← Chapters

အခန်း (၃၄၂)

Vol. 25 Ch. 342

အခန်း (၃၄၂)

Vol. 25 Ch. 342

ယခုအချိန်တွင် သူက ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲလိုက်သောကြောင့် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်တော့ပေ။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ရုပ်ခန္ဓာကျင့်ကြံသူဖြစ်လာမည်ဆိုလျှင်ပင် အရေးမကြီးပေ။ နံပတ်တစ်ဓားကျင့်ကြံသူနှင့်ယှဉ်လိုက်လျှင် သူ့တိုက်ခိုက်နိုင်စွမ်းသည် အဆပေါင်းရာချီ၍ ဆိုးဝါးနေလိမ့်မည်။

ကျွမ်းကျင်သူများကြားတွင် ဓားကျင့်ကြံသူတစ်ယောက်၏တိုက်ခိုက်နိုင်စွမ်းကို ရုပ်ခန္ဓာကျင့်ကြံသူတစ်ယောက်က မယှဉ်နိုင်ပေ။

သူတို့၏လှေစုသည် ရှေ့ဆက်သွားနေသည်။ တချို့နဂါးလှေများသည် ရှေ့တွင်ရှိသောလှေစုကို လိုက်မီနိုင်ရန်အတွက် အရှိန်မြှင့်လိုက်သည်။

ယခု လင်တောက်တာအိုဂိုဏ်း၏နဂါးလှေသည် မိုင်ငါးထောင်အကွာတွင်ရှိနေသည်။

ဟန်မူယဲ့က လှေဦးထိပ်တွင်ထိုင်ပြီး မိုင်နှစ်ထောင်အကွာတွင်ရှိသော ကြေးခွံနက်ငါးကို ထိန်းချုပ်ထားသည်။

ထိုငါးမိစ္ဆာသုံးကောင်သည် သူတို့နောက်တွင်ပါလာသော ငါးအုပ်စုကို ဦးဆောင်နေခြင်းဖြစ်သည်။

ရှေ့တွင်ရှိသော ကောင်းကင်ဘုံအဆင့်မိစ္ဆာသည် ကြေးခွံနက်ငါးများအားလုံးကို သန့်စင်ရေကန်သို့ လမ်းပြနေခြင်းဖြစ်သည်။

လှေစုက ရှေ့ဆက်သွားနေသောအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။

လင်တောက်တာအိုဂိုဏ်း၏နဂါးလှေသည် လမ်းကြောင်းပြောင်းသွားခဲ့သည်။

သူတို့က သန့်စင်ရေကန်သို့ဝင်မသွားဘဲ ရေကန်နှင့် မိုင်ရှစ်ရာအကွာတွင်ရှိသော မြစ်ခွဲတစ်ခုဆီသို့ တိုးဝင်သွားခဲ့သည်။

ထိုမြစ်ခွဲသည် အဓိကမြစ်ကဲ့သို့ကျယ်ပြန့်သည်။ လင်တောက်တာအိုဂိုဏ်း၏ နဂါးလှေနောက်တွင်ပါလာသော လှေသုံးရာကလည်း မြစ်ခွဲထဲသို့ ဝင်သွားခဲ့သည်။

လင်တောက်တာအိုဂိုဏ်း၏နဂါးလှေသည် အဓိကလမ်းကြောင်းကို သေချာသိနေလိမ့်မည်။ သို့သော် မြစ်ခွဲထဲသို့ ဝင်သွားသည့်အတွက် သူတို့ကလည်း လိုက်သွားခဲ့သည်။

နဂါးလှေများအားလုံးသည် မြစ်ခွဲအတွင်း၌ လျင်မြန်စွာပျောက်ကွယ်သွားသည်။

‘လိုက်သွားရမှာလား’ ဟန်မူယဲ့က တွေးမိသည်။

‘လင်တောက်တာအိုဂိုဏ်းရဲ့စည်းကမ်းတွေကို တစ်ခါချိုးဖောက်ပြီးပြီဆိုမှတော့ နောက်တစ်ခါချိုးဖောက်လိုက်ရင်လည်း ပြဿနာမရှိဘူးမဟုတ်လား’

ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာသည်။

သူက လက်မြှောက်လိုက်ပြီး ရှေ့သို့ညွှန်ပြသည်။ နဂါးလှေသည် အနည်းငယ်လှုပ်ခါသွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် ဟန်မူယဲ့၏လမ်းညွှန်ချက်ကို ရလိုက်သောအခါ နဂါးလှေထဲသို့ ချီစွမ်းအင်များထည့်သွင်းပြီး အရှိန်မြှင့်လိုက်သည်။

နဂါးလှေသည် မြားတစ်စင်းသဖွယ် ပြေးထွက်သွားသည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အရှိန်မြှင့်လိုက်ပြီလား’

ကျန်နဂါးလှေများသည်လည်း အရှိန်မြှင့်ပြီး လျင်မြန်စွာလိုက်ပါလာသည်။

နဂါးလှေများ အရှိန်မြှင့်လိုက်သောအခါ သူတို့နောက်တွင်ပါလာသော ကြေးခွံနက်ငါးအုပ်ကလည်း အရှိန်မြှင့်လိုက်သည်။

ကောင်းကင်ထက်တွင်ရှိသော ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် ဟန်မူယဲ့တို၏အစီအစဉ်ကို မသိသောကြောင့် တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။

မြစ်ကမ်းပါးတွင် ပွဲကြည့်နေသောကျင့်ကြံသူများက လျင်မြန်စွာလိုက်ပါလာသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ရှေ့မှာရှိနေတဲ့လှေတွေကို လိုက်မီတော့မှာလား” လူတစ်ယောက်က သိချင်စိတ်များနှင့်အတူ ရှေ့သို့လှမ်းကြည့်သည်။

“သူတို့က အမြန်နှုန်းတိုးလိုက်ပြီ။ ရှေ့မှာရှိနေတဲ့လှေတွေကို လိုက်မီသွားရင် တိုက်ပွဲကြီးတစ်ခုဖြစ်လာမှာလား။ အင်မော်တယ်ဟန်က ဓားဆွဲထုတ်တာကို ငါမြင်ချင်တယ်” လူတစ်ယောက်၏မျက်လုံးထဲတွင် မျှော်လင့်ချက်များရှိနေသည်။

“အင်မော်တယ်ဟန်တဲ့လား။ အခု သူက ရုပ်ခန္ဓာကျင့်ကြံခြင်းဘက်ကို ပြောင်းသွားပြီ” လူတစ်ယောက်က ထိုသို့ပြောလိုက်သော်လည်း မရေမတွက်နိုင်လောက်သောလူများသည် အမြန်နှုန်းတိုးလာသောလှေများကို ကြည့်နေကြသည်။

‘အင်မော်တယ်ဟန်မှာ ဓားတစ်ချက်စာစွမ်းအားတွေ ကျန်နေသေးလား’ သူတို့တွေးမိသည်။

မိုင်ထောင်ချီအကွာသို့ ရောက်လာသောအခါတွင် ဟန်မူယဲ့က နဂါးလှေကို အသာအယာပုတ်လိုက်သောကြောင့် အရှိန်လျော့သွားသည်။

သူ့ရှေ့တွင် မြစ်ခွဲနှင့် အဓိကမြစ်ရှိနေသည်။

မိုင်ရှစ်ရာအကွာတွင် သန့်စင်ရေကန်ရှိသည်။

ကြေးခွံနက်ငါးမိစ္ဆာသည် သန့်စင်ရေကန်၏အရှေ့တွင် စောင့်နေသည်။

တစ်ဖက်တွင် မြစ်ခွဲရှိသည်။ ရေဓာတ်လိုက်ဖက်ညီမှုမှတစ်ဆင့် လင်တောက်တာအိုဂိုဏ်းနှင့် တခြားလှေများသည် မိုင်တစ်ရာအကွာတွင် ရပ်တန့်နေကြောင်း ဟန်မူယဲ့မြင်ရသည်။

မြစ်ရေသည် ဆက်လက်စီးဆင်းသွားပြီး မြစ်ကမ်းသည် ပိုမိုကျဉ်းမြောင်းလာသည်။

ဟန်မူယဲ့က ကောင်းကင်ကိုကြည့်လိုက်ပြီး ပြုံးသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေသည် မြစ်ခွဲကိုကျော်ဖြတ်၍ သန့်စင်ရေကန်သို့ ဦးတည်သွားသည်။

