ဖိနှိပ်ချေမှုန်းခြင်း
Vol. 85 Ch. 1185
နဂါးနှိမ်နင်းပညာရှိ၏သတ်ဖြတ်ခြင်းအရှိန်အဝါက ပေါ်ထွက်လာသည်။ သူက ငရဲမှ ထွက်လာသောနတ်ဆိုးဘုန်းကြီးတစ်ပါးအလား ပြောင်းလဲသွားသည်။ သူက ဒရမ်ကို ယူထုတ်ကာ တီးခတ်ရင်း အသံလှိုင်းစွမ်းအင်က ဉီးတည်ဘက်တိုင်းသို့ လျင်မြန်စွာ ပေါက်ကွဲထွက်သွားသည်။
ပြင်းထန်သောလေပြင်းများစွာက ရိုက်ခတ်သွားသောကြောင့် လှံအရိပ်များရစ်ဝဲနေသည့်ကောင်းကင်ရှိနေရာလပ်က တွန့်လိမ်သွားပြီး ဗိုလ်ချုပ်ဖူခူဒါ၏တိုက်ခိုက်ရေးစွမ်းအားက အကြီးအကျယ်လျော့ကျသွားသည်။
“သတ်…”
ပညာရှိက ဗုဒ္ဓရွှေရောင်ဆာရီရာ(မြန်မာလိုဆို ဗုဒ္ဓဓာတ်တော်လို့ ထင်ပါတယ်)အား ထွေးထုတ်ကာ ဗိုလ်ချုပ်ဖူခူဒါ၏ရင်ဘက်အား ပစ်ခတ်လိုက်သည်။ ဗိုလ်ချုပ်ဖူခူဒါအား ထိမှန်သွားသောကြောင့် ဆာရီရာက အက်ကွဲကာ အရောင်မှေးမှိန်သွားသည်၊ သို့သော် ဗိုလ်ချုပ်ဖူခူဒါက သွေးတစ်ပွက်အန်ကာ နောက်သို့ လွင့်ထွက်သွား၏။
သို့သော် နဂါးနှိမ်နင်းပညာရှိလည်း ကြီးလေသောတန်ဖိုးတစ်ခု ပေးခဲ့ရသည်။ လှံအရိပ်များက လျင်မြန်စွာ လွင့်ပါးသွားသော်ငြား အချို့က သူ့အား ထိမှန်သွား၏။ သွေးမြူတို့ ပြန့်ကျဲသွားသည်နှင့်အတူ ဘုန်းကြီးက သွေးရုပ်တုအဖြစ်သို့ ပြောင်းလဲသွား၏။
“ပေါက်ကွဲစမ်း…”
သူ့လက်ထဲရှိဒရမ်က ဗိုလ်ချုပ်ဖူခူဒါနောက် ရုတ်ချည်း လိုက်သွားကာ မီတာအနည်းငယ်အကွာ၌ ပေါက်ကွဲသွား၏။ ကြောက်စရာကောင်းသောပေါက်ကွဲအားကြောင် ကမ္ဘာက ပျက်ဆီးယိုယွင်းတော့မည့်အတိုင်း ဖြစ်လာပြီး ကြီးမားသောစွမ်းအင်စုပ်ဝဲက ဗိုလ်ချုပ်ဖူခူဒါအား အပိုင်းပိုင်းအစစဖြစ်စေလိုက်၏။
အဟွတ်…အဟွတ်…
နဂါးနှိမ်နင်းပညာရှိက နောက်သို့ မီတာတစ်ရာကျော် လွင့်ထွက်သွားပြီး တောင်နံရံနှင့် တိုက်မိသွား၏။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူအချို့က သူ့အနားတွင် ချက်ချင်းထွက်ပေါ်လာ၏၊ တစ်ယောက်က ကြွေပုလင်းတစ်လုံးယူထုတ်ကာ အံ့ဖွယ်ဆေးတစ်လုံးထုတ်ပြီး ပညာရှိ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ နောက်ဆုံးတွင် ဘုန်းကြီး၏ဖရိုဖရဲအရှိန်အဝါက တဖြည်းဖြည်းတည်ငြိမ်လာသည်။
“သူတို့ကို ဆက်သတ်ကြ…မျိုးရိုးဗီဇစခန်းကလူအားလုံးကို သေချာပေါက် သုတ်သင်ကြ…”နဂါးနှိမ်နင်းပညာရှိက သွေးနှစ်ပွက်အန်လျက် အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ…”
