← Chapters

အခန်း (၃၃၉)

Vol. 25 Ch. 339

အခန်း (၃၃၉)

Vol. 25 Ch. 339

“ငါလိုချင်တယ်” မြစ်ကမ်းပါးတွင် လူတစ်ယောက်အော်ဟစ်လိုက်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး မိစ္ဆာငါးအလောင်းကို ပို့ပေးခဲ့သည်။

ထို့နောက် သူက ဝိညာဉ်ဆေးပင်များရခဲ့သည်။

လက်ရွေးစင်တပည့်များ လှုပ်ရှားနေသည်။

ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများသည် ခမ်းနားစွာပေါ်ထွက်လာသည်။

ဓားအလင်းနှင့်မန္တန်များသည် ရေလှိုင်းများကို ဖိနှိပ်ထားသည်။

မြစ်ကမ်းပါးနှစ်ဖက်တွင် ကျင့်ကြံသူများသည် ငါးမိစ္ဆာအလောင်းများအတွက် ဈေးပေးနေကြသည်။

ငါးမိစ္ဆာ၏ကြေးခွံများကို ဝိညာဉ်လက်နက်အဖြစ် သန့်စင်ခြင်းဖြစ်စေ သွေး၊ ချီနှင့် အရိုးများကို စုပ်ယူခြင်းဖြစ်စေ အလွန်အကျိုးရှိသည်။

ဝိညာဉ်ကျောက်တုံးနှစ်သိန်းရင်း၍ နှစ်ဆကျော်ပြန်ရနိုင်သည်။

မြစ်ကမ်းပါးတွင် လှုပ်ရှားမှုများဖြင့်ပြည့်နေသည်။

မြစ်ကမ်းပါးတွင်စောင့်ကြည့်နေသော ဂိုဏ်းအသီးသီးမှကျင့်ကြံသူများသည် မြစ်ထဲသို့ဝင်ရောက်၍ တိုက်ခိုက်ချင်လာသည်။

သူတို့သည် မိစ္ဆာကြီးများ၏အလောင်းကို မရနိုင်လျှင်ပင် ပေသုံးဆယ် ငါးဆယ်ခန့်ရှိသော ငါးမိစ္ဆာအလောင်းများသည်လည်း အလွန်ကောင်းမွန်နေဆဲဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် လွန်ခဲ့သောနှစ်သောင်းပေါင်းများစွာတွင် စတင်ခဲ့သည်။ နှစ်ရာပေါင်းအနည်းငယ်အချိန်အတွင်း၌ တစ်ကြိမ်ကျင်းပလိမ့်မည်။

ပွဲကျင်းပသောအကြိမ်တိုင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးများအတွက် တိုးတက်ရန်အချိန်ဖြစ်သည်။

ပွဲကျင်းပသောအကြိမ်တိုင်းတွင် မရေမတွက်နိုင်လောက်သောအသက်များဆုံးရှုံးပြီး ပါရမီရှင်များပေါ်ထွက်လာလိမ့်မည်။

ဂိုဏ်းတစ်ဂိုဏ်း၏ခွန်အားနှင့် တိုးတက်မှုသည် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအပေါ်တွင် မူတည်နေသည်။

ထိုအရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏စည်းကမ်းဖြစ်ပြီး ဂိုဏ်းများသည် ဂရုတစိုက်လိုက်နာရသည်။

သို့သော် ယနေ့တွင် အရာအားလုံး ရှုပ်ထွေးနေသည်။

တိမ်တိုက်များကြားတွင် နားမလည်နိုင်မှုများရှိနေသည်။

‘ဒီလိုမျိုးအရေးကြီးပြိုင်ပွဲတစ်ခုက ဘယ်လိုလုပ်ပြီး စီးပွားရေးဖြစ်သွားတာလဲ’

အမြဲတည်ငြိမ်နေခဲ့သော မျက်နှာတစ်ထောင်သူတော်စင်၏မျက်နှာသည် မည်းမှောင်သွားသည်။

သူက အေးစက်စွာနှာမှုတ်လိုက်ပြီး အင်္ကျီလက်စကိုဝှေ့ယမ်း၍ ပျောက်ကွယ်သွားသည်။

လီမူပိုင်ကလည်း ခေါင်းခါပြီး ထွက်သွားသည်။

ခဏအကြာတွင် မြစ်ရေလှိုင်းများ ဖြည်းဖြည်းချင်းရပ်တန့်သွားခဲ့သည်။

ရေမိစ္ဆာများသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ဟန်မူယဲ့ပြောခဲ့သော နှစ်နာရီပြည့်ရန် နာရီဝက်လိုသေးသည်။