ကျန်လှေများကလည်း သူတို့နောက်သို့ လိုက်လာသည်။

ကောင်းကင်ထက်တွင် နဂါးလှေများကိုစောင့်ကြည့်နေသော အမြုတေစုစည်းခြင်းအဆင့် ကျင့်ကြံသူများ၏မျက်နှာထားသည် ရှုပ်ထွေးသွားသည်။

လင်တောက်တာအိုဂိုဏ်း၏နဂါးလှေသည် မြစ်ခွဲအတွင်းသို့ဝင်သွားပြီး မိုင်တစ်ရာအကွာ၌ရပ်နေကြောင်း သူတို့ ရှင်းလင်းစွာမြင်နိုင်သည်။

ယခု အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေနှင့် ကျန်လှေများသည် သန့်စင်ရေကန်သို့ သွားနေသည်။

လင်တောက်တာအိုဂိုဏ်းသည် သိသာစွာဖြင့် တစ်ခုခုကြံစည်နေသည်။

သန့်စင်ရေကန်သို့ရောက်သွားသောနဂါးလှေများသည် ဖြစ်ရပ်ဆိုးနှင့် ကြုံရလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူတို့က တိမ်တိုက်များကြား၌ရှိနေပြီး သတိမပေးနိုင်ပေ။

“အစ်ကိုထို့ပါ့၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့နဂါးလှေက သန့်စင်ရေကန်ကိုသွားနေတယ်” တာအိုတန်ခိုးရှင်တစ်ယောက်က ထို့ပါ့ချန်အနားသို့ကပ်လာပြီး တီးတိုးပြောသည်။

“အဲဒါက လမ်းကြောင်းအမှန်ပဲလေ” ထို့ပါ့ချန်က ကျယ်လောင်စွာပြောသည်။

သူ့စကားကိုကြားလိုက်ရသောအခါတွင် မည်သည့်အချိန်က ပြန်ရောက်လာမှန်းမသိရသော မျက်နှာတစ်ထောင်သူတော်စင်ဝမ်ဟွားသည် ပြုံးလိုက်ပြီး တိတ်ဆိတ်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေပေါ်တွင် ဟန်မူယဲ့က လှေဦးထိပ်၌ထိုင်နေသည်။ သူ့နတ်အာရုံသည် ရေအောက်တွင်ရှိသော ကြေးခွံနက်ငါးကို မြစ်ခွဲဘက်သို့ သွားခိုင်းလိုက်သည်။

မဟာငါးမိစ္ဆာကြီးသုံးကောင်၏ ဦးဆောင်မှုအောက်တွင် ကြေးခွံနက်ငါးများအားလုံးသည် မြစ်ခွဲထဲသို့ ရောက်သွားခဲ့သည်။

ဟန်မူယဲ့တို့လှေစုသည် သန့်စင်ရေကန်သို့ဦးတည်နေပြီး ကြေးခွံနက်ငါးမိစ္ဆာများသည် မြစ်ခွဲထဲသို့ ဝင်သွားသည်။

သန့်စင်ရေကန်၏အရှေ့တွင်စောင့်နေသော ကောင်းကင်ဘုံအဆင့်မိစ္ဆာသည် ကြောင်အသွားခဲ့သည်။

သူက လမ်းကြောင်းပြောင်းသွားသောငါးအုပ်ကို နတ်အာရုံမှတစ်ဆင့် မြင်နေရသည်။

‘သူတို့က သန့်စင်ရေကန်ကိုလာပြီး သွေးယဇ်ပေါ်ခြင်းစွမ်းအားကို အသက်သွင်းရမှာမဟုတ်ဘူးလား’

သူ့မျက်နှာထားသည် ပြောင်းလဲသွားပြီး နတ်အာရုံကိုအသုံးပြု၍ ငါးအုပ်ကို လမ်းကြောင်းပြောင်းပေးရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင် ဟန်မူယဲ့က မတ်တပ်ရပ်လာသည်။

“ပြန်လှည့်မယ်”

‘ပြန်လှည့်ရမှာလား’

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် တုံ့ဆိုင်းမနေပေ။ နဂါးလှေသည် နောက်သို့ပြန်လှည့်လာပြီး ရေစီးအတိုင်းအောက်ပြန်ဆင်းသွားသည်။

နဂါးလှေငါးရာသည် ကြောင်အသွားခဲ့သည်။

‘သူက ဘာဖြစ်လို့ပြန်လှည့်တာလဲ’

