← Chapters

အခန်း (၃၄၃)

Vol. 25 Ch. 343

အခန်း (၃၄၃)

Vol. 25 Ch. 343

အဆုံးတွင် ဓားကျင့်ကြံသူများသည် ဖြောင့်မတ်သည်။ တာအိုတန်ခိုးရှင်များသည် အမြဲ နှလုံးသားမဲ့ပုံပေါ်သည်။

ရှေ့တွင်ရပ်နေသောလီမူပိုင်သည် ထို့ပါ့ချန်ကို တစ်ချက်လှည့်ကြည့်သည်။

“ဘုန်း”

မြစ်ဆုံတွင် ဓားအလင်းပြန့်ကျဲသွားသည်။

အဝေးတစ်နေရာတွင် ငါးမိစ္ဆာများ၏ပိတ်ဆို့ခြင်းကို ခံထားရသော လက်ရွေးစင်တပည့်များသည် အစွမ်းကုန်တိုက်ခိုက်လိုက်သည်။

တားဆီးခံထားရသော ကြေးခွံနက်ငါးနှစ်ကောင်သည် ပိုမိုကြမ်းတမ်းစွာတိုးဝင်လာသည်။ တိုက်ပွဲသည် ပိုမိုပြင်းထန်လာသည်။

“နောက်ဘက်နယ်စပ်ကုန်းမြေရဲ့ တာအိုရောင်းရင်းတွေဖြစ်နေတဲ့အတွက် ငါတို့က သေဆုံးသည်အထိ တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ရေမိစ္ဆာတွေကြောင့် သေဆုံးသွားတဲ့လူတွေကို မကူညီဘဲ ရပ်ကြည့်မနေနိုင်ဘူး”

“ငါတို့ကျင့်ကြံသူတွေ လုပ်သင့်တဲ့ကိစ္စနဲ့ မလုပ်သင့်တဲ့ကိစ္စတွေ ရှိတယ်”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

သူစကားပြောပြီးသွားသောအခါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေသည် ရေမိစ္ဆာများ၏အထွက်လမ်းကို ပိတ်လိုက်သည်။

ဟန်မူယဲ့က လက်မြှောက်သည်။ ကြေးခွံနက်ငါးသေတစ်ကောင်သည် ရေလှိုင်းများနှင့်အတူ ကမ်းစပ်သို့ရောက်သွားသည်။

“အရင်အတိုင်းပဲ”

“ကောင်းတယ်”

ကမ်းစပ်တွင် ပျော်ရွှင်နေသောအသံများကို ကြားနိုင်သည်။

စီးပွားရေးကို ပြန်လည်စတင်ခဲ့သည်။

တုံ့ဆိုင်းနေသောတပည့်များ၏မျက်လုံးများ တောက်ပသွားသည်။

ငါးမိစ္ဆာများသည် မြစ်ခွဲအတွင်း၌ ပိတ်မိနေသည်။ နဂါးလှေရှစ်ရာခန့် ပူးပေါင်းပြီး နှစ်ဖက်ညှပ်တိုက်နေသည့်အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။

ငါးမိစ္ဆာများကို သတ်ဖြတ်ခြင်းဖြစ်စေ ဝိညာဉ်ကျောက်တုံးများ ရရှိလာခြင်းဖြစ်စေ အခွင့်အရေးပင်ဖြစ်သည်။

“တိုက်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နောက်မှ ကျန်နဂါးလှေများလိုက်လာပြီး မြစ်ခွဲကို ပိတ်ဆို့လိုက်သည်။

ထိုမြင်ကွင်းကြောင့် တိမ်တိုက်ပေါ်တွင်ရှိနေသောကျွမ်းကျင်သူများ ပြုံးလိုက်သည်။

မြစ်ကမ်းပါးတွင် အားပေးသံများထွက်လာသည်။

လူတိုင်း အကျိုးအမြတ်ရနိုင်သည်။

ကူယွမ်လုံသည် ရှုပ်ထွေးနေသောမျက်နှာထားဖြင့် လှေထိပ်တွင်ထိုင်နေသည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဓားအင်မော်တယ်၏ဓားသည် ကြောက်မက်ဖွယ်ကောင်းသည်။ သူ့အကြံအစည်များသည် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။