လက်ရွေးစင်တပည့်များအားလုံးသည် ကျောက်ဆောင်ပေါ်တွင်ရပ်၍ တည်ငြိမ်စွာစောင့်နေသည်။

နာရီဝက်ကြာသည်အထိ မြစ်ရေပြင်သည် တည်ငြိမ်နေခဲ့သည်။

“ငါတို့နိုင်သွားပြီ”

မြစ်ကမ်းပါးပေါ်တွင် မရေမတွက်နိုင်သောအားပေးသံများ ပေါ်ထွက်လာသည်။

လက်ရွေးစင်တပည့်များကြားတွင် လူအများအပြားသည် နောင်တများနှင့်အတူ ခေါင်းခါလိုက်သည်။

‘ငါက ဘာဖြစ်လို့မတိုက်ခိုက်ခဲ့တာလဲ’

‘လုံလောက်အောင်မရသေးဘူး’

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။ ဆေးလုံးများပျံသန်းသွားပြီး တိုက်ခိုက်ခဲ့သော လက်ရွေးစင်တပည့်များဆီသို့ ရောက်သွားသည်။

နဂါးလှေများသည် ရေဆန်အတိုင်း ဆက်လက်ရွေ့လျားသွားသည်။

“ဒီတိုက်ပွဲမှာ ငါတို့ အများကြီးဆုံးရှုံးခဲ့တယ်” တာအိုဆရာတယန်က ရွေရွတ်လိုက်သည်။

“အများကြီးမဆုံးရှုံးပါဘူး။ သခင်လေးက ဆေးလုံးသန့်စင်နေတဲ့အချိန်မှာ အသုံးပြုတဲ့ဆေးပင်တွေကို ကျွန်တော်မှတ်ထားခဲ့တယ်။ ကျွန်တော်တို့က နည်းနည်းအမြတ်ရတယ်” ကျိုးယွင်လုံက ရေရွတ်လိုက်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်သည်။

သူက အမြတ်ရခဲ့သည်။

သူရရှိခဲ့သောအရာသည် ဝိညာဉ်ကျောက်တုံးများမဟုတ်ဘဲ လူများ၏နှလုံးသားဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နှစ်ပေါင်းများစွာကြာအောင်တည်ဆောက်ခဲ့သော လင်တောက်တာအိုဂိုဏ်း၏ဂုဏ်သိက္ခာသည် ပြိုကျနေသည်။

သူက လူများ၏နှလုံးသားထဲတွင်ရှိသော အတားအဆီးနှင့်စည်းကမ်းများကို ချိုးဖောက်ခဲ့သည်။

လူတိုင်း၏နှလုံးသားထဲတွင် ရည်ရွယ်ချက်များဖြစ်ပေါ်လာသည်။ ရည်ရွယ်ချက်များကြီးထွားလာရန် လွှတ်ပေးထားလိုက်မည်။

မြစ်အထက် မိုင်တစ်ထောင်အကွာတွင် လင်တောက်တာအိုဂိုဏ်း၏ နဂါးလှေရှိနေသည်။ သားတော်ခုနစ်ပါး၏ခေါင်းဆောင်ဖြစ်သော လုချင်းချန်၏မျက်နှာထားသည် မည်းမှောင်နေသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဟန်မူယဲ့က သွေးယဇ်ပူဇော်ခြင်းအစီအစဉ်ကို ဖျက်ဆီးလိမ့်မယ်”

သူ့လေသံသည် ရက်စက်မှုများဖြင့်ပြည့်နေသည်။

“အဲဒါဆိုရင်လည်း သူတို့အားလုံးကို သတ်လိုက်တာပေါ့” တင်ပျဉ်ခွေထိုင်နေသောလုချင်းယွမ်က အေးစက်စွာပြောသည်။

