← Chapters

အခန်း (၃၃၇)

Vol. 25 Ch. 337

အခန်း (၃၃၇)

Vol. 25 Ch. 337

ထိုဓားချက်သည် ဓားစံအိမ်ရှေ့တွင် သူဓားထုတ်ခဲ့သောအချိန်များအတိုင်းဖြစ်သည်။

သူက အသံကုန်ဟစ်လိုက်သည်။

“ဓားတစ်သန်းကိုဆွဲထုတ်ပြီး တောင်ကိုဖြိုခွဲမယ်”

သူအသံသည် တောင်နှင့်မြစ်များကို တုန်ခါသွားစေပြီး လက်ထဲတွင်ရှိသောဓားသည် ကျဆင်းလာခဲ့သည်။

ဓားအလင်းသည် အလွန်တောက်ပနေသော ဓားရှည်တစ်လက်အဖြစ် စုစည်းသွားသည်။

ဓားသည် ပုံစံဖြစ်တည်လာပြီး ထူးခြားသောချီစွမ်းအင်အလင်းများ တောက်ပနေသည်။

“သေစမ်း ဓားအရှိန်အဝါပဲ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ဒါက ဓားအရှိန်အဝါလေ”

“အသက်တစ်ရာမပြည့်သေးတဲ့လူက ဓားအရှိန်အဝါကို စုစည်းနိုင်တယ်။ သူရူးနေတာလား”

အာမေဍိတ်သံများကြားတွင် ဓားအလင်းသည် ရပ်တန့်မသွားဘဲ ခုတ်ချလိုက်သည်။

ဓားသည် တောက်ပနေသောအလင်းအဖြစ်ပြောင်းလဲ၍ ဖျတ်ခနဲလှုပ်ရှားလိုက်သည်။

ထိုအလင်းသည် မိုင်သုံးရာရှည်သည်။

ဓားအလင်းသည် ကောင်းကင်ပေါ်ရှိတိမ်များကိုထိုးခွဲသွားပြီး လောယန်ချောက်နက်၏ မတ်စောက်သောတောင်နံရံကို ထိမှန်သွားသည်။

တောင်ပြိုကျလာသည်။

ဓားကို အကြိမ်ရေတစ်သန်းဆွဲထုတ်ခဲ့ပြီး ဓားတစ်ချက်နှင့် တောင်ဖြိုနိုင်သည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

တောင်များပျက်စီးသွားသည်။

မြေပြိုကျလာသည်။

မိုင်သုံးရာရှည်သော လေထန်နေသည့် လောယန်ချောက်နက်သည် ပြန့်ပြူးသွားခဲ့သည်။

တောင်ပြိုကျလာပြီး ကျောက်တုံးများပြုတ်ကျနေသည်။ လင်းရှန်က ဓားကိုင်၍ လေထုထဲတွင်ရပ်နေသည်။ သူက တစ်ဖက်သို့လှည့်ပြီး တည်ငြိမ်စွာပြောသည်။ “စီနီယာအစ်ကိုဟန်ကပြောတယ် လှေတွေအတွက် မတိုက်ခိုက်နဲ့တဲ့”

ကျားလင်မြစ်၏ကောင်းကင်ထက်တွင် တောင်ပြိုကျလာသောအသံပဲ ရှိနေသည်။

ဓားတစ်ချက်နှင့် မိုင်သုံးရာရှည်သောချောက်နက်တစ်ခုကို ဖန်တီးလိုက်သောအခါတွင် မြစ်ရေစီးသည် ပြောင်းလဲသွားခဲ့သည်။

ကျင့်ကြံသူများက အဆင့်မြင့်လာသောအခါ များသောအားဖြင့် ခွန်အားအသုံးပြု၍ လောကကို ပြောင်းလဲခြင်းမလုပ်ကြပေ။

လောကတွင် တာအိုရှိသည်။ သူတို့က လောကကို သာမန်ကာလျှံကာတိုက်ခိုက်လိုက်မည်ဆိုလျှင် လောက၏မုန်းတီးခြင်းကို ခံရလိမ့်မည်။

