သူ့ရဲ့နှလုံးသားကြောင့် သူ့ကို အပြစ်ပေးရမယ်
Vol. 85 Ch. 1186
“အရင်တုန်းက ငါတို့တပည့်တွေရဲ့အသက်တွေအားလုံးနီးပါးနဲ့ ပျော်ရွှင်ခြင်းနန်းတော်က ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခုကို ပေးချေခဲ့ပြီးပြီ”နဂါးနှိမ်နင်းပညာရှိက မခံမရပ်နိုင်ဖြစ်စွာ အော်လိုက်သည် “ငါလဲ အဝေးကို ထွက်ပြေးပြီး တရုတ်ကို ဘယ်တော့မှ ခြေမချရဲခဲ့ဘူး။ ပြည်မကို ခြေတစ်လှမ်းတောင် မကြွသလို တရုတ်လူမျိုးတစ်ယောက်ကိုမှ မထိခိုက်စေခဲ့ဘူး။ ဒါတွေအားလုံးက မင်းတို့အတွက် မလုံလောက်သေးတာလား”
မျက်နှာမည်းဗုဒ္ဓ၊ ကျောက်စိမ်းဗုဒ္ဓနှင့် ကျန်လူများက တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက် ကြည့်လိုက်ကြသည်။ သူတို့က ဆိုက်ကိုလူသတ်သမားများမဟုတ်ကြပေ။ ဗုဒ္ဓဂိုဏ်း၏စည်းကမ်းထိန်းသိမ်းရေးနှင့်အပြစ်ပေးခန်းမ၏ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် လူမရေမတွက်များစွာအား သတ်ဖြတ်ဖူးသော မျက်နှာမည်းဗုဒ္ဓပင် ဗုဒ္ဓတရားကြောင့် သနားငဲ့ညှာမှုတို့ ရှိသေး၏။
တာအိုပညာရှင်ဖြစ်စေသို့မဟုတ်ဗုဒ္ဓကျင့်ကြံသူဖြစ်စေ သတ်ဖြတ်ခြင်းက သူတို့ရင်ဆိုင်နေရသည့်အန္တရာယ်အချို့အား ဖြေရှင်းရန် အဖြေတစ်ခုမျှသာဖြစ်၏။ သူတို့ ဂရုစိုက်သည်ကား တရုတ်ပြည်သူများ၏အသက်ပင်။ ထိုဂျပန်များ၏အသက်များအား သူတို့က တူညီသောလေးစားမှုရှိသော်ငြား ရှေ့တစ်ခုလောက် အရေးမပါပေ။
အတိတ်တွင် သူတို့တစ်ယောက်ချင်းစီတိုင်းက ဂိုဏ်းမှ ထွက်ကာ တရုတ်ကို ကျုးကျော်လာသည့်ထိုဂျပန်များအား အရူးအမူးသတ်ဖြတ်ခဲ့သည်။ ထို့ကြောင် ဤတိုင်းပြည်အပေါ် နက်ရှိုင်းသောမကျေမနပ်မှုက သူတို့တွင် ရှိနေသေး၏။
ထို့ကြောင့် ဤအချိန်တွင် တုံ့ဆိုင်းမှုက ဗုဒ္ဓကျင့်ကြံသူများ၏နှလုံးသားအား ရိုက်ခတ်လာသည်။
ဝှစ်…
ပုံရိပ်တစ်ခုက အဝေးမှ ရွေ့လျားလာသည်။ ထိုလူက ဗုဒ္ဓဘုန်းကြီးဆယ့်ရှစ်ယောက်၏အရှေ့၌ ထွက်ပေါ်လာသောအခါ သူတို့အားလုံးက သူ့အား အရိုအသေပေးလိုက်ကြ၏။
နဂါးနှိမ်နင်းပညာရှိက မှင်တက်သွားသည်။ မျက်နှာမည်းဗုဒ္ဓနှင့်သူ့အဖွဲ့၏ အထောက်အထားအား သူ သိသည်။ ထို့ကြောင့် ဘာကြောင့် သူတို့က ဤလူငယ်အား ဉီးညွှတ်ခဲ့မှန်း သူက တကယ်ကို နားမလည်နိုင်ခဲ့ပေ။ ဒါ့အပြင်…ဘာလို့ သူတို့က သူ့ကို ဒီလောက်ထိ ရိုသေလေးစားရတာလဲ။
