သူ့ကို ပြော။ ပြီးရင် မျိုးရိုးဗီဇစစ်သည်အားလုံးကို ဆင့်ခေါ်ပြီး တိုက်ပွဲအတွက် အသင့်ပြင်ထားကြ…”

“ငါတို့က ပျော်ရွှင်ခြင်းနန်းတော်ကို အလစ်တိုက်ခိုက်မှာလား၊ ဗိုလ်ချုပ်”ဆံနီလူက လျင်မြန်စွာ မေးလိုက်သည်။

“ပျော်ရွှင်ခြင်းနန်းတော်က သူတို့ရဲ့ဌာနချုပ်ကို ဝေးလံသီးခြားတဲ့ကျွန်းတစ်ခုပေါ်မှာ တည်ဆောက်ထားပြီး အားကောင်းတဲ့အစီအရင်တွေနဲ့ ကာကွယ်ထားတယ်”ဗိုလ်ချုပ်ဖူခူဒါက နှာခေါင်းရှုံ့လျက် ပြောလိုက်သည် “ငါတို့က အလောတကြီး ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် ငါတို့ရဲ့ဆုံးရှုံးမှုက ကြီးမားလိမ့်မယ်၊ ဒါကြောင့် သူတို့ကို မျှားထုတ်ပြီးမှ အနိုင်ယူရမယ်”

ဆံနီလူက အတွေးနက်သွားပြီးနောက် ပြန်ပြော၏”ကျုပ်တို့က သူတို့ကို ဝိုင်းရံပိတ်ဆို့ပြီးတိုက်ခိုက်တာ ပိုကောင်းတယ်။ သူတို့က မထွက်လာဘူးဆိုရင် ကျုပ်တို့က သူတို့ကို ခြိမ်းခြောက်ရမယ်။ အဆိုးဝါးဆုံးတွေ ဖြစ်လာရင် ကျုပ်တို့က နျူကလီးယားလက်နက်ကိုသုံးပြီး သူတို့ကို ဖျက်ဆီးပစ်လိုက်ရုံပေါ့”

ဗိုလ်ချုပ်ဖူခူဒါက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါက အရမ်းကောင်းတဲ့အိုင်ဒီယာပဲ။ ကောင်းပြီလေ၊ စိန်ခေါ်စာတစ်စောင်ရေးပြီး ပျော်ရွှင်ခြင်းနန်းတော်သခင်ကို ပို့လိုက်။ နောက်သုံးရက်ကျရင် ငါတို့တွေ လငေးတောင်မှာ တွေ့ကြမယ်လို့ ရေးလိုက်ပါ”

“ကောင်းပါပြီ”

ဆံနီလူက ခေါင်းညိတ်ကာ ချက်ချင်း ထွက်ခွာသွားသည်။

****

ဂျပန်မှ ရေမိုင်တစ်ရာကျော်တွင် မြူများအုံ့ဆိုင်းနေသည့် ကျွန်းတစ်ကျွန်းရှိသည်။ ကျွန်းမှ မိုင်အနည်းငယ်ပတ်လည်တွင် ထောက်လှမ်းရေးကိရိယာများစွာ တပ်ဆင်ထားပြီး ကျွန်းနားသို့ချဉ်းကပ်လာသည့်မူမမှန်သည့်ဘယ်လိုအရာကိုမဆို ချက်ချင်းရှာတွေ့နိုင်သည်။

ပျော်ရွှင်ခြင်းနန်းတော်က ဤကျွန်းပေါ်တွင် တည်ရှိပြီး ဤကျွန်းက ပင်လယ်နက်ထဲသို့ ရုတ်တရက် နစ်မြုပ်သွားသည်ဟု ဂျပန်များက မြင်သွားစေရန် ထူးခြားသောနည်းလမ်းတစ်ခုကိုပင် အသုံးပြုထားခဲ့သည်။

ဤအချိန်တွင်…

ကျွန်းပေါ်ရှိ တစ်ခုတည်းသောတောင်ထွတ်ပေါ်တွင် တည်ဆောက်ထားသောနန်းတော်၏လျှို့ဝှက်အိပ်ဆောင်ခန်းတစ်ခုထဲတွင် ဖယောင်းတိုင်မီးများက တလက်လက်ဖြစ်နေသည်။ နဂါးနှိမ်နင်းပညာရှိက ဂျပန်မွေ့ရာတစ်ခုပေါ်တွင် ထိုင်လျက် တိတ်တဆိတ် ကျင့်ကြံနေသည်။

