အခန်း (၃၅၀)
Vol. 25 Ch. 350
ဤနေရာသည် တိမ်တိုက်ကြိုးကြာနန်းတော်၏ တပည့်များလေ့ကျင့်ရန်အတွက် စမ်းသပ်နယ်မြေတစ်ခုဖြစ်သည်။
သို့သော် ဟန်မူယဲ့၏အတွေးနှင့်မတူဘဲ ဤနေရာသည် အစပိုင်းတွင် ချီစွမ်းအင်ကို တားမြစ်မထားခဲ့ပေ။
သူ့ချီစွမ်းအင်များကုန်ဆုံးသွားသောကြောင့် ထိုသို့ဖြစ်လာခြင်းဖြစ်သည်။
ချီစွမ်းအင်ကုန်ဆုံးသွားလျှင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို မသုံးနိုင်တော့ပေ။ ဤနယ်မြေအတွင်း၌ရှိသော မဟာတာအိုသည် ချီစွမ်းအင်ကို တားမြစ်ထားသည်။
ထိုသို့မဟုတ်လျှင် ချီစွမ်းအင်ပိုင်ဆိုင်ထားသော ကျင့်ကြံသူကြီးတစ်ယောက်သည် ဤနယ်မြေအတွင်းရှိ သက်ရှိများအားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။
“အစပိုင်းမှာ တိမ်တိုက်ကြိုးကြာနန်းတော်ရဲ့ခေါင်းဆောင်က ဒီနေရာကို ဆယ်နှစ်တစ်ကြိမ်လာလေ့ရှိတယ်”
“ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ထောင်ချီအကြာမှာ သူတို့က ထပ်မလာတော့ဘူး”
“သူတို့မလာတဲ့အတွက် ကောင်းကင်ကြိုးကြာနယ်မြေရဲ့ဘဝတွေက မတည်မငြိမ်ဖြစ်လာတယ်။ တချို့လူတွေက သေသွားတယ်။ တချို့ကတော့ မိစ္ဆာတွေဖြစ်လာတယ်”
သက်လတ်ပိုင်းအရွယ်လူကြီးသည် ကြောက်ရွံ့နေပုံရသည်။ သူက အဝေးတစ်နေရာတွင်ရှိနေသောတောင်များကို လှည့်ကြည့်လိုက်ပြီး တီးတိုးပြောသည်။ ကောင်းကင်ကြိုးကြာလူတွေက မိုင်သုံးထောင်အကွာမှာရှိတဲ့ ကောင်းကင်ကြိုးကြာကမ်းပါးမှာ နေထိုင်တယ်။ သူတို့က ကောင်းကင်ကြိုးကြာနယ်မြေကို သုံးနှစ်တစ်ကြိမ် အလည်လာလေ့ရှိတယ်”
“တကယ်တော့ သူတို့က လူတွေကိုစားဖို့ ရောက်လာတာ”
လူငယ်တစ်ယောက်သည် အံတင်းတင်းကြိတ်ထားပြီး ပခုံများတုန်ခါနေသည်။
ကောင်းကင်ကြိုးကြာနယ်မြေ၏လူသားများသည် အထောက်အပံ့တစ်ခုသာဖြစ်သည်။
လွန်ခဲ့သောနှစ်ထောင်ချီအတွင်း၌ ဤနယ်မြေတွင် လူဦးရေတိုးတက်လာခဲ့သည်။
ကောင်းကင်ကြိုးကြာများသည် သုံးနှစ်တစ်ကြိမ်ကင်းလှည့်လေ့ရှိသည်။ အမွေဆက်ခံထားသောနည်းလမ်းများနှင့် သူတို့ကိုခုခံနိုင်သော မြို့ကြီးအချို့မှလွဲ၍ ကျန်နေရာတွင်ရှိနေသောလူသားများသည် ကောင်းကင်ကြိုးကြာများ၏စားသုံးခြင်းကို ခံခဲ့ရသည်။
