အခန်း (၃၄၀)
Vol. 25 Ch. 340
ထိုလူသည် အသွင်ပြောင်းထားသော မဟာမိစ္ဆာဖြစ်နိုင်သည်။
မိုင်တစ်ထောင်အကွာတွင်ရှိသော အသွင်ပြောင်းမိစ္ဆာသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသည်။
သူ့မျက်လုံးများသည် ရှည်လျားပြီးကျဉ်းမြောင်းသည်။ သူ့မျက်နှာနှင့်ဦးခေါင်းတွင် အစိမ်းရောင်ကြေးခွံများရှိနေသည်။
ကမ္ဘာမြေအထွတ်အထိပ်အဆင့်သို့ရောက်နေသော ထိုမိစ္ဆာသည် အရှေ့ပင်လယ်မှမဟုတ်ဘဲ ကျားလန်မြစ်၏ နယ်မြေခံဖြစ်သည်။
ဟန်မူယဲ့က ရေအောက်တွင် ခြေတစ်လှမ်းနှင့်အတူ မိုင်ထောင်ချီအကွာသို့ ဦးတည်ခဲ့သည်။ သူ့ပုံရိပ်သည် ရေစီးကြောင်းအသွင်ပြောင်းသွားပြီး မိုင်ထောင်ချီအကွာသို့ ဖျတ်ခနဲရောက်သွားသည်။
“ဝီ”
ရေလှိုင်းများထလာသည်။ အစိမ်းရောင်ကြေးခွံနှင့်မိစ္ဆာသည် အံ့အားသင့်သွားသည်။ သူက ခါးတွင်ချိတ်ထားသောဓားကို လက်တင်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် မီးခိုးရောင်သန်းနေသည်။
ရေအောက်ပေတစ်ထောင်အကွာတွင် အလင်းရောင်မရှိပေ။
“ရွှပ် ....”
သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဓားကို ရေပြင်ညီအတိုင်းခုတ်ချသည်။
ဓားအလင်းသည် အမှောင်ထဲတွင်တောက်ပသွားပြီး အလင်းလှိုင်းတစ်ခုဖြစ်လာသည်။
မြစ်ကြမ်းပြင်တွင် မျက်စိကျိန်းလောက်သောအလင်းတစ်ခု ပေါ်လာသည်။
ထိုဓားအလင်းမှလွဲ၍ မည်သည့်အရာမှမရှိပေ။
‘ငါက စိတ်အာရုံက အထိမခံဖြစ်နေတာထင်တယ်။ ဘာမှမရှိဘူးပဲ’
‘ဒါမှမဟုတ် ....’
အစိမ်းရောင်ကြေးခွံများနှင့်မိစ္ဆာ၏မျက်နှာထားသည် ပြောင်းလဲသွားသည်။ သူက တစ်ဖက်သို့လှည့်ချင်သော်လည်း သူ့ခန္ဓာကိုယ်သည် အဆုံးအစမရှိသော ရေထု၏ဖိနှိပ်မှုကို ခံထားရပြီး မလှုပ်ရှားနိုင်တော့ပေ။
အစိမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့သည် ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ရှေ့သို့ရောက်လာသည်။
ရေဓာတ်နှင့် မြေဓာတ်၏ အမြင့်ဆုံးအဆင့်အထိ လိုက်ဖက်ညီမှုကြောင့် ဟန်မူယဲ့သည် မြစ်ကြမ်းပြင်တွင် အိမ်နောက်ဖေးတွင်လမ်းလျှောက်နေသကဲ့သို့ အသာအယာလျှောက်လှမ်းနိုင်သည်။
ရေဓာတ်လိုက်ဖက်ညီမှုကိုအသုံးချ၍ မြစ်ကြမ်းပြင်တွင် သူအသက်သွင်းခဲ့သောစွမ်းအားသည် တန်ချိန်တစ်သန်း အလေးချိန်ရှိသည်။