“ငါတို့ဂိုဏ်းနဲ့ မိစ္ဆာမျိုးနွယ်ကြားမှာရှိတဲ့ သဘောတူညီချက် ပြီးဆုံးသွားတဲ့အထိ စောင့်ရမယ်။ ချိပ်စည်းကိုချိုးဖျက်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ကျွမ်းကျင်သူတွေကို ဆင့်ခေါ်ရမယ်။ ပြီးမှ လှုပ်ရှားသင့်တယ်” တည်ငြိမ်သောအသံတစ်သံ ထွက်လာသည်။

“ကောင်းပြီ”

“သေချာတာပေါ့”

“အဲဒါဆိုလည်း စောင့်နေကြမယ်”

လင်တောက်တာအိုဂိုဏ်း၏နောက်တွင် ဂိုဏ်းအသီးသီး၏နဂါးလှေသုံးရာ ရှိနေခဲ့သည်။

လင်တောက်တာအိုဂိုဏ်းနောက်မှ နီးကပ်စွာလိုက်လာနိုင်သောနဂါးလှေများသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အားကောင်းသောဂိုဏ်းများဖြစ်သည်။

ထိုနဂါးလှေများသည် အချင်းချင်းစိုးရိမ်နေသောကြောင့် လုံခြုံသောအကွာအဝေးတစ်ခု ခြားထားသည်။

ကျားလင်မြစ်ပေါ်တွင် လူတိုင်းတိုက်ခိုက်နိုင်သည်။ သူတို့က သတိထားရမည်။

အံ့ဖွယ်ကိုပါးဓားဂိုဏ်း၏လှေသည် မိုင်တစ်ထောင်အကွာတွင်ရှိနေပြီး သူတို့နောက်သို့ လိုက်လာသည်။

နဂါးလှေများသည် လောယန်ချောက်နက်ကို ကျော်ဖြတ်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ညင်သာသောလှိုင်းလုံးများပဲရှိနေသည်။

နဂါးလှေငါးရာခန့်သည် မြစ်ပြင်ကျယ်တစ်လျှောက် ပြန့်ကျဲနေပြီး အတူတကွချီတက်လာကြသည်။

အံ့ဖွယ်ကိုပါးဓားဂိုဏ်း၏နဂါးလှေသည် ရှေ့မှဦးဆောင်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့က နဂါးလှေများ၏အလယ်တွင် ပုံမှန်အမြန်နှုန်းဖြင့် ခရီးဆက်နေသည်။

သို့သော် တခြားလူများ၏နဂါးလှေသည် အံ့ဖွယ်ကိုပါးဓားဂိုဏ်း၏နဂါးလှေနှင့် အကွာအဝေးတစ်ခုခြားထားပြီး ရှေ့တက်မလာခဲ့ပေ။

ထိုအရာသည် ခွန်အားပြသခြင်း၏ ရလဒ်ဖြစ်သည်။

သန်မာသူများသည် လေးစားခြင်းနှင့်ကြောက်ရွံ့ခြင်းကို အမြဲခံယူရလိမ့်မည်။

လှေဦးထိပ်တွင်ရှိသောဟန်မူယဲ့သည် နတ်အာရုံတစ်ဝက်ကို ရေအောက်သို့ချထားပြီး ကျန်တစ်ဝက်ဖြင့် ကောင်းကင်ကိုစောင့်ကြည့်နေသည်။

ဟန်မူယဲ့၏လက်ရှိဝိညာဉ်စွမ်းအားသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏လှုပ်ရှားမှုကို လွယ်ကူစွာအာရုံခံနိုင်သည်။

ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် ပျံသန်းခြင်းတာမြစ်ဝင်္ကပါကို အသက်သွင်းထားပြီး လှေများ၏လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။

ယခုအချိန်တွင် သူတို့၏သဘောထားသည် ယခင်နှင့်မတူတော့ပေ။

သူတို့က လင်တောက်တာအိုဂိုဏ်း၏စကားများကို အလေးထားလိုက်နာခြင်း မရှိတော့ပေ။

ထိုဖြစ်ရပ်သည် ကောင်းမွန်သောစတင်ခြင်းဖြစ်သည်။

ဟန်မူယဲ့က ရေအောက်သို့ အာရုံခံကြည့်လိုက်သောအခါတွင် အသာအယာမျက်မှောင်ကြုတ်မိသည်။

လောယန်ချောက်နက်တွင်တားဆီးထားခဲ့သော ပေတစ်ရာနှင့် ပေသုံးရာရှည်သည့် ငါးမိစ္ဆာကြီးများသည် သူတို့လှေစု၏နောက်တွင် ရှိနေသည်။