သို့သော် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဓားတစ်ချက်ဖြင့် တောင်နှင့်မြစ်ကိုခွဲခြမ်း၍ မိုင်သုံးရာရှည်သောချောက်နက်ဖြစ်လာအောင် လုပ်နိုင်သောလူများ သိပ်မရှိပေ။

ထိုခွန်အားသည် ဓားစွမ်းအားနှင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါင်းစပ်ထားခြင်းဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကိုအသုံးပြု၍ တောင်နှင့်မြစ်များကိုခွဲခြမ်းလိုက်ပြီး လောကကိုတုန်ခါသွားစေသည်။ သို့သော် လောက၏မုန်းတီးခြင်းကို မခံရနိုင်ပေ။

“အစ်ကိုထို့ပါ့၊ အရင်က မီးတောက်မိစ္ဆာတောင်ကြားမှာ မင်းက ဓားချက်ထုတ်သုံးခဲ့သေးတယ်မဟုတ်လား။ ပြီးတော့ နောက်ပိုင်းမှာ တခြားတစ်ယောက်ကလည်း ဓားချက်ထုတ်သုံးခဲ့တယ်” တိမ်တိုက်များထဲတွင် လူတစ်ယောက်က တီးတိုးပြောသည်။

ထို့ပါ့ချန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “သူကလည်း ကျောက်တုံးသုံးတုံးစံအိမ်ရဲ့ တပည့်တစ်ယောက်ပဲ”

“ကျောက်တုံးသုံးတုံးစံအိမ်”

“ကျောက်တုံးသုံးတုံးစံအိမ်ရဲ့ပိုင်ရှင်က ထို့ပါ့ချန်မဟုတ်ဘူးလား”

“အသက်တစ်ရာမပြည့်သေးတဲ့ ရွှေအမြုတေအဆင့်ဓားပါရမီရှင်က ထို့ပါ့ချန်ရဲ့တပည့်ပေါ့”

တိမ်တိုက်များထဲတွင် မရေမတွက်နိုင်လောက်သော အာမေဍိတ်သံများထွက်လာသည်။

ထို့ပါ့ချန်က ခံစားချက်များနှင့်အတူ အောက်သို့ကြည့်သည်။

ကျောက်တုံးသုံးတုံးအစိမ်းရောင်ကျား လင်းချုံးရှောင်သည် ထို့ပါ့ချန်၏ ဂုဏ်အယူရဆုံးတပည့်ဖြစ်ခဲ့သည်။

သူက လင်းချုံးရှောင်၏ညီငယ်ကို တစ်ခါမှဂရုမစိုက်ခဲ့ပေ။

လင်းရှန်က ဓားဆွဲထုတ်ခြင်းနည်းစနစ်ကိုကျင့်ကြံခဲ့သော်လည်း ထို့ပါ့ချန်က မတားခဲ့ပေ။

လင်းရှန်က ဆယ်နှစ်ကျော်အချိန်ဖြုန်းခဲ့ပြီး ဟန်မူယဲ့နှင့် ဆုံတွေ့ခဲ့သည်။ ထို့နောက် ဓားစံအိမ်ထဲသို့ ဝင်ရောက်သွားသည်။

လင်းရှန်သည် ဓားစံအိမ်မှဖြစ်သည်။

ထိုအရာသည် ဓားစံအိမ်ဖြစ်သည်။ လင်းရှန်ကို အရာအားလုံးပေးအပ်ခဲ့သောလူသည် ဟန်မူယဲ့ဖြစ်သည်။

“ဒုတိယအစ်ကို ....”