ပျော်ရွှင်ခြင်းနန်းတော်မှကျွမ်းကျင်သူအနည်းငယ်သာ ဘုန်းကြီးနှင့် နေခဲ့ပြီး ကျန်လူများက ပတ်ဝန်းကျင်ရှိမျိုးရိုးဗီဇစစ်သည်တော်များဆီသို့ ပြေးသွား၏။
ထို့နောက် သတ်ဖြတ်ခြင်းက စတင်လာသည်။
သတ်ဖြတ်နေစဉ် ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်များက ‘ဗိုလ်ချုပ်ဖူခူဒါသေသွားပြီ’ဟု အဆက်မပြတ်အော်နေပြီး တိုက်ပွဲလမ်းကြောင်းက တစ်ဖက်သတ်သတ်ဖြတ်ခြင်းအဖြစ်သို့ ပြောင်းလဲသွား၏။ မျိုးရိုးဗီဇစခန်းမှ ကျန်ရှိနေသောလူရှစ်ရာကျော်က စိတ်ဓာတ်ကျသွားကြကာ ထွက်ပြေးရန် ကြိုးစားလာကြ၏။ သို့သော် ပျော်ရွှင်ခြင်းနန်းတော်မှကျွမ်းကျင်သူများက သူတို့ထက် ပိုသန်မာကာ ပိုမြန်ပြီး မျိုးရိုးဗီဇစစ်သည်တော်များက စိတ်ဓာတ်ကျဆင်းလာကြသည်၊ သူတို့၏ပျက်ဆီးနှုန်းက ပိုမြန်လာပြီး မိနစ်အနည်းငယ်အတွင်း ရာချီ သေဆုံးသွားကြ၏။
“မိုးကြိုးမုန်တိုင်းကို အသုံးပြုကြ…”
ရုတ်တရက် မျိုးရိုးဗီဇစစ်သည်တော်တစ်ယောက်က သူ့ခြေလှမ်းအား ရပ်လိုက်သည်။ သူက သူ့ကုတ်အင်္ကျီအား ချက်ချင်း ဆုတ်ဖြဲကာ လက်ကောက်ဝတ်မှ လက်သီးအရွယ်အနက်ရောင်သတ္တုဘောလုံးတစ်လုံးအား ဆုပ်ကိုင်လိုက်၏။
“မိုးကြိုးမုန်တိုင်း”
“မိုးကြိုးမုန်တိုင်း”
“မိုးကြိုးမုန်တိုင်း”
“…”
“…”
စုစုပေါင်းဆယ့်ရှစ်ယောက်က ရပ်တန့်ကာ သတ္တုဘောလုံးအား အသီးသီးယူထုတ်လျက် ပြင်းထန်စွာ အော်လိုက်ကြသည်၊ ထို့နောက် သူတို့က ပျော်ရွှင်ခြင်းနန်းတော်ကျွမ်းကျင်သူများထံ ပြေးဝင်တိုက်ခိုက်ကြ၏။
ပေါက်ကွဲမှုများက ဆက်တိုက်ထွက်ပေါ်လာပြီး မီတာတစ်ရာပတ်လည်ရှိအရာအားလုံးအား ဝါးမျိုသွား၏။ သူတို့အသက်ကို ပေးလျက် ထိုလူဆယ့်ရှစ်ယောက်က မျိုးရိုးဗီဇစခန်း၏သတ်ဖြတ်ခြင်းလက်နက်ကို အသုံးပြုကာ ပျော်ရွှင်ခြင်းနန်းတော်မှလူတစ်ရာကျော်အား သူတို့နှင့်အတူ အပါခေါ်သွားခဲ့သည်။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများကသာ သူတို့အသက်အား ကာကွယ်ရုံတတ်နိုင်ခဲ့ပြီး ဒဏ်ရာကမူ အလွန်ပြင်းထန်လေ၏။
တောင်ထိပ်တွင် ထန်ရှုက ကျန်ရှိနေသောထင်းရှုပင်တစ်ဝက်မှ ခုန်ဆင်းလိုက်သည်။
“အချိန်ကျပြီ”
