← Chapters

အခန်း (၃၄၇)

Vol. 25 Ch. 347

အခန်း (၃၄၇)

Vol. 25 Ch. 347

ကြွယ်ဝပြီးအားကောင်းသောလူများသည် ဝိညာဉ်ကျောက်တုံးအတွက် အသက်စွန့်နေသောလူများကို အလိုလျောက်အထင်သေးလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သန့်စင်ရေကန်ကိုကျော်ဖြတ်ရန်အတွက် လှေကိုထိန်းကျောင်းလိုက်သည်။

သူက အစိမ်းရောင်ရေနဂါးအားသတ်ဖြတ်ရာတွင် ဝင်ပါရန်စိတ်မဝင်စားပေ။

“ဘုန်း”

အဝေးတစ်နေရာတွင် နားအူလောက်သောပေါက်ကွဲသံထွက်လာသည်။

သန့်စင်ရေကန်တစ်ခုလုံး တုန်ခါသွားသည်။

နဂါးလှေများပေါ်တွင်ရှိသော လက်ရွေးစင်တပည့်များသည် နောက်လှည့်ကြည့်လိုက်သည်။

လင်တောက်တာအိုဂိုဏ်းသည် လှုပ်ရှားခဲ့သည်။

ကောင်းကင်တွင်ပြည့်နေသော ချီစွမ်းအင်အလင်းများကြားတွင် မိစ္ဆာချီများ ရောပါနေသည်။

ဓားမြည်သံနှင့် ရေနဂါး၏ဟိန်းဟောက်သံကို ခပ်တိုးတိုးကြားနေရသည်။

ဧရာမရေလှိုင်းများ ဖြစ်ပေါ်လာသည်။

လင်တောက်တာအိုဂိုဏ်းနှင့် အဓိကဂိုဏ်းကြီးများမှတပည့်များသည် သူတို့နှင့်သက်ဆိုင်သောခွန်အားကို ထုတ်ပြလိုက်သည်။

ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားဖြင့် ပေါင်းစပ်သွားသည်။

တိမ်တိုက်များကြားတွင် အဓိကဂိုဏ်းများ၏ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် ပြုံးနေကြသည်။

ကံမကောင်းစွာဖြင့် ရေအနက်ထဲတွင်ဖြစ်နေသောကြောင့် ကောင်းကင်ထက်ရှိ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများနှင့် မြစ်ကမ်းပါးတွင်စောင့်ကြည့်နေသောကျင့်ကြံသူများသည် အရာအားလုံးကို ရှင်းလင်းစွာမမြင်နိုင်ပေ။

ဟန်မူယဲ့သည် လှေစုကိုဦးဆောင်၍ ရှေ့ဆက်သွားနေသည်။

“ဝီ”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ကျောက်စိမ်းရောင်အခွံတစ်ခု လက်ထဲတွင်ပေါ်လာသည်။

“အင်မော်တယ်ဟန်၊ ညီအစ်ကိုဟန်၊ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ကျေးဇူးပြုပြီး အစိမ်းရောင်ရေနဂါးကို ကယ်ပေးပါ” ခရုခွံထဲမှ ကျင်းကျားလင်း၏ စိုးရိမ်နေသောအသံထွက်လာသည်။

‘အစိမ်းရောင်ရေနဂါးကို ကယ်ရမှာလား’

ဟန်မူယဲ့က သန့်စင်ရေကန်၏အနက်ပိုင်းကို လှမ်းကြည့်သည်။

လင်တောက်တာအိုဂိုဏ်းနှင့် သောင်းချီနေသောလက်ရွေးစင်တပည့်များကိုသယ်ဆောင်ထားသည့် နဂါးလှေနှစ်ရာအပြင် ကြေးခွံနက်ငါးအုပ်စုသည်လည်း အစိမ်းရောင်ရေနဂါးကို ဝိုင်းရံသတ်ဖြတ်နေသည်။

‘ကယ်ရမှာလား’

“ညီအစ်ကိုဟန်က အစိမ်းရောင်ရေနဂါးကိုကယ်ပေးရင် အရှေ့ပင်လယ်ရဲ့နဂါးကလန်က မင်းအပေါ်မှာ အကြွေးကြီးတစ်ခုတင်သွားလိမ့်မယ်” ကျင်းကျားလင်၏အသံက ထပ်မံပေါ်ထွက်လာသည်။