မြစ်ကမ်းပါးတွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ပါးစပ်ကို လက်ဖြင့်အုပ်ထားသည်။ သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။

“ညီမလေးလင်း၊ အဲဒါက .... နင့်ရဲ့ ဒုတိယအစ်ကိုလား” အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူ၏ဘေးတွင် တူညီဝတ်စုံနှင့်တခြားအမျိုးသမီးကျင့်ကြံသူတစ်ယောက်က သူမကိုကူညီပေးလိုက်ပြီး မေးသည်။

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူက ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး လေးနက်စွာခေါင်းညိတ်သည်။

လင်းယွီရှ

လင်းရှန်၏ညီမ

လွန်ခဲ့သောသုံးနှစ်ခန့်တွင် သူမက ဂိုဏ်းအတွင်း၌ ကျင့်ကြံနေခဲ့ပြီး လင်းရှန်နှင့် အဆက်အသွယ်မရှိခဲ့ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ်ဂုဏ်သတင်းသည် လောကတွင်ပျံ့နှံ့နေပြီး အင်မော်တယ်ဟန်၏နာမည်သည် ပဲ့တင်ထပ်နေသော်လည်း လင်းယွီရှ၏အမြင်တွင် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကိုလေ့ကျင့်ထားသော သူမ၏ဒုတိယအစ်ကိုက ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ လူမသိဘဲဖြစ်နေလိမ့်မည်။

ဒုတိယအစ်ကို၏ပါရမီသည် အကြီးဆုံးအစ်ကိုထက် အလွန်နိမ့်ကျသည်။

ဤတစ်ကြိမ်တွင် သူမသည် ဂိုဏ်းအကြီးအကဲများနှင့်အတူ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲကိုကြည့်ရှုရန်အတွက် ရောက်လာခဲ့သည်။ သူမ၏ဒုတိယအစ်ကိုကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမ၏ဒုတိယအစ်ကိုကို ပြန်မြင်လိုက်ရသောအခါတွင် ဓားတစ်ချက်ဖြင့် တောင်နှင့်မြစ်ကို မိုင်သုံးရာအထိထိုးခွဲနိုင်သော ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသည်။ သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သောင်းချီသောလက်ရွေးစင်များကို ရှေ့ဆက်မသွားနိုင်အောင် တားဆီးခဲ့သည်။

‘နောက်ဆုံးတော့ ဒုတိယအစ်ကိုက လုပ်နိုင်ခဲ့ပြီ’

“မင်းတို့ အသက်ရှင်ချင်ရင် နဂါးလှေတွေပေါ်ကိုသွားပါ။ လှေတစ်စီးက လူဆယ်ယောက်ပိုတင်နိုင်တယ်”

“အစီအစဉ်တကျသွားပါ။ လမ်းပိတ်မထားနဲ့။ မဟုတ်ရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ရန်သူ ဖြစ်သွားလိမ့်မယ်”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

သူက နဂါးလှေများကို လုယူရန် မကြိုးစားခဲ့ပေ။ သူက လှေပျက်စီးသွားသောလက်ရွေးစင်များကို တခြားဂိုဏ်းများ၏လှေပေါ်တွင် တင်ပေးခဲ့သည်။

သူတို့၏နဂါးလှေသည် ပျက်စီးသွားသောကြောင့် ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းအတွက် ယှဉ်ပြိုင်နိုင်ရန် အရည်အချင်းမရှိတော့ပေ။

သို့သော် တခြားဂိုဏ်းများ၏နဂါးလှေကိုစီးနင်လျှင် သူတို့၏အသက်ကို ကယ်တင်နိုင်လိမ့်မည်။

ရေမိစ္ဆာလှိုင်းလုံးနှင့် အဓိကဂိုဏ်းများမှ ကျွမ်းကျင်သူများ၏ခွန်အားကြောင့် ထိုလက်ရွေးစင်တပည့်များသည် နိုးထလာခဲ့သည်။

သူတို့၏ခွန်အားနှင့်ဆိုလျှင် ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းအတွက် မတိုက်ခိုက်နိုင်ရုံတင်မကဘဲ ရှင်သန်နိုင်ရန်လည်း မသေချာပေ။

“ညီအစ်ကိုဟူချောင်၊ အရင်တုန်းက ငါတို့ အတူတူခရီးသွားခဲ့ကြတယ်။ ဒီနေ့မှာ ငါက ခိုလှုံဖို့လာခဲ့တယ်။ ငါ့ကို ခေါ်သွားနိုင်မလား”