သူက စကားလုံးအနည်းငယ်ဖြင့် မြစ်အတွင်းရှိအခြေအနေကို ပြောင်းလဲနိုင်သည်။ ထိုလူမျိုးသည် ခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မည်။

“ညီအစ်ကိုကူ၊ ကြီးကြီးမားမားလုပ်ဖို့ စိတ်ဝင်စားလား” ဟန်မူယဲ့က ရုတ်တရက်နောက်လှည့်ပြီး ကူယွမ်လုံကိုကြည့်သည်။

‘ကြီးကြီးမားမားလုပ်ရမှာလား’ ကူယွမ်လုံက တွေးမိသည်။

‘မြစ်ထဲမှာရှိတဲ့ရေမိစ္ဆာတွေအားလုံးကို သတ်ရမှာလား’

‘အဲဒါက ဖြစ်နိုင်ဘူးထင်တယ်’

‘ရေမိစ္ဆာတွေက အများကြီးရှိနေတယ်။ အားကောင်းတဲ့မိစ္ဆာတွေက ငါးအုပ်ရဲ့အလယ်မှာရှိနေတယ်။ သူတို့ပူးပေါင်းလိုက်ရင် ငါတို့က ထွက်ပြေးသွားမှာကို မတားနိုင်ဘူး’

‘ဒါက အဆုံးထိတိုက်ခိုက်ဖို့ မတန်ဘူး’

“ရေမိစ္ဆာတစ်ကောင်၊ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ရောက်လာပြီ” ကူယွမ်လုံက တွန့်ဆုတ်နေသောအချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။

ကူယွမ်လုံက မျက်လုံးပြူးသွားသည်။

“မင်း .... မင်းက ....”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ဝိုင်းပြီးသတ်မယ်”

‘ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ဝိုင်းသတ်မှာလား’

‘သူရူးနေတာလား’

ကူယွမ်လုံက လက်သီးဆုပ်ထားပြီး ဟန်မူယဲ့ကိုကြည့်နေသည်။

သူ့ကျင့်ကြံဆင့်နှင့် အသိဉာဏ်အရ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် သူ့ကြားတွင်ရှိသောကွာခြားချက်ကို ကောင်းမွန်စွာနားလည်သည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည် လေးစားခံစားပြီး အမြင့်တစ်နေရာတွင်ရှိနေသော ဖြစ်တည်မှုမျိုးဖြစ်သည်။

သူ့မျက်နှာထားကို မြင်လိုက်ရသောအခါ ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး သူ့လက်ထဲတွင် အစိမ်းရောင်ရေစက်တစ်စက် ပေါ်လာသည်။

ထိုရေစက်ပေါ်လာသောအခါ ထူးခြားဆန်းကြယ်သောအငွေ့အသက်သည် ပတ်ဝန်းကျင်တွင်ပြည့်နှက်သွားသည်။

“ရေဓာတ်လိုက်ဖက်ညီမှုကို ခံစားကြည့်ချင်လား”

‘အဆင့်အမြင့်ဆုံး ရေဓာတ်လိုက်ဖက်ညီမှု’

ကူယွမ်လုံက တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက မအော်မိစေရန်အတွက် အံတင်းတင်းကြိတ်ထားသည်။

သူက စကားတစ်ခွန်းမှမပြောဘဲ ရေထဲသို့ခုန်ဆင်းသွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်သည်။ အစိမ်းရောင်ရေစက်သည် မြစ်ထဲသို့ကျသွားသည်။

“ရေဓာတ်ကျင့်ကြံသူတွေအားလုံး မြစ်ထဲကိုဆင်းမယ်”

ရေဓာတ်ကျင့်ကြံသူများ

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရေထဲသို့ခုန်ဆင်းသွားသည်။

ရေမိစ္ဆာများသည် သဘာဝအလျောက် ရေဓာတ်လိုက်ဖက်ညီမှုရှိသည်။ လူသားများသည် ရေမိစ္ဆာများနှင့် ရေထဲတွင်တိုက်ခိုက်လျှင် အရေးနိမ့်လိမ့်မည်။

သို့သော် ဟန်မူယဲ့၏စကားသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဆန္ဒကို ကိုယ်စားပြုသည်။