သူက နတ်ဘုရားဓားအား ချက်ချင်းထုတ်လွှတ်ကာ ဆယ်မီတာအကွာရှိ ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်အားလုံးအား သတ်ဖြတ်လိုက်သည်။ ကြီးမားသောဖရိုဖရဲစွမ်းအင်ပမာဏအား ထုတ်လွှတ်ရင်း အစီအရင်အမြုတေဖြစ်သောထင်းရှုပင်ပတ်လည်တွင် တပ်ဆင်ထားသည့် ကျောက်စိမ်းများအား ချက်ချင်းအသက်သွင်းလိုက်၏။ မူလဖရိုဖရဲစွမ်းအားထည့်သွင်းမှုနှင့်အတူ အစီအရင်က ဆယ်ကီလိုမီတာကျော်အကွာအဝေးအား ဖုံးလွှမ်းကာ အပြည့်အဝအသက်ဝင်သွားလေသည်။
ထို့နောက် သူ့ပုံရိပ်က လူအများ၏မျက်လုံးအရှေ့မှ ပျောက်ကွယ်သွား၏၊ သို့သော် ဤအချိန်တွင် ပျော်ရွှင်ခြင်းနန်းတော်သို့မဟုတ်မျိုးရိုးဗီဇစခန်းမှကျန်လူများက စွမ်းအင်စီးကြောင်းအပြောင်းအလဲကို အာရုံခံမိလာသည်။
တောင်တန်းအလယ်တွင် နဂါးနှိမ်နင်းပညာရှိ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိကမ္ဘာစွမ်းအင်စီးကြောင်းအပြောင်းအလဲအား သူက အာရုံခံနိုင်သည်။ ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူက ရုတ်ချည်း ထရပ်ကာ အော်ပြောလိုက်သည် “ပျော်ရွှင်ခြင်းနန်းတော်က တပည့်တွေအားလုံး၊ ငါ့အမိန့်ကို နာခံကြ။ ရန်သူနောက်လိုက်တာကို ရပ်ပြီး ငါ့နေရာကို ချက်ချင်းရွှေ့လာကြ”
“ဘာ”
ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်အားလုံးက နဂါးနှိမ်နင်းပညာရှိ,ရှိရာအား မယုံကြည်နိုင်သောအကြည့်နှင့် ကြည့်လိုက်ကြသည်။ သူတို့က မျိုးရိုးဗီဇစခန်းအား အပြီးတိုင် ဖယ်ရှားနိုင်တော့မည့်အချိန်တွင် နန်းတော်သခင်က ယခုလိုအမိန့်တစ်ခု ထုတ်ပြန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဘာလို့လဲ။
မေးခွန်းက သူတို့၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ သူတို့အဖော်များနှင့် အမြန်ဆုံးဆက်သွယ်ပြီးနောက် အမိန့်အား လိုက်နာရန် ရွေးချယ်ကာ ကျန်လူများအား အမိန့်ဖြန့်ပေးပြီးနောက် နဂါးနှိမ်နင်းပညာရှိ,ရှိရာသို့ လျင်မြန်စွာ ပြေးသွားကြ၏။
ပျော်ရွှင်ခြင်းနန်းတော်မှလူများက သူတို့အား ဆက်မလိုက်သည်ကို မြင်ပြီး မျိုးရိုးဗီဇစစ်သည်များက ချက်ချင်း စိတ်သက်သာရာရသွားကြသည်။ ဗိုလ်ချုပ်ဖူခါဒါက သေသွားသောကြောင့် သူတို့က စစ်မြေပြင်တွင် ဆက်မနေချင်တော့ပေ။ သူတို့အသက်အား ကယ်ဆယ်ခြင်းက လက်ရှိအချိန်တွင် သူတို့အတွက် အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်သည်။
