← Chapters

လိုက်ကာချခြင်း

Vol. 85 Ch. 1187

လိုက်ကာချခြင်း

Vol. 85 Ch. 1187

“သတ်…”

“သတ်…”

ကျန်ရှိသောဘုန်းကြီးများက နဂါးနှိမ်နင်းပညာရှိထံ ဉက္ကာပျံများအလား ပြေးသွား၏။ ရာစုနှစ်ချီကျင့်ကြံထားသည့်ဘုန်းကြီးများအနေနှင့် တစ်ယောက်မှ အားမနည်းသည်မှာ သဘာဝပင်။ သူတို့ထဲတွင် အားအနည်းဆုံးက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများနှင့် ညီမျှပြီး မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်။ သူတို့ပူးပေါင်းခြင်းဖြင့် သူတို့အားတိုက်ခိုက်လာသည့်ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်ဆယ်ယောက်အား သတ်ဖြတ်ရန် အသက်ရှုချိန်အနည်းငယ်သာ ကြာ၏။

ထန်ရှုက သတ်ဖြတ်ခြင်း၌ မပါဝင်ပေ၊ သူ့ပုံရိပ်က တောင်ထိပ်သို့ ရွေ့လျားသွား၏။ ထိုနေရာတွင် သူက အစီအရင်တစ်ခုလုံးအား ထိန်းချုပ်ရန် လိုအပ်သည်။ သူက အစီအရင်ကို မထိန်းချုပ်ခင် နဂါးနှိမ်နင်းပညာရှိနှင့်သူ့လူများက အသက်စွန့်ကာ သူ့အား တိုက်ခိုက်ခဲ့လျှင် သူတို့အနေနှင့် ဤနေရာမှ ထွက်သွားရန် အခွင့်အရေးတစ်ခုရှိလာနိုင်သည်။ သို့သော် ယခုကား သူတို့အတွက် နောက်ကျလွန်းလေပြီ။

အစီအရင်အလယ်ဗဟိုတွင်။

ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်၊ အစီအရင်မှတစ်ဆင့် မျိုးရိုးဗီဇစစ်သည်တော်ရာချီက အစီအရင်စွမ်းအင်ဒိုင်းကာအား တိုက်ခိုက်နေသည်ကို သူက မြင်နိုင်ပေ၏။

“မင်းတို့အားလုံး အရင်ဆုံး သေရမယ်”

အေးစက်သောအလင်းတစ်ခုက သူ့မျက်လုံးထဲတွင် လက်သွားပြီး သူက အစီအရင်အား အပြည့်အဝလည်ပတ်လိုက်သည်။ အမှောင်တိမ်တိုက်များက တောင်တစ်ခုလုံး ပိတ်ဖုံးလာပြီး လျှပ်စီးမိုးကြိုးများက အမှောင်တိမ်တိုက်များမှ စတင်ထွက်ပေါ်လာကာ မျိုးရိုးဗီဇစစ်သည်တော်များထံ ပြေးဝင်တိုက်ခိုက်လာကြ၏။ တစ်ချိန်တည်းတွင် အက်စစ်မိုးက ကောင်းကင်မှ ရွာသွန်းကျလာ၏။

“အာ…”

“ချီးလိုပဲ…”

“ဒီအယုတ်တမာက ဘာလဲဟ…”

“…”

မျိုးရိုးဗီဇစစ်သည်တော်ရာချီက သတိပေါ့လျော့နေသဖြင့် လျှပ်စီးမိုးကြိုးများက ရင်ဘက်အား ထိမှန်ကာ ခေါင်းအား ထိုးဖောက်သွားသည်ကို အကူအညီမဲ့စွာ ကြည့်ရုံသာ တတ်နိုင်သည်။ သူတို့ထဲတွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူဆယ်ယောက်ကျော်က လျှပ်စီးမိုးကြိုးတိုက်ခိုက်မှုအား ရှောင်တိမ်းသွားနိုင်ခဲ့သည်၊ သို့သော် သူတို့က အက်စစ်မိုးများက မလွတ်မြောက်နိုင်ပေ။ ထိုကဲ့သို့သောအခြေအနေအောက်တွင် သန်မာသောတိုက်စားမှုက သူတို့အား ပြုတ်ကျစေပြီး လျှပ်စီးမိုးကြိုးများအတွက် လွယ်ကူသောပစ်မှတ်များဖြစ်လာကြ၏။