သူ ဘယ်သူလဲ။ ဗုဒ္ဓဂိုဏ်းရဲ့ဘုန်းကြီးဆယ့်ရှစ်ယောက်က သူ့ကို ဒီလောက်ထိ လေးစားရလောက်အောင် သူ့မှာ ဘာစွမ်းရည်တွေ ရှိတာလဲ။
ထန်ရှုက မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့အား ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက နဂါးနှိမ်နင်းပညာရှိဘက်လှည့်ကာ ပြုံးလျက် ပြောလိုက်၏ “မင်းက ပျော်ရွှင်ခြင်းနန်းတော်သခင်ဖြစ်တဲ့နဂါးနှိမ်နင်းပညာရှိလား”
“ဟုတ်ပါတယ်၊ ငါပါပဲ”နဂါးနှိမ်နင်းပညာရှိက ပြန်ဖြေသည်။
“ကျုပ်က ဒီအစီအရင်ကို ခင်းကျင်းခဲ့တဲ့တာဝန်ရှိသူဆိုတာ ခင်ဗျား ခန့်မှန်းပြီးလောက်ပြီဆိုတာ သေချာတယ်”ထန်ရှုက အနည်းငယ် ပြုံးကာ ပြောလိုက်သည် “ကျုပ်က ကူဝါကိုနောက်ကွယ်ကလူဆိုတာကိုတောင် ခင်ဗျား ခန့်မှန်းပြီးဖြစ်ရမယ်”
“မှန်ပါတယ်။ ငါ အားလုံး ခန့်မှန်းပြီးပါပြီ”နဂါးနှိမ်နင်းပညာရှိက ခေါင်းညိတ်လိုက်သည် “ပြီးတော့ ပျော်ရွှင်ခြင်းနန်းတော်နဲ့မျိုးရိုးဗီဇခန်းကြားတိုက်ပွဲအတွက် ကြိုးစတွေကို ဆွဲထုတ်ခဲ့တာလဲ မင်းပဲဆိုတာ သေချာတယ်။ ငါနဲ့ဗိုလ်ချုပ်ဖူခူဒါတို့က မင်းရဲ့လှည့်ကွက်ထဲကို ကျရောက်သွားခဲ့တာလို့ ပြောနိုင်တယ်။ ငါ ပြောတာ မှန်ရဲ့လား”
“ခင်ဗျားတို့နှစ်ဖွဲ့လုံး ဒီအခြေအနေအထိ ကျရောက်ခဲ့တာ ကျုပ်ရဲ့လှည့်ကွက်တွေကြောင့်ဆိုတာ ဝန်ခံပါတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
“ဘာကြောင့်လဲ”ဒေါသအား စိတ်ထဲတွင် ဖိနှိပ်လျက် နဂါးနှိမ်နင်းပညာရှိက လေးလံသောအသံနှင့် မေးလိုက်သည်။
“ဘာကြောင့်လဲလား”ထန်ရှုက အနည်းငယ်ပြုံးကာ ရှင်းပြလိုက်သည် “ဒီလိုမှ ကျုပ်လူတွေက ဂျပန်ကို အလုံးစုံထိန်းချုပ်နိုင်မှာပေါ့။ ကျုပ်အစီအစဉ်ထဲမှာ ပျော်ရွှင်ခြင်းနန်းတော်နဲ့မျိုးရိုးဗီဇစခန်းတို့က မမျှော်လင့်ထားတဲ့အကြောင်းရင်းတွေပဲ၊ ဒါက ကူဝါကိုအနေနဲ့ အချိန်တိုအတွင်းမှာ ဂျပန်တစ်နိုင်ငံလုံးကို ထိန်းချုပ်ဖို့ ခက်ခဲစေတယ်”
ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လျက် နဂါးနှိမ်နင်းပညာရှိက အံ့အားသင့်စွာ ပြောလိုက်၏ “မင်းက တရုတ်မှ ကျင့်ကြံသူတစ်ယောက်ပဲ…ဒါပေမယ့် မင်းက ပိုင်နက်တစ်ခုကို ထိန်းချုပ်ဖို့ ဂျပန်ကို လာတာလား။ မင်း…မင်းက…”