သူတို့က လှိုင်းလုံးများနှင့်အတူ လှုပ်ရှားနေကြသည်။

ယခုအချိန်တွင် သူတို့လှေစု၏အောက်တွင်ရှိသော မြစ်ရေသည် တည်ငြိမ်နေသော်လည်း ပေထောင်ချီအကွာတွင် ရေအောက်လှိုင်းလှုပ်ရှားမှုများ ရှိနေသည်။

ထူးဆန်းသောကြေးခွံနက်ငါးတစ်ကောင်သည် လျင်မြန်စွာလှုပ်ရှားလိုက်ပြီး သူတို့လှေစု၏ရှေ့သို့ ရောက်လာသည်။

ရေအောက်ပေတစ်ထောင်အကွာတွင် လှုပ်ရှားနိုင်သောငါးများသည် အနည်းဆုံး ပေငါးရာရှည်သည်။

တချို့ငါးများသည် ပေတစ်ထောင်ရှည်ပြီး နဂါးများနှင့်တူသည်။

ထိုမိစ္ဆာများသည် သေချာပေါက် ကောင်းကင်ဘုံတစ်ဝက်အဆင့်တွင် ရှိနေသည်။

ထိုငါးများသည် လှေစု၏ရှေ့သို့ရောက်လာပြီး နောက်တွင်ရှိသောငါးများနှင့်ပူးပေါင်း၍ နှစ်ဖက်ညှပ်တိုက်လျှင် လက်ရွေးစင်တပည့်အများစု သေဆုံးရလိမ့်မည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူ့နတ်အာရုံသည် စိတ်နယ်ပယ်အတွင်း၌ရှိသော ရေစက်ကိုဖြတ်သန်းသွားပြီး ရေဓာတ်လိုက်ဖက်ညီမှုကို အဆုံးစွန်အထိမြှင့်တင်ခဲ့သည်။

မြစ်အထက် မိုင်တစ်ထောင်အကွာတွင် ရေမိစ္ဆာများ ရှိနေသည်။

လူရိပ်တစ်ခု

လူသားပုံစံပြောင်းထားသော မိစ္ဆာတစ်ကောင်ဖြစ်သည်။ ထိုမိစ္ဆာသည် ရေအောက်တွင် စိုးရိမ်စွာစောင့်ဆိုင်းနေသည်။

လူသားအဖြစ်အသွင်ပြောင်းပြီး ရေအောက်ထဲတွင်နိုင်ရန်အတွက် ကမ္ဘာမြေအဆင့်မြင့်အဆင့်တွင် ရှိနေရမည်။ အနည်းဆုံး မိစ္ဆာအမြုတေကို ဖွဲ့စည်းထားရမည်။

ဟန်မူယဲ့၏နတ်အာရုံသည် ထိုမိစ္ဆာကြီးကိုမနှောင့်ယှက်ဘဲ ရှေ့သို့ ဆက်လက်ထောက်လှမ်းလိုက်သည်။

မိုင်နှစ်ထောင်အကွာတွင် ပေတစ်ထောင်ရှည်လျားသော ရေမိစ္ဆာကြီးသုံးကောင်က ရေအောက်တွင် ညင်သာစွာကူးခပ်နေသည်။ မိစ္ဆာကြီးတစ်ကောင်၏ဘေးတွင် အနက်ရောင်ချပ်ဝတ်နှင့် သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။

မိုင်သုံးထောင်အကွာ၊ ရေအောက်ပေသုံးသောင်းတွင်

ကောင်းကင်ဘုံအဆင့် အသွင်ပြောင်းမိစ္ဆာ

ဟန်မူယဲ့၏နတ်အာရုံ ရောက်လာသောအခါတွင် လူပုံစံပြောင်းထားသည့်မိစ္ဆာက တုန်ခါသွားပြီး မော့ကြည့်သည်။

“ဘုန်း”

