နှင်းနတ်ဘုရား၏စစ်ကူ
Vol. 82 Ch. 1141
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များမှာ စုရှောင်လန်အတွက် အန္တရာယ် ရှိနိုင်သည်။
သူ့အနေဖြင့် အတတ်နိုင်ဆုံး ရှင်းထုတ်ရပေလိမ့်မည်။
နှင်းနတ်ဘုရား ကျိုမာ့ သေကိုသေရမယ်.....
အန်လင်းမှာ ဝတ်ရုံခြုံကာ လေတောင်ပံနှင့် ခွမ်းဖန်ခရီးစဥ်အား အသုံးပြုလိုက်သည်။
“နှင်းနတ်ဘုရား ကျိုမာ့က သူရဲဘောကြောင်လှချည်လား။”
အော့ချင်းယွီ ရယ်မောလိုက်သည်။
ကျိုမာ့သည် အတောင်တစ်ချက်ခပ်တိုင်း ကီလိုမီတာများစွာ ရောက်ရှိနေပြီး ပတ်ဝန်းကျင်အား အေးခဲစေကာ အော့ချင်းယွီ ဆက်လိုက်မလာရန် နှောင့်ယှက်နေသည်။
အော့ချင်းယွီသည် စကားနှင့် စော်ကားနေပါသော်လည်း ကျိုမာ့မှာ အလေးမထားပေ။
မည်သို့ပင်ဆိုစေကာမူ နှစ်ဦးကြားမှ အကွာအဝေးမှာ တဖြည်းဖြည်း လျော့ပါးလာသည်။
အော့ချင်းယွီသည် အရှိန်မြှင့်ရန်အတွက် လျှို့ဝှက်ကျင့်စဥ် တစ်ခုပါ အသုံးပြုထားသည်။
“ဝေါင်း....”
ကျို့မာ ရုတ်တရတ် ဟိန်းဟောက်လိုက်သည်။
အော့ချင်းယွီသည် သင့်တင့်သော အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် တိုက်ခိုက်လိုက်သည်။
ဓားပုံရိပ်မှာ ကျိုမာ့၏ အတောင်များပေါ် ကျဆင်းလာသည်။
ဝှစ်....
သွေးများပန်းထွက်လာသည်။
ကျို့မာ အော်ဟစ်ကာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
“သွေးထွက်တာလား။”
အန်လင်း အံ့သြသွားမိသည်။
မကြာမီပင် တောင်ပံများမှာ ကျိုမာ့နှင့် ပြန်ဆက်သွားလေသည်။
“ပြေးဖို့ နောက်ကျသွားပြီ။”
အော့ချင်းယွီ အေးစက်စွာပြုံးကာ ဓားကွက်များစွာ ထုတ်ဖော်လိုက်သည်။
ကျိုမာ့၏ ပါးစပ်ထဲမှ နှင်းလုံးတစ်လုံး ထွက်ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။
ရေခဲမှုန်များကြား ထိုနှင်းလုံးလေး အက်ကွဲလာခဲ့သည်။
သေးငယ်သော ရေခဲနဂါးလေး ပေါ်ထွက်လာကာ အဝေးသို့ ထွက်ပြေးသွားသည်။
ထိုသည်မှာ ကျိုမာ့၏ အစစ်အမှန် ခန္ဓာပင်။
အန်လင်း မျက်လုံးပြူးသွားရသည်။
“စိတ်ဝင်သားစရာပဲ။”
အော့ချင်းယွီလည်း အမူအရာ ပြောင်းလဲသွားကာ နောက်မှလိုက်တော့သည်။
“ဝေါင်း...”
ကျိုမာ့သည် ကျယ်လောင်စွာ ဟိန်းဟောက်လျက် အော့ချင်းယွီအား မထီမဲ့မြင် ကြည့်ရှုလိုက်သည်။
ငါးကီလိုမီတာ အကွာအဝေးခန့် ရောက်ရှိပြီးနောက် နဂါးကြီးအသွင် ပြောင်းလဲလိုက်ချိန်မှာပင် ဗိုက်အောင့်လာလေသည်။
“ဗျစ်...”
ဒွာရပေါက်မှ အရည်အချို့ စီးကျသွားသည်။
အော့ချင်းယွီသည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ကျိုမာ့ အီးပါချမည် မထင်ထားသောကြောင့် ဓားနှင့်ကာလိုက်ရ၏။
ထိုအချိန်မှာပင် ကျိုမာ့ မျက်ရည်များ စီးကျလာရသည်။
အနက်ရောင် အခိုးအငွေ့များ ဝေ့ဝဲနေသော အမျိုးသားတစ်ဦးမှာ သူ၏အနား ရောက်ရှိလာလေသည်။
ဝါယောဓား....
သူသည် ကျိုမာ့အား ဓားနှင့်ခုတ်ချလိုက်သည်။
“ဝေါင်း...”
ကျိုမာ့မှာ အတောင်များနှင့် ကာထားလိုက်ရသည်။
အတောင်များ၏ စွမ်းအင်ကြောင့် စွမ်းအင်လှိုင်းဂယက်များ ခက်ထန်သွားသည်။
သို့သော် အန်လင်းမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီပင်။
မြူခိုးအင်မော်တယ်ကျင့်စဥ်....