အရှေ့ပင်လယ်၏ နဂါးကလန်

“ထင်ထားတဲ့အတိုင်း ကျင်းမိသားစုက အရှေ့ပင်လယ်နဂါးကလန်ကပဲ”

ဟန်မူယဲ့က တီးတိုးရေရွတ်သည်။

‘ဒီအားထုတ်မှုက ထိုက်တန်ရဲ့လား’ ဟန်မူယဲ့က တွေးမိသည်။

‘ကျင့်ကြံသူတွေက ပရဟိတသမားမဟုတ်ဘူးလေ’

ဟန်မူယဲ့က မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ရှေ့တွင်ရှိသောရေထုကိုကြည့်သည်။

“ဗွမ်း”

အားကုန်ပြီး ဒဏ်ရာများနှင့်ပြည့်နေသော အစိမ်းရောင်မုတ်ဆိတ်မိစ္ဆာ၏ခေါင်းသည် ရေထုထဲမှထွက်လာသည်။

“ဟန်၊ အင်မော်တယ်ဟန်က ကူညီပေးရင် ယုချန်ကိုပေးမယ်လို့ အစိမ်းရောင်ရေနဂါးက ပြောလိုက်တယ်”

‘ယုချန်’

‘အဲဒါက ဘာလဲ’

ဟန်မူယဲ့မပြောနိုင်ခင်မှာ တာအိုဆရာတယန်က စိုးရိမ်စိတ်များနှင့်အတူ တီးတိုးပြောသည်။ “ယုနင်က သန့်စင်ရေကန်မှာလား”

ဟန်မူယဲ့က တာအိုဆရာတယန်ဆီမှတစ်ဆင့် ယုနင်၏နာမည်ကို မကြာခဏကြားခဲ့ရပြီး ဓားဘုရင်ယွမ်ထျန်း၏ ဓားဆေးလုံး၄၈လုံးထဲမှ တစ်လုံးဖြစ်ကြောင်း သိထားခဲ့သည်။

ထိုဓားဆေးလုံး၏နာမည်သည် ယုချန်ဖြစ်နေသည်။

‘အရှေ့ပင်လယ်ရေနဂါးကလန်ရဲ့ဆက်ဆံရေးနဲ့ ဓားဆေးလုံးတစ်လုံး’

‘ဒါက လုံလောက်တယ်’

ဟန်မူယဲ့က သန့်စင်ရေကန်၏အလယ်သို့ကြည့်သည်။ ထိုနေရာတွင် ချီစွမ်းအင်အလင်းများ ပေါက်ကွဲထွက်နေသည်။

သူက မတ်တပ်ရပ်လိုက်သောအခါတွင် နဂါးလှေသည် နှေးကွေးသွားသည်။

နောက်တွင်ပါလာသောနဂါးလှေငါးရာကလည်း အရှိန်လျော့လိုက်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်နေရာကိုအလိုရှိနေတဲ့အတွက် ငါတို့က မျှမျှတတတိုက်ခိုက်ရမယ်”

“လင်တောက်တာအိုဂိုဏ်းက တစ်ခုခုလုပ်ချင်ရင် ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူတို့ကိုဆန့်ကျင်မယ်”

ဟန်မူယဲ့က ပုံမှန်အတိုင်းပြောနေသော်လည် ကြေညာချက်တစ်ခုနှင့်တူနေသည်။

ယခုအချိန်မှစ၍ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်တောက်တာအိုဂိုဏ်းသည် တရားဝင်ယှဉ်ပြိုင်လိမ့်မည်။

ထိုအချိန်တွင် မြစ်သည် တိတ်ဆိတ်သွားသည်။

စကားပြောနေသော ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် ရပ်တန့်သွားသည်။

သူတို့အားလုံးသည် ထို့ပါ့ချန်ကို တိတ်ဆိတ်စွာကြည့်လိုက်သည်။

ယခုအချိန်တွင် ဟန်မူယဲ့၏စကားကြောင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်တောက်တာအိုဂိုဏ်းသည် ဆန့်ကျင်ဘက်ဖြစ်သွားခဲ့သည်။