ဘန်း..ဘန်း…
သူတို့က တောင်ခြေသို့ ပြေးမည်ပြင်စဉ် စွမ်းအင်ဒိုင်းကာအလွှာတစ်ခုနှင့် ရုတ်တရက် တိုက်မိသွားကြ၏။
တောင်တန်းအလယ်တွင် ယုခီဂျီ၏မျက်လုံးများက ပတ်ဝန်းကျင်အား ထိတ်လန့်တုန်လှုပ်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက နဂါးနှိမ်နင်းပညာရှိထံ လျင်မြန်စွာ ပြေးသွားကာ တင်ပြ၏ “တစ်ယောက်ယောက်က ဒီနေရာမှာ အစီအရင်တစ်ခု ခင်းကျင်းထားတယ်၊ ငါတို့တွေ အခု ပိတ်မိနေပြီ၊ မီရာဂျီ”
ပညာရှိ၏မျက်နှာက လေးနက်သွားပြီး သူက ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်၊ ငါတို့မရောက်ခင်ကတည်းက တစ်ယောက်ယောက်က ဒီနေရာမှာ အစီအရင်ခင်းကျင်းခဲ့တယ်။ ဒါပေမယ့် ဒါကို လုပ်ခဲ့တဲ့သူက ဗိုလ်ချုပ်ဖူခူဒါနဲ့မျိုးရိုးဗီဇစခန်းကလူတွေ မဟုတ်တာ သေချာတယ်။ အဲဒီသက်ကြားအိုက သေသွားပြီ၊ ဒီမျိုးရိုးဗီဇစစ်သည်တော်တွေကြားမှာလဲ ဒီစွမ်းရည်ရှိတဲ့သူ မရှိဘူး”
“ဒါဆို ဘယ်သူလုပ်တာ ဖြစ်နိုင်မလဲ၊ မီရာဂျီ”ယုခီဂျီက ကမန်းကတန်း မေးလိုက်သည် “ငါတို့ရဲ့တစ်ခုတည်းသောရန်သူက မျိုးရိုးဗီဇစခန်းပဲမလား”
နဂါးနှိမ်နင်းပညာရှိက တည်ငြိမ်ရန် အားတင်းကြိုးစားလိုက်သည်။ သံသယများက သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာပြီး သံသယရှိသူများအား တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်နေလိုက်သည်။
ရုတ်တရက် သူက လှည့်ကြည့်ကာ အော်လိုက်သည် “ယုဂျီက ဘယ်မှာလဲ”
ယုခုဂျီက ခေါင်းခါယမ်းကာ ပြောလိုက်သည် “တိုက်ပွဲစတင်ပြီးကတည်းက ငါ သူမကို ထပ်မမြင်တော့ဘူး၊ မီရာဂျီ။ မင်း…”
ပညာရှိက ပြင်းထန်စွာ ပြောလိုက်သည် “အရင်က ယာမာမိုတိုအိမ်တော်ခေါင်းဆောင်ကူဝါကိုကို ဖမ်းဖို့ ငါ အမိန့်တစ်ခု ထုတ်ပြန်ခဲ့တယ်။ ဘယ်သူက မစ်ရှင်ကို အရင် ယူသွားတာလဲ။ ယုဂျီလား”
“ဟုတ်တယ်၊ သူမက အဲဒါကို အရင်ယူခဲ့တယ်”ယုခီဂျီက ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် မျိုးရိုးဗီဇစခန်းနဲ့ ပတ်သက်ပြီး အာရုံစိုက်နေရတာကြောင့် ဒီပြဿနာကို ဘေးဖယ်ထားတယ်။ သူတို့ထွက်မပြေးခင် အဲဒီလူတွေ ပြောခဲ့တာကို ငါ မှတ်မိပါတယ်။ ကူဝါကိုယာမာမိုတိုရဲ့နောက်ကွယ်ကလူက တရုတ်က ကျင့်ကြံသူတွေလို့ သူတို့က ပြောခဲ့တယ်။ ဒီနေရာမှာ အစီအရင်ခင်းကျင်းခဲ့တဲ့သူက တရုတ်ကျင့်ကြံသူတစ်ယောက်များဖြစ်နိုင်မလား”
