← Chapters

အခန်း (၃၃၈)

Vol. 25 Ch. 338

အခန်း (၃၃၈)

Vol. 25 Ch. 338

ဓားနှစ်လက်ကိုင်ထားသောချီဆယ့်သုံးကလည်း ပျံတက်လာပြီး ဓားအလင်းများ ဖျတ်ခနဲပေါ်ထွက်လာသည်။

တပည့်များ တစ်ယောက်ပြီးတစ်ယောက်ပျံထွက်လာပြီး လှိုင်းလုံးများကို တားဆီးလိုက်သည်။

“စီနီယာအစ်ကိုဟန်၊ ယန်မင်ရွှမ်လည်း တိုက်ခိုက်ပါ့မယ်”

အလင်းတောင်ကုန်းဓားဂိုဏ်း၏ တိုက်ရိုက်တပည့်ဝတ်စုံကိုဝတ်ထားသော ယန်မင်ရွှမ်ကလည်း လှုပ်ရှားလိုက်ပြီး ဧရာမငါးကြီးတစ်ကောင်ကို တားဆီးလိုက်သည်။ သူ့လက်ထဲတွင်ရှိသောဓားသည် လှုပ်ရှားသွားခဲ့သည်။

“ခလွမ် ....” ဓားအလင်းတစ်ခုသည် လခြမ်းကွေးအသွင်ပြောင်းသွားပြီး လှိုင်းလုံးများတစ်လျှောက် ဖြတ်ပြေးသွားသည်။

လအနှစ်သာရဓားဂိုဏ်း၏နည်းစနစ်၊ လအနှစ်သာရဓားဂိုဏ်း၏ဝမ်ယွဲ့

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မိစ္ဆာရေလှိုင်းများကို အမှန်တကယ်ခုခံတော့မည်ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အင်မော်တယ်ဟန်၏စကားတစ်ခွန်းကြောင့် အားကောင်းသော လက်ရွေးစင်တပည့်အများအပြားသည် တိုက်ခိုက်ရန်အတွက် လှုပ်ရှားလာကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကျွမ်းကျင်သူအများအပြားရှိပြီး မဟာမိတ်များလည်းရှိသည်။ ထို့အပြင် အင်မော်တယ်ဟန်၏ခေါ်ဆိုမှုကို လူတစ်ရာခန့်တုံ့ပြန်ခဲ့သည်။

ထိုစွမ်းအားမျိုးသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်နေရာကို တိုက်ခိုက်နိုင်လိမ့်မည်။

ကောင်းကင်ထက်ရှိတိမ်တိုက်များပေါ်တွင် လူအများအပြားသည် ရှေ့ဆုံးတွင်ရပ်နေသော လင်တောက်တာအိုဂိုဏ်း၏ မျက်နှာတစ်ထောင်သူတော်စင်ကို ကြည့်လိုက်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်နေရာကို ပွင့်လင်းစွာတိုက်ခိုက်ချင်ရုံတင်မကဘဲ လောယန်ချောက်နက်တွင် အာရုံစိုက်မှုများကို ဆွဲယူခဲ့သည်။ ထို့အပြင် ယခုအချိန်တွင် ဟန်မူယဲ့က ရေမိစ္ဆာများကို တားဆီးချင်နေသည်။

ထိုအရာများအားလုံးသည် လင်တောက်တာအိုဂိုဏ်း၏စည်းကမ်းကို စိန်ခေါ်နေခဲ့သည်။

“ဟားဟား၊ ဒီကလေးဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်ကမဟုတ်လား”

“ရန်သူတွေကိုတားဆီးပြီး မိစ္ဆာတွေကိုသတ်ဖြတ်တာက စည်းကမ်းဖောက်တာမဟုတ်ဘူး”

“ငါက သိချင်မိတယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီရေမိစ္ဆာတွေကို နှစ်နာရီကြာအောင် တားဆီးနိုင်ပါ့မလား”

မျက်နှာတစ်ထောင်သူတော်စင်၏မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သူက အပြုံးတစ်ခုနှင့်အတူ လီမူပိုင်ကို လှည့်ကြည့်သည်။