ဒင်း…

အခန်းတံခါးခေါင်းလောင်းမြည်သံကြောင့် နဂါးနှိမ်နင်းပညာရှိက ကျင့်ကြံရာမှ နိုးထလာသည်။

ဝှစ်…

အလွန်အမင်းမြန်ဆန်သောအရှိန်နှင့်အတူ သူက လျှို့ဝှက်ခန်းမှ ရုတ်ချည်းထွက်လာကာ အပြင်ဘက်ရှိလူအား ကြည့်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏ “အရေးတကြီးမဟုတ်ရင် မင်းက ဒီနေရာကို မလာဘူးမလား။ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ ငါ့ကို ပြောပါ”

မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအနည်းငယ်နှင့် ထိုလူက ရိုသေလေးစားစွာ ပြန်ဖြေသည် “အခုပဲ အကြောင်းကြားစာရလာတယ်၊ မီရာဂျီ။ မြို့တော်က ငါတို့ရဲ့နေရာတော်တော်များများကို ဗိုလ်ချုပ်ဖူခူဒါရဲ့လူတွေက ဖျက်ဆီးခဲ့ပြီး ငါတို့နန်းတော်ရဲ့တပည့်စုစုပေါင်း၄၂ယောက်က သေဆုံးသွားခဲ့တယ်”

သတ်ဖြတ်လိုစိတ်က ပိုထူထဲလာသည်။ သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သူက အေးစက်စွာ ပြောလိုက်၏ “ဟမ့်၊ အဲဒီအယုတ်တမာဖူခူဒါက သေဖို့ ထိုက်တန်တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ငါ့နန်းတော်က လူနှစ်ရာဆုံးရှုံးခဲ့ရတယ်။ ဒီအတိုင်းဆက်သွားရင် တစ်လမပြည့်ခင်မှာပဲ သူတို့က ငါတို့ရဲ့နန်းတော်ကို အပြီးတိုင်ဖျက်ဆီးပစ်လိမ့်မယ်။ ကြည့်ရတာ ငါတို့က ထပ်သည်းခံနေလို့မရတော့ပုံပဲ…”

“သင်က မျိုးရိုးဗီဇတပ်စခန်းနဲ့ အပြီးပြတ်စစ်ပွဲတစ်ခုဆင်နွှဲချင်တာလား၊ မီရာဂျီ”ထိုလူက ကမန်းကတန်း မေးလိုက်သည်။

“ဒီစစ်ပွဲက ရှောင်လွှဲလို့မရဘူး”နဂါးနှိမ်နင်းပညာရှိက ပြောလိုက်သည် “ငါတို့က ဂျပန်မှာ အခြေခိုင်ခိုင်ချချင်ရင် သူတို့အားလုံးကို သတ်ပစ်ရမယ်”

ထိုလူက ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ ပြော၏ “မီရာဂျီက ဆုံးဖြတ်ပြီးဆိုမှတော့ ဒီတစ်ယောက်က အဖွဲ့သားတွေအားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်ပါ့မယ်။ ဒါပေမယ့် ငါတို့က ချောင်းမြောင်းတိုက်ခိုက်မှုနဲ့ စတင်သင့်တယ်။ သူတို့က ဆုံးရှုံးမှုကြီးမားလာပြီးမှ ငါတို့က အစွမ်းကုန်တိုက်ခိုက်ကြတာပေါ့”

“အဲဒီဖူခူဒါအကောင်ရဲ့အသိုက်နဲ့ပတ်သက်ပြီး မင်း တစ်ခုခုရှာတွေ့ပြီးပြီလား”

ထိုလူက ခေါင်းခါယမ်းကာ အားတင်ပြုံးလိုက်သည် “မတွေ့သေးပါဘူး”

“အမှိုက်…”

နဂါးနှိမ်နင်းပညာရှိက သူ့အား ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူက အခန်းထဲသို့ ပြန်သွားမည်ပြင်စဉ် အရှိန်အဝါတစ်ခုက ချဉ်းကပ်လာသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။ သူက ထိုလူအား လက်ဝှေ့ယမ်းပြကာ အမျိုးသမီးအား ကြည့်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လျက် မေး၏ “မင်း တစ်ခုခုရှိလို့လား၊ ယုဂျီ”