ကောင်းကင်ထက်တွင်ဖြစ်နေသောကြောင့် ဟန်မူယဲ့၏ကျင့်ကြံဆင့်နှင့်တိုက်ခိုက်နိုင်စွမ်းကို ခန့်မှန်းနိုင်ရန်ခက်ခဲ့သည်။

သို့သော် သူ့စိတ်ဓာတ်နှင့်တွက်ချက်နိုင်စွမ်းသည် ထိပ်တန်းအဆင့်တွင်ရှိနေသည်။

‘ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အကြံလား ဒါမှမဟုတ် ဓားအင်မော်တယ်ဟန်ရဲ့အကြံလား’ သူတို့ တွေးမိသည်။

“ထို့ပါ့ချန်၊ မင်းတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အုပ်ချုပ်သူဖြစ်လာတော့မလို့လား”

လင်တောက်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် မျက်လုံးများမှေးကျဉ်း၍ ထို့ပါ့ချန်ကိုကြည့်သည်။

တာအိုတန်ခိုးရှင်ဝမ်ဟွားထွက်သွားခဲ့သော်လည်း လင်တောက်တာအိုဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတချို့ ကျန်နေသေးသည်။

ထို့ပါ့ချန်က မည်သို့ဖြေမည်နည်း။

တိမ်တိုက်များကြားတွင် လေထုသည် ရုတ်တရက်လေးလံလာသည်။

နတ်အာရုံနှင့်အကြည့်များသည် ထို့ပါ့ချန်အပေါ်တွင်ရှိနေသည်။

ထို့ပါ့ချန်၏မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သူက ဂရုမစိုက်စွာပြောသည်။ “အနောက်ဘက်နယ်စပ်ကုန်းမြေက ကျင့်ကြံသူတွေအားလုံးရဲ့အပိုင်ပဲ။ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး”

‘သူက အဓိကအချက်ကို ရှောင်ပြီးဖြေနေတာလား’

ထိုစကားများသည် ဟန်မူယဲ့၏ သူရဲကောင်းဆန်သောကြေညာချက်နှင့် မလိုက်ဖက်ပေ။

စကားပြောခဲ့သော လင်တောက်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူက ပြုံးလိုက်သည်။ သူက ခပ်ဟဟရယ်သည်။ သို့သော် သူစကားမပြောနိုင်ခင်မှာ ထို့ပါ့ချန်၏အသံ ထွက်လာသည်။

“ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အုပ်ချုပ်သူဖြစ်လာဖို့စိတ်မဝင်စားပေမဲ့ နံပတ်တစ်နေရာကတော့ ငါတို့အတွက်ပဲ”

ဂိုဏ်းကိုးဂိုဏ်း၏နံပတ်တစ်နေရာသည် ဆုံးဖြတ်ပြီးသွားခဲ့သည်။

ထို့ပါ့ချန်၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း အလွန်ခိုင်မာသည်။

ထိုစကားကြောင့် တိမ်တိုက်များအတွင်းရှိလေထုသည် အပြည့်အဝအေးခဲသွားခဲ့သည်။

လင်တောက်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်သည် လေးနက်သောအငွေ့အသက်များနှင့်အတူ ထို့ပါ့ချန်ကိုလှည့်ကြည့်သည်။

ထိုအငွေ့အသက်သည် အလွန်သန်မာသောကြောင့် ရွှေအမြုတေ ပဥ္စမအဆင့်နှင့် ဆဌမအဆင့်ကျင့်ကြံသူများကို လွင့်ထွက်သွားစေနိုင်သည်။

ထို့ပါ့ချန်သည် အားနည်းချက်ထုတ်မပြပေ။ သူ့နောက်တွင်ရှိသောကျားဖြူပုံရိပ်သည် ဓားအငွေ့အသက်များနှင့်အတူ တုန်ခါလာသည်။ ကျားဖြူသည် အချိန်မရွေးခုန်အုပ်တော့မည့်ပုံပေါ်သည်။