တန်ချိန်တစ်သန်းစွမ်းအားသည် ချက်ချင်းစုစည်းလာပြီး အမြုတေစုစည်းခြင်းအဆင့်မိစ္ဆာကို ချုပ်နှောင်ခဲ့သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး အစိမ်းရောင်ကြေးခွံများနှင့်မိစ္ဆာ၏ဓားကို လှမ်းယူသည်။
အစိမ်းရောင်ကြေးခွံများနှင့်မိစ္ဆာသည် မျက်ခွံများတွန့်သွားသော်လည်း မလှုပ်ရှားနိုင်ခဲ့ပေ။
သူ့နှလုံးသားသည် မြစ်ရေလှိုင်းများကဲ့သို့ လှုပ်ရှားနေသည်။
‘ငါ့ရှေ့မှာရှိနေတဲ့လူက ဘယ်သူလဲ’ သူတွေးမိသည်။
‘ဒီလူက ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းရည်မျိုးရှိနေတာလဲ’
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ဓားကိုကိုင်ထားသည်။
ဓားထဲသို့ ဓားချီများတိုးဝင်သွားသည်။
“မင်းရဲ့နာမည်က အစိမ်းရောင်မုတ်ဆိတ်လား”
ကြေးခွံစိမ်းမိစ္ဆာ၏မျက်ခွံများ တွန့်သွားသည်။
“မင်းက မြစ်အထက် မိုင်နှစ်သောင်းအကွာမှာရှိတဲ့ သန့်စင်ရေကန်မှာ ကျင့်ကြံခဲ့တယ်”
ဟန်မူယဲ့က စကားများရေရွတ်နေခြင်းဖြစ်ပြီး အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာကို မေးနေခြင်းမဟုတ်ပေ။
ယခုအချိန်တွင် ဓားထဲသို့ ဓားချီဝင်ရောက်သွားပြီး သူသိချင်သောအရာအားလုံးကို စိတ်ထဲတွင် မြင်လိုက်ရသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ကျားလင်မြစ်၏နယ်မြေခံဖြစ်ပြီး ဆင့်ကဲတိုးတက်လာသော အစိမ်းရောင်ငါးတစ်ကောင်ဖြစ်သည်။
သူကျင့်ကြံခဲ့သောနေရာသည် မြစ်အထက် မိုင်နှစ်သောင်းအကွာတွင်ရှိသော သန့်စင်ရေကန်ဖြစ်သည်။
နှစ်တစ်ထောင်ကြာသည်အထိ လေ့ကျင့်ခဲ့ပြီး သန့်စင်ရေကန်အတွင်း၌ရှိသော အမွေအနှစ်များနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူက ကမ္ဘာမြေအဆင့်သို့ဝင်ရောက်ပြီး အသွင်ပြောင်းနိုင်ခဲ့သည်။
သူက လူဖြစ်လာသောအခါတွင် သူ့ဂူနန်းအတွင်း၌ရှိသော ဓားကျင့်ကြံသူတစ်ယောက်ချန်ထားခဲ့သောရတနာကို ရရှိခဲ့သည်။ အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် မိစ္ဆာဓားကျင့်ကြံသူဖြစ်လာပြီး လူသားဈေးဆိုင်တွင် ဟန်မူယဲ့ကိုင်ထားသော ဝိညာဉ်တစ်ဝက်အဆင့်ဓားကို ရခဲ့သည်။
ထို့နောက် သူက သန့်စင်ရေကန်၏လျှို့ဝှက်နေရာတစ်ခုသို့ မတော်တဆရောက်သွားသည်။
သူက ရေနဂါးတစ်ကောင်နှင့် တွေ့ခဲ့သည်။
ဟန်မူယဲ့၏မျက်လုံးများသည် အေးစက်သွားသည်။
ထိုရေနဂါးတွင် အစိမ်းရင့်ရောင်ကြေးခွံများရှိပြီး ဦးခေါင်းထက်တွင် ချိုနှစ်ချောင်းရှိသည်။ နဂါးသည် ပေငါးထောင်ရှည်လျားပြီး ချိန်းကြိုးများ၏ချည်နှောင်ခြင်းကို ခံထားရသည်။
