← Chapters

အခန်း (၃၄၆)

Vol. 25 Ch. 346

အခန်း (၃၄၆)

Vol. 25 Ch. 346

အစစ်အမှန်ကျွမ်းကျင်သူများသည် လောကနှင့် ဆက်သွယ်နိုင်သည်။

ဥပမာအနေဖြင့် အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ်နှင့် စစ်သူကြီးဖြစ်သည်။

ဓားဘုရင်ယွမ်ထျန်းလည်းရှိသည်။

ယခုအချိန်တွင် သူက ထိုအဆင့်သို့ ခြေလှမ်းနိုင်ခဲ့သည်။

လောကသည် ကျယ်ပြန့်သည်။

ဓားအလင်းသည် မျဉ်းကြောင်းတစ်ခုအဖြစ် စုစည်းသွားသည်။

အစိမ်းရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်၏လက်ထဲတွင်ရှိသော ကျောက်စိမ်းပေတံသည် အစိမ်းရောင်တောက်လာသောအချိန်တွင် ဓားအလင်း၏ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

တာအိုတန်ခိုးရှင်၏ဝိညာဉ်နှင့်ခန္ဓာကိုယ်သည်လည်း ပြတ်တောက်သွားခဲ့သည်။

ဓားအလင်းသည် ရေထုနှင့်ရောနှောနေပြီး မည်သည့်အရာကိုမှ ချန်မထားခဲ့ပေ။

“ဟန်ပြနေတာပဲ။ ဒါက ကောင်းကင်ဘုံအဆင့်ကိုယ်ပွားလို့ ငါထင်နေခဲ့တာ”

“သူက ကောင်းကင်ဘုံအဆင့်ရဲ့စွမ်းအားတချို့ကိုပဲ ထုတ်လွှတ်နိုင်တာပေါ့”

“ငါသိနေတယ်။ သူက ကောင်းကင်ဘုံအဆင့်ကိုယ်ပွားခုနစ်ခုကို ခွဲထုတ်နိုင်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေကို စုစည်းပြီးလောက်ပြီ”

ရှေ့တွင်ရှိသော အနက်ရောင်ကြွက်သည် တာအိုဆရာတယန်အဖြစ် ပြောင်းလဲသွားသည်။ သူ့မျက်နှာပေါ်တွင် ကံကောင်းမှုနှင့် ဆိုးယုတ်မှုများရှိနေသည်။

သူက ကျောက်စိမ်းရောင်အလင်းလုံးကိုကိုင်ထားပြီး မျက်လုံးထဲတွင် တွန့်ဆုတ်မှုများဖြတ်ပြေးသွားသည်။ “ဒါက ဝိညာဉ်သူငယ်ဒုတိယအဆင့် မဟာမိစ္ဆာရဲ့ ကျောက်စိမ်းအရိုးပဲ။ ဒါက လူအိုကြီးချုံးယွင်ထက် အများကြီးအားနည်းတယ်ဆိုပေမဲ့ ကျောက်စိမ်းအရိုးဖြစ်နေတုန်းပဲမဟုတ်လား ....”

ကျောက်စိမ်းအရိုး

ထိုအရာသည် မဟာမိစ္ဆာဝူကျီထုံ၏ ကျောက်စိမ်းအရိုးဖြစ်သည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး လက်ကိုဆန့်ထုတ်၍ ကျောက်စိမ်းအလင်းကို ဆင့်ခေါ်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် တုန်ခါသွားပြီး အလိုလျောက်ပျောက်ကွယ်သွားခဲ့သည်။

အစိမ်းရောင်ဓားသည် ကျိုးယွင်လုံအဖြစ်ပြောင်းလဲသွားပြီး တာအိုဆရာတယန်ကိုကြည့်သည်။

“ကျောက်စိမ်းအရိုးကို ဒီလိုမျိုးအချိန်ကိုက်လုယူနိုင်ခဲ့တဲ့ အစ်ကိုတယန်က တကယ်ထူးချွန်တာပဲ”

ကျိုးယွင်လုံသည် သက်ပြင်းချသည်။

တာအိုဆရာတယန်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သွားပေါ်လာအောင်ပြုံးသည်။ “ဒါက ဘာမှမဟုတ်သေးဘူး။ အရင်တုန်းကဆိုရင် ....”