ဟန်မူယဲ့က မြို့ကြီးများကို စိတ်မဝင်စားပေ။ သို့သော် ဤလူများပြောနေသော ကောင်းကင်ကြိုးကြာများကို အနည်းငယ်စိတ်ဝင်စားသည်။
ယခင်က တိမ်တိုက်ကြိုးကြာနန်းတော်၏လူများသည် ကောင်းကင်ကြိုးကြာများ၏ ဦးခေါင်းထက်တွင်ရှိသော သွေးအဆီအနှစ်များကိုရယူရန် ရောက်လာခဲ့ကြသည်။
ကောင်းကင်ကြိုးကြာများ၏ သွေးအဆီအနှစ်သည် ကျင့်ကြံခြင်းကို တိုးတက်စေနိုင်ပြီး အမျိုးမျိုးသော သွေးမျိုးဆက်စွမ်းအားများကို ရရှိစေနိုင်သည်။
ကောင်းကင်ကြိုးကြာများ၏သွေးအဆီအနှစ်ကို တခြားသွေးမျိုးဆက်များနှင့်ပေါင်းစပ်လျှင် မတူညီသောသွေးမျိုးဆက်ကို ရရှိလာနိုင်သည်။
မိစ္ဆာများအတွက် သွေးမျိုးဆက်သန့်စင်မှုသည် အလွန်အရေးပါသည်။
ကောင်းကင်ကြိုးကြာများ၏သွေးသည် သွေးမျိုးဆက်အားလုံးကို သန့်စင်ပေးနိုင်သည်။
ဟန်မူယဲ့၏အမြင်တွင် ထိုအရာသည် ရှားပါးသောရတနာဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုများအတွက် ကောင်းကင်ကြိုးကြာသွေးအဆီအနှစ်သည် တိမ်မြူရွှေကြာပန်းအစေ့နှင့် တူသည်။
သူက ထိုရတနာမျိုးကို ရရှိနိုင်လျှင် ရုပ်ခန္ဓာကျင့်ကြံရာတွင် ပိုမိုလွယ်ကူသွားလိမ့်မည်။
သူက ကွန်ဖြူးရှပ်တာအိုကို နက်ရှိုင်းစွာနားလည်ပြီး ဓားဆန္ဒများ ပိုမိုများပြားစွာစုစည်းထားနိုင်သည့်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှု လိုအပ်နေကြောင်း ခံစားမိသည်။
သူကျင့်ကြံထားသော ရှေးခေတ်နွားသိုးနည်းစနစ်ကိုလည်း တွက်ချက်ကြည့်ရန်လိုအပ်နေသည်။
အကောင်းဆုံးနည်းလမ်းသည် မိစ္ဆာများ၏ ကျင့်ကြံခြင်းနည်းစနစ်ကိုငှားယူပြီး ရုပ်ခန္ဓာကျင့်ကြံခြင်း တိုးတက်လာစေရန်အတွက် ကိုယ်ပိုင်သွေးမျိုးဆက်ကို သန့်စင်ရမည်။
ကောင်းကင်ကြိုးကြာများ၏သွေးအဆီအနှစ်သည် သူ့အတွက် အကျိုးရှိလိမ့်မည်။
ဟန်မူယဲ့က တောအုပ်ထဲတွင် အချိန်ကြာမြင့်စွာမနေဘဲ ကောင်းကင်ကြိုးကြာကမ်းပါးသို့ သွားခဲ့သည်။
အကယ်၍ သူက ပျံသန်းနိုင်မည်ဆိုလျှင် အချိန်ကြာမည်မဟုတ်ပေ။
သို့သော် ကောင်းကင်ကြိုးကြာနယ်မြေတွင် ခြေလျင်သွားရမည်ဖြစ်သောကြောင့် အချိန်ပိုကြာသည်။
မိုင်တစ်ရာအကွာတွင် ဟန်မူယဲ့သည် ရွာတစ်ရွာသို့ရောက်လာသည်။
သူက ရွာထဲသို့ဝင်မသွားခဲ့သော်လည်း စိတ်ဝင်စားစရာတစ်ခုကို မြင်ခဲ့ရသည်။