ထိုရေနဂါးသည် သန့်စင်ရေကန်၏အောက်ခြေတွင် မလှုပ်ရှားနိုင်ဘဲ ချုပ်နှောင်ခံထားရသည်။
အစပိုင်းတွင် အကြံဆိုးများရှိသောအစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ရေနဂါးကို ဝါးမြိုချင်ခဲ့သည်။ သို့သော် သူက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ထိုမဟာမိစ္ဆာ၏ခန္ဓာကိုယ်ကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် သူ့လှုပ်ရှားမှုကြောင့် ရေနဂါးသည် နိုးထလာပြီး လက်သည်းများနှင့် သူ့ကို တစ်စစီဖြစ်လုနီးပါး တိုက်ခိုက်ခဲ့သည်။
ကံကောင်းစွာဖြင့် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ခွင့်လွှတ်ပေးရန်တောင်းပန်ခဲ့ပြီး အစိမ်းရောင်နဂါးက အသက်ချမ်းသာပေးခဲ့သည်။
သို့သော် အစိမ်းရောင်ရေနဂါးသည် သူ့ကိုယ်ပေါ်တွင် အချုပ်အနှောင်တစ်ခုချမှတ်ခဲ့ပြီး အရှေ့ပင်လယ်သို့သွား၍ ရေနဂါးကလန်ကိုဆက်သွယ်ရန် အမိန့်ပေးခဲ့သည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ရွေးချယ်စရာမရှိဘဲ တောင်ပိုင်းကုန်းမြေကိုဖြတ်သန်း၍ အန္တရာယ်အမျိုးမျိုးနှင့်ရင်ဆိုင်ပြီး မိုင်ထောင်ချီခရီးသွားခဲ့သည်။ ထို့နောက် အရှေ့ပင်လယ်သို့ရောက်လာသည်။
သို့သော် အရှေ့ပင်လယ်သို့ရောက်သွားသောအခါတွင် သူက ကြေးခွံနက်ငါးများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ကြောင်အသွားသည်။ အရှေ့ပင်လယ်၏မိစ္ဆာများအားလုံးသည် ရေနဂါးများကို လေးစားခြင်းမရှိကြောင်း သူမသိခဲ့ပေ။ ကြေးခွံနက်ငါးများသည် ရေနဂါး၏အမိန့်ကို ဆန့်ကျင်ခဲ့သည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် အစိမ်းရောင်နဂါးပေးခဲ့သောတံဆိပ်ကိုထုတ်ယူ၍ တောင်းပန်ခဲ့သည်။
သူက ကြေးခွံနက်ငါးများ၏ရိုက်နှက်ခြင်းကို မခံချင်ပေ။
သူက သိထားသောအရာများ၊ မသိသောအရာများ၊ ပြောသင့်သောအရာများ၊ မပြောသင့်သောအရာများ အားလုံးကို ထုတ်ပြောခဲ့သည်။
နောက်ဆုံးတွင် သူက ကံကောင်းစွာဖြင့် အသက်ချမ်းသာရာရခဲ့သည်။
ထို့နောက် သူက ကျားလင်မြစ်သို့ပြန်လာခဲ့သည်။
ကြေးခွံနက်ငါးများ၏ပြောစကားအရ ရေနဂါးကိုကယ်တင်ရန်အတွက် သူတို့ရောက်လာခဲ့သည်။
သို့သော် ကြေးခွံနက်ငါးများသည် ကျားလင်မြစ်တစ်လျှောက်ရှိမိစ္ဆာများကို သတ်ဖြတ်ပြီး သွေးနှင့်ဝိညာဉ်များကို ယူဆောင်ခဲ့သည်။