“ငါ့လူတွေက ထူးခြားတာအချို့ ရှာတွေ့ခဲ့တယ်၊ မီရာဂျီ။ အဲဒါက ငါတို့နန်းတော်ရဲ့စစ်ဆင်ရေးမှာ အလွန်အထောက်အကူပေးလိမ့်မယ်”ယုဂျီက ရိုသေလေးစားစွာ ပြန်ပြောသည်။

နဂါးနှိမ်နင်းပညာရှိက မှင်တက်သွားကာ ကမန်းကတန်း မေးလိုက်သည် “မင်းက ဘာကို ရှာတွေ့ခဲ့တာလဲ”

ယုဂျီက စာရွက်စာတမ်းအား သူ့ဆီ လွှဲပေးကာ ပြောလိုက်သည် “ဒီစာရွက်စာတမ်းမှာ မြို့တော်က ဗိုလ်ချုပ်ဖူခူဒါရဲ့လျှို့ဝှက်စခန်းတွေကို မှတ်တမ်းတင်ထားတယ်၊ အဲနေရာမှာရှိတဲ့လူအရေအတွက်ခန့်မှန်းချက်ကိုပါ ထည့်ထားတယ်။ သင်က ခွင့်ပြုရင် ငါတို့ရဲ့အဖွဲ့ဝင်တွေကို ခေါ်ပြီး ဗိုလ်ချုပ်ဖူခူဒါရဲ့အဲဒီအသိုက်တွေကို ဖယ်ရှားဖို့ ငါ ဆန္ဒရှိပါတယ်”

သတင်းအချက်အလက်အား ဖတ်ပြီးနောက် ဝမ်းသာသောအပြုံးတစ်ခုက နဂါးနှိမ်နင်းပညာရှိ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက ပြောလိုက်၏ “မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ၊ ယုဂျီ။ မင်းအပေါ် ငါ့ရဲ့နက်ရှိုင်းတဲ့အချစ်က တကယ်ထိုက်တန်တာပဲ။ ဒီတစ်ကြိမ် ငါပဲ ဉီးဆောင်မယ်။ အဲဒီအသိုက်တွေကို ဖျက်ဆီးပြီးတာနဲ့ ဖူခူဒါနဲ့သူ့ရဲ့မျိုးရိုးဗီဇစစ်သည်တွေအားလုံးကို အပြီးတိုင်သုတ်သင်ဖို့ နောက်ထပ်အစီအစဉ်တစ်ခုကို ပြုလုပ်ရမယ်”

ထိုသို့ပြောပြီးနောက် သူက ယုဂျီအား လှမ်းဖက်ကာ ပြုံးလျက် ပြောလိုက်သည် “ဒီမဟာလော်ဆေးနှစ်ပုလင်းကို မင်းရဲ့ဆုလာဒ်အနေနဲ့ ယူလိုက်ပါ။ အနာဂတ်မှာ မင်းက ပိုသန်မာနိုင်ပါစေလို့ ငါ မျှော်လင့်တယ်။ ငါတို့ရဲ့ရန်သူတွေအားလုံးကို အမြစ်ဖြတ်သုတ်သင်ပြီးတဲ့အထိ စောင့်နေပါ။ အဲအခါကျရင် ငါ မင်းနဲ့ ရက်အနည်းငယ်လောက် အချိန်ဖြုန်းပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်၊ မီရာဂျီ”

အလွန်ပျော်သွားသလို ယုဂျီက သရုပ်ဆောင်လိုက်သည်။ ပုလင်းနှစ်လုံးအား လက်ခံကာ အလွန်တန်ဖိုးထားသည့်ဟန်ဖြင့် ပွတ်သပ်ပြီးနောက် သူမက အိတ်ကပ်ထဲသို့ တွန့်ဆုတ်တွန့်ဆုတ်နှင့် ထိုးထည့်လိုက်၏။