တိမ်တိုက်များကြားတွင် လေထုသည် ချက်ချင်းတင်းမာလာသည်။

ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် နောက်ဆုတ်လိုက်ကြသည်။ လူအများအပြား၏မျက်လုံးများ တောက်ပသွားသည်။

ကောင်းကင်ထက်တွင် မုန်တိုင်းတစ်ခု စတင်လာသည်။

“ကောင်းပြီ။ နဂါးတက်လှမ်းစင်မြင့်ပေါ်မှာ ရလဒ်စောင့်ကြည့်ကြတာပေါ့”

ထိုအချိန်တွင် အသံတစ်သံထွက်လာသည်။

ရှန့်ယန်မိစ္ဆာဂိုဏ်း၏ အနက်ရောင်ဝတ်စုံနှင့်လီမူပိုင်က လက်ကိုဝှေ့ယမ်းသည်။

အနက်ရောင်ဓားအလင်းတစ်ခုပေါ်ထွက်လာပြီး လေထုထဲတွင်ရှိသော ပြင်းထန်သည့်အငွေ့အသက်များကို ဖျက်ဆီးလိုက်သည်။

ဓားအလင်းသည် ကျားဖြူပုံရိပ်၏နဖူးကို ဝင်တိုက်လိုက်သည်။

“ဝေါင်း ....”

ကျားဖြူသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး လက်သည်းများဖြင့် အနက်ရောင်အလင်းကိုပုတ်ချသည်။ ထို့နောက် ကျားဖြူ၏တစ်ကိုယ်လုံး တုန်ခါပြီး ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင်အလင်းသည်လည်း ပျောက်ကွယ်သွား၏။

လီမူပိုင်က ထို့ပါ့ချန်ကို လှည့်ကြည့်သည်။

ပိုမိုသန်မာသောလူကို လွယ်ကူစွာသိနိုင်သည်။

လင်တောက်တာအိုဂိုဏ်းမှ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်၏အငွေ့အသက်သည် အနက်ရောင်ဓားအလင်းကို မတားနိုင်ခဲ့ပေ။ ထို့ပါ့ချန်၏ ဓားမာဟုန်နှင့်အနက်ရောင်အလင်းသည် ပြိုင်တူပျက်စီးသွားခဲ့သည်။

ထို့ပါ့ချန်၏တိုက်ခိုက်နိုင်စွမ်းသည် သာမန်ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများထက် အဆများစွာသာနေသည်။

တိမ်တိုက်များကြားတွင် နတ်အာရုံများလှုပ်ရှားသွားကြသည်။ သူတို့က စကားမပြောသော်လည်း ခံစားချက်အပြောင်းအလဲများ ဖြစ်လာသည်။

လင်တောက်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သန့်စင်ရေကန်ကို ငုံ့ကြည့်နေသည်။

နဂါးတက်လှမ်းစင်မြင့်သို့ရောက်သည်အထိ သူတို့စောင့်နိုင်သည်။

လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ထိန်းချုပ်ခဲ့သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူတို့ကိုပျက်စီးသွားအောင် မလုပ်နိုင်ပေ။

သန့်စင်ရေကန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေသည် မိုင်တစ်ရာအထိ နောက်ပြန်လှည့်ခဲ့သည်။

သူတို့နောက်တွင် နဂါးလှေများသည်ခဏတာတွန့်ဆုတ်နေပြီး နောက်မှလိုက်လာကြသည်။

သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လင်တောက်တာအိုဂိုဏ်းနှင့်တိုက်ခိုက်ရန် ကူညီပေးနိုင်မည်မဟုတ်သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို စွန့်ပစ်ခဲ့လျှင် အခြေအနေပိုဆိုးသွားနိုင်သည်။

“ဘုန်း”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေပေါ်မှ မျက်စိကျိန်းလောက်သောဓားအလင်းတစ်ခု ထွက်လာသည်။

ထိုဓားအလင်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ၏ ဓားချီစုစည်းမှုဖြစ်ပြီး ပေသုံးထောင်ရှိသောဓားရှည်ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့သည် လှေဦးတွင်ရပ်နေပြီး လက်မြှောက်သည်။