“ဟမ့်၊ ကမ္ဘာမြေပေါ်က ကျင့်ကြံခြင်းအရင်းအမြစ်တွေက အရမ်းအကန့်အသတ်ရှိတယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “နေရာတစ်ခုက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရှိနေသရွေ့ ဂျပန်မကလို့ ဘာပဲဖြစ်ဖြစ် ကျုပ်က ပိုင်ဆိုင်ရမယ်။ ကျင့်ကြံခြင်းလမ်းကြောင်းဆိုတာ ကျုပ်တို့အနေနဲ့ ကောင်းကင်ကို အမြဲတမ်းဆန့်ကျင့်တိုက်ခိုက်နေရတာပဲမလား”
နဂါးနှိမ်နင်းပညာရှိက နှုတ်ဆိတ်သွားခဲ့သည်။ ထန်ရှု၏အကြောင်းပြချက်အား သူ နားလည်နိုင်သည်။ ဂျပန်ကို သိမ်းပိုက်ကာ ဂိုဏ်းတစ်ခု တည်ထောင်ခဲ့သည့် သူ၏အကြောင်းပြချက်ကလည်း ကျင့်ကြံခြင်းအရင်းအမြစ်များကြောင့်ပင် မဟုတ်လော။
ထန်ရှုက မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့အား ပြန်လှည့်ကြည့်ကာ မေးလိုက်သည် “ခင်ဗျားတို့ရဲ့တုံ့ဆိုင်းမှုကို ကျုပ် သတိပြုမိပါတယ်၊ ဆရာသခင်နှစ်ယောက်။ ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက်က အားနည်းသွားတာလား”
မျက်နှာမည်းဗုဒ္ဓက ကျောက်စိမ်းဗုဒ္ဓနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်၊ နောက်လူက ရှုံ့မဲ့ပြုံးလျက် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် “မင်းပြောခဲ့သလိုပါပဲ။ နဂါးနှိမ်နင်းပညာရှိက ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ဝရမ်းပြေးဖြစ်ပြီး သူက ရက်စက်ကြမ်းကြုတ်တဲ့အပြစ်များစွာကို ကျူးလွန်ခဲ့တယ်။ ဒါပေမယ့် သူက ဒီနှစ်တွေမှာ ပြည်မကို ဘယ်တော့မှ ခြေမချခဲ့ဘူး၊ တရုတ်ပြည်သူတွေဒါမှမဟုတ်ဗုဒ္ဓဂိုဏ်းကိုလဲ မထိခိုက်စေခဲ့ဘူး။ ဒါကြောင့်…”
ထန်ရှုက လက်မြှောက်ကာ သူ့အား တားဆီးလျက် ကြားဖြတ်ပြောလိုက်သည် “နောင်တရပြီး ပြန်ပြုပြင်တဲ့သူတွေက ဗုဒ္ဓချက်ချင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ ဗုဒ္ဓလမ်းစဉ်ကို ကျုပ် လက်ခံတယ်။ သူက အပြစ်တွေ လုပ်ခဲ့ပြီး သူ့ရဲ့အတိတ်က အပြစ်တွေအတွက် ပေးချေခဲ့ပြီးပြီ။ ဒါပေမယ့် အခု ကျုပ် ခင်ဗျားတို့ကို မေးမယ်၊ သူက သားသတ်ဓားကို လွှတ်ချဖို့ ဆန္ဒရှိရင် ခင်ဗျားတို့က သူ့ကို ခွင့်လွှတ်နိုင်မှာလား”
“ဒါက…”မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့က ချီတုံချတုံဖြစ်သောအကြည့်များနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နဂါးနှိမ်နင်းပညာရှိ၏မျက်လုံးများက တောက်ပသွားပြီး လက်သီးဆုပ်ကာ သူက ထန်ရှုအား ပြောလိုက်သည် “သင့်ရဲ့မြင့်မြတ်တဲ့အမည်နာမက ဘာပါလဲ၊ ဆရာ”
