← Chapters

နဂါးနှစ်ကောင်၏တိုက်ပွဲ

Vol. 82 Ch. 1140

နဂါးနှစ်ကောင်၏တိုက်ပွဲ

Vol. 82 Ch. 1140

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များသည် အံ့ဖွယ်တာအို ရရှိထားသောကြောင့် သာမန် ဟင်းလင်းပြင်သို့အပြန် အဆင့်များနှင့် မတူညီပေ။

ထိုအဆင့်များသည် သူ့ကိုပင် အနိုင်တိုက်နိုင်သောကြောင့် အန်လင်းမှာ ကမူးရှူးတိုး မလှုပ်ရှားပေ။

အဝေးတစ်နေရာ၌....

ထိုနေရာတွင် ပုံမှန်မဟုတ်ပဲ နှင်းများစုဝေးနေသည်။

ရေခဲနဂါးကြီးမှာ ငါးကီလိုမီတာခန့်ရှိသော အတောင်များအား ဖြန့်ထုတ်ထားသည်။

၎င်း၏နယ်ပယ်ထဲ ဝင်မိပါက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ဆိုလျှင် ချက်ချင်းသေဆုံးသွားနိုင်ပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် လှုပ်ရှားရန် ခက်ခဲသွားပေလိမ့်မည်။

အမျိုးသားတစ်ဦးသည် ထိုနှင်းထုများကြား မတ်တပ်ရပ်နေသည်။

၎င်းတို့မှာ အရွယ်အစား ကွာခြားလှပါသော်လည်း ထိုအမျိုးသားမှာ ခက်ထန်သော တိုက်ကွက်များ ပြုလုပ်နေနိုင်သည်။

“မင်းက နှင်းနတ်ဘုရား ကျိုမာ့ မဟုတ်ဘူးလား။ မင်းအဆင့်က ဒီလောက်ပဲလား။”

အမျိုးသားမှ မထီမဲ့မြင် စကားဆိုလိုက်သည်။

အန်လင်းမှာ ၎င်းအား မှတ်မိသွားသည်။

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရဲ့ အကြွားသခင် အော့ချင်းယွီပဲ။”

အပြင်လူများသည် အော့ချင်းယွီအား နဂါးမင်းပိုင်နက်မှ အတော်ဆုံးဟု ထင်မှတ်တတ်ကြသည်။

အန်လင်းသည် ၎င်းအားအနိုင်ရဖူးပါသော်လည်း ထိုသူမှာ အမှန်တကယ် ခေသူမဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် အန်လင်းအား အနိုင်မရနိုင်ခဲ့ပေ။

“အော့ချင်းယွီ မောက်မာမနေနဲ့။ အနောက်နဂါးတောက ငရဲမီးလျှံဧကရာဇ်သာ ရှိနေရင် မင်းဒီလိုပြောရဲမှာလား။”

ရေခဲနဂါးကြီး ဟိန်းဟောက်လိုက်သည်။

“ငါက မင်းကိုပဲ ပြောနေတာလေ။ အမှိုက်ကောင်ရဲ့။”

အော့ချင်းယွီ ရယ်မောကာ ဓားပုံရိပ်အား ထွက်ပေါ်စေလိုက်သည်။

အန်လင်းမှာ စိတ်ဝင်တစား ကြည့်ရှုနေမိသည်။ အကြွားသခင် အော့ချင်းယွီ၏ မောက်မာသော ပုံစံမှာ အန်လင်း အကြိုက်ပင်။

အော့ချင်းယွီ၏ ဓားကွက်အား ရေခဲတောင်ကြီး တစ်တောင်ဖြင့် ခုခံလာသည်။

ထင်မှတ်ထားသည့်အတိုင်း ဓားပုံရိပ်မှာ တောင်ကြီးကိုပင် နှစ်ပိုင်းပြတ်သွားစေသည်။

ရေခဲနဂါးကြီး ရှောင်ရှားပါသော်လည်း ၎င်း၏တောင်ပံတစ်ဖက် ပြတ်တောက်သွားရသည်။

“အား....”

ကျိုမာ့ အော်ဟစ်လိုက်သည်။

“မင်းကို သတ်ပစ်မယ်။”

အခြားတောင်ပံတစ်ဖက်ပါ ပြုတ်ကျလာပြီးနောက် ထက်ရှလှသော ရေခဲဓားများအဖြစ် ပြောင်းလဲသွားသည်။

အော့ချင်းယွီသည် တည်တည်ငြိမ်ငြိမ်ပင် မျက်စိတမှိတ်အတွင်း ဓားကွက်ထောင်ချီ ထုတ်ဖော်လိုက်သည်။

ထိုအချိန်မှာပင် ရေခဲနဂါးကြီးထံမှ အတောင်ပံများ ပြန်လည်ထွက်ပေါ်လာသည်။

ကျိုမာ့၏ ခန္ဓာကိုယ်မှာ အနည်းငယ် ထူးခြားနေသလိုပင်။

တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်သည် စစ်သလိုလို၊ မစစ်သလိုလို ခံစားမိစေသည်။

အန်လင်းမှာ ပို၍ပို၍ စိတ်ဝင်စားလာမိသည်။

ဝုန်း... ဝုန်း.... ဝုန်း....