ထိုသို့ပြောလိုက်ပြီး သူက ခေါင်းခါ၍ အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းပြီး လျင်မြန်စွာထွက်သွားသည်။

ကျိုးယွင်လုံကလည်း ဓားရှည်တစ်လက်အဖြစ်ပြောင်းလဲလိုက်ပြီး သူ့နောက်မှလိုက်လာသည်။

သူတို့နှစ်ယောက်ထွက်သွားသောအခါ ရေအောက်ပေတစ်သောင်းအကွာတွင် ကျောက်စိမ်းရောင်လက်သွားသည်။ ထို့နောက် စကားတစ်ခွန်းချန်၍ ပျောက်ကွယ်သွားသည်။

“တယန်လား၊ သူက တကယ်ဆိုးဝါးနေတုန်းပဲ။ နည်းနည်းတော့ ဖော်ရွေတတ်ပါတယ် ....”

....

အဆုံးတွင် မြစ်ခွဲအတွင်း၌ရှိသော ကြေးခွံနက်ငါးအများစု လွတ်မြောက်သွားခဲ့သည်။

မြစ်အောက်ဘက်မှ နောက်ထပ်ငါးမိစ္ဆာများ ရောက်လာသောကြောင့်ဖြစ်သည်။ ဟန်မူယဲ့တွင် မြစ်ဝကိုတားရန်အတွက် လှေစုမရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူ့ရည်ရွယ်ချက်အောင်မြင်သွားပြီဖြစ်သောကြောင့် ထိုငါးမိစ္ဆာများနှင့် တိုက်ခိုက်ရန်မလိုတော့ပေ။

သူ့အမြင်တွင် လက်ရွေးစင်တပည့်များအားလုံးရှင်သန်နေလျှင် အနာဂတ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျွမ်းကျင်သူများဖြစ်လာလိမ့်မည်။

အနာဂတ်ကျွမ်းကျင်သူများအနေဖြင့် ဤတိုက်ပွဲတွင်အသက်စွန့်ရန် မလိုအပ်ပေ။

မြစ်ခွဲအတွင်း၌ပိတ်မိပြီး ငါးမိစ္ဆာများနှင့်တိုက်ခိုက်နေသောကျင့်ကြံသူများသည် ဖြစ်ပျက်သွားသောအရာများကို မသိခဲ့ပေ။

သူတို့က မြစ်ဝကိုပိတ်ဆို့ထားပြီး ရေမိစ္ဆာများကို ရူးသွပ်သွားအောင် ပြုလုပ်နေသည်။ တိုက်ပွဲ၏ချီစွမ်းအင်အလင်းများသည် ကောင်းကင်အထိ ထိုးတက်နေသည်။

နဂါးလှေများသည် ထွက်ခွာသွားပြီး မြစ်ကမ်းပါးတွင်ရှိသောကျင့်ကြံသူများသည် နောက်ဆုတ်သွားသည်။

သူတို့အားလုံးက ပြုံးနေသည်။

လက်ရွေးစင်တပည့်များကြောင့်သေဆုံးသွားသော မိစ္ဆာငါးအလောင်းများအားလုံးသည် သူတို့၏လက်ထဲတွင်ရှိနေသည်။ သူတို့က ထိုအလောင်းများကိုရောင်းချပြီး အကျိုးအမြတ်အများအပြားရနိုင်သည်။

ဂိုဏ်းတချို့က အလောင်းများကိုပြန်ပို့လိုက်ပြီး ဝိညာဉ်ကျောက်တုံးနှင့် အမျိုးမျိုးသောရတနာများရရှိနိုင်ရန် လျင်မြန်စွာကြိုးစားနေခဲ့သည်။

မြစ်ခွဲအတွင်း၌ ငါးမိစ္ဆာလှိုင်းများ များပြားစွာကျန်ရှိနေသည်။ လင်တောက်တာအိုဂိုဏ်း၏လှေစုသည် ဆက်လက်သတ်ဖြတ်ရဦးမည်။

သူတို့က နှင်းတောင်ဆီသို့မိုင်တစ်သိန်းသွားရမည်ဖြစ်ပြီး မိုင်တစ်သောင်းအထိ ရောက်လာခဲ့သည်။ ခရီးရှည်ကြီး ဆက်သွားရဦးမည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လှေစုငါးရာသည် မိုင်တစ်ထောင်အကွာသို့ရောက်သွားသောအချိန်တွင် မြစ်ခွဲအတွင်းမှလှေစုသည် သနားစရာကောင်းသောပုံစံဖြင့် အဓိကမြစ်ပေါ်သို့ ပြန်ရောက်လာသည်။