“ထန်ရှု”ထန်ရှုက ပြန်ဖြေသည်။
ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလျက် နှစ်ဖွာရှိုက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ကျုပ်ရဲ့တာအိုကျောင်းနဲ့ဗုဒ္ဓဂိုဏ်းပူပေါင်းတဲ့အကျိုးဆက်ကို ခင်ဗျား သိသင့်တယ်၊ နဂါးနှိမ်နင်းပညာရှိ။ ဒီနေရာမှာ ကျုပ် ခင်ကျင်းထားတဲ့အစီအရင်က ဒီကုန်းမြေရဲ့ကမ္ဘာစိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနေတယ်၊ စုပ်ယူထားတဲ့သွေးနဲ့စိတ်ဝိညာဉ်တွေကို အသုံးပြုပြီး ကြောက်စရာကောင်းတဲ့သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို နောက်ဆုံးမှာ ဖြစ်ပေါ်စေတယ်။ ဒီဆရာသခင်တွေရဲ့အကူအညီမပါရင်တောင် ကျုပ့်ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ဒီအစီအရင်ထဲမှာ ခင်ဗျားတို့အားလုံးကို သတ်ဖြတ်နိုင်တယ်”
“ဒါပေမယ့် ခင်ဗျားရဲ့အသက်ကို ထိန်းထားနိုင်ပါသေးတယ်။ ခင်ဗျားအနေနဲ့ နောင်တရအညံ့ခံပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ပဲ လိုတယ်”
“သူ့အသက်ကို ချမ်းသာပေးဖို့က အဆင်ပြေပါတယ်၊ ဂိုဏ်းချုပ်ထန်။ ဒါပေမယ့် ပျော်ရွှင်ခြင်းနန်းတော်က ပျောက်ကွယ်ရမယ်”မျက်နှာမည်းဗုဒ္ဓက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည် “ဒီကျင့်ကြံခြင်းပညာရပ်ကို နောက်ထပ်ဖြန့်ဝေဖို့ ဗုဒ္ဓဂိုဏ်းက ဘယ်တော့မှ ခွင့်မပြုတော့ဘူး။ ပြီးတော့ သူက ကျုပ်တို့နဲ့အတူ ဗုဒ္ဓဂိုဏ်းကို ပြန်လိုက်ပြီး နှစ်တစ်ရာအကျဉ်းချခံရမယ်”
နဂါးနှိမ်နင်းပညာရှိက နှုတ်ဆိတ်သွားသော်ငြား သူ့နှလုံးသားထဲရှိ ရုန်းကန်မှုက မရပ်တန့်ခဲ့ပေ။
လက်စားချေခြင်းက ဒီနှစ်များတစ်လျှောက် သူ့ဆန္ဒရှိနေသောအရာဖြစ်သည်။ မတိုက်ခိုက်ဘဲ အညံ့ခံရန် သူ့အား ဖိအားပေးခြင်းက သူ့အတွက် မဖြစ်နိုင်လုနီးပါးပင်။ သို့သော် လက်ရှိတွင် သူက ယခုလိုအနေအထားတစ်ခုကို ရင်ဆိုင်နေရသည်။ အနီးနားမှာ ဗုဒ္ဓဂိုဏ်းက ခေါ်လာတဲ့ အခြားသူတွေ ရှိနေနိုင်လား။ ထို့ပြင် ထန်ရှုက အစီအရင်ခင်းကျင်းထားသော်ငြား သူ့ကိုယ်သူကာကွယ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သို့ပြန်သော် မျက်နှာဗုဒ္ဓက သူ့အား ဂိုဏ်းချုပ်ထန်ဟု ခေါ်ဆိုခဲ့သည်၊ ထို့ကြောင့် သူက တာအိုဂိုဏ်းတစ်ခု၏ဂိုဏ်းချုပ်ဟု ဆိုလိုသည်။ သူလဲ ဒီနေရာကို အခြားကျင့်ကြံသူတွေ ခေါ်လာခဲ့လား။ အနီးနားမှာ သူတို့တွေ ဘယ်လောက်ထိ ရှိတာလဲ။