တောင်အလယ်တွင် ပတ်ဝန်းကျင်ရှိ ကမ္ဘာပျက်သလိုမြင်ကွင်းအား မြင်ပြီး ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်အားလုံး၏မျက်နှာများက အပြင်းအထန် ပြောင်းလဲသွားသည်။ သူတို့တစ်ကိုယ်လုံးက အေးစိမ့်လာပြီး သူတို့၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်အားလုံးက ကုန်ဆုံးလုနီးပါးဖြစ်လာ၏။

နဂါးနှိမ်နင်းပညာရှိအား ဘုန်းကြီးလေးယောက်က ဝိုင်းထားသည်။ အထူးသဖြင့် မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့၏တိုက်ကွက်များက သူ့အား အကြိမ်တိုင်း အေးစိမ့်စိမ့်ဖြစ်စေသည်။ သူက အချိန်ကြာ တိုက်ခိုက်လာလေလေ၊ သူ့ဒဏ်ရာများက ပိုဆိုးလာလေဖြစ်၏၊ ထို့ပြင် ပတ်ဝန်းကျင်ရှိ လျှပ်စီးမိုးကြိုးများကလည်း ထိုဘုန်းကြီးများထက် သူ့အား ပိုထိခိုက်စေသည်။

“မင်းတို့အယုတ်တမာကောင်တွေ၊ မျက်နှာမည်းဗုဒ္ဓနဲ့ကျောက်စိမ်းဗုဒ္ဓ။ ငါ့ရဲ့ဒဏ်ရာကြောင့်မဟုတ်ရင် မင်းတို့ဘုန်းကြီးတွေက ငါ့ကို တိုက်ခိုက်နိုင်မှာလား။ မင်းတို့က အခြားသူတွေကို အခွင့်အရေးယူရမယ်ဆိုတာပဲသိတဲ့ အရှက်မရှိတဲ့လူရမ်းကားတစ်အုပ်ပဲ။ မင်းတို့မှာ အရည်အချင်းရှိရင် ငါ ကုသဖို့ အချိန်ပဲပေးလိုက်၊ ငါ မင်းတို့အားလုံးကို သတ်ပစ်ပြမယ်”

သူ၏စိတ်ဆွမှုက မျက်နှာမည်းဗုဒ္ဓ၊ ကျောက်စိမ်းဗုဒ္ဓနှင့် အခြားသူများ၏သတ်ဖြတ်ခြင်းဆန္ဒအား ပြင်းထန်သွားစေသည်။ သူတို့က ပြန်မဖြေဘဲ ဓမ္မာမှော်စွမ်းရည်များကို အဆက်မပြတ်ထုတ်ဖော်ခဲ့ကြပြီး ပညာရှိ၏ဒဏ်ရာက ပိုပြင်းထန်လာစေသည်။

ဝှစ်…

အစီအရင်အား အလုံးစုံအသက်သွင်းထားပြီဖြစ်သဖြင့် ထန်ရှုက ပြန်လာသည်။ သူ့ပုံရိပ်က တစ္ဆေတစ်ကောင်အလား ရွေ့လျားသွား၏။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သူ့စွမ်းအားနှင့်အတူ ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်များအလယ်တွင် စိတ်လွတ်ကိုယ်လွတ်သတ်ဖြတ်ရန်က အလွယ်လေးပင်၊ သူ့ပုံရိပ်ထွက်ပေါ်လာသည့်နေရာတိုင်းတွင် အလောင်းများက မြေပြင်ပေါ်သို့ အဆက်မပြတ်ပြုတ်ကျနေလျက်ရှိသည်။