နဂါးလှေသုံးရာကျော်တွင် နှစ်ရာကျော်ရုံပဲကျန်ရစ်ခဲ့သည်။

ကံကောင်စွာဖြင့် ယခုအချိန်တွင် သူတို့က သင်ခန်းစာရခဲ့သည်။ ဂိုဏ်းတပည့်အများအပြားသည် နဂါးလှေများဆုံးရှုံးသွားပြီး တခြားဂိုဏ်းများ၏နဂါးလှေကို စီးနင်းခဲ့သည်။

သူတို့က နဂါးလှေများဆုံးရှုံးသွားရုံတင်မကဘဲ ငါးမိစ္ဆာများကိုပါ အသန်စွန့်၍တိုက်ခိုက်ခဲ့ရသည်။ ဂိုဏ်းအများအပြားသည် သိသာသောဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။

အသန်မာဆုံးဖြစ်သော လင်တောက်တာအိုဂိုဏ်းသည် တပည့်သုံးဦးဆုံးရှုံးသွားခဲ့သည်။

တပည့်နှစ်ယောက်သည် တိုက်ခိုက်နေစဉ် သေဆုံးသွားခြင်းဖြစ်ပြီး ကျန်တပည့်တစ်ယောက်ကတော့ ပျောက်ဆုံးနေသည်။

ပျောက်ဆုံးနေသောတပည့်သည် လင်တောက်တာအိုဂိုဏ်း၏ သားတော်ခုနစ်ပါးထဲမှ တစ်ယောက်ဖြစ်သည်။

လုချင်းယွမ်

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ထိပ်တန်းအဆင့်လူငယ်ကျွမ်းကျင်သူတစ်ယောက်သည် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

တိမ်တိုက်များကြားတွင် မြစ်ခွဲထဲမှနဂါးလှေများထွက်လာခြင်းကို မြင်လိုက်ရသည်။ လင်တောက်တာအိုဂိုဏ်း၏ မဟာအကြီးအကဲဝမ်ဟွားသည် လှည့်ထွက်သွားခဲ့သည်။

သူက ဒေါသထွက်နေသည်ဟု အားလုံးထင်ခဲ့ကြသည်။ သို့သော် သူ့မျက်လုံးအတွင်းရှိနာကျင်မှုကို သူတို့ မမြင်နိုင်ခဲ့ပေ။

ကိုယ်ပွားတစ်ယောက်၏သေဆုံးခြင်းသည် သူ့ဝိညာဉ်ကို အပြင်းအထန်ထိခိုက်စေသည်။

ကံကောင်းစွာဖြင့် သူက မဟာမိစ္ဆာ၏ဝိညာဉ်ကို ရရှိခဲ့သည်။ သွေးယဇ်ပူဇော်ခြင်းပြီးပြည့်စုံသွားလျှင် သူ့ဆုံးရှုံးမှုကို ဖာထေးနိုင်လိမ့်မည်။

ဟန်မူယဲ့

ကိုယ်ပွားသေသွားသောအခါတွင် သူ့နတ်အာရုံသည် တားဆီးခံထားရသည်။ သို့သော် ဟန်မူယဲ့နှင့်ပတ်သတ်နေမည်ဖြစ်ကြောင်း သူသေချာပေါက်ပြောနိုင်သည်။

ထိုဓားအင်မော်တယ်သည် သူ၏ အကြီးမားဆုံးရန်သူဖြစ်လိမ့်မည်။

‘အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်မသွားခင်မှာ အဲဒီကလေးကို သတ်ရမယ်’ သူတွေးမိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုလည်း ဖျက်ဆီးပစ်ရန်လိုအပ်သည်။

ထိုမှသာ သူ့အမုန်းတရားကို ဖြေဖျောက်နိုင်လိမ့်မည်။

မြစ်ထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေသည် ရှေ့ဆုံးတွင်ရှိနေပြီး ကျန်လှေငါးရာကျော်သည် ပေထောင်ချီအကွာမှ လိုက်လာသည်။

ထိုအရာသည် အင်မော်တယ်ဟန်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လေးစားမှုပြသခြင်းဖြစ်သည်။

အသက်လုတိုက်ပွဲတွင် ကောင်းကင်ဘုံမိစ္ဆာ၏ကံကြမ္မာကို သူက စကားတချို့နှင့် ဆုံးဖြတ်နိုင်ခဲ့သည်။

ရေဓာတ်ကျင့်ကြံသူငါးထောင်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ဝိုင်းရံသတ်ဖြတ်ခဲ့သည်။