ဤအရာသည် အခွင့်အရေးတစ်ခုဖြစ်နိုင်သည်။

သူတို့က ခဏလောက်တွန့်ဆုတ်နေသည်။

ဟန်မူယဲ့က လက်ချောင်းများလှုပ်ရှားလိုက်သောအခါတွင် မြစ်ထဲမှ ရေခိုးရေငွေ့တချို့ ပေါ်ထွက်လာသည်။

ရေခိုးရေငွေ့များသည် လှုပ်ရှားနေပြီး ရေဓာတ်လိုက်ဖက်ညီမှု တိုးမြှင့်ပေးခဲ့သည်။ ရေအမျိုးအစားနည်းစနစ်၊ မန္တန်နှင့် ဓားပညာရပ်များကို လေ့ကျင့်မထားသောလူများသည် သိပ်မခံစားမိပေ။ သို့သော် ရေမျိုးဆက်ကျင့်ကြံသူများအားလုံးသည် တည်ငြိမ်သွားသောခန္ဓာကိုယ်ကို ခံစားမိသည်။

ထိုစွမ်းအာသည် သူတို့၏ ရေဓာတ်လိုက်ဖက်ညီမှုကို အများအပြားတိုးလာစေသည်။

သူတို့က ရေထဲသို့ရောက်သွားလျှင် ထိုစွမ်းအား၏အတွေ့အကြုံကြောင့် အနာဂတ်ကျင့်ကြံခြင်းတွင် အလွန်အကျိုးရှိလိမ့်မည်။

ရေအောက်တွင် ဓားအလင်းသည် နဂါးတစ်ကောင်သဖွယ် အထက်သို့ ဆန်တက်သွားသည်။

“ဝီ”

များပြားလှသောဓားအလင်းများသည် နောက်မှ နီးကပ်စွာလိုက်သွားသည်။

ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားသည်လည်း ထိုဓားအလင်းများနှင့်အတူ ပါသွားခဲ့သည်။

ကျန်တပည့်များ မစောင့်နိုင်တော့ပေ။

“အင်မော်တယ်ဟန်က အမိန့်ပေးလိုက်မှတော့ ငါက ရေထဲကိုဆင်းရမှာပေါ့” အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်ပြီး မြစ်ထဲသို့ခုန်ဆင်းသွားသည်။

“ဇူအော်ကျင်းဟယ်ကလည်း သွားဖို့ဆန္ဒရှိပါတယ်” တစ်ဖက်တွင် ရေထိုးခွဲခြင်းလက်နက်တစ်ခုကို ကိုင်ထားသောလူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။ သူ့ပုံရိပ်သည် လှုပ်ရှားသွားပြီး ရေထဲသို့ရောက်သွားသည်။

တပည့်များ တစ်ယောက်ပြီးတစ်ယောက်ခုန်ဆင်းသွားပြီး အားကောင်းသောလိုက်ဖက်ညီမှုစွမ်းအားနောက်သို့ လိုက်သွားကြသည်။

ဟန်မူယဲ့တို့ဘက်တွင် နဂါးလှေငါးရာခန့်ရှိပြီး နဂါးလှေတစ်စင်းတွင် တပည့်ဆယ်ယောက်ခန့် ရေထဲသို့ဆင်းသွားသည်။ ချက်ချင်းဆိုသလိုပဲ လက်ရွေးစင်တပည့်ငါးထောင်သည် ရေထဲသို့ရောက်သွားသည်။

ထိုမြင်ကွင်းကြောင့် မြစ်ကမ်းနှစ်ဖက်တွင်ရှိနေသောကျင့်ကြံသူများသည် တိတ်တဆိတ်အသံပြုမိသည်။

“အင်မော်တယ်ဟန်ရဲ့စကားကြောင့် ရေဓာတ်ကျင့်ကြံသူငါးထောင်က ရေထဲကိုဆင်းသွားတယ်။ ဒီလိုစွမ်းအားမျိုးနဲ့ဆိုရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ....” ထိုလူသည် စကားကို အဆုံးမသတ်ခဲ့ပေ။

တချို့အရာများသည် နားလည်ရန်သာလိုအပ်သည်။

မြစ်ခွဲအတွင်း၌ပိတ်မိနေသော လင်တောက်တာအိုဂိုဏ်းနှင့်ယှဉ်လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လုပ်ဆောင်ချက်သည် ပိုသာသည်။