ပျော်ရွှင်ခြင်းနန်းတော်ကျွမ်းကျင်သူတစ်ယောက်အား ဓားမြှောင်နှင့် ထိုးစိုက်ပြီးနောက် ထန်ရှုက သူ့အလောင်းအား နဂါးနှိမ်နင်းပညာရှိကန်ထုတ်ကာ နောက်မှ လိုက်ပါသွား၏။

“ဟမ်”

သူ့နောက်လိုက်က သူ့ထံ ပျံသန်းလာနေသည်ကို မြင်ပြီး စိုးရိမ်ရမည့်အစား နဂါးနှိမ်နင်းပညာရှိက ဝမ်းသာသွားပြီး သူ့စွမ်းအားအား ပေါက်ကွဲထွက်စေကာ မျက်နှာမည်းဗုဒ္ဓတို့လေးယောက်အား ဖိအားပေးလိုက်သည်။ သူက သူ့နောက်လိုက်ဘေး၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ ဒဏ်ရာအရင်ကုသရန် သူက ဤနေရာမှ ထွက်ပြေးချင်သည်၊ ပြီးမှ ထိုဘုန်းကြီးများအား ထပ်မံလက်စားချေရမည်။

ရွှမ်း…

နတ်ဘုရားဓားက လက်သွားပြီး ခန္ဓာကိုယ်အား နှစ်ပိုင်းပိုင်းကာ ပညာရှိ၏လက်မောင်းအား ဖြတ်တောက်သွားသည်။ တစ်ချိန်တည်းတွင် လေအမျှင်တန်းတစ်ခုက ကြိုးတစ်ချောင်းပမာ ပညာရှိ၏ခြေထောက်အား ချက်ချင်း ရစ်ပတ်လိုက်၏။ သူ့မျက်နှာက အပြင်းအထန်ပြောင်းလဲနေစဉ် နတ်ဘုရားဓားက သူ့ရင်ဘက်အား ထိုးဖောက်သွားသည်။

ဝှစ်…

ရွှေရောင်ဗုဒ္ဓဆာရီရာက နဂါးနှိမ်နင်းပညာရှိ၏ရင်ဘက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အဝေးသို့ ပျံသန်းသွား၏။

ထန်ရှု၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခုက လက်သွားပြီး သူက မိုးကြိုးမန္တန်တစ်ခု ထုတ်ဖော်လိုက်သည်။ လျှပ်စီးမိုးကြိုးများက ရွှေရောင်ဆာရီရာအား တည့်မတ်စွာ ထိမှန်သွားပြီး ၎င်းအား အပြီးတိုင်ဝါးမျိုလိုက်၏။

ဝှစ်…ဝှစ်…ဝှစ်…

မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့က ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ နှစ်ယောက်သား လက်အုပ်ချီကာ ဉီးညွှတ်လိုက်သည် “ဂိုဏ်းချုပ်ထန်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ နဂါးနှိမ်နင်းပညာရှိရဲ့ခွန်အားက ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူက ဒဏ်ရာအပြင်းအထန်မရထားရင် ငါတို့လေးယောက်ပူးပေါင်းထားရင်တောင် သူ့ကို တိုက်ခိုက်နိုင်လိမ့်မှာမဟုတ်ဘူး”

“ဟုတ်တယ်၊ နတ်ဆိုးလမ်းကြောင်းထဲကို ခြေချတာက ခွန်အားကို တစ်ဟုန်ထိုးတက်စေတာပဲ။ သူ့ကြောင့် ဂျပန်မှာ အမျိုးသမီးများစွာ ထိခိုက်ပျက်ဆီးခဲ့မှာ သေချာတယ်။ သူ လုပ်ခဲ့တာတွေက သူ့ရဲ့ကျင့်ကြံခြင်းအတွက် ကောင်းပေမယ့် သူ့ရဲ့ဗုဒ္ဓနှလုံးသားကို တဖြည်းဖြည်းကြေမွစေတယ်။ ဒါပေမယ့် အခု သူ သေသွားပြီပေါ့လေ။ သူ့ရဲ့အပြစ်တွေအတွက် အကြွေးဆပ်တယ်လို့ပဲ ဆိုရမှာပေါ့”