ကြေးခွံနက်မိစ္ဆာများသည် သွေးယဇ်ပူဇော်ခြင်းပြုလုပ်ချင်သည်ဟု သူကြားခဲ့ရသည်။
ထို့ကြောင့် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် အလွန်ကြောက်ရွံ့သွားသည်။
ယဇ်ပူဇော်ခံရမည်ကို အလွန်ကြောက်ရွံ့နေသည်။
ဓား၏ပုံရိပ်များ ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က ခေါင်းခါသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏ကျင့်ကြံခြင်းသည် အမြုတေစုစည်းခြင်းတတိယအဆင့်သို့ရောက်နေသော်လည်း အလွန်အတွေ့အကြုံနည်းသည်။
ထိုအရာသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အားနည်းချက်ဖြစ်သည်။ လုံလောက်သောအမွေအနှစ်များနှင့် သင်ကြားပေးမည့်လူမရှိသောကြောင့် ကျင့်ကြံခြင်းလောက၏ တားမြစ်ချက်နှင့် စည်းကမ်းများကို မသိကြပေ။
တစ်ကိုယ်တော်မိစ္ဆာများသည်လည်း တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် တူညီသည်။
ဓားချီသည် ဓားထဲသို့တိုးဝင်သွားသည်။ မှတ်ဉာဏ်တချို့အပြင် ဓားချီအငွေ့အသက်များ ရှိမနေပေ။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏ဓားနည်းစနစ်သည် အလွန်သာမန်ဆန်သည်။ ဓားချီကို မစုစည်းနိုင်ပေ။
“မင်းအသက်ရှင်ချင်လား” ဟန်မူယဲ့က အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏လည်ပင်းကို ဓားနှင့်ဖိထားသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏မျက်ခွံများသည် တွန့်သွားပြန်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်ဖျောက်တီးသည်။ ရေဖိအားသည် ချက်ချင်းမြင့်တက်လာသည်။
“သူတို့က ဘယ်မှာတိုက်ခိုက်ဖို့စီစဉ်ထားတာလဲ ငါ့ကိုပြော” ဟန်မူယဲ့သည် ဓားနှင့်အတူ လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ရေထဲတွင်လွတ်လပ်စွာရွေ့လျားနိုင်ပြီး သူ့နားထဲသို့စကားသံပို့ပေးနိုင်သောဟန်မူယဲ့ကို နားမလည်ခဲ့ပေ။
သူ့ကျင့်ကြံခြင်းနည်းစနစ်တွင် ဝိညာဉ်စုစည်းခြင်းမပါဝင်ခဲ့ပေ။
ထို့ကြောင့် သူ့ဝိညာဉ်သည် အားနည်းပြီး အထိခိုက်မခံပေ။
“ဘူးဟူး ....”
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ရေအောက်တွင် လက်ဟန်များပြုလုပ်ပြသည်။
ဟန်မူယဲ့က လက်မြှောက်သည်။ ချီစွမ်းအင်အလင်းတစ်ခုပေါ်ထွက်လာပြီး ငါးပေရှည်သောအလင်းလွှာတစ်ခုအဖြစ်ပြောင်းလဲ၍ ပတ်ဝန်းကျင်ရေထုကို တွန်းထုတ်သည်။
“ဆရာ၊ ကျွန်တော် မသိပါဘူး ....”