ရွာရှေ့တွင်ရှိသော ရွှံ့အိုင်ထဲတွင် ပေငါးဆယ်ရှိသော ကြေးခွံနက်ငါးမိစ္ဆာတစ်ကောင် လူးလှိမ့်နေသည်။
ရွာသားများသည် ကန်ရေကို ဖောက်ချခဲ့သည်။
ငါးမိစ္ဆာ၏ရုန်းကန်မှုကြောင့် နေရာအနှံ့သို့ ရွှံ့များလွင့်စင်လာသည်။
ကောင်းကင်ကြိုးကြာနယ်မြေတွင် ငါးမိစ္ဆာများသည် မိစ္ဆာချီကို မသုံးနိုင်ပေ။ ထို့အပြင် ထိုငါးသည် အသွင်ပြောင်းနိုင်သောအဆင့်သို့ မရောက်သေးသောကြောင့် လွတ်မြောက်နိုင်ရန် ခက်ခဲနေသည်။
ရေမရှိသောကြောင့် ငါးမိစ္ဆာက ရွာသားများကိုခြောက်လှန့်ရန်အတွက် အမြီးဖြင့် တဗြန်းဗြန်းရိုက်နေသည်။ ထိုငါးသည် အကူအညီကင်းမဲ့နေသည်။
ဤနေရာသို့ ကျင့်ကြံသူနှင့် ငါးမိစ္ဆာအများအပြား ရောက်လာသည်။
ဤနေရာတွင် ရေရှိနေလျှင်တော့ ငါးမိစ္ဆာများ ရှင်သန်နိုင်လိမ့်မည်။ အကယ်၍ ရေမရှိလျှင် ငါးမိစ္ဆာများ သေသွားလိမ့်မည်။
ဟန်မူယဲ့က ထိုသို့တွေးမိပြီး မျက်နှာထားပြောင်းလဲသွားသည်။
သူက တိတ်ဆိတ်စွာထွက်လာခဲ့ပြီး တောနက်ထဲတွင် ပေတစ်ရာရှိသောငါးတစ်ကောင်ကို တွေ့ခဲ့သည်။
သူ့လက်သီးချက်သည် ကြေးခွံနက်ငါး၏ဦးခေါင်းကို ထိမှန်သွားပြီး ချက်ချင်းသတ်ဖြတ်ခဲ့သည်။
ငါးသေသွားသောအခါတွင် လေထုထဲတွင် မဖော်ပြနိုင်သောစွမ်းအားတစ်ခု ပေါ်ထွက်လာသည်။
ထိုအရာသည် ငါး၏ဝိညာဉ်နှင့် မိစ္ဆာချီကိုဝါးမြိုနေသော ကောင်းကင်တာအို၏စွမ်းအားဖြစ်သည်။
ဤကမ္ဘာသည် အပြင်လူများ၏စွမ်းအားကို စုပ်ယူလိမ့်မည်။
ငါးမိစ္ဆာကို သတ်ဖြတ်လိုက်သောအခါတွင် ဟန်မူယဲ့သည် အနည်းငယ်လျော့ပါးသွားသော ချုပ်နှောင်မှုကို ခံစားမိသည်။
သူက ဒန်ထျန်အတွင်း၌ရှိသော ချီစွမ်းအင်အနည်းငယ်ကို အသုံးပြုနိုင်သည်။
ထိုအရာသည် ကောင်းကင်တာအို၏ ခွင့်ပြုချက်ဖြစ်သည်။
ကောင်းကင်တာအိုသည် အပြင်လူများအား သတ်ဖြတ်၍ သူ့ကိုယ်သူအားဖြည့်နိုင်ရန် ဟန်မူယဲ့ကို မက်လုံးပေးခဲ့သည်။
ကောင်းကင်ကြိုးကြာနယ်မြေသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အထောက်အပံ့မရခဲ့ပေ။ ဤလောက၏စွမ်းအားသည် ကုန်ခန်းနေသည်။
ယခု ကောင်းကင်တာအိုသည် သူ့ကိုယ်သူအားဖြည့်ရန်အတွက် စွမ်းအားများကို အရေးပေါ်လိုအပ်နေသည်။
ဟန်မူယဲ့က ကောင်းကင်ကိုမော့ကြည့်ပြီး ကောင်းကင်ကြိုးကြာကမ်ပါးသို့ ဦးတည်ခဲ့သည်။