“တာအိုရောင်းရင်းလီ၊ ရေမိစ္ဆာတွေက အရမ်းသန်မာတယ်။ တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းက နှစ်နာရီကြာအောင် တောင့်ခံထားနိုင်တယ်ဆိုရင် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအကြောင်းကို မေ့လိုက်ရအောင်။ ငါတို့ လက်လျော့လိုက်မယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် လီမူပိုင်က ပြောင်းလဲခြင်းမရှိသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

‘သူတို့က နှစ်နာရီကြာအောင် တောင့်ခံနိုင်မှာမဟုတ်ဘူး” သူတွေးမိသည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့စကားတွေက ကြားရတာကောင်းပေမဲ့ နှစ်နာရီကြာအောင် ခုခံနိုင်မှာမဟုတ်ဘူး’

‘တခြားဂိုဏ်းတွေကိုခြောက်လှန့်ပြီး ကယ်တင်ထားတဲ့လူတွေဆီကနေ ကျေးဇူးတင်တာခံချင်ရုံပဲ’

’ဓားအင်မော်တယ်က ကျင့်ကြံခြင်းပျောက်ဆုံးသွားတဲ့အချိန်မှာ လူတွေရဲ့နှလုံးသားကို ပိုပြီးနားလည်လာတဲ့ပုံပဲ’

မြစ်ကမ်းပါးတွင် လူတစ်ယောက် ခပ်ဟဟရယ်လိုက်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း နောက်ဆုတ်သွားမည့်အချိန်ကို စောင့်ကြည့်နေသည်။

‘နှစ်နာရီက မဖြစ်နိုင်ဘူး။ ဆယ့်ငါးမိနစ်လား။ ဆယ်မိနစ်လား။ ဒါမှမဟုတ် ....”

အသက်ရှူကြိမ်နှစ်ဆယ်ခန့်ကြာသောအခါတွင် ပထမဆုံးတိုက်ခိုက်ခဲ့သော ဟယ်ရွှမ်ချီက ကျောက်ဆောင်ပေါ်သို့ ပြန်ရောက်လာသည်။

သူ့မျက်နှာသည် အနည်းငယ်ဖြူဖျော့နေပြီး ဓားနှစ်လက်ကိုကိုင်ထားသည်။ သူ့ကိုယ်ပေါ်တွင် ဓားဆန္ဒနှင့်ချီစွမ်းအင်အလင်းများ ရောယှက်နေသည်။

ပေတစ်ထောင်ရှည်သောငါးသည် အလွန်သန်မာသည်။ အသက်ရှူကြိမ်နှစ်ဆယ်သည် သူ့အကန့်အသတ်ဖြစ်သည်။

သူက ဆက်လက်တိုက်ခိုက်နေလျှင် အသက်စွန့်ရလိမ့်မည်။

“ယူလိုက်”

ထိုအချိန်၌ ဟန်မူယဲ့၏လက်ထဲတွင် ချီစွမ်းအင်အလင်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။

ဟယ်ရွှမ်ချီက ဓားကိုသိမ်းလိုက်ပြီး ထိုပစ္စည်းကို ဖမ်းယူသည်။ သူ့မျက်နှာတွင် အံ့အားသင့်မှုများနှင့်ပြည့်သွားသည်။

“ဒါက အင်မော်တယ်အဆင့်ဆေးလုံးပဲ”

သူက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး လက်သီးဆုပ်ကိုဖွင့်သည်။ သူ့လက်ဝါးထဲတွင် ရွှေရောင်တောက်နေသော ဆေးလုံးတစ်လုံးရှိသည်။

ဆေးလုံးပေါ်တွင် ဝိညာဉ်အင်းကွက်များသွယ်ယှက်နေပြီး သဘာဝစွမ်းအင်အလင်းများ ထုတ်ပေးနေသည်။

‘အင်မော်တယ်အဆင့်စုယန်ဆေးလုံး၊ မြန်မြန်သောက်လိုက်။ ဒီဆေးလုံးနဲ့ဆိုရင် အသက်ရှူကြိမ်နှစ်ရာလောက်အထိ တောင့်ခံနိုင်လိမ့်မယ်”

ဟန်မူယဲ့၏မျက်နှာထားသည် တည်ငြိမ်နေသည်။ “မင်းက တန်ချိန်တစ်သိန်းနဲ့ ဖိနှိပ်ခံထားရရင်တောင် ဆက်ပြီးတိုက်ခိုက်နိုင်လိမ့်မယ်”