ဖတ်…
နဂါးနှိမ်နင်းပညာရှိက ရိုက်ထည့်လိုက်ရာ သူမက နောက်သို့ မီတာအနည်းငယ် ယိမ်းယိုင်သွား၏။ ထို့နောက် သူက သူမဆီ ချက်ချင်းပြေးကာ သူမအဝတ်အစားကို ဆုပ်ကိုင်လျက် အော်လိုက်၏ “အဲဒီတရုတ်ကျင့်ကြံသူတွေ ဒီနေရာမှာ ထွက်ပေါ်လာတုန်းက ဘာလို့ မင်းက ငါ့ကို မတင်ပြတာလဲ”
ယုခီဂျီက သူမပါးပြင်အား ဖုံးကာ ကမန်းကတန်း ပြောလိုက်၏ “သူတို့က ဘာမှမဟုတ်ဘူးလို့ ငါ ထင်ထားတာ၊ ဒါကြောင့် သင့်ကို တင်ပြစရာမလိုဘူးပေါ့၊ မီရာဂျီ။ ပြီးတော့ အဲတုန်းက ငါတို့ ရင်ဆိုင်နေရတဲ့ရန်သူက မျိုးရိုးဗီဇစခန်းလေ၊ ဒါကြောင့် ကူဝါကိုနှင့်သူမနောက်ကလူတွေကို သင်ခန်းစာပေးဖို့အတွက် တင်ပြဖို့ကို ငါ တမင် နှောင့်နှေးခဲ့တာ။ ဗိုလ်ချုပ်ဖူခူဒါနဲ့မျိုးရိုးဗီဇစခန်းတို့ကို အမြစ်ဖြတ်သုတ်သင်ပြီးမှ အဲဒါကို လုပ်တာ ပိုကောင်းတယ်လို့ ငါ ထင်ခဲ့တာ”
“အရူး…”
နဂါးနှိမ်နင်းပညာရှိက သူမအား ဆဲဆိုလိုက်သည်။ တရုတ်ကျင့်ကြံသူများဘယ်လောက်အားကောင်းသလဲကို အခြားသူများက မသိသော်လည်း သူက ကောင်းကောင်းသိ၏။ ဗုဒ္ဓနှင့်တာအိုကျောင်းများကြားတွင် ဘယ်ဘက်က ပိုအားကောင်းသလဲကို သူက နှိုင်းယှဉ်ရမည်ဆိုလျှင် တုံ့ဆိုင်းမနေဘဲ တာအိုကျောင်းက ပိုအားကောင်းသည်ဟု သူက ရွေးချယ်ပေလိမ့်မည်။
ဘာလို့ သူ ဒီလိုပြောရတာလဲ။ တရုတ်တွင် ဗုဒ္ဓဂိုဏ်းတစ်ခုသာရှိပြီး တာအိုကျောင်းက တစ်ကျောင်းထက် ပိုသောကြောင့်ပင်။ ကလန်များနှင့်တစ်ကိုယ်တော်ကျင့်ကြံသူများကိုပင် ဖော်ပြစရာမလိုပေ။ အရေအတွက်က ရေတွက်ရန် များပြားလွန်းသည်။
‘အော်မီတော်ဖော်…”
ခေါင်းလောင်းတီးသံတစ်ခုက အဝေးမှ ထွက်လာပြီး ပုံရိပ်တစ်ခုက ရွေ့လျားလာကာ ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်များအရှေ့၌ ထွက်ပေါ်လာသည်။
နဂါးနှိမ်နင်းပညာရှိ၏မျက်ခုံးများက မယုံကြည်နိုင်မှုနှင့်အတူ ကျုံ့သွားတော့၏။ သူ့ဘေးနားရှိပျော်ရွှင်ခြင်းနန်းတော်မှထိပ်တန်းအလုပ်အမှုဆောင်များနှင့်အတူ ပညာရှိက ဗုဒ္ဓဂိုဏ်းမှ ဘုန်းကြီးဆယ့်ရှစ်ပါးအရှေ့၌ နောက်ဆုံးတွင် ထွက်ပေါ်လာ၏၊ သို့သော် သူ့နှုတ်ခမ်းများက အကြိမ်အနည်းငယ် တုန်ယင်သွားပြီး သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအနည်းငယ်က ထွက်ပေါ်လာသည်။
မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့လား။
သူ့ရှေ့ရှိ လူဆယ့်ရှစ်ယောက်အား ရင်းနှီးသည်၊ တစ်ယောက်ချင်းစီအား သူက မှတ်မိ၏။ ထိုဆယ်ရှစ်ယောက်က သူနှင့် တစ်ခေတ်တည်း မွေးဖွာလာပြီး သူတို့က ပြိုင်ဘက်များ ဖြစ်ခဲ့သည်။ ဂျပန်တွင် သူတို့ဆယ့်ရှစ်ယောက်လုံးနှင့် ပက်ပင်ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားပေ။
မျက်နှာမည်းဗုဒ္ဓက တောင်ဝှေးအား ဆုပ်ကိုင်ကာ နဂါးနှိမ်နင်းပညာရှိအား ခပ်စိမ်းစိမ်းကြည့်လျက် ပြောလိုက်သည် “ဂျပန်မှာ ပျော်ရွှင်ခြင်းဂိုဏ်း ပြန်ထွက်ပေါ်လာတာကို ကြာလိုက်တဲ့အချိန်မှာ ဒီဘုန်းကြီးက အတော်လေးထိတ်လန့်ပြီး စိတ်ထဲမှာ ထူးဆန်းသလို ခံစားမိတယ်။ ယခင်သန့်စင်ခြင်းတိုက်ပွဲမှာ လွတ်မြောက်သွားတဲ့ အဲဒီအားကောင်းတဲ့ပုံရိပ်က ဘယ်သူလဲဆိုတာ ငါ ပထမတော့ တွေးကြည့်တယ်။ မင်းက အခုထိ မသေသေးဘူးဆိုတာ ငါ မမျှော်လင့်ထားခဲ့ဘူး၊ နဂါးနှိမ်နင်း။ မင်းက ဂျပန်မှာလဲ မကောင်းတာတွေ ဆက်လုပ်နေတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ ဒီဘုန်းကြီးကို မင်းကို သတ်ပြီး ဗုဒ္ဓဂိုဏ်းကို သန့်ရှင်းအောင် လုပ်ရမယ်”
နဂါးနှိမ်နင်းပညာရှိက နောက်ခြေလှမ်းဝက်ဆုတ်ကာ အော်ပြောလိုက်သည် “မင်းက ငါ့ရဲ့ဆရာဉီးလေးလေးယောက်နဲ့ သိုင်းညီအကိုကိုးယောက်ကို သတ်ခဲ့တယ်၊ မင်းပေးတဲ့ဒဏ်ရာတွေကြောင့် လနဲ့ချီပြီး ငါ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတယ်၊ မျက်နှာမည်းဗုဒ္ဓ။ အဲဒီအပြစ်ပေးချက်က မင်းတို့အတွက် မလုံလောက်လို့လား”
“မူလကတော့ မင်းတို့လေ့ကျင့်တဲ့ကျင့်ကြံခြင်းပညာရပ်နဲ့ ပတ်သက်ပြီး သည်းခံလို့ရပါသေးတယ်။ ဒါပေမယ့် မင်းတို့ရဲ့ပျော်ရွှင်ခြင်းဂိုဏ်းက သန်မာဖို့အတွက်နဲ့ ရှက်စရာကောင်းတဲ့အပြုအမူတွေကို ကျူးလွန်ခဲ့တယ်။ မင်းတို့ကြောင့် ငါတို့ရဲ့ဗုဒ္ဓဂိုဏ်းက နာမည်ဆိုးနဲ့ ကျော်ကြားပြီး တောနက်ထဲမှာပဲ သီးခြားနေထိုင်ခဲ့ရတယ်၊ ငါတို့ရဲ့ဗုဒ္ဓသင်ကြားခြင်းကို အပြင်ကို ဖြန့်ဝေဖို့တောင် မရဲတော့ဘူးဖြစ်နေတယ်။ ဒီအပြစ်အတွက် မင်းတို့အားလုံးရဲ့သွေးနဲ့ ဆေးကြောရမယ်။ ပြီးတော့ ဒီနေ့ မင်းနဲ့အတူ ပျော်ရွှင်ခြင်းနန်းတော်မှလူတိုင်းက သေချာပေါက် သေရမယ်”