← Chapters

အခန်း (၃၄၁)

Vol. 25 Ch. 341

အခန်း (၃၄၁)

Vol. 25 Ch. 341

“ဘမ်း ....”

ရေစီးကြောင်းများ ပြိုကွဲသွားသည်။

ဟန်မူယဲ့သည် ရှေ့သို့ တစ်လှမ်းတိုးလာသည်။

အနက်ရောင်ချပ်ဝတ်နှင့်လူသည် မျက်လုံးပြူးသွားသည်။

သူက ကိုယ်ပိုင်ဓားချက်၏စွမ်းအားကို နားလည်သည်။

‘ငါ့ဓားချက်ကို မရှောင်ဘဲ၊ မတားဆီးဘဲ ချေဖျက်ပစ်နိုင်တဲ့လူ ရှိနေတာလား’

‘သူက ကောင်းကင်ဘုံအဆင့်ကို ရောက်နေတာလား ....’

‘ကောင်းကင်ဘုံအဆင့်မှာ မဖြစ်နိုင်ဘူး’

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည် သူ့ကို မိုင်တစ်ရာအကွာမှ လွယ်ကူစွာဖိနှိပ်နိုင်သည်။

“မင်းဘယ်သူလဲကြည့်ရအောင်”

ထိုလူသည် ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး သူ့ဓားပေါ်တွင်ရှိသော အနက်ရောင်အလင်းသည် ထပ်မံပေါ်ထွက်လာသည်။

သူက ရွှေအမြုတေအဌမအဆင့်တွင်ရှိနေပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ရောက်ရန် တစ်ဆင့်သာလိုတော့သည်။

သူ့ရှေ့တွင်ရှိနေသောလူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ဖြစ်နေလျှင်ပင် အချိန်တိုအတွင်း၌ သူ့ကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။

သူ့ဓားချက်သည် တစ်ဖက်လူကို အသက်တစ်ခါရှုချိန်ခန့် ဖိနှိပ်ထားနိုင်လျှင် သူ့နောက်တွင်ရှိသောကြေးခွံနက်ငါးသုံးကောင်က အတူတူပူးပေါင်း၍ ရေစီးကြောင်းများကိုဖန်တီးပြီး တစ်ဖက်လူထွက်ပြေးမသွားအောင် တားဆီးနိုင်လိမ့်မည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ခြင်း။ အနက်ရောင်ချပ်ဝတ်နှင့်လူသည် ထိုအောင်မြင်မှုမျိုးကို တွေးကြည့်လိုက်သောအခါ စိတ်လှုပ်ရှားလာခဲ့သည်။

သူက လက်ထဲတွင်ရှိသောဓားကို မြှောက်လိုက်သည်။

ဟန်မူယဲ့က နောက်ဆုတ်မသွားသလို ရပ်တန့်ခြင်းလည်းမရှိပေ။

ထို့အပြင် သူ့ရှေ့တွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့်လူသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်ရန် အဆင့်မမီပေ။

ထိုလူသည် ရုပ်ခန္ဓာစွမ်းအားကိုအသုံးပြုနိုင်သော ရေအမျိုးအစားမိစ္ဆာပဲဖြစ်သည်။

ဓားအလင်းဆင်းသက်လာသည်။

ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ရေဓာတ်နှင့်မြေဓာတ်စွမ်းအင်များ သွယ်ယှက်သွားပြီး အစိမ်းရောင်နှင့်အဝါရောင် အလင်းလွှာတစ်ခု ဖြစ်လာသည်။

အလင်းလွှာ၏အပေါ်တွင် ရေများ အရောင်တောက်နေသည်။

အလင်းလွှာ၏အောက်တွင် အဝါရောင်လွင်ပြင်တစ်ခုရှိသည်။

ဓားအလင်းသည် အလင်းလွှာကိုထိုးခွဲလိုက်ပြီး ရေအလင်းကို ဖြတ်တောက်ခဲ့သည်။

သို့သော် ရေအလင်းများက လှုပ်ရှားလာပြီး ဓားအလင်းဖြတ်တောက်သွားသောနေရာကို ဖာထေးခဲ့သည်။

အနက်ရောင်ချပ်ဝတ်နှင့်လူကြီး၏မျက်နှာသည် ဖြူဖျော့သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “ရေဓာတ်လိုက်ဖက်ညီမှု၊ မြေဓာတ်လိုက်ဖက်ညီမှု ....”