ရေခဲနဂါး ကျိုမာ့နှင့် အော့ချင်းယွီတို့ တိုက်ခိုက်ကြပြန်သည်။

ကျိုမာ့မှာ တစ်ကြိမ်ပြီးတစ်ကြိမ် ဖိနှိပ်ခံနေရသည်။

အော့ချင်းယွီ၏ ဓားကွက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ကျိုမာ့မှာ တောင်ပံ၊ ခြေလက်များမကျန်အောင် ဖြတ်ပစ်ခံနေရသည်။

သို့သော် ၎င်းသည် ခေါင်းပြတ်ပါက ခေါင်းပြန်ထွက်သော နဂါးမျိုးပင်။

အန်လင်းမှာ အမြင်များ ကျယ်လာသည်။

ဒီကောင်က သတ်မရဘူးလား....

အန်လင်းသာမက အော့ချင်းယွီသည်ပင် ထိုသို့တွေးနေမိသည်။

ကျိုမာ့၏ ခန္ဓာကိုယ်သည် အံ့ဖွယ်တာအို အစွမ်းဖြင့် တည်ဆောက်ထားပုံရပြီး အရိုးအရေ မရှိလျှင်ပင် ဆက်လက်ရှင်သန်နိုင်မည်ဟု ထင်ရသည်။

အော့ချင်းယွီသည် ရေခဲနှင့် နှင်းနယ်ပယ်ထဲမှ လေးနက်သော အမူအရာဖြင့် ထွက်ခွာလာလိုက်သည်။

ကျိုမာ့သည် နယ်ပယ်နှင့်အတူ နောက်မှလိုက်လာလေသည်။

“စိတ်ရှုပ်စရာပဲ။”

အော့ချင်းယွီ မျက်မှောင်ကျုံ့လိုက်သည်။

“မင်းရဲ့အသိစိတ်၊ မင်းရဲ့ အံ့ဖွယ်တာအို၊ မင်းရဲ့ အစွမ်းတွေကို ဖျက်စီးပစ်မယ်။”

အော့ချင်းယွီမှာ အံ့ဖွယ်တာအိုများ ထွက်ပေါ်စေလိုက်သည်။

“ကောင်းကင်ဓားသွား...”

အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်မည်ဟု ထင်မှတ်ရလောက်အောင် တောက်ပသော ဓားပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ကျိုမာ့သည် အတောင်များဖြင့် ကာကွယ်ကာ အရာအားလုံးကို စုပ်ယူပစ်နိုင်သော အပြာရောင် လွန်းသွားတစ်ခု ဖန်ဆင်းလိုက်သည်။

အန်လင်းသည် အော့ချင်းယွီ၏ ဓားစိတ်ဆန္ဒအား ခံစားကာ ခေါင်းညိတ်လိုက်သည်။

ထိုသည်မှာ အော့ချင်းယွီ၏ အကောင်းဆုံး ဓားကွက် ဖြစ်ပေလိမ့်မည်။

ဓားပုံရိပ်၏ အရောင်အဝါမှာ ကြယ်စင်များကိုပင် ကျော်လွန်နေသည်။

ဓားပုံရိပ်သည် ကျိုမာ့၏ အံ့ဖွယ်တာအိုနှင့်အတူ အပြာရောင် လွန်းသွားကိုပါ ပိုင်းဖြတ်ပစ်လိုက်သည်။

ကျိုမာ့၏ အော်ဟစ်သံမှာ ကောင်းကင်တခွင် ပဲ့တင်ထပ်သွားလေသည်။

ဓားပုံရိပ်သည် စွမ်းအင်အရင်းအမြစ်ကိုပင် ဖြတ်တောက်ပစ်လိုက်ပုံ ရသည်။

ရေခဲနဂါးမှာ ရေခဲအမှုန်အမွှားအဖြစ် တစ်စစီ ဖြစ်သွားရတော့သည်။

သေပြီလား....

မဟုတ်သေးဘူး....

အန်လင်းမှာ တစ်နေရာအား လှမ်းကြည့်လိုက်သည်။

ကျိုမာ့၏ ခန္ဓာကိုယ်မှာ မျက်စိတမှိတ်အတွင်း ပြန်လည်ပေါ်ထွက်လာသည်။

လေဟာနယ် ခုန်ကျော်ခြင်း....

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖွတ်နဂါးက ထွက်ပြေးတော့မလို့လား....

“စိတ်ရှုပ်စရာဖွတ်ပဲ။”

အော့ချင်းယွီသည်လည်း လေဟာနယ် ခုန်ကျော်လိုက်သည်။

သူသည် ကျိုမာ့အား အလွတ်မပေးနိုင်ပေ။

အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ကျိုမာ့က တကယ်ကြီး ဒဏ်ရာရသွားတာပဲ။”

သူအော့ချင်းယွီ၏ တိုက်ပွဲစွမ်းရည်အား ခန့်မှန်းကြည့်လိုက်သည်။

ဒင်းက တိုက်ဖို့မလွယ်လောက်ဘူးပဲ....

မည်သို့ပင်ဆိုစေကာမူ အန်လင်း၏ ရည်ရွယ်ချက်သည်လည်း ကျိုမာ့သာ ဖြစ်သည်။

အန်လင်း အနည်းငယ်တွေးကာ ၎င်းတို့နောက်မှ လိုက်ပါသွားတော့သည်။

All Chapters