“တောင်လေးလုံးဓားဂိုဏ်းက ဒီပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ကတိပေးတယ်။ ငါတို့ကိုခေါ်သွားနိုင်မယ့်လှေ ရှိမလား”

“စုန်းမတောင်ကုန်းတာအိုဂိုဏ်း၊ ငါတို့ရဲ့ လောင်ကျွမ်းနေမင်းဓားဂိုဏ်းက မင်းတို့နဲ့ အိမ်နီးချင်းဂိုဏ်းပါ။ ကျေးဇူးပြုပြီး ငါတို့ထဲကတစ်ယောက်ကို ခေါ်သွားပါ”

ကျောက်ဆောင်ပေါ်တွင် အသံများထွက်လာသည်။ တချို့လှေများသည် လူများခေါ်ဆောင်သွားရန်အတွက် အရင်ကမ်းလှမ်းခဲ့သည်။

ခဏအကြာတွင် လူများအားလုံး နဂါးလှေအသီးသီးပေါ်သို့ ရောက်သွားသည်။

ပေတစ်ရာရှိသောနဂါးလှေပေါ်တွင် လူဆယ်ယောက်ထပ်ရောက်လာသောကြောင့် ကျပ်တည်းသွားခြင်းမရှိပေ။

ထိုလူများသည် အလကားကူညီပေးရန် ရောက်လာခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အင်မော်တယ်ဟန်က ထိုစည်းကမ်းကို ချမှတ်ခဲ့သည်။

စည်းကမ်းများ

လူတစ်ယောက်က ကောင်းကင်ထက်တွင်ပျောက်ကွယ်သွားသောတိမ်တိုက်များကို မော့ကြည့်သည်။

ထိုအရာသည် ဂိုဏ်းကိုးဂိုဏ်း၏ ဖော်ပြမထားသောစည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

‘ဒါက နှစ်ထောင်ချီအတွင်းမှာ ပထမဆုံးအကြိမ်မဟုတ်လား’

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဖြစ်လာဖို့ တကယ်ရည်ရွယ်ထားတာလား’

ထိုအချိန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းပေါ်တွင်ရှိသော လူတိုင်း၏အကြည့်များ ပြောင်းလဲသွားသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကိုလွှမ်းမိုးဖို့ တကယ်ရည်ရွယ်ထားတာပဲ ....” မြစ်ကမ်းပါးတွင် လူတစ်ယောက်က ညင်သာစွာသက်ပြင်းချသည်။

စည်းကမ်းချမှတ်ခြင်း

ဆုံးဖြတ်ခြင်း

‘ဒါကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အဆင့်မြင့်ပုဂ္ဂိုလ်တွေက စီစဉ်ထားခဲ့တာလား။ ဒါမှမဟုတ် ဓားအင်မော်တယ်ရဲ့အကြံလား’

လူတိုင်းက ကျောက်ဆောင်ကိုလှမ်းကြည့်သည်။

ထိုအချိန်တွင် ကျောက်ဆောင်ပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့အပြင် မျက်လုံးနှစ်ဖက်ကို အနက်ရောင်ပဝါစဖြင့်စည်းထားသော လုကောတို့ပဲ ကျန်ရစ်ခဲ့သည်။

“ကိုးဆယ်”

ရှေ့တွင် ကူယွမ်လုံ၏ ကျယ်လောင်သောအသံ ထွက်လာသည်။

သူ့လက်ထဲတွင်ရှိသောဓားအလင်းသည် ပေသုံးထောင်အထိရှိနေခဲ့သည်။ ဓားချီများပြန့်ကျဲနေပြီး သောင်းကျန်းနေသောကြောင့် မြစ်ထဲတွင် လှိုင်းထန်လာသည်။

ထိုအရာသည် အရှေ့ပင်လယ်ဓားနည်းစနစ်၏ လက္ခဏာရပ်ဖြစ်သည်။ ဓားချက်တိုင်းသည် ပိုမိုသန်မာလာပြီး လှိုင်းလုံးများသဖွယ် အဆုံးမဲ့သည်။

“ကိုးဆယ့်ငါး”

“ကိုးဆယ့်ခြောက်”

....