သူက လမ်းတွင်တွေ့ခဲ့သော ကြေးခွံနက်ငါးမိစ္ဆာများကို တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ခဲ့သည်။
သူက မိုင်တစ်ထောင်အကွာသို့ရောက်လာသောအခါတွင် ဒါဇင်နှင့်ချီသော ကြေးခွံနက်ငါးမိစ္ဆာများကို သတ်ဖြတ်နိုင်ခဲ့သည်။ သူက ကိုယ်ပိုင်ခွန်အားဖြင့် ဓားချီဆယ်ခုကို အသုံးပြုနိုင်သည်။ သူ့ကျင့်ကြံခြင်းသည် ချီစုစည်းခြင်းတတိယအဆင့်သို့ ရောက်နေသည်။
ထိုစွမ်းအားသည် သိပ်မများသော်လည်း ဤကမ္ဘာတွင် လွှမ်းမိုးနိုင်သည်။
ဟန်မူယဲ့က ရှေ့ဆက်သွားလိုက်သောအခါတွင် လက်ရွေးစင်တပည့်တစ်ယောက်၏အလောင်းကို မြင်ရသည်။
ထိုတပည့်၏ကိုယ်ပေါ်တွင် ဓားဒဏ်ရာတစ်ခုရှိနေသည်။
ထိုတာအိုကျင့်ကြံသူသည် မန္တန်များတွင် အလွန်ကျွမ်းကျင်လိမ့်မည်။
သို့သော် ဤကမ္ဘာတွင် မန္တန်စွမ်းအားကို မသုံးနိုင်သောကြောင့် ဓားကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် အကူအညီကင်းမဲ့သွားခဲ့ရသည်။
ဟန်မူယဲ့က လင်တောက်တာအိုဂိုဏ်း၏ လက်ရွေးစင်တပည့်များနှင့် တွေ့ချင်နေသည်။
သူက ဓားဆေးလုံးနှင့် တိမ်တိုက်နဂါးဓားကိုအသုံးပြု၍ ပေတစ်ရာရှည်သော ငါးမိစ္ဆာနှစ်ကောင်ကို သတ်ဖြတ်လိုက်သောအခါတွင် တာအိုဆရာတယန်နှင့် ကျိုးယွင်လုံတို့ ထွက်လာနိုင်ခဲ့သည်။
သို့သော် သူတို့၏ပုံရိပ်သည် ပျောက်ကွယ်လုနီးပါး မှိန်ဖျော့နေသည်။
ထို့ကြောင့် သူတို့တွင် တိုက်ခိုက်နိုင်စွမ်းမရှိပေ။
သို့သော် အရေးမပါပေ။ ဟန်မူယဲ့က သူတို့ကို တိုက်ခိုက်ရန်အတွက် ဆင့်ခေါ်ခဲ့ခြင်းမဟုတ်ပေ။
သူက သူတို့နှင့်စကားပြောပြီး ပျင်းရိမှုကို ဖြေဖျောက်နိုင်သည်။
“ဒီကောင်းကင်ကြိုးကြာနယ်မြေက တစ်ခုခုပဲ” တာအိုဆရာတယန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အတိတ်ကိုသတိရနေသောမျက်နှာထားဖြင့် ပြောသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ မိစ္ဆာအမွေအနှစ်က ရှေးခေတ်ကျင့်ကြံသူကြီးတစ်ယောက်ဆီကနေ ရောက်လာတာလို့ ဓားဘုရင်ယွမ်ထျန်းက ပြောခဲ့တယ်”
“အဲဒီကျွမ်းကျင်သူကြီးက အလယ်ပိုင်းကုန်းမြေမှာ တိုက်ခိုက်ခဲ့ပြီး ကုန်းမြေလေးခုကို လှည့်ပတ်သွားလာနိုင်ခဲ့တယ်”
“သူ့နာမည်က ဘယ်သူပါလိမ့် ....”