ကောင်းကင်ဘုံအဆင့်မိစ္ဆာ မည်သို့သေသွားခဲ့သနည်း။ ထိုရေဓာတ်ကျင့်ကြံသူများသည် သံသယဝင်နေဆဲဖြစ်သည်။

သို့သော် သူတို့က ထိုအကြောင်းကိုတွေးနေရန် အချိန်မရှိပေ။

ရေဓာတ်ကျင့်ကြံသူများ နဂါးလှေပေါ်သို့ပြန်ရောက်လာသောအခါတွင် အရင်ဆုံး ကျင့်ကြံလိုက်ကြသည်။ သူတို့က ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို ကြုံတွေ့ခဲ့သည်။

ထိုသို့ ပြီးပြည့်စုံသောလိုက်ဖက်ညီမှုကို ပိုင်ဆိုင်ထားလျှင် အရူးတစ်ယောက်ကတောင် ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်လိမ့်မည်။

သို့သော် အရူးတစ်ယောက်တွင် ထိုလိုက်ဖက်ညီမှုမျိုးရှိနေရန် မဖြစ်နိုင်ပေ။

နဂါးလှေပေါ်တွင် ဟန်မူယဲ့သည် တင်ပျဉ်ခွေထိုင်နေသည်။ ကူယွမ်လုံ၏ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများလှည့်ပတ်နေပြီး ရေခိုးရေငွေ့များထွက်ပေါ်လာသည်။

ကူယွမ်လုံ၏ရေဓာတ်လိုက်ဖက်ညီမှုသည် အများအပြားတိုးလာခဲ့သည်။

သူက အကျိုးအမြတ်များ ရခဲ့သည်။

သို့သော် ကူယွမ်လုံနှင့်ယှဉ်လိုက်လျှင် သူက အများဆုံးအကျိုးရှိခဲ့ကြောင်း ဟန်မူယဲ့ခံစားမိသည်။

ကောင်းကင်နှင့်မြေကြီး၏လိုက်ဖက်ညီမှုစွမ်းအားသည် လောကနှင့် တူညီစွာအလဲအလှယ်လုပ်နိုင်သည်။

ထိုအလဲအလှယ်သည် အားနည်ပြီး တူညီသောတန်ဖိုးတစ်ခု လိုအပ်လျှင်ပင် စိတ်မကူးနိုင်သော အကျိုးအမြတ်များရလိမ့်မည်။

ယခင်က ကောင်းကင်နှင့်မြေကြီး၏အတားအဆီးရှေ့တွင် သူက အရေးမပါခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူ့မှာ စကားပြောခွင့်ရှိသည်။

သူက ကောင်းကင်တာအို၏စွမ်းအားကို ထိတွေ့နိုင်ရန်အတွက် တန်ဖိုးတစ်ခုပေးချေရန်သာလိုအပ်သည်။ လောက၏ဆန္ဒကို ဆက်တိုက်တွက်ချက်ကြည့်နေရန် မလိုအပ်တော့ပေ။

ထိုအကျိုးအမြတ်အပြင် ဟန်မူယဲ့က ကျောက်စိမ်းအရိုးနှင့် အဆင့်မြင့်ဝိညာဉ်လက်နက်တစ်ခုကိုလည်း ရခဲ့သည်။

ထိုအရာများကို ကောင်းကင်ဘုံအဆင့်မိစ္ဆာအားသတ်ဖြတ်၍ ရလာခဲ့သည်။

သာမန်ရေမိစ္ဆာများကိုသတ်ဖြတ်ခြင်းထက် ကောင်းကင်အဆင့်ကျွမ်းကျင်သူကိုသတ်ခြင်းက ပိုအကျိုးများပုံရသည်။

အကြိမ်တိုင်းတွင် ထိုသို့ရရှိနေမည်ဆိုလျှင် ဟန်မူယဲ့က ကြွယ်ဝမှုများ စုဆောင်းချင်မိသည်။

ထိုအကျိုးအမြတ်နှစ်ခုအပြင် ဆေးလုံးများအတွက် ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်ကျောက်တုံးများလည်း ရခဲ့သည်။

သူတစ်ယောက်တည်း ထိုသို့ရရှိခဲ့ခြင်းမဟုတ်ပေ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့်လိုက်ပါလာသော ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များသည်လည်း အကျိုးအမြတ်ရခဲ့သည်။