‘အစိမ်းရောင်အလင်းနဲ့ အဝါရောင်းအလင်းတွေက ရေဓာတ်နဲ့ မြေဓာတ်လိုက်ဖက်ညီမှုကြောင့် ဖြစ်လာတာမဟုတ်လား’ သူတွေးမိသည်။

‘ငါ့ဓားချက်ကိုတားဆီးနိုင်ဖို့အတွက် ဓာတ်စွမ်းအင်လိုက်ဖက်ညီမှုတွေမှာ ဘယ်လိုအဆင့်မျိုးအထိ ရောက်နေပြီလဲ’

‘မဟုတ်သေးဘူး’

သူတို့က ရေထဲတွင်ရှိနေသည်။ ဓားချက်ကို ထုတ်ဖော်လိုက်သောအခါတွင် ရေစွမ်းအားများက ဓားချက်စွမ်းအားကို ချေဖျက်ခဲ့သည်။

သို့သော် တစ်ဖက်လူသည် သူ့ဓားချက်နှင့်အတူ ရေများစီးဆင်းနေသည်ဟု ထင်သွားစေရန် ပုံရိပ်ယောင်များပြုလုပ်ခဲ့သည်။

ရေထုထဲတွင် သူက တစ်ဖက်လူ၏ပြိုင်ဘက်မဟုတ်ပေ။

ထိုလူ၏ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး ဆယ်ပေရှည်သော အနက်ရောင်ဖျံတစ်ကောင်ဖြစ်သွားသည်။ သူက ခြေထောက်များကိုဖြန့်ထုတ်လိုက်ပြီး ရေပေါ်သို့တက်သွားရန်ပြင်သည်။

ဟန်မူယဲ့က ညင်သာစွာခေါင်းခါသည်။ တာအိုဆရာတယန်နှင့် ကျိုးယွင်လုံတို့ပေါ်လာသည်။ သူတို့က သွယ်ယှက်နေသောဓားအလင်းနှစ်ခုအသွင်ပြောင်းသွားပြီး ဖျံ၏ခန္ဓာကိုယ်ကို ချက်ချင်းထိုးဖောက်လိုက်သည်။

ကျိုးယွင်လုံက ဓားတစ်လက်ကိုကိုင်ထားပြီး တစ်ဖက်သို့လှည့်လာသည်။

တာအိုဆရာတယန်သည် ရွှေနက်ရောင်မိစ္ဆာအမြုတေတစ်ခုကို လက်ထဲတွင်ကိုင်ထားသည်။

ဟန်မူယဲ့၏တောင်းဆိုချက်အရ သူက ဓားဆေးလုံးကိုအသုံးပြုသောအခါတွင် ရန်သူ၏သွေးအဆီအနှစ်နှင့် ဝိညာဉ်ကို ဝါးမြိုခွင့်မရပေ။ ရွှေမြုတေသည်လည်း အကောင်းအတိုင်းရှိနေရမည်။

သူက ခွန်အားတိုးမြှင့်ရန်အတွက် လုံလောက်သောနည်းလမ်းများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဓားဆေးလုံးကိုအသုံးပြု၍ သူ့ကိုယ်သူအားဖြည့်ရန် မလိုအပ်ပေ။

“ဝေါင်း”

ကြေးခွံနက်ငါးသုံးကောင်သည် ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။

ပေတစ်ထောင်ရှိသော ကြေးခွံနက်ငါးများ၏တိုက်ခိုက်နိုင်စွမ်းသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်နှင့် အလွန်နီးကပ်နေသည်။

မြစ်ရေ၏စွမ်းအားကိုလည်း အသုံးပြုနိုင်သောကြောင့် သူတို့၏စွမ်းအားသည် ပေတစ်ထောင်မြင့်သောတောင်ကို ပြိုကျသွားစေနိုင်သည်။

ရုပ်ခန္ဓာစွမ်းအားသည် အထွတ်အထိပ်သို့ရောက်သွားသောအခါတွင် တောင်တန်း၊ မြစ်နှင့် ကြယ်များကို ဖျက်ဆီးနိုင်သည်။

ပေတစ်ထောင်ရှိသောငါးသုံးကောင် တိုးဝင်လာသောအခါ ဟန်မူယဲ့၏နောက်တွင်ရှိသော အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် တစ်ကိုယ်လုံးတုန်ခါသွားသည်။