တာအိုဆရာတယန်က ခေါင်းကုတ်သည်။
“သွမ်ကျိုးရှောင်၊ သူ့မှာ ကောင်းကင်ကြိုးကြာသွေးမျိုးဆက်ရှိတယ်။ သူက အရှေ့ပင်လယ်ရေနဂါးတွေကို စားသုံးခဲ့တယ်”
သိပ်မဝေးသောနေရာမှ အသံတစ်သံထွက်လာသည်။
ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ထားသော အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူကို မြင်ရသည်။
“ယု ... ယုနင်လား” တာအိုဆရာတယန်က အံ့အားသင့်သွားသည်။ ထို့နောက် ခေါင်းခါသည်။ “မင်းက သူမ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကိုယ်ပေါ်မှာ သူမရဲ့အငွေ့အသက်တွေ ရှိနေတယ်”
“ငါက သူမပါ” အမျိုးသမီးကျင့်ကြံသူက တာအိုဆရာတယန်ကို တစ်ချက်ကြည့်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
“ယုချန်ဓားဆေးလုံးက သန့်စင်ရေကန်ထဲကို ပြုတ်ကျသွားတဲ့အချိန်မှာ ငါ့ဓားဝိညာဉ်က ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့တယ်”
“ငါ့စွမ်းအားကို မိစ္ဆာချုပ်နှောင်ခြင်းသော့က စုပ်ယူသွားတဲ့အတွက် ငါ့ဝိညာဉ်က ပျက်စီးသွားတော့မယ်”
“ယုနင်က ငါ့ဝိညာဉ်နဲ့ တစ်သားတည်းဖြစ်သွားတယ်။ သူမက ဓားဆေးလုံးစွမ်းအင်ကိုအသုံးပြုပြီး မိစ္ဆာချုပ်နှောင်ခြင်းသော့ရဲ့စွမ်းအားကို ငါခုခံနိုင်အောင် ကူညီပေးခဲ့တယ်”
“ယုနင်ရဲ့ဝိညာဉ်က ပျက်စီးသွားပြီလို့ မင်းပြောချင်တာလား” တာအိုဆရာတယန်က ရှေ့သို့တစ်လှမ်းတိုးပြီး အမျိုးသမီးကျင့်ကြံသူကို စိုက်ကြည့်သည်။
အမျိုးသမီးကျင့်ကြံသူက ခေါင်းခါလိုက်ပြီး ပြောသည်။ “သူမက မသေပါဘူး။ ငါတို့က အတူတူပေါင်းစပ်သွားတာ။ နင်လည်းသိပါတယ်။ ဓားဆေးလုံးက အလိုမရှိဘူးဆိုရင် နာခံလာအောင်လုပ်နိုင်တဲ့လူ မရှိဘူး”
အမျိုးသမီးကျင့်ကြံသူက ခေါင်းမော့လိုက်ပြီး တာအိုဆရာတယန်ကို ကြည့်သည်။ “နင်က အကျင့်မကောင်းပေမဲ့ ယုနင်ကို ကောင်းကင်ဆက်ဆံတယ်”
“နင်က လူအဖြစ်အသွင်ပြောင်းပြီး သူမရဲ့ဓားဆေးလုံးကို မြည်းကြည့်ချင်နေတယ်”
“ငါနင့်ကို အဲဒါပေးနိုင်တယ်”
“အဲဒါက သူမပြောခဲ့တာပဲ”
ထိုသို့ပြောပြီးသွားသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက တာအိုဆရာတယန်ကို စိုက်ကြည့်နေသည်။
တာအိုဆရာတယန်၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ဆက်တိုက်ယိမ်းထိုးနေသည်။
ထို့နောက် ဝှစ်ခနဲ ပျောက်ကွယ်သွားသည်။
အမျိုးသမီးကျင့်ကြံသူက ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးသည်။ သူမက လက်မြှောက်လိုက်ပြီး ကျောက်စိမ်းရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူသည်။
“ဒါက ဓားဘုရင်ယွမ်ထျန်းရဲ့ရတနာတစ်ခုဖြစ်တဲ့ ယုချန်ဓားဆေးလုံးပဲ”