ရေအလင်းတစ်ခုပေါက်ကွဲထွက်လာပြီး သူ့နတ်အာရုံနောက်သို့ လိုက်လာသည်။

ထိုမိစ္ဆာသည် သန်မာကြောင်း မိုင်ထောင်ချီအကွာမှ အကြည့်တစ်ချက်နှင့် သူပြောနိုင်သည်။

ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ နတ်အာရုံကို ဓားတစ်လက်အဖြစ်ပြောင်းလိုက်သည်။ ဓားသည် ညင်သာစွာလှုပ်ရှားသွားပြီး ရေအလင်းနှင့်ရင်ဆိုင်ခဲ့သည်။

ရေအလင်းသည် ဓားနှင့် ခဏတာတိုက်ခိုက်ခဲ့ပြီး ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းတွင် ဓားသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

“ဒါက အနည်းဆုံး ဝိညာဉ်သူငယ်ဒုတိယအဆင့်အထွတ်အထိပ်မှာ ရှိနေတယ်။ ဒီမိစ္ဆာကို လင်တောက်တာအိုဂိုဏ်းက နေရာချထားတာလား” ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အပေါ်သို့မော့ကြည့်သည်။

လမ်းတစ်လျှောက်တွင် သူက မိစ္ဆာအများအပြားကို မြင်ခဲ့ရသည်။ ‘လင်တောက်တာအိုဂိုဏ်းက လက်ရွေးစင်တပည့်တွေအားလုံးကို တစ်ခါတည်းဖမ်းဖို့ စီစဉ်ထားတာလား”

ဟန်မူယဲ့က ကူယွမ်လုံနှင့်တခြားသူများကို လှည့်ကြည့်သည်။

ယခုအချိန်တွင် သူတို့က ရရှိထားသောဆေးလုံးများကိုသန့်စင်လျက် ရှေ့ဆက်သွားရန် အာရုံစိုက်ထားသည်။

အင်မော်တယ်အဆင့်ဆေးလုံးကို သန့်စင်ပြီးသွားလျှင် သိသိသာသာ ခွန်အားတိုးလာလိမ့်မည်။

ကူယွမ်လုံက ဟန်မူယဲ့၏အကြည့်ကို အာရုံခံမိသောကြောင့် မျက်လုံးဖွင့်ကြည့်သည်။

“အစ်ကိုဟန်က တစ်ခုခုရှာတွေ့လို့လား”

ကူယွမ်လုံ၏ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းသည် သက်တူရွယ်တူများကြားတွင် အလွန်အားကောင်းသည်။

သူက ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော ဝိညာဉ်စွမ်းအင်လှိုင်းများကို အာရုံခံမိခဲ့သည်။

“ညီအစ်ကိုကူနဲ့ လေ့ကျင့်ရေးမှူးလင်းက နဂါးလှေကို စောင့်ရှောက်ထားလိုက်ပါ။ ငါက ရှေ့ကိုသွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်”

ဟန်မူယဲ့က မတ်တပ်ရပ်ပြီး တီးတိုးပြောသည်။

လင်းရှန်နှင့်လုကောက မတ်တပ်ရပ်လာသည်။ ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ရေထဲသို့ခုန်ချသွားသည်။

ဟန်မူယဲ့က ရေထဲသို့ခုန်ချသွားသောအခါတွင် ကူယွမ်လုံ၏လက်သီးဆုပ်များသည် တင်းကျပ်သွားသည်။

သူက ဟန်မူယဲ့ကို အာရုံမခံနိုင်ခဲ့ပေ။

‘ဟန်မူယဲ့ရဲ့ကျင့်ကြံဆင့်က ငါ့ထက်မြင့်နေတာလား’ သူတွေးမိသည်။

‘မဖြစ်နိုင်တာ’

ကူယွမ်လုံက ထိုအတွေးကို ငြင်းချက်ထုတ်လိုက်သည်။

သူ့သည် ကံကောင်းခြင်းများကို ရရှိခဲ့ပြီး ထန်တောင်ကုန်းဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သောကြောင့် မြင့်မားသောကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့သည် သူ့ထက်နောက်ကျမှ ကျင့်ကြံခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းတစ်ဂိုဏ်း၏တပည့်ဖြစ်သည်။ သူ့ထက် ကျင့်ကြံဆင့်မြင့်မားနေရန် မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် အကြောင်းပြချက်တစ်ခုပဲရှိသည်။

