တိုက်ပွဲမစခင် ပြင်ဆင်ခြင်း
Vol. 85 Ch. 1182
ပိတ်စအလွှာထူထူဖြင့် လွှမ်းခြုံထားသည့်အလား တောင်တန်းများက မြူဆိုင်းနေသည်၊ သိမ်မွေ့နူးညံ့သည့်တိမ်စိုင်များက နီးသည်လည်းမဟုတ်၊ ဝေးသည်လည်းမဟုတ်။ အပြာရောင်မိုးကုတ်စက်ဝိုင်းနှင့်ပင်လယ်ပြင်အား ပိုင်းခြားထားသည့် အနက်ရောင်မျဉ်းတန်းများက စုတ်တံတစ်ချောင်းနှင့် ခပ်ဖျော့ဖျော့ရေးဆွဲထားသလိုပင်။
ဝှစ်…
တောင်ထိပ်တွင် လေတဟူးဟူးတိုက်ခတ်နေသည်နှင့်အတူ အအေးစီးကြောင်းတစ်ခုက ရစ်ဝဲနေလျက်ရှိသည်၊ သရဲလိုပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီး ထင်းရှုးပင်တစ်ပင်ပေါ်၌ မှီတွဲလိုက်၏။ ပုံရိပ်က ထန်ရှုဖြစ်၏။ သူ့နှာခေါင်းပေါ်တွင် ချွေးစက်သေးသေးလေးများရှိပြီး သူ့မျက်လုံးများက ပတ်ဝန်းကျင်အား စစ်ဆေးနေသည်။ သို့သော် သူ့စိတ်က မန္တန်များနှင့်အစီအရင်များနှင့်သာ ပြည့်နှက်နေသည်။
ဤနေရာက ပျော်ရွှင်ခြင်းနန်းတော်နှင့်မျိုးရိုးဗီဇစခန်းတို့ကြား အစွမ်းကုန်တိုက်ခိုက်ရန် သတ်မှတ်ထားသောနေရာဖြစ်သည်။ ၎င်း၏တည်နေရာကို သိရှိပြီးနောက် သူက ထန်အန်းနှင့်အတူ အပြေးလာခဲ့သည်၊ ရောက်ရှိသည်နှင့် အစီအရင်ကြီးတစ်ခုခင်းကျင်းရန် စတင်လိုက်၏။ ဂျပန်သို့လာသည့် သူ၏အကြီးမားဆုံးရည်ရွယ်ချက်က ကူဝါကိုအား ဂျပန်တွင် အားအကောင်းဆုံးလူဖြစ်လာစေရန် ကူညီပေးရန်ဖြစ်သည်၊ ထို့ကြောင့် ပျော်ရွှင်ခြင်းနန်းတော်သို့မဟုတ်မျိုးရိုးဗီဇစခန်းတို့က သူ့အစီအစဉ်အား ထိခိုက်စေလိမ့်မည်။ ထို့နောက် ကူဝါကိုအတွက် ထိုအတားအဆီးများအားလုံးအား ဖယ်ရှားရန် သူက ဆုံးဖြတ်ထားသည်။
“အရှေ့ဘက်နှစ်ကီလိုမီတာခန့်လောက်မှာ လူလေးယောက်က အမြန်ဆုံးပြေးတက်လာနေတယ်”ထန်အန်းက ထွက်ပေါ်လာပြီး တိုးတိုးလေး တင်ပြ၏ “သူတို့က မျိုးရိုးဗီဇစခန်းရဲ့စစ်သည်တော်တွေဖြစ်ရမယ်”
လျှပ်စီးလက်သလို ရွေ့လျားလျက် ထန်ရှုက ကျောက်စိမ်းအပိုင်းအစတစ်ခုအား မြေပြင်သို့ ပစ်ထုတ်လိုက်ပြီး ခြေရာလက်ရာအား မြေကြီး၊ သစ်ရွက်များနှင့် ဖုံးလိုက်သည်။ ထို့နောက် သူက ထန်အန်း၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်ပြီး သူတို့ပုံရိပ်က တစ်ချိန်တည်း၌ ပျောက်ကွယ်သွား၏။
ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်လေးခုက လျင်မြန်စွာ ရောက်ရှိလာသည်။ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားလျက် နောက်ကျောတွင် ခါတာနာဓားတစ်လက်နှင့် မျက်နှာဖုံးတပ်ထားကာ သူတို့က ပတ်ဝန်းကျင်အား မရပ်မနား သတိထားလျက် စစ်ဆေးလိုက်သည်။
ခဏကြာသည့်အထိ မူမမှန်တာ ဘာတစ်ခုမှ သတိမပြုမိသည့်အတွက် လူလေးယောက်က အခြားအစွန်းတစ်ဖက်သို့ ပြေးသွား၏။
“ဘယ်လိုတောင် သတိကြီးတာပါလိမ့်”
အနည်းငယ်နှာခေါင်းရှုံ့ပြီးနောက် ထန်ရှုနှင့်ထန်အန်းက ပြန်ထွက်ပေါ်လာ၏။
သို့သော် ထန်အန်း၏အမူအရာက လေးနက်နေပြီး သူက တီးတိုးပြောလိုက်သည် “ပျော်ရွှင်ခြင်းနန်းတော်နဲ့မျိုးရိုးဗီဇစခန်းနှစ်ခုစလုံးကို ငါတို့က တကယ်လှုံ့ဆော်နိုင်ခဲ့တာပဲ၊ ဆရာအဘိုး။ သူတို့ရဲ့နောက်လာမယ့်တိုက်ပွဲက အတော်လေးပြင်းထန်မယ်လို့ ငါ ပြောနိုင်တယ်”
“ဒါပေါ့၊ မဟုတ်ရင် ဒီလိုကြီးမားတဲ့အစီအရင်ကို ခင်းကျင်းတဲ့ ငါ့ရဲ့အားထုတ်မှုက အချည်းနှီးဖြစ်သွားရမှာပေါ့”ထန်ရှုက မှတ်ချက်ပေးလိုက်သည်။
“ဒါပေမယ့်…တိုက်ခိုက်တဲ့နေ့ကျရင် ဆရာအဘိုးနဲ့အတူ လိုက်လာဖို့ ငါတို့ကို တကယ်မလိုဘူးလား”ထန်အန်းက တုံ့ဆိုင်းလျက် မေးလိုက်သည် “သူတို့နှစ်ဖက်စလုံး ဆုံးရှုံးမှုကြီးမားလာတာနဲ့ သူတို့က တိုက်ခိုက်တာကို ရပ်တန့်လိုက်မှာကို ငါ စိတ်ပူတယ်”
“မင်းက ကျင့်ကြံသူတွေကြား တိုက်ပွဲမှာ ဘယ်တော့မှ မပါဝင်ခဲ့ဘူး၊ အန်း။ ကြီးမားတဲ့လူအုပ်ကြီးက တစ်ဖက်နဲ့တစ်ဖက် သတ်ဖြတ်တဲ့ မြင်ကွင်းကို မင်း မသိဘူး။ အဲဒါက အလွန်သွေးချောင်းစီးတယ်၊ ရက်စက်တယ်၊ ပြီးတော့ အလွယ်တကူနဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူး။ ကျင့်ကြံသူတွေကြား အကြီးစားတိုက်ပွဲမှာ အရေးကြီးဆုံးအရာက ဘာလဲဆိုတာ မင်း သိလား”ထန်ရှုက ရယ်လိုက်သည်။
“ခွန်အားလား”ခဏတုံ့ဆိုင်းသွားပြီးနောက် ထန်အန်းက ဆိုလိုက်၏။
“ခွန်အားက သေးငယ်တဲ့အချက်အလက်တစ်ခုမျှပဲ။ အရေးကြီးဆုံးအရာက အရှိန်အဟုန်ပဲ”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ရှင်းပြလိုက်သည် “အကြီးဆုံးတိုက်ပွဲတွေမှာ တစ်ဉီးချင်းစီရဲ့စွမ်းပကားက ၎င်းရဲ့ကိုယ်ပိုင်အခန်းကဏ္ဍရှိပေမယ့် စစ်ပွဲတစ်ခုလုံးမှာ ၎င်းရဲ့အရေးပါမှုက မင်း ထင်ထားသလောက် မကြီးမားဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ငါ မင်းကို နှိုင်းယှဉ်ပြမယ်။ မင်းက အခုရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၊ ဒါပေမယ့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူရာထောင်ချီကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိလား”