ထိုငါးသုံးကောင်ကို မြင်လိုက်ရသောအခါတွင် တာအိုဆရာတယန်၏မျက်လုံးများ တောက်ပသွားသည်။

ကျိုးယွင်လုံကလည်း လက်ဝါးအချင်းချင်း ပွတ်သပ်နေသည်။

ထိုရေမိစ္ဆာများသည် တုံးအသော်လည်း ရုပ်ခန္ဓာစွမ်းအား အလွန်သန်မာသည်။

ထိုမိစ္ဆာများကိုခုတ်ပိုင်းလိုက်လျှင် အလွန်ကျေနပ်ဖွယ်ကောင်းလိမ့်မည်။

သို့သော် ဟန်မူယဲ့က သူတို့မျှော်လင့်ထားသကဲ့သို့ ဓားဆေးလုံးများကို ထုတ်မသုံးခဲ့ပေ။

သူ့ခေါင်းထက်တွင် ရွှေရောင်ဓားလေးတစ်ချောင်းပေါ်လာသည်။

ဝိညာဉ်လိပ်ပြာဓား

ထိုဓားပေါ်လာသောအခါတွင် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာနှင့် ကြေးခွံနက်ငါးသုံးကောင်သည် တစ်ကိုယ်လုံးတုန်ခါသွားသည်။

အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာနှင့် ကြေးခွံနက်ငါးများ၏ဝိညာဉ်သည် အားနည်းသည်။

ဝိညာဉ်လိပ်ပြာဓားမှထွက်ပေါ်လာသော ဝိညာဉ်ဖိအားသည် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာနှင့် ကြေးခွံနက်ငါးသုံးကောင်ကို ချက်ချင်းရပ်တန့်သွားစေသည်။

“ရွှပ် ....”

ဓားလေးသည် ပြေးထွက်သွားပြီး ကြေးခွံနက်ငါးတစ်ကောင်၏ဦးခေါင်းကို ထိမှန်သွားသည်။ ထို့နောက် ဦးခေါင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထိုဓားက ပြန်ပေါ်လာသောအခါတွင် တခြားကြေးခွံနက်ငါးတစ်ကောင်၏ ခေါင်းပေါ်သို့ရောက်နေသည်။

ထိုဓားလေးသည် သုံးကြိမ်တိတိလှုပ်ရှားခဲ့ပြီး ဟန်မူယဲ့၏လက်ထဲသို့ ပြန်ရောက်လာသည်။

ဓားသည် ရွှေရောင်အရိပ်တစ်ခုပဲ ကျန်တော့သည်။

ဝိညာဉ်လိပ်ပြာဓားသည် ကုန်ဆုံးသွားခဲ့သည်။

တခြားလူများဆိုလျှင် ဝိညာဉ်လိပ်ပြာဓားကို ပြန်လည်စုစည်းရန်အတွက် နှစ်ပေါင်းခြောက်ဆယ်လိုအပ်လိမ့်မည်။

ဓားလေးသည် ပျောက်ကွယ်သွားပြီး ဟန်မူယဲ့က ရှေ့တွင်ရှိသော ကြေးခွံနက်ငါးသုံးကောင်ကို ကြည့်လိုက်သည်။

ယခုအချိန်တွင် ထိုငါးများ၏ဝိညာဉ်သည် ပျက်စီးသွားခဲ့ပြီး အားကောင်းသောခန္ဓာကိုယ်များပဲ ကျန်ရစ်ခဲ့သည်။

ဟန်မူယဲ့က ကျိုးယွင်လုံယူလာသောဓားကြီးကို လှမ်းယူသည်။

သူက ဓားရိုးကိုကိုင်ပြီး ဓားချီများထည့်သွင်းလိုက်သည်။

အနက်ရောင်ချပ်ဝတ်နှင့်လူသည် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာဖြစ်သည်။

ဖျံမိစ္ဆာရှန်းထန်သည် တောင်ပိုင်းကုန်းမြေ ရေမိစ္ဆာမဟာမိတ်၏ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

တောင်ပိုင်းကုန်းမြေတွင် မဟာမိစ္ဆာကြီးများ သိပ်မရှိပေ။ သူတို့က ကလန်ကြီးများနှင့် ဆက်သွယ်နေကြသည်။