“လူ့နှလုံးသားနဲ့ဆန္ဓက ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးအရာတွေ တကယ်ကို ဖြစ်လာနိုင်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “သူ့အပြစ်ကို သူ သိပေမယ့် နောင်တရတဲ့စိတ်မရှိခဲ့ဘူး။ ဒီတော့ အနာဂတ်မှာ ဒုက္ခမများဖို့အတွက် သူ့ကို အခြားရွေးချယ်စရာမရှိတော့ဘူးပေါ့”

ထိုသို့ပြောပြီးနောက် သူက လှည့်ပတ်ကြည့်ကာ သက်ပြင်းချလိုက်သည် “အသက်ထောင်ချီက ဒီနေရာမှာ မြေမြှုပ်ရတော့မှာပဲ၊ ငါ့ရဲ့နှလုံးသားကတောင် ဒါကို လက်မခံနိုင်တော့ဘူး”

မျက်နှာမည်းဗုဒ္ဓက နက်ရှိုင်းသောအသံနှင့် ကြားဖြတ်ပြောလိုက်သည် “မင်းရဲ့ကြင်နာတတ်သောနှလုံးသားက ဒီဘုန်းကြီးကို အရမ်းခံစားမိစေပါတယ်၊ ဂိုဏ်းချုပ်ထန်။ ပျော်ရွှင်ခြင်းနန်းတော်နဲ့မျိုးရိုးဗီဇစခန်းမှလူတိုင်းက ထူထဲတဲ့သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုရှိတယ်၊ သူတို့က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုလိုတာပဲ။ သူတို့က ဒီလိုကံကြမ္မာနဲ့ ထိုက်တန်တာကြောင့် သူတို့ရဲ့သေဆုံးမှုအတွက် ဘယ်လိုသနားတာမျိုးကိုမှ ငါ မခံစားမိဘူး။ ဒါ့အပြင် ဆိုးယုတ်တဲ့လူတစ်ယောက်ကို သတ်တာက လူကောင်းမရေမတွက်များစွာကို ကယ်ဆယ်တာပဲလေ”

“တကယ်မှန်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဗုဒ္ဓလမ်းစဉ်ကို နှစ်မျိုးခွဲခြားထားပေမယ့် မဟာတာအိုမှာ လမ်းကြောင်းတွေအသင်္ချေရှိတယ်၊ ဒါပေမယ့် မတူညီတဲ့လမ်းကြောင်းတစ်ခုစီက တူညီတဲ့ပန်းတိုင်ကို ရောက်ရမှာပဲ။ ဆရာသခင်တို့အားလုံး၊ ဒါကို အဆုံးသတ်ကြစို့…”

“သတ်…”

မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့က ခေါင်းညိတ်လိုက်ကြပြီး သူတို့ပုံရိပ်များက ပတ်ဝန်းကျင်သို့ ရွေ့လျားသွား၏။

ဓားအရိပ်များက သွေးမြင်ကွင်းများအား ထပ်မံဖန်တီးလာပြန်သည်။

သူ့နှလုံးသားက ကျောက်တုံးအလား မာကျောလျက် ထန်ရှုက ညင်သာမနေဘဲ စိတ်လွတ်ကိုယ်လွတ်သတ်ဖြတ်ခဲ့သည်။

နာရီဝက်ကုန်ဆုံးသွား၏။

ဘုန်းကြီးဆယ့်ရှစ်ယောက်ထဲမှ လေးယောက်က သေသွားပြီး ကျန်လူများကလည်း ဒဏ်ရာရခဲ့သည်၊ နှစ်ယောက်က ဒဏ်ရာပြင်းထန်သည်။ သူတို့ထံ သန့်စင်ကုသဆေးအား ထန်ရှုက အချိန်မီပေးခဲ့ခြင်းကြောင့်မဟုတ်လျှင် သူတို့က သေသွားခဲ့ချေပြီ။ ရန်သူများ၏အရေအတွက်က များလွန်းသဖြင့် သူတို့ထဲတွင် အားအကောင်းဆုံးဖြစ်သည့်မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့ပင် အမာရွတ်များပြည့်လျက် ဗုဒ္ဓစွမ်းအားတို့ ကုန်ခန်းနေလေသည်။