“အန်လင်း ငါ့သားကောင်ကို မခိုးနဲ့။”
အော့ချင်းယွီမှာ ကြောင်တောင်တောင် ဖြစ်သွားပါသော်လည်း မကြာမီပင် အသိစိတ် ပြန်ဝင်လာသည်။
ကျိုမာ့မှာ ဓားချက်နောက်တစ်ချက်အား ကြုံတွေ့လိုက်ရသည်။
အန်လင်း၏ ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။
“မင်းသားကောင်ကို မခိုးပါဘူး။ ကူညီပေးနေတာလေ။”
အော့ချင်းယွီ ဒေါသထွက်သွားရသည်။
“ငါ့ကို အရူးမှတ်နေလား။ မှန်မှန်ပြောစမ်း.... မင်းမှာ နဂါးသွေးဆက် ရှိနေတာလား။”
သူသည် ကျိုမာ့အား ဓားကွန်ယက်ဖြင့် တိုက်ခိုက်လိုက်သည်။
အန်လင်းကြောင့်သာ ကျိုမာ့အား လိုက်မှီခဲ့ခြင်းပင်။
အော့ချင်းယွီမှာ ကျိုမာ့အား တတ်နိုင်သမျှ အမြန်သတ်ပစ်ချင်နေသည်။
ထိုမှသာ ကျိုမာ့၏ စွမ်းအင်များ ရရှိနိုင်မည် မဟုတ်လော။
အန်လင်း မျက်ဆံလှန်လိုက်သည်။
“မင်းက တကယ်သောက်ရူးပဲ။”
“မင်း....”
အော့ချင်းယွီ ပေါက်ကွဲသွားပါသော်လည်း တာအိုနှလုံးသားဖြင့် ကျိန်ဆိုထားသောကြောင့် ဘာမှမတတ်နိုင်ပေ။
စိတ်တိုစရာ ကောင်းလိုက်တာ.....
အော့ချင်းယွီ စိတ်တိုတိုဖြင့် ကျိုမာ့အား သမတော့သည်။
သနားစရာ ကျိုမာ့မှာ အသေအလဲ အဆော်ခံနေရလေသည်။
“အား...”
အော့ချင်းယွီအား ဒေါသဖြစ်စေသူမှာ လူသားဖြစ်ပါသော်လည်း ခံရသူမှာ ကျိုမာ့ ဖြစ်နေသည်။
“မပြေးနဲ့တော့။”
အော့ချင်းယွီ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
“ပြန်တိုက်ရင် အနည်းဆုံးတော့ သိက္ခာရှိရှိ သေရတာပေါ့။”
ကျိုမာ့ အမှန်တကယ် တည်ငြိမ်သွားကာ ရေခဲနယ်ပယ်ကြီးတစ်ခု ထွက်ပေါ်စေလိုက်သည်။
အန်လင်းမှာ သွေးများပင် အေးခဲတော့မလို ခံစားလိုက်ရသည်။
ထိုသည်မှာ ကျိုမာ့၏ အံ့ဖွယ်တာအို နယ်ပယ်ပင်။
အော့ချင်းယွီ ရယ်မောလိုက်သည်။
“ဒီလိုပဲ ဖြစ်သင့်တာ။”
“မင်းစကားတွေကြောင့်များ ထင်နေလား။”
ကျိုမာ့ စကားဆိုလာသည်။
“မဟုတ်ရင်ရော...”
အော့ချင်းယွီ အထင်သေးစွာ ပြောလိုက်သည်။
“ကျိုမာ့က မနိုင်ပေမယ့် ငါပါလာရင်ရော...”
စကားသံတစ်ခုအား ကြားလိုက်ရသည်။
ထို့နောက် ကောင်းကင်ထက်တွင် အဖြူရောင် လျှပ်စီးများ တောက်ပသွားလေသည်။
ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကိုလည်း ခံစားလိုက်ရသည်။
အော့ချင်းယွီ မျက်နှာပျက်သွားသည်။
“မင်းက အနောက်နဂါးတောရဲ့ မိုးကြိုးနတ်ဘုရား ဇုစ့်လား။”
“ဟားဟားဟား.... အမှန်ပဲ။”
ကျိုမာ့ ရယ်မောလိုက်သည်။
“ငါဘာလို့ တစ်ချိန်လုံး အော်ဟစ်နေတယ်ထင်လဲ။ အချက်ပြနေတာကွ။”
“ဇုစ့်က သတ်ဖြတ်ခြင်းနဲ့ အလျင်မှာ ဆရာတစ်ဆူပဲ။ မင်းတော့သေပြီသာမှတ်။”
ကောင်းကင်ထက်တွင် တိမ်တိုက်မည်းများ ကြီးစိုးကာ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်။
မိုးကြိုးနတ်ဘုရား ဇုစ့်မှာ လျှပ်စီးများနှင့်အတူ ဆင်းသက်လာတော့သည်။