ရှန်းထန်သည် တောင်ပိုင်းကုန်းမြေ၏ တိမ်တိုက်ကြိုးကြာမိစ္ဆာမျိုးနွယ်နှင့် ပတ်သတ်နေသည်။

ဤတစ်ကြိမ်တွင် ရေမိစ္ဆာမဟာမိတ်၏အကြီးအကဲတစ်ယောက်က ကျားလင်မြစ်အထက်ပိုင်းသို့ ကြေးခွံနက်ငါးများနှင့်အတူသွားပြီး တိမ်တိုက်ကြိုးကြာမိစ္ဆာကလန်တည်ဆောက်ခဲ့သော တိမ်တိုက်ကြိုးကြာနန်းတော်ကို ရှာဖွေရန်အတွက် ရှန်းထန်ကို အနောက်ဘက်နယ်စပ်ကုန်းမြေသို့ စေလွှတ်ခဲ့သည်။

ယခင်က တိမ်တိုက်ကြိုးကြာမိစ္ဆာကလန်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဂိုဏ်းခွဲတစ်ခုတည်ဆောက်ခဲ့သည်။ ထိုဂိုဏ်းခွဲသည် ကျားလင်မြစ်၏ သန့်စင်ရေကန်တွင်ရှိသည်။

ယခင်က သန့်စင်ရေကန်သည် ရေကန်တစ်ခုမဟုတ်ခဲ့ပေ။ သို့သော် တိုက်ပွဲကြီးတစ်ခု၏အကျိုးသက်ရောက်မှုကြောင့် ကျားလင်မြစ်သည် လမ်းကြောင်းပြောင်းသွားပြီး ရေကန်တစ်ခုဖြစ်လာစေသည်။ တိမ်တိုက်ကြိုးကြာနန်းတော်သည် နစ်မြုပ်သွားခဲ့သည်။

တိမ်တိုက်ကြိုးကြာနန်းတော်တွင် ရတနာများရှိနေသေးသည်ဟု ပြောကြသည်။

တောင်းပိုင်းကုန်းမြေ၏ရေမိစ္ဆာမဟာမိတ်သည် သန့်စင်ရေကန်တွင်ရှိသော တိမ်တိုက်ကြိုးကြာနန်းတော်ကို ရှာဖွေပြီး ပြောင်းရွေ့ချင်သည့်အတွက် ကြေးခွံနက်ငါးမိစ္ဆာများနှင့် ပူးပေါင်းခဲ့သည်။

ဓားကိုင်ထားသောဟန်မူယဲ့က ပိုမိုများပြားသောမြင်ကွင်းများကို မြင်ခဲ့ရသည်။

ကြေးခွံနက်ငါးမိစ္ဆာများသည် အစိမ်းရောင်ရေနဂါးကိုသတ်ဖြတ်ရန်အတွက် လင်တောက်တာအိုဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။

အစိမ်းရောင်ရေနဂါးသည် ရေနဂါးကလန်၏ ပျောက်ကွယ်သွားခဲ့သော တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သည်။ သူက သန့်စင်ရေကန်၏အောက်ခြေတွင် ချုပ်နှောင်ခံထားရလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။

အစိမ်းရောင်ရေနဂါးကိုသတ်ဖြတ်ပြီး သွေးယဇ်ပူဇော်ခြင်းဖြင့် သွေးမျိုးဆက်စွမ်းအားများကို ထုတ်ယူနိုင်လျှင် ကြေးခွံနက်ငါးမိစ္ဆာကလန်၏ကျွမ်းကျင်သူများက ပိုမိုအားကောင်းလာလိမ့်မည်။

ထို့ကြောင့် ကြေးခွံနက်ငါးမိစ္ဆာများသည် လင်တောက်တာအိုဂိုဏ်း၏ကမ်းလှမ်းချက်ကို သဘောတူခဲ့ပြီး သန့်စင်ရေကန်သို့ဝင်ရောက်နိုင်ရန်အတွက် ထိပ်တန်းအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ပေးခဲ့သည်။

‘သွေးယဇ်ပူဇော်ခြင်း၊ အစိမ်းရောင်ရေနဂါးကို ဝိုင်းပြီးသတ်မှာလား’

‘ရေနဂါးကလန်ရဲ့ တော်ဝင်မိသားစု’

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

ထိုအလဲအလှယ်တွင် ထိပ်တန်းအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးနှစ်တုံးနှင့် အမျိုးမျိုးသောရတနာများ ရှိနေသည်။