“ဒီဆေးကို ယူလိုက်ပါ”

ထန်ရှုက ကျောက်စိမ်းပုလင်းတစ်လုံးယူကာ မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့အရှေ့သို့ လျှောက်လာသည်။ သူတို့ထံ ကမ်းပေးပြီးနောက် သူက ပြောလိုက်၏ “ခင်ဗျားတို့ရဲ့ဒဏ်ရာက သေးသေးလေးဆိုပေမယ့် မကြာခင်သက်သာနိုင်ရင် အကောင်းဆုံးပဲ။ ကျုပ်တို့က အခု ဂျပန်မှာ ရှိနေတာဆိုတော့ ဘယ်လိုအန္တရာယ်က ဒီနေရာမှာ ထွက်ပေါ်လာနိုင်သလဲဆိုတာ မသိဘူး။ ခင်ဗျားရဲ့ခွန်အားကို အထွတ်အထိပ်ထိ အမြန်ဆုံး သိုလှောင်နိုင်လေလေ၊ ဘေးဒုက္ခကို ပိုကာကွယ်နိုင်လေလေပဲ”

“…”

မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့က သူ့အား ကျေးဇူးတင်သောအကြည့်နှင့် ကြည့်လိုက်ကြသည်။ ကျောက်စိမ်းပုလင်းကို လက်ခံပြီးနောက် သူတို့က သန့်စင်ကုသဆေးအား ချက်ချင်း သောက်လိုက်ကြ၏။

ထန်ရှုက တစ်ခုခုအား စိုးရိမ်နေသည်ကို သူတို့က မသိပေ။ သူ အာရုံခံမိခဲ့သည့် ထိုသန်မာသောစိတ်ဝိညာဉ်သုံးခုက အဝေးမှ ရောက်လာသော်ငြား သူတို့က ဂျပန်သို့ ပြေးလာပြီး သူ့ကိစ္စ၌ ဝင်စွက်မဖက်ဟု ဘယ်သူက ပြောနိုင်မည်နည်း။ သူတို့က လူအချို့အား ဤနေရာသို့ လွှတ်ခဲ့လျှင် နောက်ထပ်တိုက်ပွဲတစ်ခုက မလွဲမသေဖြစ်လာပေလိမ့်မည်။

များမကြာမီ လူတိုင်းက လငေးတောင်တန်းမှ အောင်မြင်စွာ ထွက်ခွာလာကြ၏၊ နှစ်ဖွဲ့ခွဲလျက် ပျော်ရွှင်ခြင်းနန်းတော်နှင့်မျိုးရိုးဗီဇစခန်းတို့ရှိရာသို့ သွားကြသည်။ ပျော်ရွှင်ခြင်းနန်းတော်၏နေရာအား အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသည်ကို ဘုန်းကြီးများက သိသည်၊ ထို့ကြောင့် သူတို့က မျိုးရိုးဗီစခန်းရှိရာသို့ ဉီးတည်ကြပြီး ရှေ့တစ်ခုအား ထန်ရှုအား လွှဲပေးခဲ့သည်။

သို့သော် ထန်ရှုက ထိုနေရာသို့ ရေက်လာချိန်တွင် မိုအားဝူတို့အဖွဲ့က ကျွန်းပေါ်ရှိ ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်အားလုံးအား သတ်ဖြတ်ကာ နေရာအား သိမ်းပိုက်ထားပြီဖြစ်၏။

“ငါတို့တွေ ကြီးကြီးမားမားရိတ်သိမ်းနိုင်ခဲ့တယ်၊ ဂိုဏ်းချုပ်…”