အင်မော်တယ်အဆင့်ဆေးလုံး

ထိုဆေးလုံးသည် တန်ချိန်တစ်သိန်းကိုခုခံပြီး ဓားဖြင့်တိုက်ခိုက်နိုင်သည်။

ကောင်းကင်ထက်တွင် ထိုဆေးလုံးကိုမြင်လိုက်ရသော မူမိသားစုခေါင်းဆောင်က မျက်ခုံးပင့်ပြီး အော်ဟစ်လိုက်သည်။ “ဒီကလေးက တကယ်အသုံးအဖြုန်းကြီးတာပဲ။ အင်မော်တယ်အဆင့်ကိုရောက်နေတဲ့ အထွတ်အထိပ် အဆင့်ခုနစ်ဆေးလုံးက တစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်သန်းတန်တယ်”

“အသည်းသန်လိုအပ်နေတဲ့လူဆိုရင် ဝိညာဉ်ကျောက်တုံးတစ်သန်းခွဲပေးလိမ့်မယ်”

ဝိညာဉ်ကျောက်တုံးတစ်သန်းခွဲ

အသက်ရှူကြိမ်နှစ်ရာအတွက် ဝိညာဉ်ကျောက်တုံးတစ်သန်းခွဲဖြင့် လဲလှယ်ခဲ့သည်။

“အဲဒီဆေးလုံးက သဘာဝစွမ်းအင်အများအပြားကိုအသုံးပြုပြီး ဒန်ထျန်နဲ့ ဝိညာဉ်သွေးကြောကို ချဲ့ထွင်ပေးလိမ့်မယ်။ အင်မော်တယ်အဆင့်ဆေးလုံးက ဆေးစွမ်းအားတွေပေါက်ကွဲထွက်လာမယ်ဆိုရင်တောင် ဒန်ထျန်နဲ့ဝိညာဉ်သွေးကြောတွေကို ချဲ့ထွင်ပေးနိုင်တဲ့စွမ်းအားတွေ ရှိနေတုန်းပဲ”

“အဲဒီဆေးလုံးက ပစ္စည်းကောင်းပဲ”

မူမိသားစုခေါင်းဆောင်က ခေါင်းခါပြီး သက်ပြင်းချသည်။ “ဒါပေမဲ့ အဲဒီလိုဆေးလုံးတွေ အများကြီးမရှိနိုင်ဘူး ....”

အများကြီးမရှိဘူး ....

အမှန်တကယ် များပြားစွာမရှိပေ။

ဆေးလုံးနှစ်ရာခန့်ပဲရှိသည်။

ဆေးလုံးများ၏ သဘာဝစွမ်းအင်အလင်းသည် ဟန်မူယဲ့၏ခေါင်းထက်တွင် ကြယ်များသဖွယ်ရှိနေသည်။

ဆေးလုံးနှစ်ရာ၏အလင်းများကြောင့် မျက်လုံးဖြင့်တိုက်ရိုက်ကြည့်ရန် ခက်ခဲနေသည်။

“ဆေးလုံးတွေက ဒီမှာပဲ။ မင်းတို့လိုအပ်ရင် ယူသုံးလိုက်”

“ဘာမှချန်မထားနဲ့။ ဆေးလုံးတွေကိုဖြိုခွဲပြီး သန့်စင်လိုက်”

“ဒီတိုက်ပွဲပြီးရင် မင်းတို့ကို တစ်လုံးစီပေးမယ်”

ဟန်မူယဲ့၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်းကြားခဲ့ရသည်။

သူတို့က ဆေးလုံးများကို လိုအပ်သလိုယူသုံးနိုင်သည်။

အင်မော်တယ်အဆင့်ဆေးလုံးသည် ပေါက်ကွဲသွားပြီး ဆေးစွမ်းအင်များထွက်ပေါ်လာသည်။

ဤတိုက်ပွဲပြီးသွားလျှင် တိုက်ခိုက်ခဲ့သူအားလုံး ဆေးလုံးတစ်လုံးစီရလိမ့်မည်။

ထိုအချိန်တွင် မြစ်ထဲတွင်ရှိသော၊ မြစ်ကမ်းပါးနှစ်ဖက်တွင်ရှိသော၊ ကောင်းကင်ပေါ်တွင်ရှိသော ကျင့်ကြံသူများအားလုံးသည် ဟန်မူယဲ့ကို ငေးကြည့်နေမိသည်။