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် စိတ်ရှုပ်နေပုံရသည်။ “သူတို့က ကျွန်တော့်ကို အဲဒီအကြောင်းတွေ ပြောမပြဘူး။ ကျွန်တော်က သန့်စင်ရေကန်နဲ့ရင်းနှီးတဲ့အတွက် သူတို့နောက်ကနေ လိုက်လာနိုင်တာ”
အရာအားလုံးကိုသိနေသော ဟန်မူယဲ့ကို သူနားမလည်ပေ။
သို့သော် သူက နားမလည်လေ ကြောက်ရွံ့လေဖြစ်သည်။
သူက အစိမ်းရောင်ရေနဂါးကို တွေ့ဆုံခဲ့သောအချိန်မှစ၍ တိုးတက်နေသောကျင့်ကြံခြင်းလောကကို မြင်ခဲ့ရသည်။
အထူးသဖြင့် အရှေ့ပင်လယ်သို့သွားသောခရီးတွင် သူက မရေမတွက်နိုင်သော မိစ္ဆာကျွမ်းကျင်သူများကို မြင်ခဲ့သည်။
ကျင့်ကြံခြင်းလောကသည် အလွန်ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။
ယခု သူ့နှလုံးသားထဲတွင် ကျင့်ကြံခြင်းလောကအတွက် ရိုသေလေးစားမှုများနှင့်ပြည့်နေသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာက လိမ်ပြောနေခြင်းမဟုတ်ကြောင်း ဟန်မူယဲ့သိထားသည်။
“ငါ့ကို မိုင်တစ်ထောင်အကွာဆီခေါ်သွားလိုက်”
ဟန်မူယဲ့က အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာဆီသို့ ဓားပြန်ပေးလိုက်ပြီး ပတ်ဝန်းကျင်ရှိရေထုနှင့် တစ်သားတည်းဖြစ်သွားသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏ရှေ့တွင် သူ့ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာက မျက်လုံးပြူးသွားသည်။
‘ငါ့ရှေ့မှာရှိနေတဲ့လူက ဘယ်လိုကျွမ်းကျင်သူမျိုးလဲ’ သူတွေးမိသည်။
“သွားကြစို့”
ဟန်မူယဲ့၏အသံသည် သူ့နောက်မှထွက်လာသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာက ခါးသီးသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။ ထို့နောက် သူက ရေထဲတွင်ကူးခပ်သွားသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ရေဓာတ်လိုက်ဖက်ညီမှုကိုအသုံးချ၍ ရေစီးကြောင်းအသွင်ပြောင်းလဲပြီး အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏နောက်မှ လိုက်လာသည်။
သူက အသက်ရှူကြိမ်နှစ်ရာအထိ ရေအောက်ထဲတွင်ရှိနေခဲ့သည်။
သို့သော် ပျံသန်းခြင်းတားမြစ်ဝင်္ကပါသည် သူ့အပေါ်တွင် ဖိအားများသက်ရောက်မှုမရှိပေ။
ထိုဝင်္ကပါသည် လေထုကိုပဲထိန်းချုပ်နိုင်ပြီး ရေထဲတွင် သက်ရောက်မှုမရှိပေ။
ထို့အပြင် ဟန်မူယဲ့က ရေအောက်တွင် နတ်အာရုံများကို မခံစားမိပေ။
ဤမြစ်သည် အလွန်ကျယ်ပြန့်ပြီး ရှည်လျားသည်။ မြစ်ရေသည် အတားအဆီးမရှိဘဲ မိုင်းသောင်းချီအကွာအဝေးအထိ စီးဆင်းလာခဲ့သည်။ မြစ်ကြမ်းပြင်ကိုစစ်ဆေးရန်အတွက် နတ်အာရုံအသုံးပြုမည့်လူ မရှိနိုင်ပေ။
ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းသည် ချီစွမ်းအင်ကျင့်ကြံခြင်းထက် ပိုမိုခက်ခဲသည်။
စိတ်ခွန်အားကို ကျင့်ကြံရန်မလွယ်ကူသောကြောင့် ဖြုန်းတီးမပစ်နိုင်ပေ။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် အားနည်းသော်လည်း နှေးကွေးခြင်းမရှိပေ။ သူက နာရီဝက်အတွင်း မိုင်တစ်ထောင်အကွာသို့ရောက်သွားသည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏ သွေးနှင့်ချီစွမ်းအင်လှုပ်ရှားမှုများအရ အစွမ်းကုန်ထုတ်သုံး၍ လျင်မြန်စွာကူးခပ်နေခြင်းဖြစ်လိမ့်မည်။