“ဘုန်း “

အဝေးတစ်နေရာတွင် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

မြစ်ခွဲဆီမှဖြစ်သည်။

လက်ရှိအချိန်တွင် ပေတစ်ထောင်ရှည်သောငါးသုံးကောင်သည် နဂါးလှေအများအပြားကို မှောက်ပစ်ခဲ့သည်။

မြစ်ခွဲသည် ကျဉ်းမြောင်းပြီး ပေတစ်ထောင်ရှိသောငါးခန္ဓာကိုယ်သည် မြစ်တစ်ဝက်ကို နေရာယူထားခဲ့သည်။

သူတို့က အမြီးတစ်ချက်ယမ်းလိုက်သောကြောင့် နဂါးလှေများ ပျက်စီးသွားခဲ့သည်။

“သတ် ....”

လူတစ်ယောက်ပျံထွက်လာပြီး ဓားအလင်းနှင့်ခုတ်ချသည်။

ဓားအလင်းသည် နဂါးတစ်ကောင်ကဲ့သို့ တောင်နှင့်မြစ်များကို ဖျက်ဆီးပစ်နိုင်ပုံပေါ်သည်။

ဓားတာအိုကျွမ်းကျင်သူတစ်ဦး

ကြေးခွံနက်ငါးမိစ္ဆာတစ်ကောင်သည် နှစ်ပိုင်းပြတ်သွားခဲ့သည်။

ဓားအလင်းသည် အားနည်းမသွားဘဲ မိုင်တစ်ရာခန့်အထိ ပြေးထွက်သွားသည်။

မိုင်တစ်ရာအကွာတွင် ငါးမိစ္ဆာရေလှိုင်းသည် ဓားအလင်းနှင့်ထိတွေ့သွားပြီး ငါးကြေးခွံများ ပေါ်ထွက်လာသည်။

ပေတစ်ရာရှိသောငါးနှစ်ကောင်သည် ရူးသွပ်သွားသကဲ့သို့ မန္တန်နှင့်ဓားအလင်းများကို မရှောင်တော့ဘဲ နဂါးလှေများကို ဝင်တိုက်လိုက်သည်။

လင်တောက်တာအိုဂိုဏ်း၏နဂါးလှေဆီမှ အသံတစ်သံထွက်လာသည်။ “နောက်ဆုံးတော့ သူတို့က မိစ္ဆာတွေဖြစ်နေတုန်းပဲ။ သဘောတူညီချက်က ဘယ်လောက်ပဲပြီးပြည့်စုံပါစေ သူတို့ရဲ့ သားရဲဆန်တဲ့သဘာဝကို မပြောင်းလဲနိုင်ဘူး”

“သူတို့ကိုသတ်”

အသံတစ်သံထွက်လာသည်။ အစိမ်းရောင်ချီစွမ်းအင်အလင်းတစ်ခု ပျံထွက်လာပြီး ပေတစ်ရာရှိသောငါးနှစ်ကောင်နှင့် ဝင်တိုက်လိုက်သည်။

ကြေးခွံနက်ငါး၏ခန္ဓာကိုယ်သည် ချက်ချင်းပေါက်ကွဲသွားသည်။ မြစ်အောက်ခြေတွင် ဝိညာဉ်စွမ်းအင်အလင်းနှစ်လုံးသည် လျင်မြန်စွာထွက်ပြေးသွားသည်။

လင်တောက်တာအိုဂိုဏ်း၏ တာအိုတန်ခိုးရှင်လူငယ်လေးသည် လေထုထဲတွင်ရပ်နေပြီး မျက်မှောင်ကြုတ်သည်။

“ဘုန်း ....”

သူ့ရှေ့တွင် မရေမတွက်နိုင်လောက်သောလှိုင်းလုံးများ ပေါ်ထွက်လာသည်။

ကြေးခွံနက်ငါးအုပ် ရောက်လာခဲ့သည်။

“ဝူကျီထုံ၊ မင်းက ဘာဖြစ်ချင်တာလဲ” လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး လေထုထဲတွင်ရပ်နေသော တာအိုတန်ခိုးရှင်လူငယ်လေးသည် ခပ်အုပ်အုပ်အော်ပြောသည်။