ကူယွမ်လုံသည် ဓားနှင့်အတူ မိစ္ဆာရေလှိုင်းများကို တားဆီးထားသည်။

သူ့ဓားကွက်သည် လင်းရှန်ကဲ့သို့ ခမ်းနားမှုမရှိသော်လည်း သူ့တိုက်ခိုက်နိုင်စွမ်းသည် လင်းရှန်ထက် အားမနည်းပေ။

သူ့နောက်တွင် နဂါးလှေများသည် လင်းရှန်၏တစ်ဖက်တစ်ချက်စီမှ ဖြတ်သန်းသွားကြသည်။

တိုက်ပွဲများမရှိပေ။

ဖြောင့်တန်းသွားသော လောယန်ချောက်နက်ကိုဝင်ရန်အတွက် တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

အသက်တစ်ရာရှုကြိမ် ပြည့်တော့မည်။

ကူယွမ်လုံ၏ဓားချက်သည် အဆုံးစွန်အထိတောက်ပပြီး ခမ်းနားနေသော်လည်း ကန့်သတ်ချက်ရှိသည်။

သန်းချီနေသောရေလှိုင်းများ စုစည်းလာပြီး အလွန်အားကောင်းသောတိုက်ခိုက်မှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။

အရှေ့ပင်လယ်၏ဓားအလင်းသည် ပိုမိုတောက်ပလေ ပြိုကွဲရန် ပိုမိုလွယ်ကူလေဖြစ်သည်။

“တစ်ရာ”

ကူယွမ်လုံသည် အော်ဟစ်လိုက်ပြီး ဓားဖြင့်ခုတ်ချသည်။

ဓားအလင်းသည် အလွန်တောက်ပပြီး ဆယ်မိုင်ပတ်လည်တွင် ရေခိုးရေငွေ့များ လှုပ်ရှားသွားသည်။

ရေမိစ္ဆာများသည် ခေါင်းမမော့ရဲဘဲ ရေထုထဲတွင် ပုန်းအောင်းနေခဲ့သည်။

“ဝေါင်း ....”

ပေထောင်ချီရှည်လျားသောပုံရိပ်များ ရေထဲမှခုန်ထွက်လာသည်။

ကူယွမ်လုံသည် ဟန်မူယဲ့ရှေ့သို့ ပြန်ရောက်လာသည်။ သူ့မျက်နှာသည် အနည်းငယ်နီရဲနေပြီး ပြင်းထန်သောအသံရှူသံနှင့်အတူ ပြောသည်။ “အစ်ကိုဟန်ကို စိတ်မပျက်စေခဲ့ဘူး”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “ဆရာမော့ရဲ့ဓားက ဓားတစ်သောင်း တစ်ခုတည်းဖြစ်သွားတဲ့အဆင့်အထိ ရောက်နေပြီမဟုတ်လား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကူယွမ်လုံသည် အံ့အားသင့်သွားသည်။

“ဓားတစ်သောင်းက ဓားတစ်လက်ဖြစ်သွားရင် ဓားတစ်လက်က ဓားတစ်သောင်းဖြစ်သွားဖို့ အချိန်ရောက်လာပြီ”

“အရှေ့ပင်လယ်ကို ငါရောက်လာရင် ဓားတစ်သောင်းက ဘာနဲ့တူလဲဆိုတာ မင်းကိုပြမယ်”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ကူယွမ်လုံနောက်ဆုတ်လာသောကြောင့် ထပ်မံစုစည်းလာသည့်လှိုင်းလုံးများကိုကြည့်သည်။

ကူယွမ်လုံသည် ဓားရိုးကို တင်းကျပ်စွာကိုင်ထားသည်။ သူ့လက်မောင်းများသည် အနည်းငယ်တုန်ခါနေသည်။