“ဝီ”
ရှေ့တွင် ဝိညာဉ်စွမ်းအင်တစ်ခု ပေါ်ထွက်လာသည်။
အနက်ရောင်ချပ်ဝတ်နှင့်လူသည် မျက်လုံးဖွင့်လိုက်ပြီး အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာကိုကြည့်သည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် အသံပြုလိုက်ပြီး ရှေ့တိုးလာသည်။
ခန္ဓာကိုယ်တောင့်တင်းသောလူကြီး၏မျက်နှာတွင် အထင်သေးမှုများဖြတ်ပြေးသွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် ပေတစ်ထောင်ရှိသော ကြေးခွံနက်ငါးသုံးကောင်က ဘေးသို့ဖယ်ပေးလိုက်သည်။
“အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ခွန်အားသိပ်မရှိသောကြောင့် ပိုမိုရိုကျိုးနေသည်။
သူက သန့်စင်ရေကန်ကို ရင်းနှီးနေသောကြောင့် အသက်ရှင်ခဲ့ခြင်းဖြစ်သည်။
အနက်ရောင်ချပ်ဝတ်နှင့်လူက လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် အစိမ်းရောင်ချီစွမ်းအင်အလင်းတစ်ခုထွက်လာပြီး အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏ရှေ့တွင်ရှိသောရေထုကို ဖယ်ရှားပေးလိုက်သည်။
“မင်းက မြစ်အောက်ဘက်မှာ လူသားတွေကို စောင့်ကြည့်နေရမှာမဟုတ်ဘူးလား။ ဒီကို ဘာလာလုပ်တာလဲ”
ထိုလူသည် သွားပေါ်အောင်ပြုံးလိုက်ပြီး ရယ်သည်။ “မင်းက အဲဒီလူသားတွေသတ်တာ ခံရမှာစိုးလို့ ထွက်ပြေးလာတာတော့ မဟုတ်ဘူးမလား”
သူ့ခန့်မှန်းချက်သည် မှားယွင်းနေသော်လည်း အနည်းငယ်ဆင်တူသည်။
သူက အသတ်ခံရမှာစိုးရိမ်သောကြောင့် ပြန်လာခဲ့သည်။
အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် အံ့အားသင့်သွားသည်။
သူ့မျက်နှာထားကိုမြင်ရသောအခါတွင် အနက်ရောင်ချပ်ဝတ်နှင့်လူ၏မျက်နှာက တောင့်တင်းသွားသည်။ “မင်းက သေရမှာကြောက်လို့ တကယ်ပြန်လာတာလို့ မပြောနဲ့ ....”
သူ့မျက်နှာထားက မည်းမှောင်သွားပြီး အော်ဟစ်လိုက်သည်။ “မဟာအရှင်ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ မှားယွင်းသွားလို့မရဘူး။ မင်းက မှားယွင်းသွားအောင်လုပ်ရဲတယ်ဆိုရင် ....”
သူက စကားကိုအဆုံးမသတ်နိုင်ဘဲ မျက်နှာထားပြောင်းလဲသွားသည်။
ထိုအချိန်တွင် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် သူနှင့် ပေတစ်ရာအကွာတွင်ရှိနေသည်။
ထိုအကွာအဝေးသည် အမြုတေစုစည်းခြင်းအဆင့် မဟာမိစ္ဆာတစ်ယောက်ကို အန္တရာယ်ပေးနိုင်သည်။
သူက မသိစိတ်အလျောက် လက်မြှောက်ပြီး အသွားနှစ်ဖက်ဓားနှင့် ထိုးချလိုက်သည်။ အနက်ရောင်ဓားအလင်းသည် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာကို ဝင်တိုက်လိုက်သည်။
“ဘမ်း ....”
ဓားအလင်းသည် ရေစီးကြောင်းတစ်ခုနှင့်ဝင်တိုက်မိပြီး ပျက်စီးသွားခဲ့သည်။
အနက်ရောင်ချပ်ဝတ်နှင့်လူကြီးသည် ဓားကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားသည်။
သူ့ရှေ့ ပေသုံးဆယ်အကွာတွင် ဟန်မူယဲ့ပေါ်လာသည်။
“မင်းက တကယ်သေချင်နေတာပဲ”
ထိုလူသည် အော်ဟစ်လိုက်ပြီး ဓားဖြင့်ခုတ်ချသည်။
အသွားနှစ်ဖက်ဓားကြီးသည် မီးခိုးရောင်ရေစီးကြောင်းများကို ဟန်မူယဲ့ဆီသို့ တွန်းပို့လိုက်သည်။