သူက စကားပြောပြီးသွားသောအခါတွင် မျက်နှာထားပြောင်းလဲသွားသည်။

“ငါတို့ လှည့်စားခံရပြီလား” သူက ရှေ့တွင်ရှိနေသော ကြေးခွံနက်ငါးအုပ်ကိုကြည့်သည်။

“အရမ်းနောက်ကျသွားပြီ” အောက်မှ အသံထွက်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့်လက်ရွေးစင်တပည့်တစ်ယောက် ပျံထွက်လာပြီး ငါးမိစ္ဆာရေလှိုင်းနှင့် တိုက်ခိုက်လိုက်သည်။

နဂါးလှေသုံးရာထဲတွင် တစ်ဝက်ခန့်ပျက်စီးသွားခဲ့သည်။ လင်တောက်တာအိုဂိုဏ်းသည် မည်သည့်အရာကိုမှမလုပ်နိုင်ဘဲ ဂုဏ်သိက္ခာများပျက်စီးသွားခြင်းကို စောင့်ကြည့်နေရသည်။

သူတို့က သဘောတူညီချက်ကို ချိုးဖောက်မိလျှင်ပင် ရွေးချယ်စရာမရှိဘဲ လှုပ်ရှားရတော့မည်။

အဆုံးမရှိသောအနက်ရောင်ရေလှိုင်းများ ပေါ်ထွက်လာသည်။ ပေဒါဇင်ချီရှည်လျားသော ကြေးခွံနက်ငါးများဖြစ်သည်။

မြစ်ခွဲသည် ဖြည်းဖြည်းချင်းကျဉ်းမြောင်းသွားသည်။ အနက်ရောင်ရေလှိုင်းများကြောင့် ရေမျက်နှာပြင်မြင့်တက်လာသည်။

ပေတစ်ထောင်နီးပါးရှည်လျားသော ကြေးခွံနက်ငါးမိစ္ဆာများသည် ရေတစ်ဗွက်နှင့်အတူ နဂါးလှေများကို မှောက်ပစ်နိုင်သည်။

“ဘုန်း”

မီးလုံးတစ်လုံးပေါ်ထွက်လာသည်။

အေးစက်သောမျက်နှာထားဖြင့် ရွှေရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူက လက်ထဲတွင် မီးတောက်ဆေဘာဓားကိုကိုင်ထားပြီး ရှေ့တွင်ရှိသောရေလှိုင်းကို ထိုးခွဲလိုက်သည်။

သူက အစွမ်းကုန်ထုတ်မသုံးချင်ပေ။ ဂိုဏ်း၏နည်းဗျူဟာများအရ ခွန်အားချန်ထားရမည်။

သို့သော် နဂါးလှေသည် မှောက်လုနီးပါးဖြစ်သွားသောကြောင့် သူက ခွန်အားထုတ်ပြခဲ့ရသည်။

“တာအိုရောင်းရင်းဝူ၊ မင်းတို့ရဲ့ ဝမ်လန်တာအိုနန်းတော်မှာ ဒီလိုမျိုး သန့်စင်တဲ့ မီးအမျိုးအစားကျင့်ကြံခြင်းနည်းစနစ် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“မင်းတို့က ဒီတစ်ခေါက် ကြီးကြီးမားမားလုပ်ဖို့ စီစဉ်ထားပုံပဲ”

ကောင်းကင်ထက်တွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ညင်သာစွာပြောသည်။

စကားအပြောခံလိုက်ရသော သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏မျက်နှာထားသည် ရှုပ်ထွေးနေသည်။

သူတို့၏ ဝမ်လန်တာအိုနန်းတော်သည် ရည်ရွယ်ချက်ကြီးမားသည်။ ကံမကောင်းစွာဖြင့် ထိုအကြောင်းကို ဖုံးကွယ်မထားနိုင်တော့ပေ။

“သတ် ....”

အော်သံတစ်ခုနှင့်အတူ ဓားအလင်းတစ်ခုသည် ကြေးခွံနက်ငါးများကိုခုတ်ပိုင်း၍ မြစ်ပေါ်တွင် ဆယ်မိုင်အထိပြေးထွက်သွားသည်။

ဓားဆန္ဒတစ်ခုစုစည်းထားသော ကျင့်ကြံသူတစ်ယောက် ပျံထွက်လာသည်။

လင်တောက်တာအိုဂိုဏ်း၏နဂါးလှေပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်နှစ်ယောက် ပျံထွက်လာသည်။ သူတို့၏လက်ထဲတွင်ရှိသော မီးတောက်နှင့်ရေအလင်းများသည် သွယ်ယှက်သွားပြီး အစိမ်းရောင်နှင့်အနီရောင် အလင်းလုံးတစ်ခုအဖြစ်ပြောင်းလဲ၍ ရေလှိုင်းများကိုရိုက်ချသည်။

“ဘမ်း ....”