သိမ်မွေ့သောအလင်းတစ်ခုက သူ့မျက်လုံးထဲတွင် ရုတ်တရက် လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါ့ရဲ့အပြစ်အတွက် နှစ်တစ်ရာအကျဉ်းကျခံရလို့လဲ ပြဿနာမရှိဘူး။ ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်။ အဲဒါကို မင်းတို့တွေ လက်ခံရင် ငါ ချက်ချင်း အညံ့ခံမယ်”
“မင်းက တစ်ခုခုတောင်းဆိုနိုင်သေးတယ်လို့ ထင်တာလား၊ နဂါးနှိမ်နင်းပညာရှိ”မျက်နှာမည်းဗုဒ္ဓက အော်လိုက်သည်။
ဘုန်းကြီး၏တောင်းဆိုချက်ကို ရေးရေးလေးခန့်မှန်းနိုင်သောကြောင့် သတ်ဖြတ်လိုစိတ်က ထန်ရှု၏နှလုံးသားထဲ၌ လိမ့်တက်လာသည်။ သို့သော် သူက စိတ်မဝင်စားစွာနှင့် မေးလိုက်၏ “ခင်ဗျားရဲ့တောင်းဆိုချက်ကို ပြောပါ”
နဂါးနှိမ်နင်းပညာရှိက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက ပျောက်နေတယ်။ သူမကို ငါက မြေတောင်မြှောက်ပေးခဲ့တယ်၊ သူမက ငါ့ရဲ့အနီးကပ်ဆုံးဆွေမျိုးလို့ ပြောနိုင်တယ်။ မင်းတို့က သူ့ကို ရှာဖွေပြီး ဗုဒ္ဓဂိုဏ်းမှာ ငါနဲ့အတူ နှစ်တစ်ရာအကျဉ်းကျစေမယ်ဆိုရင် မင်းတို့ရဲ့တောင်းဆိုချက်ကို ငါ သဘောတူမယ်။ မဟုတ်လို့ကတော့ တိုက်ပွဲကို ရှောင်လွဲလို့ရမှာမဟုတ်ဘဲ အဆိုးဆုံးတွေဖြစ်လာရင် ငါ့ကို သတ်ချင်ရင်တောင် မင်းတို့က ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခု ပေးချေရမယ်လို့ ငါ အာမခံတယ်”
သေချာပေါက် လုံလောက်ပြီ။
ထန်ရှု၏မျက်လုံးများက လက်သွားပြီး ဘုန်းကြီး၏လက်မခံလိုမှုအား သူက အာရုံခံနိုင်သည်။တကယ်တော့ နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ်အသက်ရှင်ပြီးနောက် သူက ဘယ်လိုလုပ်ပြီး ရာစုနှစ်တစ်ခုကြာ အကျဉ်းကျရန် ဆန္ဒရှိမည်နည်း။ ပျော်ရွှင်ခြင်းနန်းတော်သခင်မက မီးပြင်းဖိုတစ်ခုအဖြစ် သူ စီစဉ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်ကိုပင် ဖော်ပြစရာမလိုပေ။ သူမအား ဝါးမျိုပြီးသည်နှင့် သူ၏ကျင့်ကြံခြင်းက တစ်ဟုန်ထိုးတက်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဤဘုန်းကြီးက သူနှင့်ပင် စွမ်းအားချင်း ညီမျှလာနိုင်သည်၊ ဗုဒ္ဓဂိုဏ်းမှတစ်ယောက်ကမှ သူ့အား ထိန်းချုပ်နိုင်မည်မဟုတ်တော့ပေ။