သူတို့သည် တာဝန်ယူလိုစိတ်ရှိပြီး ရဲရင့်သည့်အပြင် ဆုံးဖြတ်ချက်ပြတ်သားသည်။

အင်မော်တယ်ဟန်သည် ကျင့်ကြံဆင့်ဆုံးရှုံးသွားပြီး ဓားကိုမသုံးလျှင်ပင် လုံလောက်သောအရှိန်အဝါကို စုစည်းနိုင်ခဲ့သည်။

ကောင်းကင်ထက်တွင် ထိုမြင်ကွင်းကြောင့် ရွှေအမြုတေကျွမ်းကျင်သူများ၏မျက်နှာထားသည် ရှုပ်ထွေးသွားခဲ့သည်။

မျက်နှာတစ်ထောင်သူတော်စင်ဝမ်ဟွား၏မျက်နှာသည် မှုန်မှိုင်းနေကြောင်း သူတို့မြင်နိုင်သည်။

သူက ဟန်မူယဲ့လုပ်ချင်သောကိစ္စကို သိနေသည်။

ရေဓာတ်ကျင့်ကြံသူအများအပြားသည် ရေချိုးရန်အတွက် မြစ်ထဲသို့ဆင်းသွားခြင်းမဖြစ်နိုင်ပေ။

ကြားဖြတ်တိုက်ခိုက်ခြင်း

ထိုရေဓာတ်ကျင့်ကြံသူများက ဝူကျီထုံကို သတ်ချင်နေသည်။

သဘောတူညီချက်အတိုင်းဆိုလျှင် ရေမိစ္ဆာကလန်နှင့်ပထမအလဲအလှယ်သည် သန့်စင်ရေကန်တွင်ပြီးဆုံးလိမ့်မည်။ ရေမိစ္ဆာများက သွေးယဇ်ပူဇော်ခြင်းဖြင့် ရှေးခေတ်အကြွင်းအကျန်ကိုဖွင့်လှစ်လိုက်လျှင် သဘောတူညီချက်အောင်မြင်သွားပြီဟု ပြောနိုင်သည်။

သွေးယဇ်ပူဇော်ခြင်းပြီးပြည့်စုံသွားပြီး လက်ထဲတွင်ရှိသော အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးနှင့်ဆိုလျှင် သူက ပြင်ပလောကသို့လမ်းကြောင်းကို အချိန်မရွေး ဖွင့်လှစ်နိုင်သည်။

ထိုအချိန်တွင် နဂါးတက်လှမ်းစင်မြင့်၏စွမ်းအား အသက်ဝင်လာပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ မဟာကျင့်ကြံသူကြီးများကို ဆင့်ခေါ်နိုင်လျှင် လင်တောက်တာအိုဂိုဏ်းသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ဝင်ရောက်ရန် အဆင့်မီလိမ့်မည်။

ထိုကမ္ဘာသည် စစ်မှန်သောကျင့်ကြံခြင်းလောကဖြစ်သည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့်ယှဉ်လိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အရေးမပါတော့ပေ။

သို့သော် ယခုအချိန်တွင် ဝူကျီထုံပေါ်လာခဲ့လျှင် နောက်ဆက်တွဲအစီအစဉ်များအားလုံး သက်ရောက်မှုရှိသွားလိမ့်မည်။

လက်ရွေးစင်တပည့်များသည် သန့်စင်ရေကန်တွင်တိုက်ခိုက်မှုမရှိလျှင် မည်သို့ဖြစ်သွားမည်နည်း။

နဂါးတက်လှမ်းစင်မြင့်ကို လုံလောက်သောစွမ်းအားမရှိဘဲ အသက်မသွင်းနိုင်ပေ။

ထို့အတွက် ဂိုဏ်းအသီးသီးမှ သောင်းချီသောတပည့်များ၏ခွန်အားကို လိုအပ်သည်။

မျက်နှာတစ်ထောင်သူတော်စင် ဝမ်ဟွား၏မျက်နှာတွင် ရက်စက်မှုတချို့ဖြတ်ပြေးသွားပြီး နတ်အာရုံအမျှင်တစ်ခု ဆင်းသက်လာသည်။