****

ဤနေ့ရက်များက ကသောင်းကနင်းဖြစ်လွန်းလှသည်။

ပျော်ရွှင်ခြင်းနန်းတော်သခင်က ကျွမ်းကျင်သူတစ်အုပ်အား ဉီးဆောင်ကာ မျိုးရိုးဗီဇစခန်းပိုင်ဆိုင်သောလျှို့ဝှက်နေရာများအားလုံးအား တိုက်ခိုက်ခဲ့ပြီး သွေးများဖြင့် ဆေးကြောခဲ့သည်။ ထိုအဖြစ်အပျက်များအားလုံးက ဗိုလ်ချုပ်ဖူခူဒါအား ရူးသွပ်သွားစေပြီး နဂါးနှိမ်နင်းပညာရှိဖြစ်သောပျော်ရွှင်ခြင်းနန်းတော်သခင်အား သတ်ဖြတ်ရန် သူက ကျမ်းကျိန်ခဲ့သည်။

နောက်တစ်နေ့မနက်တွင် စိန်ခေါ်စာတစ်စောင်က ပျော်ရွှင်ခြင်းနန်းတော်သခင်၏အရှေ့၌ ထွက်ပေါ်လာသည်။ သေချာဖတ်ရှုပြီးနောက် သူက ပြန်ပြောလိုက်၏ “ငါ အဲနေရာမှာ ရှိနေမယ်။ သူ့ရဲ့လည်ပင်းကို သန့်ရှင်းအောင် လုပ်ဖို့ အဲဒီလင်းတအိုကြီးဖူခူဒါကို ပြောလိုက်ပါ”

****

မြို့တော်ရှိ တစ်နေရာတွင်။

ထန်ရှုနှင့်ဗုဒ္ဓဂိုဏ်းဝင်များအားလုံးက စစ်ဆင်ရေးအစီအစဉ်အား ပြန်လည်ရေးဆွဲနေခဲ့သည်။ ပျော်ရွှင်ခြင်းနန်းတော်သခင်နှင့်ဗိုလ်ချုပ်ဖူခူဒါတို့ကြားတိုက်ပွဲက နှစ်ရက်ကျန်ရှိသေးသောကြောင့် သူတို့က စိုးရိမ်ခြင်းမရှိပေ။

“ဂိုဏ်းချုပ်ထန်၊ နောက်ထပ်လူတွေ လွှတ်ပေးဖို့ ငါ့ဂိုဏ်းကို အကြောင်းကြားစေချင်လား။ ငါတို့မှာရှိတဲ့လက်ရှိလူအင်အားက မလုံလောက်ဘူးလို့ ငါ အမြဲတမ်း ခံစားမိနေတယ်”လက်ထဲရှိတူအား ချပြီးနောက် မျက်နှာမည်းဗုဒ္ဓက တုံ့ဆိုင်းသောအကြည့်နှင့် ပြောလိုက်၏။

ထန်ရှုက လက်ဖက်ရည်တစ်ငုံသောက်ကာ ပြုံးရင်း ပြောလိုက်သည် “ဘယ်လိုလုပ်ပြီး မလုံလောက်ရမှာလဲ။ ငါတို့မှာရှိတာက လုံလောက်ရုံတင်မက ပိုတောင်ပိုတယ်လို့ ငါ ထင်တယ်။ သူတို့နှစ်ဖက်လုံး ဆုံးရှုံးမှုကြီးမားတဲ့အထိ စောင့်ရုံပဲ”

မျက်နှာမည်းဗုဒ္ဓက အနည်းငယ်အကူအညီမဲ့စွာနှင့် ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ၊ ငါတို့မှာ လူအင်အားရှိတယ်ဆိုတာ ဂိုဏ်းချုပ်ထန်က သေချာတယ်ဆိုတော့လဲ။ ဒါပေမယ့် ငါ ကျောင်းထိုင်ကို အကြောင်းကြားကြည့်အုံးမယ်၊ သူက ငါတို့ဆီ လူလွှတ်ပေးဖို့ သဘောတူမယ်ဆိုရင်တော့ မင်း မငြင်းပယ်ပါနဲ့။ ငါတို့က ဒီနေရာကကိစ္စကို ဖြေရှင်းနိုင်တယ်လို့ သူ ထင်ရင်တော့ ငါ ဘာတစ်ခုမှ ထပ်မပြောတော့ပါဘူး”

“ကျုပ် သိပါပြီ။ ခင်ဗျားက စိတ်မချဘူးဆိုရင် ကျောင်းထိုင်ဆရာတော်ကို အကြောင်းကြားကြည့်ပေါ့လေ၊ မျက်နှာမည်းဗုဒ္ဓ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

All Chapters