စိတ်လှုပ်ရှားသောအကြည့်နှင့် မိုအားဝူက သူ့ထံ လျင်မြန်စွာ လျှောက်လာကာ ဆိုလိုက်သည်။

“မင်းက ဘာရိတ်သိမ်းမှုအကြောင်း ပြောနေတာလဲ”ထန်ရှုက မေးငေါ့ကာ မေးလိုက်သည်။

“ငါ့နောက်လိုက်လာရင် ဂိုဏ်းချုပ် သိပါလိမ့်မယ်”မိုအားဝူက ပြောသည် “ပျော်ရွှင်ခြင်းနန်းတော်က ဂျပန်မှာ တည်ရှိတာ ဆယ်စုနှစ်ချီရှိပြီ၊ သူတို့ရဲ့စုဆောင်းမှုက အတော်လေးအံ့အားသင့်စရာကောင်းတယ်။ အဖိုးတန်ဆေးပင်တွေနဲ့အမျိုးမျိုးသောကျင့်ကြံခြင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး မပြောနဲ့အုံး၊ ရွှေငွေတွေနဲ့တင် ငါတို့ကို တုန်လှုပ်စေဖို့ လုံလောက်တယ်။ ဟုတ်တယ်၊ ရှေးဟောင်းပစ္စည်းတန်ပေါင်းများစွာကိုလဲ ရခဲ့တယ်။ သူတို့အားလုံးက ပစ္စည်းကောင်းတွေပဲ”

ထန်ရှု၏စိတ်ဝင်စားမှုက မြင့်တက်သွားပြီး သူက မိုအားဝူနောက်မှ စံအိမ်တစ်ခုဆီသို့ လိုက်သွား၏၊ သို့သော် ယခုကဲ့သို့သောရှေးဟောင်းစံအိမ်တစ်ခုထဲတွင် ဓာတ်လှေကားတစ်ခုရှိခြင်းက သူ့အား အတော်လေးအံ့အားသင့်သွားစေသည်။ ဓာတ်လှေကားသို့ ဝင်ရောက်ပြီးနောက် ဓာတ်လှေကားတွင် ခလုတ်များရှိသည်ကို မြင်လိုက်ရပြီး အဆောက်အဉီးက အခြားသုံးထပ်ရှိသည်ကိုလည်း မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

“မြေအောက်နေရာလပ်လား”ထန်ရှုက မေးလိုက်သည်။

မိုအားဝူက ခေါင်းညိတ်ကာ ပြော၏ “တတိယအထပ်မှာ ရွှေငွေနဲ့ကျောက်မျက်ရတနာတွေ သိမ်းထားတယ်။ သူတို့အားလုံးကို သယ်သွားရင် ကျုပ်တို့က ရတနာကွန်ရက်တစ်ခုကိုတောင် တည်ဆောက်နိုင်မယ်လို့ ထင်တယ်။ ဒုတိယအထပ်က ရှေးဟောင်းပစ္စည်းတွေ၊ တန်ဖိုးကြီးသတ္တုတွေ၊ သားရဲအရိုးတွေအတွက် မြေတိုက်တစ်ခုပဲ။ ပထမထပ်မှာတော့ တန်ဖိုးကြီးဆေးပင်မျိုးစုံရှိတယ်”

ထန်ရှုက မြင်တွေ့ရန် မစောင့်နိုင်တော့ပေ။ လက်ရှိတွင် သူ့ထံတွင် အကင်းမဲ့ဆုံးက ကျင့်ကြံခြင်းအရင်းအမြစ်များပင် မဟုတ်လော။

များမကြာမီ ဓာတ်လှေကားက တတိယထပ်တွင် ရပ်သွား၏။ ထန်ရှုက ဓာတ်လှေကားမှ ထွက်ကာ တံခါးဖွင့်လိုက်သည်၊ သူ့ရှေ့ရှိမြင်ကွင်းက သူ့အား အတော်လေးထိတ်လန့်တုန်လှုပ်သွားစေသည်။

All Chapters