လင်တောက်တာအိုဂိုဏ်း၏ နဂါးလှေပေါ်တွင် ပုံရိပ်နှစ်ခုသည် ရုတ်တရက်ရပ်တန့်သွားပြီး နဂါးလှေပေါ်မှ တိတ်ဆိတ်စွာဆင်း၍ ရေထဲသို့ရောက်သွားသည်။

ဟန်မူယဲ့သည် လှေဦးထိပ်တွင်ထိုင်နေပြီး တောက်ပနေသောမျက်လုံးများနှင့်အတူ ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားဖြင့် အထက်သို့ဆန်တက်သွားသော ကျင့်ကြံသူငါးထောင်ကို ကြည့်နေသည်။

ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားသည် ထိုကျင့်ကြံသူငါးထောင်ကို လွှမ်းခြုံထားသည်။

ကြည်လင်သောရေများစီးဆင်းနေပြီး ထိုကျင့်ကြံသူများ၏ခန္ဓာကိုယ်သည် ရေထဲတွင်ပျောက်ကွယ်သွားပုံရသည်။

ကောင်းကင်ထက်တွင်ရှိနေသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများနှင့် တခြားကျင့်ကြံသူများ၏နတ်အာရုံသည် သူတို့ကို အာရုံမခံနိုင်ပေ။

အမြန်ဆုံးနှုန်းဖြင့်သွားနေသော ကူယွမ်လုံ၏မျက်လုံးများသည် တောက်ပနေသည်။

သူက ခန္ဓာကိုယ်၏ပြောင်းလဲမှုများကို အာရုံခံနိုင်သည်။

ရေဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့်ကြောင့် မြစ်ထဲတွင် သူ့အာရုံခံနိုင်စွမ်းသည် အလွန်ထက်မြက်နေသည်။

ဝိညာဉ်သွေးကြောထဲတွင်ရှိသော ချီစွမ်းအားများသည် ဆူပွက်နေကြောင်း သူခံစားမိသည်။

ယခုအချိန်တွင် သူက အစွမ်းကုန်တိုက်ခိုက်ချင်နေသည်။

‘ကောင်းကင်ဘုံအဆင့်ဆိုရင်ရော ဘာဖြစ်လဲ’

သူ့နောက်တွင်ရှိသော ဂိုဏ်းအသီးသီး၏ရေဓာတ်ကျင့်ကြံသူများသည် ပျော်ရွှင်နေကြသည်။

သူတို့၏တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သောအရာသည် လိုက်ဖက်ညီမှုစွမ်းအားတစ်ခုတည်း မဟုတ်ပေ။ အရေးအကြီးဆုံးအရာသည် သူတို့၏ ရေဓာတ်သွေးကြောများထဲရှိလစ်ဟာမှုကို အာရုံခံနိုင်ခြင်းဖြစ်သည်။

ထိုအရာသည် သွေးကြောဖွင့်ဆေးလုံး၊ အကာသဝိညာဉ်သူငယ်ဆေးလုံးများနှင့် သက်ရောက်မှုခြင်း ဆင်တူသည်။

သူတို့က အမြင့်ဆုံးအဆင့် ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို ရေဓာတ်သွေးကြောများဖြင့် အာရုံခံစားနိုင်လျှင် အနာဂတ်တွင် ကျင့်ကြံဆင့်တိုးလာပြီး အဆင့်ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ရန် ၈၀%ပိုတိုးလာလိမ့်မည်။

သူတို့က မှန်ကန်သောရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့သည်။

ဤအရာသည် အခွင့်အရေးတစ်ခုဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်မော်တယ်ဟန်တွင် အခွင့်အရေးများရှိသည်ဟု ပြောကြသည်။ ထိုစကားသည် အမှန်ဖြစ်ပုံရသည်။

“ဝီ”

စီးဆင်းနေသောရေထဲတွင် ဓားအလင်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်ဖြစ်သည်။ သူ့မျက်နှာထားသည် လေးနက်နေပြီး ခန္ဓာကိုယ်တစ်ဝိုက်တွင် ဓားချီများလှည့်ပတ်နေသည်။