ရေဓာတ်လိုက်ဖက်ညီမှု

ကူယွမ်လုံ၏မျက်လုံးထဲတွင် အားကျမှုများဖြင့်ပြည့်သွားသည်။

သူကလည်း ရေဓာတ်လိုက်ဖက်ညီမှုကို ရရှိထားသောကြောင့် ရေထဲတွင်ကျင့်ကြံပြီး တိုက်ခိုက်လျှင် အလွန်ကောင်းမွန်သောအထောက်အပံ့ကို ရရှိနိုင်သည်။

ဟန်မူယဲ့တွင်လည်း အားကောင်းသော ရေဓာတ်လိုက်ဖက်ညီမှုရှိသည်။

‘သူက နောက်ကျရင် အရှေ့ပင်လယ်ကိုလာမယ်လို့ပြောတာ မထူးဆန်းတော့ပါဘူး’

ကူယွမ်လုံက ပြုံးသည်။

ဟန်မူယဲ့၏ရေဓာတ်လိုက်ဖက်ညီမှုနှင့် အရှေ့ပင်လယ်တွင်ကျင့်ကြံလျှင် နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်လိမ့်မည်။

သူက ထိုဖြစ်ရပ်ကို မျှော်လင့်နေမိသည်။

ကူယွမ်လုံက ထိုသို့တွေးထားလိမ့်မည်ဟု ဟန်မူယဲ့ထင်မထားခဲ့ပေ။

ရေအောက်တွင် ဟန်မူယဲ့၏ပတ်ပတ်လည်တွင်ရှိသောရေများက သွယ်ယှက်ပြီး ဖြန့်ထွက်သွားသည်။

သူ့ရှေ့တွင် ငါးအမျိုးမျိုးကူးခတ်နေသည်။

“ဝီ”

ညင်သာသောအသံနှင့်အတူ သူ့ပုံရိပ်သည် ငါးတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသောအခါတွင် ရေအောက်ကြမ်းပြင်သို့ရောက်လာသည်။

သူ့ခြေထောက်က မြစ်ကြမ်းပြင်ကို ထိလိုက်သောအခါတွင် ထူးဆန်းသောခွန်အားတစ်ခု တိုးဝင်လာသည်။

မြေစွမ်းအားလိုက်ဖက်ညီမှုသည် အပြည့်အဝဖြစ်တည်လာသည်။

သူ၏ ရေဓာတ်နှင့် မြေဓာတ်လိုက်ဖက်ညီမှုသည် အမြင့်ဆုံးအဆင့်အထိရောက်နေသောကြောင့် သူ့ခွန်အားနှင့်အာရုံခံနိုင်စွမ်းသည် အဆုံးစွန်အထိ ရောက်နေသည်။

သူက မိုင်တစ်သောင်းအတွင်း၌ရှိသော စွမ်းအင်လှိုင်းလှုပ်ရှားမှုများအားလုံးကို အာရုံခံနိုင်သည်။

မိုင်သုံးထောင်အကွာရှိ မြစ်ကြမ်းပြင်တွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာတစ်ကောင် အမှန်တကယ်ရှိနေသည်။

ဝိညာဉ်သူငယ်ဒုတိယအဆင့်၏ အထွတ်အထိပ်တွင်ရှိပြီး ကြေးခွံနက်ငါးမျိုးနွယ်စုမှ ဖြစ်သည်။

သို့သော် ထိုမိစ္ဆာသည် တခြားကြေးခွံနက်မိစ္ဆာများနှင့် မတူပေ။ သူ့အရှိန်အဝါသည် ပိုမိုအေးစက်သည်။

မိုင်နှစ်ထောင်အကွာတွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူသည် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

သို့သော် သူ့ကျင့်ကြံခြင်းနည်းလမ်းသည် အနည်းငယ်ထူးဆန်းသည်။ သူက သန့်စင်သော ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရုပ်ခန္ဓာကျင့်ကြံခြင်းအမွေအနှစ်များ သိပ်မရှိပေ။

ထိုလူ၏ကျင့်ကြံခြင်းသည် တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာသွေးမျိုးဆက် ကျင့်ကြံခြင်းနည်းစနစ်နှင့် တူညီသည်။

All Chapters