ထိုအချိန်ကျလျှင် သူက ဗုဒ္ဓဂိုဏ်းအတွက် ကပ်ဆိုးတတစ်ခုဖြစ်လာပေလိမ့်မည်။
ထို့နောက် သူက ဘုန်းကြီးဆယ့်ရှစ်ယောက်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည် “ဆရာသခင်တို့အားလုံး၊ နောင်တရပြီး သူတို့ကိုယ်သူတို ပြန်ပြုပြင်တဲ့သူတွေက ဗုဒ္ဓဖြစ်လာနိုင်တယ်၊ ဒါပေမယ့် ရက်စက်တဲ့ရည်ရွယ်ချက်တွေ ထိန်းသိမ်းထားတဲ့သူတွေက ဗုဒ္ဓရဲ့လည်ပင်းကို သူတို့ရဲ့သားသတ်ဓားနဲ့ ချိန်ရွယ်အုံးမှာပဲ။ သူ့နှလုံးသားထဲကနတ်ဆိုးက သန်မာလွန်တယ်၊ ဗုဒ္ဓဂိုဏ်းအပေါ် သူ့ရဲ့အမုန်းက အစွန်းရောက်နေတယ်။ သူ့အပေါ် ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကို မေ့လိုက်တော့”
မျက်နှာမည်းဗုဒ္ဓက ထန်ရှုအား အံ့အားသင့်သောအကြည့်နှင့် ကြည်ကာ နားမလည်သောမျက်နှာနှင့် မေးလိုက်သည် “မင်းက ဒါ ဘာဆိုလိုတာလဲ၊ ဂိုဏ်းချုပ်ထန်”
“သူ ပြောခဲ့တဲ့ ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မဆိုတာ သူ့အတွက် ပြင်ဆင်ထားတဲ့ အမျိုးသမီးမီးပြင်းဖိုတစ်ခုပဲ။ သူမကို ဝါးမျိုလိုက်တာနဲ့ သူက သူမခန္ဓာကိုယ်ထဲကစွမ်းအင်အားလုံးကို လုယက်ပြီး သူ့စွမ်းအားကို တိုးမြှင့်လိမ့်မယ်။ အဲလိုဖြစ်လာရင် သူ့စွမ်းအားပမာဏကို ဆရာသခင်တို့အားလုံး သိထားရမယ်။ အဲအခါကျရင် ဗုဒ္ဓဂိုဏ်းက ဘယ်သူကများ သူ့ကို ထိန်းချုပ်နိုင်မှာလဲ။ သူ့ရဲ့သိုင်းညီအကိုတွေအတွက် လက်စားချေဖို့ အစုလိုက်အပြုံသတ်ဖြတ်မှုတစ်ခုကို မကျူးလွန်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ”
မျက်နှာမည်းဗုဒ္ဓ၏မျက်လုံးထဲရှိသတ်ဖြတ်လိုစိတ်က ပြန်လည်ထွက်ပေါ်လာသည်။
“ဂိုဏ်းချုပ်ထန်ပြောတာ မှန်တယ်။ သူ့အခြေအနေကို ပြောတဲ့အချိန်မှာ နဂါးနှိမ်နင်းပညာရှိဆီမှာ အဲဒီဆိုးယုတ်တဲ့ရည်ရွယ်ချက်ရှိတယ်”ကျောက်စိမ်းဗုဒ္ဓက ခေါင်းညိတ်ကာ ပြော၏ “သူက ရိုးရိုးသားသားနဲ့ နောင်တရမယ်လို့ အစက ငါ ထင်ထားတာ၊ သူ့မှာ အကြံစည်ရှိနေတာပဲ။ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် အမျိုးသမီးတစ်ယောက်ကို မီးပြင်းဖိုတစ်ခုအဖြစ် အသုံးပြုတာက ရူးမိုက်တာပဲ။ ပျော်ရွှင်ခြင်းဂိုဏ်းရဲ့တပည့်တွေအားလုံးက နတ်ဆိုးလမ်းကြောင်းထဲကို ကျရောက်ပြီး ကယ်လို့မရတော့ပုံပဲ။ ဒီလိုဆိုတော့မှ ဒီဘုန်းကြီးက ကပ်ဘေးကို ဒီကမ္ဘာကနေ မောင်းထုတ်ပေးရမှာပေါ့”