ပျော်ရွှင်စွာပြုံးနေသော နဂါးလှေများပေါ်ရှိတပည့်များကို သူမြင်နိုင်သည်။

ထို့အပြင် နဂါးလှေများကြားရှိဆက်ဆံရေးသည် သင့်မြတ်သည်။ သူတို့က ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် တိုက်ခိုက်နေပုံမပေါ်ပေ။

သူတို့က အကျိုးအမြတ်များ ရရှိခဲ့သောကြောင့် တိုက်ခိုက်နေရန်မလိုအပ်တော့ပေ။

ငါးမိစ္ဆာများ၏အလောင်းကို ရောင်းချနေသောအချိန်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် အသံပို့လွှတ်ခဲ့သည်။ “ပစ္စည်းကောင်းတွေကိုမရောင်းနဲ့ နောက်ပိုင်းမှာ အချင်းချင်းမတိုက်နဲ့”

သူတို့က အခွင့်အရေးများနှင့် ရတနာများကို ရခဲ့သည်။ ဤပြိုင်ပွဲတွင် အသက်ရှင်နိုင်လျှင် သူတို့၏အနာဂတ်သည် တောက်ပနေလိမ့်မည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လှေစုသည် ပျော်ရွှင်ပြီး သင့်မြတ်နေသော်လည်း နောက်တွင်ကျန်ခဲ့သောလှေစုသည် ငြီးငွေ့ဖွယ်ကောင်းသည်။

သူတို့၏ထိခိုက်မှုများသည် ပြင်းထန်ပြီး အကျိုးအမြတ်များရရှိမှုသည် မညီမျှပေ။

မကြာခဏဆိုသလိုပဲ နဂါးလှေတစ်စီးနှစ်စီးသည် လင်တောက်တာအိုဂိုဏ်း၏နဂါးလှေကို ကျော်တက်သွားခဲ့သည်။

လင်တောက်တာအိုဂိုဏ်း၏ဂုဏ်ကျက်သရေသည် ကျဆင်းနေသည်။

လင်တောက်တာအိုဂိုဏ်း၏နဂါးလှေပေါ်တွင် မည်းမှောင်နေသောမျက်နှာထားနှင့် လုချင်းချန်သည် ရှေ့ဆုံးတွင်ထိုင်နေသည်။

သူ့နောက်တွင် လင်တောက်တာအိုဂိုဏ်း၏ သားတော်ခုနစ်ပါးရှိနေသည်။

သို့သော် လုချင်းယွမ်က ပျောက်ကွယ်နေသည်။

“နောက်တစ်ရက်ကြာရင် ကြေးခွံနက်မျိုးနွယ်ရဲ့ ကောင်းကင်ဘုံအဆင့်မိစ္ဆာနှစ်ယောက် ရောက်လာလိမ့်မယ်”

“တစ်ရက်ကြာရင် နဂါးလှေစုက သန့်စင်ရေကန်ရဲ့အစပ်ကို ရောက်နေလိမ့်မယ်။ အဲဒါဆိုရင် သွေးယဇ်ပူဇော်ခြင်းက ပြည့်စုံတော့မှာမဟုတ်ဘူး”

လုချင်းချန်၏နောက်မှ အသံနှစ်သံထွက်လာသည်။

သူ့ရှေ့တွင် ကျယ်ပြန့်သောသန့်စင်ရေကန်ရှိနေသည်။

ဤနေရာသည် လင်တောက်တာအိုဂိုဏ်း၏အစီအစဉ်အတွက် အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဤနေရသည် မိစ္ဆာများနှင့်သဘောတူညီချက်အတွက် သော့ချက်ဖြစ်သည်။

“အရင်ဆုံးသွားပြီး ကြေးခွံနက်ငါးတွေကို သန့်စင်ရေကန်ဆီမျှားခေါ်ရမယ်။ ငါတို့က အစိမ်းရောင်ရေနဂါးကို အလစ်ဝင်တိုက်ပြီး သတ်ဖြတ်ကြမယ်”

လုချင်းချန်က ရေရွတ်လိုက်ပြီး လက်ထဲတွင် ချီစွမ်းအင်အလင်းကို ထုတ်ဖော်သည်။ နဂါးလှေသည် ရွှေအလင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီ ရေပေါ်တွင်ရှပ်ပြေးသွားသည်။

လင်တောက်တာအိုဂိုဏ်း၏လှုပ်ရှားမှုသည် တခြားလူများ၏အာရုံစိုက်ခြင်းကို ချက်ချင်းဆွဲဆောင်ခဲ့သည်။