မြစ်ခွဲထဲတွင် မိုင်သုံးဆယ်ပတ်လည်သည် ဗလာဖြစ်သွားခဲ့သည်။

ကောင်းကင်ထက်တွင်ရှိသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် လေအေးများရှုသွင်းမိသည်။

ထိုတိုက်ခိုက်နိုင်စွမ်းနှင့်ဆိုလျှင် သူတို့သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို ပူးပေါင်းတိုက်ခိုက်နိုင်သည်။

အနက်ရောင်ရေလှိုင်းများသည် ချက်ချင်းရပ်တန့်သွားခဲ့သည်။

ကြေးခွံနက်ငါးမိစ္ဆာများသည် အသတ်ခံရန် ရောက်လာခြင်းမဟုတ်ပေ။

“ခလွမ် ....”

ကျားလင်မြစ်၏ မြစ်ခွဲဆုံချက်တွင် ဓားမြည်သံထွက်လာသည်။

ဓားအလင်းတစ်ခုစုစည်းလာပြီး ရေမျက်နှာပြင်ကို ခုတ်ချသည်။ မြစ်ခွဲအတွင်းသို့စီးဝင်နေသောရေများကို ဖြတ်တောက်လိုက်သည်။

ဓားချက်တစ်ချက်သည် မြစ်ရေစီးကို ဖြတ်တောက်ခဲ့သည်။

အမည်းရောင်ပဝါစဖြင့် မျက်လုံးများအုပ်ထားသောလုကောသည် လေထုထဲတွင်ရပ်နေသည်။

‘ရေစီးကြောင်းကိုဖြတ်တောက်ပြီး ရှေ့နဲ့နောက် နှစ်ဖက်ညှပ်တိုက်မှာလား’

ချက်ချင်းဆိုသလိုပဲ နဂါးလှေပေါ်တွင်ရှိသော လက်ရွေးစင်တပည့်များသည် အံ့အားသင့်သွားခဲ့သည်။

သူတို့လှေစုသည် ရေမိစ္ဆာများကို ရှင်းထုတ်နိုင်ခဲ့သည်။ ယခု ထိုမိစ္ဆာများသည် လင်တောက်တာအိုဂိုဏ်း၏ လှေအုပ်စုနှင့် တိုက်ခိုက်နေသည်။ သူတို့က ပျော်ရွှင်နေသင့်သည်။

သို့သော် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နောက်သို့ပြန်လှည့်လာပြီး ထိုလူများကို ကယ်တင်ခဲ့သည်။

‘သူတို့က ဦးနှောက်မရှိဘူးလား’ သူတို့တွေးမိသည်။

‘မဖြစ်နိုင်ဘူး’

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်မော်တယ်ဟန်သည် အရူးတစ်ယောက်မဟုတ်ပေ။

ကောင်းကင်ထက်တွင်ရှိနေသော ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် ကြောင်အသွားခဲ့သည်။

“ညီအစ်ကိုထို့ပါ့၊ ကျေးဇူးပါပဲ” ရုတ်တရက်ဆိုသလိုပဲ အသံတစ်သံထွက်လာသည်။

ရွှေအမြုတေအဌမအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူတို့ဂိုဏ်း၏နဂါးလှေသည် မြစ်ခွဲအတွင်း၌ မိစ္ဆာငါးများ၏တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။

“ကျေးဇူးတင်ပါတယ်”

လူအများက ညင်သာစွာပြောခဲ့သည်။

ထို့ပါ့ချန်သည် မျက်နှာထားပြောင်းလဲမသွားဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။ “ဒါက ငါ့တာဝန်ပါပဲ’

တာဝန်

လူအများ၏အကြည့်သည် လင်တောက်တာအိုဂိုဏ်း၏ မဟာအကြီးအကဲ မျက်နှာတစ်ထောင်သူတော်စင်ဖြစ်သူ ဝမ်ဟွားဆီသို့ အလိုလျောက်ရောက်သွားသည်။

လင်တောက်တာအိုဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လုပ်ဆောင်ချက်များသည် အလွန်ကွာခြားနေသည်။

All Chapters