ထိုတာအိုတန်ခိုးရှင်သည် အလွန်လျင်မြန်ပြီး ချက်ချင်းဆိုသလိုပဲ လူတိုင်းအားဖြတ်ကျော်၍ ကူယွမ်လုံနှင့် ပခုံးချင်းယှဉ်လာသည်။

ကူယွမ်လုံသည် အံ့အားသင့်သွားသည်။

သူက ထိုလူကို တစ်ခါမှမမြင်ဘူးပေ။

“နောက်ပိုင်းကျရင် ငါအရင်ဆုံးလှုပ်ရှားလိုက်မယ်” တာအိုတန်ခိုးရှင်၏အသံ ထွက်လာသည်။

ကူယွမ်လုံ၏စကားကို စောင့်မနေဘဲ ထိုလူသည် ဓားတစ်လက်အဖြစ်ပြောင်း၍ အဝေးသို့ပျံသန်းသွားသည်။

‘ဓားတစ်လက်လား’

‘တကယ့်ကိုဓားတစ်လက်ပဲ’

ဓားဆန္ဒနှင့်ပေါင်းစပ်၍ ဓားအလင်းအဖြစ်ပြောင်းလဲပြီး ပျံသန်းသွားသော ဓားကျင့်ကြံသူမဟုတ်ပေ။ အစစ်အမှန်ဓားတစ်လက်ဖြစ်သည်။

‘အဲဒါက ဓမ္မရတနာပဲ’

အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ဖြစ်စေ အရှေ့ပင်လယ်တွင်ဖြစ်စေ ဓမ္မရတနာသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အဆင့်အမြင့်ဆုံးရတနာဖြစ်သည်။

‘အဲဒီဓားက ဘယ်ဂိုဏ်းကလဲ။ ပိုင်ရှင်ကရော ဘယ်သူလဲ’

ကူယွမ်လုံက နှလုံးသားထဲတွင် အဖြေကိုသိနေသည်။

သို့သော် သူက ဆက်မတွေးရဲပေ။

ဟန်မူယဲ့တွင် ထိုဓားမျိုး မည်သို့ရှိနိုင်မည်နည်း။

“ဝီ”

အရှေ့တွင် တုန်ခါသံကို ကြားရသည်။

အနက်ရောင်အလင်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။

ထိုလူကြီး၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောအငွေ့အသက်များရှိနေပြီး ပတ်ဝန်းကျင်ရှိရေများကို တွန်းထုတ်နေသည်။

သူ့လက်ထဲတွင် အနက်ရောင်သံတုတ်တစ်ချောင်းရှိသည်။ သူက ထိုတုတ်ကို ဝှေ့ယမ်းလိုက်သောအခါ ပေတစ်သောင်းရှိသော အနက်ရောင်အလင်းတစ်ခုဖြစ်လာသည်။

ကောင်းကင်ဘုံအဆင့် မဟာမိစ္ဆာ

ကူယွမ်လုံတင်မကဘဲ သူ့နောက်တွင်ပါလာသော လက်ရွေးစင်တပည့်များကလည်း ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို မြင်လိုက်ရသည်။

သို့သော် ထိုအချိန်တွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည် သူတို့ကိုမကြည့်ဘဲ လက်ထဲတွင်ရှိသောသံတုတ်ကိုဝှေ့ယမ်း၍ ဓားတစ်လက်နှင့်တိုက်ခိုက်နေသည်။

ကျိုးယွင်လုံ

ဟန်မူယဲ့၏ထိန်းချုပ်မှုအောက်တွင် ဓမ္မရတနာဓားသည် မိုင်တစ်ရာအကွာရှိမြစ်ကြမ်းပြင်တွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် တိုက်ခိုက်နေသည်။

လှေဦးထိပ်တွင်ထိုင်နေသောဟန်မူယဲ့သည် မျက်လုံးမှိတ်ထားသည်။

သူ့ဝိညာဉ်သည် နှစ်ပိုင်းကွဲသွားခဲ့သည်။

ဝိညာဉ်ကိုယ်ခွဲ

ဝိညာဉ်ကိုယ်ခွဲနည်းစနစ်ကိုအသုံးပြု၍ သူက ဓမ္မရတနာကိုထိန်းချုပ်ပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် တစ်ယောက်တည်းတိုက်ခိုက်နိုင်သည်။

All Chapters