သူတို့နောက်တွင်ရှိသောနဂါးလှေများသည် အရှိန်မြှင့်လိုက်ပြီး နောက်မှလိုက်လာသည်။

မြစ်ကမ်းပါးတွင် သူတို့၏တိုက်ပွဲကိုစောင့်ကြည့်ချင်သော ကျင့်ကြံသူများကလည်း လျင်မြန်စွာအရှိန်မြှင့်လိုက်သည်။

“လင်တောက်တာအိုဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကျော်ဖြတ်သွားတော့မှာလား။ ဒါမှမဟုတ် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို စိန်ခေါ်မှာလား”

လူအများအပြားက စတင်ဆွေးနွေးလိုက်သည်။

ပြိုင်ပွဲ၏အစတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လင်တောက်တာအိုဂိုဏ်းကို စိန်ခေါ်နိုင်ရန်အဆင့်မီလိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။

လောယန်ချောက်နက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လုပ်ဆောင်ချက်သည် လင်တောက်တာအိုဂိုဏ်းထက် သာလွန်ခဲ့သည်။ ထိုအချိန်မှစ၍ လူတိုင်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မြင့်မားစွာတွေးခဲ့သည်။

မြစ်ခွဲအတွင်း၌ဖြစ်ခဲ့သောတိုက်ပွဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အင်မော်တယ်ဟန်၏ဆုံးဖြတ်ချက်ပြတ်သားမှုသည် လင်တောက်တာအိုဂိုဏ်းကို အပြည့်အဝကျော်ဖြတ်သွားခဲ့သည်။

ယခုအချိန်၌ လူတိုင်း၏အမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်တောက်တာအိုဂိုဏ်းသည် တိုက်ခိုက်နေသည်။

လူများ၏နှလုံးသားက ပြောင်းလဲသွားခဲ့သည်။

အခြေအနေကလည်း လျင်မြန်စွာပြောင်းလဲနေသည်။

ယခုအချိန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေသည် အကန့်အသတ်မဲ့ကျယ်ပြန့်သော သန့်စင်ရေကန်အတွင်း၌ ရွက်လွှင့်နေသည်။

ရေကန်၏လှိုင်းများသည် မျက်စိတစ်ဆုံးမြင်နိုင်သည်အထိ ဖြာထွက်သွားသည်။

သန့်စင်ရေကန်သည် မိုင်သောင်းချီ၍ကျယ်ပြန့်သည်။

ဟန်မူယဲ့က နတ်အာရုံကို အဝေးသို့ဖြန့်ထုတ်မထားဘဲ နောက်တွင်ရှိသောလှေစုကို အာရုံစိုက်ထားသည်။

သူတွေးထားသည့်အတိုင်း လင်တောက်တာအိုဂိုဏ်း၏နဂါးလှေသည် အရှိန်မြှင့်၍ သန့်စင်ရေကန်၏အလယ်သို့ တိုးဝင်လာသည်။

‘သူတို့က အစိမ်းရောင်ရေနဂါးကို ဝိုင်းပြီးသတ်တော့မှာလား’ သူတွေးမိသည်။

“ညီအစ်ကိုကူ၊ အရှေ့ပင်လယ်မှာ အစိမ်းရောင်ရေနဂါးကလန်ရဲ့ဂုဏ်သတင်းက ဘယ်လိုနေလဲ” ဟန်မူယဲ့က ကူယွမ်လုံကိုလှည့်ကြည့်သည်။

သူ့စကားကိုကြားလိုက်ရသောအခါတွင် ကူယွမ်လုံက အပြုံးတစ်ခုနှင့်အတူ ပြောသည်။ “အရှေ့ပင်လယ်ရဲ့ကလန်ကြီးတွေက ကြွယ်ဝမှုကြောင့်ကျော်ကြားတယ်။ သူတို့က လူသားတွေနဲ့ အတော်လေးရင်းနှီးတယ်”

“ဒါပေမဲ့ သန့်စင်တဲ့သွေးမျိုးဆက်နဲ့ အရှေ့ပင်လယ်ရဲ့ အကြွယ်ဝဆုံးဝိညာဉ်နယ်မြေတချို့ကို ပိုင်ဆိုင်ထားတဲ့အတွက် အစိမ်းရောင်ရေနဂါးတွေက လူသားနဲ့တခြားကလန်တွေကို သိပ်ဂရုမစိုက်ဘူး”

All Chapters