“ဒါက…။ ငါ ယုံကြည်ချက်မရှိဘူး”ထန်အန်းက ခေါင်းခါယမ်းလိုက်သည်။
“အစစ်အမှန်စွမ်းအားရှင်တွေက လွတ်မြောက်နိုင်ပေမယ့် အားနည်းတဲ့လူတွေက အဲလောက်လွယ်မှာမဟုတ်ဘူး”ထန်ရှုက ပြုံးကာ ဆက်ပြောသည် “သူတို့ရဲ့စွမ်းအားရှင်တွေ စတင်ထွက်ပြေးတာနဲ့ တစ်ဖက်ရဲ့အရှိန်အဟုန်က အားနည်းလာလိမ့်မယ်။ ကျန်ရှိတဲ့သူတွေက သူတို့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ဆုံးရှုံးပြီး သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက လျော့ကျသွားလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ တူးရွင်းယူထုတ်ပြီး ထင်ရှုးပင်ဘေးနားတွင် ခြောက်မီတာကျယ်ကာနှစ်မီတာနက်သည့်တွင်းတစ်ခုအား တူးလိုက်သည်။ တွင်းထဲသို့ လက်သီးအရွယ်အစားကျောက်စိမ်းအား ထည့်ပြီးနောက် သူက တွင်းအား မြေကြီးနှင့် ဖုံးကာ ခြေရာလက်ရာဖျက်ပြီးနောက် လက်ခုပ်တီးလျက် ပြောလိုက်သည် “အစီအရင်တော့ ပြီးသွားပြီ၊ ဒီထင်းရှုးပင်က ၎င်းရဲ့အမြုတေဖြစ်လိမ့်မယ်။ နှစ်ဖက်လုံး တိုက်ခိုက်တဲ့အချိန်မှာ အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ သူတို့က အထဲမှာ ပိတ်မိနေကြလိမ့်မယ်”
ထန်ရှု၏အစီအရင်ကျွမ်းကျင်မှုအပေါ် ထန်အန်းက တကယ်လေးစားသည်၊ သူမက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါဆို ငါတို့ အခုပြန်ကြတော့မှာလား၊ ဆရာအဘိုး”
“ပြန်ကြတာပေါ့…”
ထန်ရှုက ပြုံးကာ သူမ၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။
****
နောက်တစ်နေ့သို့ ရောက်လာပြီဖြစ်သည်။
ဗိုလ်ချုပ်ဖူခူဒါ၏ဉီးဆောင်မှုအောက်တွင် ကျင့်ကြံသူရာချီနှင့်အတူ မျိုးရိုးဗီဇစခန်းမှမျိုးရိုးဗီဇစစ်သည်တော်ထောင်ချီက တောင်ထွတ်၏တစ်ဖက်အား သိမ်းပိုက်ထားသည်။
မှောင်ရီပျိုးစအချိန်တွင် ပျော်ရွှင်ခြင်းနန်းတော်သခင်နဂါးနှိမ်နင်းပညာရှင်၏ဉီးဆောင်မှုအောက်တွင် ပျော်ရွှင်ခြင်းနန်းတော်မှ ဗုဒ္ဓကျင့်ကြံသူများက ရောက်ရှိလာကြသည်။ သူတို့က တောင်ထိပ်၏အခြားတစ်ဖက်တွင် နေရာယူလိုက်ကြ၏။