ဧရာမဓားကြီးသည် လေထုထဲတွင်ပျံသန်းနေသည်။

ဟန်မူယဲ့က လက်ချလိုက်သောအခါတွင် ဓားပုံရိပ်သည် မိုင်ရာချီအကွာသို့ တိုးဝင်သွားသည်။

သူက မိုင်ရာချီအကွာတွင်ရှိသောရန်သူများကို ဓားဖြင့်သတ်ဖြတ်နိုင်သည်။ ထိုနည်းလမ်းမျိုးသည် ပြိုင်ဘက်ကင်းသည်။

ဓားပုံရိပ်သည် လေထုကိုထိုးခွဲပြီး ဓားအလင်းနှင့်ချီစွမ်းအင်အလင်းများ ထွက်ပေါ်နေသောနေရာသို့ ရောက်သွားသည်။

ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူအများအပြားသည် ထိတ်လန့်သွားသည်။

စိုးရိမ်နေသောလူများလည်း ရှိသည်။

ထိုဓား၏စွမ်းအားသည် အလွန်ပြင်းထန်လိမ့်မည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလျှင်ပင် ထိုဓား၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားနိုင်သည်။

လင်တောက်တာအိုဂိုဏ်းနှင့်အတူ နဂါးလှေနှစ်ရာကျော်ရှိနေသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့သည် ဓားကိုထိန်းချုပ်ထားပြီး တိုက်ရိုက်ခုတ်မချခဲ့ပေ။

ထိုဓားသည် တိုက်ခိုက်နေသောနေရာသို့ ရောက်သွားခဲ့ပြီး လေထုထဲတွင် လှည့်ပတ်နေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာသည်။

ရေပြင်ပေါ်တွင်ရှိနေသောလှေများသည် ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြသည်။

အသက်ဆယ်ခါရှုချိန်ခန့် ကြာသောအခါတွင် ဓားသည် ခုတ်ချလိုက်သည်။

“ဘုန်း”

ထိုဓားချက်သည် ရေထုကိုထိုးခွဲသွားပြီး ရေအောက် ပေသုံးသောင်းအကွာအထိ ရောက်သွားသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကိုသယ်ဆောင်ထားသော ဓားပုံရိပ်သည် ရေမျက်နှာပြင်ကို မိုင်နှစ်ထောင်အထိ ကွဲထွက်သွားစေသည်။

ထို့ကြောင့် ရေအောက်တွင်ရှိသောမြင်ကွင်းကို မြင်လိုက်ရသည်။

ပေငါးထောင်ရှည်သော အစိမ်းရောင်ရေနဂါးတစ်ကောင်သည် သဘာဝစွမ်းအင်အလင်းများတောက်ပနေသော ချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရသည်။

အစစ်အမှန်ရေနဂါးတစ်ကောင်ဖြစ်ပြီး အစိမ်းရောင်နဂါးကြေးခွံများသည် ထူးခြားသော အနက်ရောင်အလင်းများကို ထုတ်ပေးနေသည်။

ထိုအချိန်တွင် မရေမတွက်နိုင်လောက်သော ကြေးခွံနက်ငါးများသည် အစိမ်းရောင်ရေနဂါးဆီသို့ တိုးဝင်သွားကြသည်။

ထိုငါးများသည် တိုက်ခိုက်ရန်အတွက်မဟုတ်ဘဲ အသေခံရန်အတွက်ဖြစ်သည်။

အစိမ်းရောင်ရေနဂါး၏လက်သည်းနှင့်အမြီးများသည် တစ်ချက်လှုပ်ရှားလိုက်ရုံနှင့် ကြေးခွံနက်ငါးများကို အသားပြားဖြစ်သွားစေနိုင်သည်။

သို့သော် ကြေးခွံနက်ငါးများ၏ သွေးနှင့်ချီစွမ်းအင်သည် ရေနဂါးကိုထိန်းချုပ်ထားသော ချိန်းကြိုးများနှင့် ပေါင်းစပ်သွားသည်။ ချိန်းကြိုများသည် ရေနဂါး၏ခန္ဓာကိုယ်ကို ပိုမိုတင်းကျပ်စွာ ဖြည်းဖြည်းချင်းချည်နှောင်လိုက်သည်။