ထို့နောက် သူက လက်ကောက်ဝတ်မှ ရွှေရောင်စိန်လက်ကောက်တစ်ခုအား ယူထုတ်လိုက်သည်။ မန္တန်ရွတ်ရင်း စိန်လက်ကောက်က ပိုပိုကြီးလာပြီး ကျောက်စိမ်းဗုဒ္ဓ၏အရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ အခိုက်အတန့်တစ်ခုအတွင်း စိန်လက်ကောက်က နဂါးနှိမ်နင်းပညာရှိပေါ်သို့ ကျရောက်သွားကာ သူ့အား တိုက်ခိုက်လိုက်၏။
“ချီး….ဒါက ဗုဒ္ဓဂိုဏ်းရဲ့အထွတ်အထိပ်ရတနာဖြစ်တဲ့ကျောက်စိမ်းလက်ကောက်ပဲ။ မင်းက ဒီနန်းတော်သခင်နဲ့အတူ ပျောက်ကွယ်သွားချင်တာလား။ ဒီလိုဆိုမှတော့ ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်ကြနဲ့တော့။ ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်တွေအားလုံး၊ ငါ့အမိန့်ကို နာခံပြီး သူတို့ကို သတ်ပစ်။ မင်းတို့က ဒီရန်သူတွေအားလုံးကို သတ်နိုင်တာနဲ့ မင်းတို့ပေါ်က ချိတ်ပိတ်စည်းကို ငါ ဖြုတ်ပေးမယ်၊ ပြီးရင် ကျင့်ကြံခြင်းအရင်းအမြစ်များစွာလဲ ချီးမြှင့်မယ်”နဂါးနှိမ်နင်းပညာရှိက အော်ပြောပြီးနောက် သူ့လက်ထဲရှိတောင်ဝှေးကို မြှောက်ကာ စိန်လက်ကောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
အုံး…
ပြင်းထန်သောစွမ်းအင်က ပေါက်ကွဲထွက်လာပြီး နဂါးနှိမ်နင်းပညာရှိက လက်ထုံသလို ဖြစ်သွား၏၊ သွေးစီးကြောင်းတစ်ခုက သူ့ပါးစပ်မှ ထပ်မံစီးကျလာ၏။ သူ့ခန္ဓာကိုယ်က နောက်သို့ ချက်ချင်း လွင့်ထွက်သွား၏၊ သို့သော် စိန်လက်ကောက်သည်လည်း ဆယ်မီတာအကွာသို့ လွင့်စင်သွားသည်။
ကျောက်စိမ်းဗုဒ္ဓ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မယုံနိုင်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ နဂါးနှိမ်နင်းပညာရှင်ကသာ ဒဏ်ရာမရထားလျှင် သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားမည်မှာ သေချာသည်။ သူက လျင်မြန်စွာ အော်လိုက်၏ “ညီအကိုတို့၊ ဒီလူက နတ်ဆိုးလမ်းကြောင်းထဲကို ကျရောက်သွားပြီးနောက် အရင်ကထက် အများကြီးပိုသန်မာလာတယ်။ ငါတို့တွေ အတူအကွ ပူးပေါင်းပြီး ဒီအန္တရာယ်တွေကို ဖယ်ရှားပစ်ရမယ်”