တစ်နာရီကြာပြီးနောက် နှစ်ဖက်လုံးက တိုက်ပွဲငယ်များ စတင်လာခဲ့ကြပြီး ရလဒ်အားဖြင့် နှစ်ဖက်စလုံးတွင် သေကျေဒဏ်ရာရမှုအနည်းငယ် ရှိလာခဲ့သည်။ တဖြည်းဖြည်းနှင့် မျိုးရိုးဗီဇစစ်သည်တော်များက ပြန်ဆုတ်သွားခဲ့သည်။
“ငါတို့က ဘယ်အချိန်မှ စတင်မှာလဲ၊ မီရာဂျီ”
နဂါးနှိမ်နင်းပညာရှိနောက်မှ မီရာဂျီက မှန်ဘီလူးကို သုံးကာ ပတ်ဝန်းကျင်ဧရိယာအား လေ့လာစစ်ဆေးနေသည်။ သူမမျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက မရပ်မနားတလက်လက်ဖြစ်နေသည်ကို မြင်နိုင်ပေ၏။
ပညာရှိက သူမပခုံးအား ပုတ်ကာ ပြောလိုက်၏ “အလျင်လိုစရာမလိုဘူး။ ငါတို့က ကိုယ့်ကိုယ်ကိုယ်နဲ့ငါတို့ရဲ့ရန်သူတွေအကြောင်းသိရင် အောင်မြင်မှုက ငါတို့ရဲ့လက်ထဲကို ရောက်လာလိမ့်မယ်။ ဖူခူဒါရဲ့ခွန်အားနဲ့သူ့မျိုးရိုးဗီဇစခန်းပိုင်ဆိုင်တဲ့စွမ်းအားကို ငါ ဖော်ထုတ်ဖို့ လိုတယ်”
“အာ၊ အဲဒါကို ဘယ်လိုဖော်ထုတ်မှာလဲ”ယုဂျီက အံ့အားသင့်စွာ မေးလိုက်သည်။
နဂါးနှိမ်နင်းပညာရှိက ခပ်ဖျော့ဖျော့ပြုံးကာ သူ့လက်ကောက်ဝတ်မှ အနက်ရောင်အလံသုံးခုအား ယူထုတ်လိုက်သည်။ ဆန်းကြယ်သောမန္တန်တစ်ခုအား ရွတ်ဆိုပြီးနောက် အလံသုံးခုအထက်တွင် မမြင်နိုင်သောလေများက ထူးဆန်းသောကိုင်မီရာ(စိတ်ကူး)ပုံရိပ်တစ်ခုအသွင်ဖြင့် ဉီးတည်ဘက်တိုင်းမှ စုဝေးလာသည်။ ကိုင်မီရာတွင် ကျားတစ်ကောင်၏ခေါင်းနှင့်ဉီးချိုတစ်ချောင်း၊ ခွေးနားရွက်နဲ့နဂါးခန္ဓာကိုယ်၊ ခြင်္သေ့တစ်ကောင်၏အမြီးနှင့် ချီလင်တစ်ကောင်၏ခွာတို့ ပါရှိသည်။
သို့သော် နောက်ထပ်စက္ကန့်အနည်းငယ်တွင် လေက သိပ်သည်းကာ တောအုပ်ထဲသို့ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သောကြောင့်
အနက်ရောင်အလံများအထက်တွင် ထွက်ပေါ်လာသောအရာများအား အလံများက ဖုံးလွှမ်းသွားခဲ့၏။
“ငါတို့ပျော်ရွှင်ခြင်းနန်းတော်ထုတ်ဖော်ရမယ့်စွမ်းအားက အဲဒီခွေးကောင်ဖူခူဒါမှာရှိတဲ့စွမ်းအားပမာဏအပေါ်မှာ မူတည်တယ်”နဂါးနှိမ်နင်းပညာရှီက လက်ခုပ်တီးကာ ပြုံးလျက် ပြောလိုက်သည်။
“စောစောက ယူထုတ်လိုက်တဲ့ အဲဒီအလံတွေက ဘာတွေလဲ၊ မီရာဂျီ”ယုဂျီ၏မျက်လုံးများက လက်သွားပြီး သူမက မေးလိုက်၏ “သူတို့ကို အသုံးပြုပြီး ရန်သူရဲ့စွမ်းအားကို ဖော်ထုတ်နိုင်တာလား”
“အမှန်တရားနားထောင်သူဆိုတာကို မင်း တစ်ခါမှ မကြားဖူးဘူးလား”နဂါးနှိမ်နင်းပညာရှိက မေးလိုက်သည်။