‘အဲဒီဆေးလုံးတွေက အရမ်းအဖိုးတန်တယ်လေ’

‘အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဒီလိုဆေးလုံးတွေကို အများကြီးထုတ်ပေးနိုင်တဲ့ဂိုဏ်းမျိုး မရှိဘူး’

‘ရှိနေရင်တောင် ထုတ်ပေးမှာမဟုတ်ဘူး’

‘ရေမိစ္ဆာတွေကို နှစ်နာရီလောက်တားဖို့အတွက်လား’

တိမ်တိုက်များကြားတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူအများအပြားသည် ရှေ့တွင်တည်ငြိမ်စွာရှိနေသော ထို့ပါ့ချန်ကိုကြည့်လိုက်သည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အစပိုင်းမှာ ခွန်အားထုတ်ပြခဲ့တယ်။ ပြီးတော့ တာဝန်သိစိတ်နဲ့ ကူညီပေးတယ်။ အခု ကြွယ်ဝမှုကို ထုတ်ပြနေပြီလား’

“ဘုန်း”

ဟန်ရွှမ်ချီ၏လက်ထဲတွင်ရှိသော အင်မော်တယ်အဆင့်ဆေးလုံးသည် ပေါက်ကွဲသွားခဲ့သည်။ ဆေးစွမ်းအင်များသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ချက်ချင်းဆိုသလိုပဲ သူ့ဆံပင်ရှည်များ ထောင်ထလာပြီး တစ်ကိုယ်လုံးတွင် အစိမ်းရောင်ချီစွမ်းအင်များဖြင့် တောက်ပနေသည်။

“ကျေနပ်စရာကောင်းတယ်”

ဟယ်ရွှမ်ချီက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားသည်။ သူက ဓားကိုဆွဲထုတ်သည်။

ယနေ့ရည်မှန်းချက်သည် မဖြစ်နိုင်သောအရာကို အောင်မြင်စွာပြုလုပ်ရန်ဖြစ်သည်။

ဟန်မူယဲ့၏ရှေ့တွင်ရပ်နေသော ကူယွမ်လုံက လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့လက်ထဲတွင် ဆေးတစ်လုံးပေါ်လာသည်။

“ငါက နောက်တစ်ကောင်သတ်မယ်” သူက တီးတိုးပြောသည်။ ထို့နောက် ဆေးလုံကိုအသုံးမပြုဘဲ ပျံထွက်သွားသည်။

ဟန်မူယဲ့က ပြုံးသည်။

ကူယွမ်လုံသည် ဆေးလုံးအတွက် အစစ်အမှန်စွမ်းရည်ကို ထုတ်ပြတော့မည်။

“အစ်ကိုဟန်၊ ဆေးတစ်လုံးလောက်ယူလို့ရမလား” အစိမ်းရောင်ဝတ်စုံနှင့် အရပ်ရှည်သောသွမ့်ရီဟုန်က အော်ဟစ်လိုက်သည်။

အဆုံးမဲ့တာအိုဂိုဏ်း၏ တာအိုကလေးငယ်သွမ့်ရီဟုန်သည် အားကောင်းသောကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တန်ချိန်တစ်သိန်းကိုထမ်းပိုး၍ ဆန့်ကျင်တိုက်ခိုက်နေခဲ့သည်။

“မိစ္ဆာတွေကိုသတ်ဖြတ်ပြီး တားဆီးနေတဲ့လူတိုင်းက ဆေးလုံးယူနိုင်တယ်” ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ အော်ပြောသည်။

သွမ့်ရီဟုန်က ကျယ်လောင်စွာရယ်သည်။ သူက ဆေးလုံးကိုမယူဘဲ လှုပ်ရှားလိုက်သည်။ သူ့နောက်တွင် ဧရာမလိပ်ကြီးတစ်ကောင်၏ပုံရိပ် ပေါ်လာသည်။

“ဘုန်း”

ဧရာမလိပ်ကြီးသည် ရှေ့တိုးသွားခဲ့သည်။

ပေတစ်ထောင်ရှိသောလိပ်သည် ရေထုကိုဝင်တိုက်လိုက်ပြီး ပြင်းထန်သောရေလှိုင်းများ ပေါ်ထွက်လာစေသည်။