ထိုရတနာများသည် အဖိုးတန်သော်လည်း လင်တောက်တာအိုဂိုဏ်း လိုချင်သောအရာမဟုတ်ပေ။

သူတို့က ထိပ်တန်းအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးနှစ်တုံးကိုပဲ လိုအပ်နေခြင်းဖြစ်သည်။

ထိုဝိညာဉ်ကျောက်တုံးများနှင့်ဆိုလျှင် မျက်နှာတစ်ထောင်သူတော်စင်သည် ချိပ်စည်းကိုချိုးဖျက်ပြီး ပြင်ပဘုံကျင့်ကြံသူများကို ဆင့်ခေါ်နိုင်လိမ့်မည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ကျင့်ကြံသူများ ဆင်းသက်လာလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေသည် ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံး ထိခိုက်သွားနိုင်သည်။

ဓား၏ပုံရိပ်များထဲတွင် ကြေးခွံနက်ငါးမိစ္ဆာများ၏ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူဖြစ်သော ဝူကျီထုံကို မြင်ခဲ့ရသည်။

ထိုမိစ္ဆာ၏ပြောစကားများအရ ကြေးခွံနက်မိစ္ဆာမျိုးနွယ်၏ ကောင်းကင်ဘုံအဆင့်မိစ္ဆာနှစ်ယောက် ထပ်ရောက်လာလိမ့်မည်။ သူတို့က အစိမ်းရောင်ရေနဂါးကို သတ်ဖြတ်ပြီးသောအခါတွင် နှင်းတောင်၏ နဂါးတက်လှမ်းစင်မြင့်ကို သွားလိမ့်မည်။

ထိုနေရာတွင် သူတို့လုပ်မည့်ကိစ္စရပ်များသည် လျှို့ဝှက်ချက်ဖြစ်သည်။

သူတို့က နဂါးတက်လှမ်းစင်မြင့်သို့ရောက်လျှင် ကျန်ရတနာများကို လင်တောက်တာအိုဂိုဏ်းသို့ လွှဲပေးလိမ့်မည်။

‘နဂါးတက်လှမ်းစင်မြင့်၊ နောက်ဆုံးအဖြေက အဲဒီမှာပဲ’

ဟန်မူယဲ့က ဝိညာဉ်အလယ်အလတ်အဆင့်ဓားကို သိမ်းလိုက်ပြီး သူ့ရှေ့တွင် တိတ်ဆိတ်စွာလွင့်မျောနေသော ကြေးခွံနက်ငါးသုံးကောင်ကို ကြည့်သည်။

“ကျိုးယွင်လုံ၊ ဒီငါးသုံးကောင်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်။ သူတို့က အသုံးဝင်တယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

‘ငါးမိစ္ဆာတွေရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရမှာလား’

တာအိုဆရာတယန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားသည်။

ထို့နောက် ဟန်မူယဲ့၏ရှေ့တွင်ရှိသော ငါးမိစ္ဆာတစ်ကောင်သည် သွက်လက်စွာလှုပ်ရှားလာသည်။

ကျိုးယွင်လုံကလည်း ပျောက်ကွယ်သွားပြီး ဝိညာဉ်ပျောက်ဆုံးသွားသောငါးတစ်ကောင်ကို ထိန်းချုပ်လိုက်သည်။

နောက်ဆုံးငါးတစ်ကောင်ကို ဟန်မူယဲ့၏နတ်အာရုံက ထိန်းချုပ်ထားသည်။

လူသားလောကမန္တန်မှ ရွှေအလင်းတစ်ခုထွက်ပေါ်လာပြီး ကြေးခွံနက်ငါး၏ဦးခေါင်းဆီသို့ ကျရောက်သွားသည်။ ငါး၏ကိုယ်လုံးသည် ညင်သာစွာလှုပ်ရှားလာသည်။

ထိုမြင်ကွင်းကြောင့် အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာသည် ကြောင်အသွားခဲ့သည်။

“ရှေ့ဆက်သွားမယ်” ဟန်မူယဲ့က အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာကိုကြည့်လိုက်ပြီး ထွက်သွားခဲ့သည်။

သူက ထွက်သွားသောဟန်မူယဲ့ကို ကြည့်နေခဲ့သည်။ ထို့နောက် တစ်ဖက်သို့ပြန်လှည့်လိုက်သောအခါတွင် သူ့ကိုစိုက်ကြည့်နေသော ပေတစ်ထောင်ရှည်လျားသည့်ငါးသုံးကောင်ကို မြင်လိုက်ရသည်။

သူက ခက်ခဲစွာဖြင့် အပြုံးတစ်ခုညှစ်ထုတ်လိုက်သည်။ ထို့နောက် ငါးသုံးကောင်နှင့်အတူ မြစ်အထက်ပိုင်းသို့ ကူးခပ်သွားသည်။

“အစ်ကိုဟန်”

“စီနီယာအစ်ကိုဟန် ....”