ဟန်မူယဲ့က ဓားတစ်သောင်းသည် ဓားတစ်လက်အဖြစ်ပြောင်းလဲသွားကြောင်း ပြောလိုက်သောအခါတွင် သူ့နှလုံးသားသည် ထိန်းချုပ်မရတော့ဘဲ တုန်ခါလာခဲ့သည်။

သေမျိုးဓားတစ်လက်သည် ဝိညာဉ်လက်နက်၏ဓားချီစွမ်းအားဖြင့် ဖိနှိပ်ထားခဲ့ရသကဲ့သို့ဖြစ်သည်။

‘အင်မော်တယ်ဟန်ရဲ့ဓားကျင့်ကြံခြင်းက ဘယ်လောက်အထိသန်မာနေပြီလဲ’ သူတွေးမိသည်။

“ရေမိစ္ဆာတွေရောက်လာပြီ သူတို့က ထွက်မသွားဘူးလား”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဘာလုပ်ချင်နေတာလဲ”

“အဲဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း လုပ်ချင်တာမဟုတ်ဘူး။ အင်မော်တယ်ဟန်လုပ်ချင်တာ”

မြစ်ကမ်းပါးတွင်ရှိနေသောလူများက နီးကပ်လာသောလှိုင်းလုံးများနှင့် ဟန်မူယဲ့ကို ကြည့်နေသည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားအင်မော်တယ်ဟန်က ထွက်မသွားသေးဘူးလား။ သူက လှိုင်းလုံးတွေကို ဓားနဲ့ခုခံနိုင်မှာလား’

“ဒီကျောက်ဆောင်ကို အခြေစိုက်စခန်းအနေနဲ့အသုံးပြုပြီး ရေမိစ္ဆာတွေကို နှစ်နာရီကြာအောင် တားဆီးရမယ်”

‘ရေမိစ္ဆာတွေကို နှစ်နာရီကြာအောင်တားဆီးရမှာလား’

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကောင်းကင်ထက်ရှိလူများနှင့် မြစ်ကမ်းပါးတွင်ရှိသောလူများက အံ့အားသင့်သွားသည်။

မြစ်ထဲတွင် မရေမတွက်နိုင်သော ရေမိစ္ဆာများနှင့် ပျံသန်းခြင်းတားမြစ်ဝင်္ကပါရှိသည်။ သူတို့က မည်သို့တားဆီးမည်နည်း။

အလွန်အားကောင်းသောဓားကျင့်ကြံသူတစ်ယောက်သည် မိစ္ဆာရေလှိုင်းများကို အသက်ရှုကြိမ်တစ်ရာခန့်ပဲတားဆီးနိုင်ပြီး ပြန်လာခဲ့ရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထိုကျွမ်းကျင်သူမျိုး ထပ်ရှိနေရန် မဖြစ်နိုင်ပေ။

အကယ်၍ ကျွမ်းကျင်သူများ ထပ်ရှိနေလျှင် ကောင်းကင်ဘုံကို ဖီဆန်နေလိမ့်မည်။

“ခလွမ် ....”

ဓားမြည်သံနှစ်ခုသည် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နဂါးလှေပေါ်တွင် တိုက်ရိုက်တပည့်အသစ်ဖြစ်သော ဟယ်ရွှမ်ချီသည် ပျံသန်းလာခဲ့သည်။ သူ့လက်ထဲတွင်ရှိသောဓားနှစ်လက်သည် လှိုင်းလုံးများကိုထိုးဖောက်၍ ပေတစ်ထောင်ရှည်သောငါးတစ်ကောင်နှင့် ဝင်တိုက်သွားသည်။

ဓားအလင်းနှစ်ခုသည် မသန်မာသောကြောင့် ဧရာမငါးကြီး၏ကြေးခွံပေါ်တွင် မီးပွားတချို့ပဲ ထွက်လာစေသည်။

ထိုငါး၏ခွန်အားသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်သည်။

ဟယ်ရွှမ်ချီသည် ဓားနှစ်လက်ကို တစ်လက်တည်းအဖြစ်ပေါင်းစည်းထားသည်။

“ငါလုပ်မယ်”

All Chapters