ဧရာမကြေးခွံနက်ငါးတချို့သည် နောက်တွင်စောင့်ကြည့်နေသည်။

“ဘုန်း” ေ

ဓားအလင်းပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော ငါးမိစ္ဆာအလောင်းများ ရေပေါ်သို့တက်လာသည်။ ရေထုက ပြန်လည်ပေါင်းစပ်သွားပြီး ရေလှိုင်းများထလာသည်။ နဂါးလှေဆယ်စင်းခန့် တိမ်းမှောက်သွားသည်။

ရေအောက်တွင်ရှိသောမြင်ကွင်းသည် ပြန်လည်ဖုံးကွယ်ခံလိုက်ရသည်။

“ဟားဟား၊ လင်တောက်တာအိုဂိုဏ်းက ရေနဂါးကိုသတ်မလို့လား” ဟန်မူယဲ့က ရယ်သည်။

ကန်ရေပြင် ထိုးခွဲခံလိုက်ရသောအချိန်တွင် သူ့နတ်အာရုံသည် ရေအောက်ရှိမြင်ကွင်းများကို မြင်ခဲ့ရသည်။

လင်တောက်တာအိုဂိုဏ်းသည် ရေနဂါးကို သတ်ဖြတ်ချင်နေသည်။ သူတို့၏ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများသည် ရေနဂါးကို တိုက်ခိုက်နေခဲ့သည်။

ရေနဂါးသည် ချုပ်နှောင်ခံထားရသော်လည်း ခွန်အားနှင့်ခုခံနိုင်စွမ်းက အလွန်သန်မာသည်။ ရေဓာတ်နည်းစနစ်များကိုလည်းအသုံးပြုနိုင်ပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ထက် အားမနည်းပေ။

လင်တောက်တာအိုဂိုဏ်းသည် ကျွမ်းကျင်သူများကိုဦးဆောင်၍ ရေနဂါးကိုသတ်ဖြတ်ပြီး မျက်နှာပြန်ရလာအောင် လုပ်ချင်နေပုံရသည်။

ကောင်းကင်ထက်တွင် လူအများအပြားသည် တိတ်ဆိတ်နေသည်။

“ဒါပေမဲ့ အဲဒီကြေးခွံနက်ငါးမိစ္ဆာတွေက လင်တောက်တာအိုဂိုဏ်းနဲ့ ဘာဖြစ်လို့ပူးပေါင်းနေတာလဲ ငါသိချင်မိတယ်”

ဟန်မူယဲ့က စကားပြောလိုက်သည်။

ကြေးခွံနက်ငါးများကလည်း ရေနဂါးကို တိုက်ခိုက်ခဲ့သည်။

ထိုအရာသည် ပူးပေါင်းခြင်းဖြစ်သည်။

သို့သော် သိပ်မကြာခင်အချိန်တွင် လင်တောက်တာအိုဂိုဏ်း၏လှေစုနှင့် ငါးမိစ္ဆာများ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်လုံး ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။

“ဟားဟား၊ နောက်ဆုံးတော့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုပဲလေ။ သူတို့ဂရုစိုက်တာက အကျိုးအမြတ်ပဲရှိတယ်။ ဂုဏ်သိက္ခာတွေ ကိုယ်ကျင့်တရားတွေကို ဂရုမစိုက်ဘူး”

ဟန်မူယဲ့က ရယ်လိုက်ပြီး ဖြည်းဖြည်းချင်းလက်မြှောက်သည်။

“ငါတို့ဓားကျင့်ကြံသူတွေက ကျေးဇူးတရားနဲ့ရန်ငြိုးကို ခွဲခြားနိုင်တယ်”

“ငါတို့ဓားကျင့်ကြံသူတွေက အရှုံးပေးရမယ့်အစား အသေခံလိုက်မယ်”

“ငါတို့ဓားကျင့်ကြံသူတွေက သေခြင်းရှင်ခြင်းထက် လက်ထဲမှာရှိတဲ့ဓားကိုပဲ ဂရုစိုက်တယ်”

“ဓားတွေက ထက်မြိနေသေးရဲ့လား”

“ဓားကျင့်ကြံသူ”

”ငါက အစစ်အမှန်ဓားကျင့်ကြံသူပဲ”

All Chapters