သူက ရေမျက်နှာပြင်ထက်သို့ ပြန်ရောက်လာသောအခါတွင် ကူယွမ်လုံ၊ လင်းရှန်နှင့် တခြားသူများက သူဆီသို့ ရောက်လာသည်။

ဟန်မူယဲ့က သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး လှေဦးထိပ်မှာ တင်ပျဉ်ခွေထိုင်၍ အသက်ရှူနှုန်းကို ထိန်းညှိနေသည်။

သူပြန်ရောက်လာသောအခါ ကောင်းကင်ထက်မှ များပြားသောနတ်အာရုံများ ကျဆင်းလာသည်။

ဟန်မူယဲ့က ရွှေအမြုတေကျင့်ကြံသူများ၏သံသယကို ဂရုမစိုက်ဘဲ သွေးနှင့်ချီများ လှည့်ပတ်ရာတွင် အာရုံစိုက်ထားခဲ့သည်။

ရေစွမ်းအား၊ မြေစွမ်းအားများ၏ထောက်ပံ့မှုနှင့်အတူ ရေအောက်တွင် ကြာမြင့်စွာနေခဲ့သောကြောင့် သူ့အရိုးနှင့် အရွတ်များသည် အနည်းငယ်နာကျင်နေသည်။

သူ့ခန္ဓာကိုယ်ထဲတွင် သိပ်သည်းသောစွမ်းအားများ ပေါ်ထွက်လာသည်။

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

ရေအောက်တွင်ကျင့်ကြံခြင်းသည် ရုပ်ခန္ဓာခွန်အားကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ထိုအရာသည် အံ့အားသင့်စရာတစ်ခုဖြစ်သည်။

နတ်အာရုံများသည် ဟန်မူယဲ့၏သွေးစွမ်းအားများကို ခံစားမိပြီး အနည်းငယ်တုန်ခါသွားကြသည်။

“ဟားဟား၊ ဒီအင်မော်တယ်ဟန်က ရုပ်ခန္ဓာနည်းစနစ်ကို ကျင့်ကြံနေတာပေါ့” ကောင်းကင်ထက်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က ပြုံးသည်။

“တာအိုရောင်းရင်းထို့ပါ့၊ မင်းတို့ရဲ့ ကျောက်တုံးသုံးတုံးစံအိမ်မှာ ရုပ်ခန္ဓာကျင့်ကြံခြင်းအမွေအနှစ် ရှိတယ်မဟုတ်လား။ ဒီအင်မော်တယ်ဟန်က မင်းရဲ့တပည့်လား”

ထိုလူအိုကြီး၏စကားများကို ကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

သူက ဟန်မူယဲ့၏နားလည်နိုင်စွမ်းကို သဘောကျသောကြောင့် တပည့်အဖြစ်လက်ခံချင်ခဲ့သော်လည်း အဆုံးတွင် ပျက်စီးသွားခဲ့သည်။

“အင်မော်တယ်ဟန်က တကယ်ပါရမီကောင်းတာပဲ။ သူက ဓားတာအိုကိုပြောင်းလဲပြီး ရုပ်ခန္ဓာနည်းစနစ်ကို ကျင့်ကြံခဲ့တယ်။ ကြည့်လိုက်၊ သူက ကမ္ဘာမြေအဆင့်ကို ရောက်တော့မှာမဟုတ်လား”

လူတစ်ယောက်က ပေါ့ပါးသောအပြုံးတစ်ခုနှင့်အတူ ပြောသည်။

အင်မော်တယ်ဟန်နှင့်ပတ်သတ်၍ ကြောက်စရာအကောင်းဆုံးအရာသည် ဓားတာအိုပါရမီဖြစ်သည်။ သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူ ဖြစ်လာနိုင်သည်။

All Chapters