“ငါပြောထားတဲ့အတိုင်း နင့်ကိုပေးလိုက်မယ်”
အမျိုးသမီးကျင့်ကြံသူက ဓားဆေးလုံးကို ပစ်ပေးသည်။
ဟန်မူယဲ့က ဖမ်းယူလိုက်သည်။
ဟန်မူယဲ့က ဓားဆေးလုံးထဲသို့ ဓားချီများထည့်သွင်းလိုက်ပြီး နောင်တများနှင့်ခေါင်းခါသည်။
ဓားဆေးလုံးအတွင်း၌ရှိသော ဓားချီနှင့်မှတ်ဉာဏ်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုအရာများသည် သူ့ရှေ့တွင်ရှိသော အမျိုးသမီးကျင့်ကြံသူနှင့် ပေါင်းစပ်သွားသောကြောင့် သူက မှတ်ဉာဏ်များမရနိုင်တော့ပေ။
“ငါက အရှေ့ပင်လယ် တော်ဝင်ရေနဂါးမိသားစုက ချင်းထုံပဲ။ ငါက မြစ်ကိုဆန်တက်ပြီး ကူးခပ်နေတဲ့အချိန်မှာ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေနဲ့ တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရခဲ့တယ်။ ငါ့ကို တိမ်တိုက်ကြိုးကြာနန်းတော်ရဲ့လူတွေက ဖမ်းခေါ်သွားပြီး သွမ်ကျိုးရှောင်ချန်ထားခဲ့တဲ့နည်းလမ်းနဲ့ ချုပ်နှောင်ထားခဲ့တယ်”
“သူတို့က ငါ့သွေးမျိုးဆက်စွမ်းအားကိုထုတ်ယူပြီး ကောင်းကင်ကြိုးကြာတွေကို ပျိုးထောင်ချင်ခဲ့တယ်”
ချင်းထုံ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများရှိနေသည်။ သူမက အံတင်းတင်းကြိတ်ထားပြီး တီးတိုးပြောသည်။ “ဓားဘုရင်ယွမ်ထျန်းနဲ့ ပြင်ပဘုံကျင့်ကြံသူတွေရဲ့တိုက်ပွဲကြောင့် တိမ်တိုက်ကြိုးကြာနန်းတော်က ပျက်စီးသွားတဲ့အတွက် ငါအသက်ရှင်နိုင်ခဲ့တယ်”
အမျိုးသမီးကျင့်ကြံသူသည် အစိမ်းရောင်ရေနဂါးဖြစ်သည်။
သူမသည် သန့်စင်ရေကန်၏ကြမ်းပြင်တွင် နှစ်ထောင်ချီကြာသည်အထိ ချုပ်နှောင်ခံထားရသည်။
သူမသည် အားကောင်းသောမိစ္ဆာတစ်ကောင်ဖြစ်သည်။
ကျိုးယွင်လုံသည် ဓားရှည်အဖြစ်ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ဘေးတွင် တိတ်ဆိတ်စွာလွင့်မျောနေသည်။ ဟန်မူယဲ့က လက်မြှောက်ပြီး ဓားရိုးကို ဆုပ်ကိုင်နိုင်သည်။
တိမ်တိုက်နဂါးဓား၏ပုံစံကို မြင်လိုက်ရသောအခါတွင် ချင်းထုံက ရယ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။ “စိတ်မပူပါနဲ့။ ရေနဂါးတွေက ကျေးဇူးနဲ့ရန်ငြိုးကို ခွဲခြားနိုင်ပါတယ်။ နင်က ငါ့ကိုကယ်ခဲ့တယ်။ အဲဒါက သဘောတူညီချက်ကြောင့်ဆိုရင်တောင် ငါက နင့်ကိုတိုက်ခိုက်မှာမဟုတ်ဘူး”
သူမက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။ “ပြီးတော့ နင်က ဓားဘုရင်ယွမ်ထျန်းရဲ့ အမွေဆက်ခံသူလေ”
ဟန်မူယဲ့က မငြင်းပေ။
လောကတွင် အမွေအနှစ်များ၏ထူးခြားဆန်းကြယ်မှုကို မဖော်ပြနိုင်ပေ။
ဓားဘုရင်ယွမ်ထျန်း၏အမွေအနှစ်ကို ရရှိသွားသောအခါတွင် သူက တာဝန်အချို့ကို လက်ခံရလိမ့်မည်။
ထို့ပါ့ချန်ပြောခဲ့သည့်အတိုင်း ကျွမ်းကျင်သူများသည် တာဝန်ယူရမည်။