“အဲဒါက အဆုံးမဲ့တာအိုဂိုဏ်းရဲ့ သွမ့်ရီဟုန်မဟုတ်လား။ သူက အရမ်းသန်မာတာပဲ” အဝေးတစ်နေရာတွင် လက်ရွေးစင်တပည့်တစ်ယောက်က တီးတိုးရေရွတ်သည်။

“အဲဒါက ဂိုဏ်းကြီးကိုးဂိုဏ်းထဲက တစ်ဂိုဏ်းပဲလေ။ အဆုံးမဲ့တာအိုဂိုဏ်းက ဘယ်လိုလုပ်ပြီး အားနည်းမှာလဲ။ သွမ့်ရီဟုန်ကတောင် အင်မော်တယ်ဟန်နဲ့ ပူးပေါင်းချင်နေတယ်”

တပည့်တစ်ယောက်၏မျက်လုံးများက တောက်ပသွားပြီး တားဆီးခံထားရသောလှိုင်းလုံးများကို လှမ်းကြည့်သည်။

‘ငါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ပူးပေါင်းပြီး ရေမိစ္ဆာတွေကိုသတ်ဖြတ်ရင် အဖိုးတန်ဆေးလုံးတွေကို ရနိုင်တယ်။ အဲဒါက မကောင်းဘူးလား’

“အစ်ကိုဟန်၊ သမင်မြို့တာအိုဂိုဏ်းရဲ့ စွန်းယွီကျဲက ကူညီဖို့ရောက်လာပါပြီ”

အသံတစ်သံထွက်လာပြီး လှိုင်းလုံးများကို တိုက်ခိုက်လိုက်သည်။

“မြစ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျူးကျီရှင်းကလည်း အတူတူပျော်ချင်လို့ ရောက်လာပါတယ်”

“ငါလည်းအတူတူပဲ”

လက်ရွေးစင်တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာခဲ့သည်။

တိုက်ခိုက်နေသောလူများသည် အစစ်အမှန်ကျွမ်းကျင်သူများဖြစ်ပြီး မဟာမိစ္ဆာကြီးများနှင့် ရင်ဆိုင်နိုင်ရန် ယုံကြည်ချက်ရှိသည်။

ဆေးလုံးများသည် ကောင်းမွန်သော်လည်း လွယ်ကူစွာမရနိုင်ပေ။

မိစ္ဆာများနှင့်တိုက်ခိုက်ရန် ခွန်အားမရှိသောလူများအတွက် စောင့်ကြည့်နေခြင်းက ပိုကောင်းသည်။

“ဘုန်း”

လုကောသည် အောက်သို့ရိုက်ချခံလိုက်ရသည်။ သူ့ရှေ့တွင်ရှိသော ပေတစ်ရာငါးမိစ္ဆာ၏ဦးခေါင်းသည် ထိုးခုတ်ခံလိုက်ရသည်။

ငါးမိစ္ဆာသည် ပက်လက်လန်ပြီး သေဆုံးသွားခဲ့သည်။

“ခေါင်းက တကယ်မာတာပဲ” လုကောက ခေါင်းခါပြီး ရေရွတ်လိုက်သည်။

သူ့ဓားချက်သည် ငါးမိစ္ဆာကိုသတ်ဖြတ်ခဲ့သော်လည်း ငါးမိစ္ဆာ၏ဦးခေါင်းကို ပြတ်တောက်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ငါးမိစ္ဆာ၏ဝိညာဉ်ကိုပဲ ပျက်စီးသွားစေခဲ့သည်။

ကျောက်ဆောင်ပေါ်တွင်ရပ်နေသောဟန်မူယဲ့က လက်မြှောက်လိုက်သည်။ အစိမ်းရောင်အလင်းတစ်ခုသည် ရေလှိုင်းများကိုဦးဆောင်၍ ငါးအလောင်းကို ယူလိုက်သည်။

“ဒါက အရှေ့ပင်လယ်ရဲ့ ကြေးခွံနက်ငါးပဲ။ သွေးကြောဖွင့်အဆင့်မှာရှိတယ်။ ကြေးခွံနက်က အရမ်းမာကျောပြီး ဓားမတိုးဘူး”