“အရင်က ငါ တစ်ခါမှ မကြားဖူးဘူး”ယုဂျီက ခေါင်းခါယမ်းလိုက်သည်။
ပညာရှိ၏အခြားတစ်ဖက်ရှိ အနက်ရောင်ဝတ်ရုံနှင့်ရွှေရောင်မျက်နှာဖုံးတပ်လူက ရုတ်တရက် ကြားဖြတ်ရှင်းပြလိုက်သည်။ “ဒဏ္ဍာရီထဲမှာ နားထောင်ရုံနဲ့ ကမ္ဘာမှာရှိတဲ့အရာမှန်သမျှကို သိရှိနိုင်တဲ့ ကမ္ဘာမြေအစောင့်အရှောက်လက်အောက်က စိတ်ဝိညာဉ်သားရဲနဲ့သက်ဆိုင်တဲ့အရာပဲ၊ အထူးသဖြင့် လူတွေရဲ့နှလုံးသားကို နားထောင်တဲ့နေရာမှာပေါ့”
နဂါးနှိမ်နင်းပညာရှိက ခေါင်းညိတ်ကာ ယုဂျီအား ကြည့်လျက် ပြောလိုက်သည် “ဒီတစ်ကြိမ် မင်းရဲ့လုပ်ဆောင်ချက်က အတော်လေးကောင်းတယ်၊ ပျော်ရွှင်ခြင်းနန်းတော်အနေနဲ့ မျိုးရိုးဗီဇစခန်းရဲ့အသာစီးရယူတာကို ရှောင်ရှားနိုင်ခဲ့တယ်၊ ဒီအတွက် မင်းအနေနဲ့ အချို့နက်ရှိုင်းတဲ့အရာတွေကို သိဖို့ လိုအပ်တယ်။ ဒီအမှန်တရားနားထောင်သူအလံတွေက အရင်တုန်းက ဘုန်းကြီးတစ်ပါးပိုင်ဆိုင်တဲ့လက်နက်တစ်ခုလို့ ပြောလို့ရတယ်။ ၎င်းက ဒဏ္ဍာရီထဲကအမှန်တရားနားထောင်သူလောက် မှော်မဆန်နိုင်ပေမယ့် ဒီကမ္ဘာက ဧရိယာအချို့ကို ထောက်လှမ်းနိုင်တဲ့လုပ်ဆောင်ချက်တစ်ခုရှိတယ်။ ဒါကြောင့် ၎င်းကို ရန်သူတွေရဲ့အရေအတွက်နဲ့သူတို့ရဲ့ခွန်အားတွေကို ထောက်လှမ်းဖို့ အသုံးပြုနိုင်တယ်”
ယုဂျီက လျင်မြန်စွာ နားလည်လိုက်သည်၊ သို့သော် စိုးရိမ်သောအကြည့်တစ်ခုက သူမမျက်နှာပေါ်တွင် လက်သွား၏။ ထန်ရှု၏အစီအစဉ်နှင့် ပတ်သက်၍ သူမက အသေးစိတ်မသိသော်ငြား သူ့အစီအစဉ်က ပျက်ဆီးသွားမည်ကို သူမက စိုးရိမ်သည်။ ဤအတိုင်းဆိုလျှင် ပျော်ရွှင်ခြင်းနန်းတော်က ရန်သူအား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်၊ ယခုကဲ့သို့သောအနေအထားတစ်ခုက ထန်ရှုအတွက် ပျော်ရွှင်ခြင်းနန်းတော်အား ဖျက်ဆီးရန် ခက်ခဲစေလိမ့်မည်။
“တောက်…”
ယုဂျီက စိုးရိမ်နေစဉ် နဂါးနှိမ်နင်းပညာရှိက တစ်ခုခုအား ကျိန်ဆဲသည်ကို ရုတ်တရက် ကြားလိုက်ရ၏။
“ဘာဖြစ်တာလဲ”ရွှေမျက်နှာဖုံးတပ်လူက ကမန်းကတန်း မေးလိုက်သည်။
နဂါးနှိမ်နင်းပညာရှိ၏မျက်လုံးထဲရှိသတ်ဖြတ်လိုစိတ်က ခိုင်မာသွားပြီး သူက လက်သီးတင်းကျပ်စွာ ဆုပ်လျက် လေသံပြင်းပြင်းနှင့် ပြောလိုက်သည် “မျိုးရိုးဗီဇစခန်းက ဒီလိုအားကောင်းတဲ့အင်အားတစ်ခု ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ သူ့မှာ ကျင့်ကြံသူတစ်ဖွဲ့ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမယ့် ငါ သူတို့ကို မကြောက်ပါဘူး။ ဒါပေမယ့် သူ့ဘေးနားက အဲအကောင်တွေက…ပျော်ရွှင်ခြင်းနန်းတော်ရဲ့သစ္စာဖောက်တွေပဲ”