“ဒီလိုငါးတစ်ကောင်အတွက် ဝိညာဉ်ကျောက်တုံးနှစ်သိန်း၊ ဘယ်သူလိုချင်လဲ”

ဟန်မူယဲ့က အော်ဟစ်လိုက်သည်။

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

‘ငါတို့က စီးပွားရေးလုပ်လို့ရတာလား’ သူတို့တွေးမိသည်။

“ဟားဟား၊ နှစ်သိန်းလား။ ကောင်းပြီလေ၊ ငါယူမယ်” မြစ်ကမ်းပါးမှ အသံထွက်လာသည်။

ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် ပိုးသားဝတ်စုံနှင့် ကမ်းပါးတွင်ရပ်သော ခပ်ဝဝလူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

ကျင်းကျားလင်း

အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကျင်းမိသားစုခေါင်းဆောင်

“အင်မော်တယ်ဟန်က မိစ္ဆာငါးတစ်ကောင်စီကို ဝိညာဉ်ကျောက်တုံးနှစ်သိန်းနဲ့ရောင်းမယ်ဆိုရင် ငါလည်းဝယ်ချင်တယ်” သိပ်မဝေးသောနေရာတွင် အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။

ဆိုင်ရှင်ဟယ်ဖြစ်သည်။

ကျန်းလင်ဈေးဆိုင်၏ ဆိုင်ရှင်ဟယ်

ပိုင်စုကျန်း၏ဝန်ထမ်း

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး အသတ်ခံထားရသောငါးနှစ်ကောင်ကို လှိုင်းလုံးများနှင့်အတူ ပို့ပေးလိုက်သည်။

သူက ဓားကိုအသုံးမပြုသလို အားကောင်းသောခွန်အားကိုလည်း မထုတ်ဖော်ခဲ့ပေ။ အလွန်သာမန်ဆန်သော ရေထိန်းချုပ်ခြင်းနည်းစနစ်တစ်ခုပဲ ဖြစ်သည်။

တိုက်ပွဲကိုစောင့်ကြည့်နေသောလူများသည် ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော အားနည်းသည့်ချီစွမ်းအင်ကိုပဲ အာရုံခံမိသည်။

“ဝိညာဉ်ကျောက်တုံး၊ ဝိညာဉ်ဆေးပင်၊ ဝိညာဉ်လက်နက် .... လက်ငင်းပေးရမယ်”

ဟန်မူယဲ့၏အသံ ထွက်လာသည်။

ကျင်းကျားလင်းက ကျယ်လောင်စွာရယ်လိုက်ပြီး ဝိညာဉ်ပုလဲလုံးများကို ထုတ်ပေးခဲ့သည်။

ဆိုင်ရှင်ဟယ်ကလည်း အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ကို ထုတ်ပေးသည်။

ဟန်မူယဲ့က ဝိညာဉ်ပုလဲလုံးနှင့် ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်သည်။ ထို့နောက် အများစုကို ချီစွမ်းအင်နှင့်ရစ်ပတ်၍ ရှေ့သို့တွန်းပို့ခဲ့သည်။

ဝိညာဉ်ပုလဲလုံးနှင့် ဝိညာဉ်ကျောက်တုံးများကို ရစ်ပတ်ထားသော ချီစွမ်းအင်အလုံးနှစ်ခုသည် လုကောနှင့် သွမ့်ရီဟုန်ဆီသို့ရောက်သွားသည်။ သွမ့်ရီဟုန်က မိစ္ဆာငါးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။

ဝိညာဉ်ပုလဲလုံးများသည် စုပ်ယူရန်လွယ်ကူပြီး ဝိညာဉ်ကျောက်တုံးများသည် သယ်ဆောင်ရလွယ်ကူသည်။

ဟန်မူယဲ့က ထိုပစ္စည်းများကို ခွဲဝေပေးလိုက်သည်။

သွမ့်ရီဟုန်က ရယ်လိုက်ပြီး ချီစွမ်းအင်အလင်းလုံးကို ဖမ်းယူသည်။ ထို့နောက် ချီစွမ်းအင်အလင်းလုံးကို ချေမွပြီး ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်သည်။

“ဘမ်း ....”

ရှေ့တွင် နောက်ထပ်မိစ္ဆာငါးတစ်ကောင် သေဆုံးသွားခဲ့သည်။

All Chapters