“သစ္စာဖောက်တွေလား။ သူတို့က ဘယ်သူတွေလဲ”ရွှေမျက်နှာဖုံးတပ်လူက သတ်ဖြတ်လိုစိတ်ပြင်းထန်စွာနှင့် ပြောလိုက်သည်။
“စစ်တုရင်အပိုင်းအစ၇၂ယောက်ထဲက နောက်ဆုံးအဆင့်ခီခီတာဂါဝါနဲ့အဆင့်၃၆ဖြစ်တဲ့အခါဟီဒါရီ။ ဒီနှစ်ကောင်က ပျော်ရွှင်ခြင်းနန်းတော်ရဲ့တပည့်တစ်ရာကျော်ကို ဘယ်လိုဖြားယောင်းနိုင်ခဲ့သလဲဆိုတာတော့ ငါ မသိဘူး”
ရွှေမျက်နှာဖုံးတပ်လူက အေးစက်စွာ ကြားဖြတ်ပြောလိုက်သည် “တိုက်ပွဲစတင်တာနဲ့ ဒီနှစ်ကောင်က ငါ့ရဲ့ပထမဆုံးပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်၊ မီရာဂျီ…”
နဂါးနှိမ်နင်းပညာရှိက အံကြိတ်ကာ ပြောလိုက်သည် “သူတို့ကို မင်းဆီ လွှဲပေးလိုက်မယ်၊ ဒါပေမယ့် သူတို့ကို သတ်ဖို့ အကောင်းဆုံးပြုလုပ်ပါ။ ငါ့ကို သစ္စာဖောက်တဲ့အတွက် ဘယ်လိုကံကြမ္မာနဲ့ အဆုံးသတ်ရမလဲဆိုတာ သူတို့ကို သိစေရမယ်”
“ဒါပေမယ့် ဘာလို့ မီရာဂျီက သူတို့အတွက် ဒုက္ခခံနေရတာလဲ။ သူတို့အပေါ်မှာ မင်း ဖော်ထုတ်ထားတဲ့ အတားအဆီးချိတ်ပိတ်ကို အသက်သွင်းပြီး သူတို့ကို သတ်ဖြတ်လိုက်ရုံပဲမလား။ သူတို့ရဲ့ဆိုးဝါးတဲ့သေဆုံးမှုက မျိုးရိုးဗီဇတပ်စခန်းအလယ်မှာ ဖရိုဖရဲတွေ ဖန်တီးပြီး သူတို့ရဲ့စိတ်ဓာတ်ကို ချိုးနှက်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်”
နဂါးနှိမ်နင်းပညာရှိက စက္ကန့်သုံးဆယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “သူတို့ ဘာနည်းလမ်းတွေ အသုံးပြုခဲ့သလဲဆိုတာ ငါ မသိဘူး။ အဲဒီချိတ်ပိတ်စည်းတွေကို သူတို့ ဖယ်ရှားပြီးပြီ။ ဟမ့်။ သူတို့က ငါ့ကို သစ္စာဖောက်တာ အံ့ဩစရာမရှိပါဘူး။ အခု သူတို့က ငါ့ထိန်းချုပ်မှုအောက်မှ လွတ်သွားပြီလေ”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ယုဂျီက အလန့်တကြား ပြောလိုက်သည် “ဒီကမ္ဘာမှာ သင်က လွဲပြီး ဘယ်သူမှ အဲဒီချိတ်ပိတ်စည်းကို မဖယ်ရှားပေးနိုင်ဘူးလို့ နန်းတော်သခင်က ပြောခဲ့တယ်မလား”
“တိတ်စမ်း…”
နဂါးနှိမ်နင်းပညာရှိက ဒေါသထွက်သွားပြီး ခပ်ကြမ်းကြမ်း အော်လိုက်၏။